ရှန်းရွှေလက်ဆောင်ဆန်ကို ရှောင်ချင်စိုက်တာ?
Vol. 66 Ch. 980
နင်းစီရင်စုမှာ မင်မြို့တော်စီရင်စုများထဲတွင် နာမည်ကြီးသည်။
နင်းမြို့တော်နာမည်ကြီးရခြင်းက ရုံချန်းမှမိန်းကလေးကိုအောင်အောင်မြင်မြင်လုယူနိုင်သောကြောင့်လည်းပါသည်။
နင်းမြို့တော်က ရုံချန်းမှချင်းလင်အားဖြည့်လက်ဖက်ရည်ကိုလုယူနိုင်သောအခါ စီရင်စုအားလုံးက ရုံချန်းမှလုယူနိုင်မည်ဟုမျှော်လင့်ချက်ရှိလာသည်။
ရုံချန်းကလည်း လုယူခံရမည်စိုး၍ တခြားစီရင်စုများကိုစောင့်ကြည့်နေသည်။
သို့ရာတွင် ရှန်းရွှေလက်ဆောင်ဆန်စမ်းသပ်စိုက်ခင်းကိုမူ ရုံချန်းကမကာကွယ်နိုင်ခဲ့။ ဘာပဲဖြစ်ဖြစ် ရုံချန်းမှာဒီလောက်မြေအများကြီးမရှိပေ။
"အားလုံးပဲ... သွားကြစို့!''
လျန်ချန်က သူ့လူများနှင့်အတူကားထဲဝင်ပြီး နင်းစီရင်စုအစိုးရမှထွက်လာသည်။
ရုံချန်းမှချင်းလင်အားဖြည့်လက်ဖက်ရည်ကိုလုယူပြီးနောက် နင်းမြို့တော်မှာ သူပြောရေးဆိုခွင့်အများကြီးရှိလာသည်။
အခုချင်းလင်အားဖြည့်လက်ဖက်ရည်ကို နိုင်ငံအနှံ့နီးပါးဖြန့်ချီနိုင်တော့မည်။ ချင်းလင်ကုမ္ပဏီကလည်း နင်းမြို့တော်တွင် ချင်းလင်အားဖြည့်လက်ဖက်ရည်စက်ရုံကိုချဲ့ထွင်ပြီး အလုပ်အကိုင်များစွာဖန်တီးပေးနိုင်ခဲ့သည်။
အဓိကက ချင်းလင်စက်ရုံဝန်ထမ်းများ၏လစာမြင့်ခြင်းပင်။
ထိုအချက်ကြောင့် နင်းမြို့တော်ပြည်သူများ၏လူနေမှုဘဝနှင့်စီးပွားရေးကို အကြီးအကျယ်တိုးတက်စေသည်။
ဒီတစ်ခါ လျန်ချန်က ချင်းလင်စံအိမ်တွင်ရှန်းရွှေလက်ဆောင်ဆန်အောင်မြင်သည်ဆိုသောသတင်းရသည်။
ထို့ကြောင့် နင်းမြို့တော်တွင် ချင်းလင်ဓာတ်ခွဲခန်းကစိုက်ပျိုးထားသောရှန်းရွှေလက်ဆောင်ဆန်အခြေအနေကိုစစ်ဆေးရန် အမြန်လူစုလိုက်သည်။
မြန်မြန်ဆန်ဆန်ပင် လျန်ချန်ကသူ့လူများနှင့် ရှန်းရွှေလက်ဆောင်ဆန်စမ်းသပ်စိုက်ခင်းဆီရောက်လာသည်။
စိုက်ခင်းဝင်ပေါက်တချို့ကို ပိတ်ထားတာကြာပြီဖြစ်၍ အပြင်မှဝင်လမ်းမရှိ။
မကြာခဏဖြတ်သွားသော လုံခြုံရေးအစောင့်များ၊ ပတ္တရောင်လှည့်ရဲများတောင်ရှိသည်။
လျန်ချန်ရောက်သောအခါ သူ့ဘေးမှလူဘက်လှည့်ပြီး_
"အကြီးအကဲဝမ်... လူခေါ်သွားပြီး စစ်ဆေးကြည့်ပါ... ရုံချန်းမှာ ရှန်းရွှေလက်ဆောင်ဆန်က အောင်မြင်သွားပြီ... ငါတို့က ရုံချန်းနဲ့အနီးဆုံးပဲ... မအောင်မြင်ဘဲမနေပါဘူး ဟုတ်တယ်မလား?''
"ကောင်းပါပြီ လျန်ချန်''
အကြီးအကဲဝမ်က ချက်ချင်းခေါင်းညိမ့်သည်။
သူကစိုက်ပျိုးရေးတာဝန်ခံဖြစ်၍ သူနှင့်ဆိုင်သည်။ ချက်ချင်း သူ့လူများကိုစမ်းသပ်စိုက်ခင်းထဲခေါ်သွားပြီး စစစ်ဆေးသည်။
မကြာမီ အကြီးအကဲဝမ်ကပြုံးပြုံးရွှင်ရွှင်နှင့်ထွက်လာပြီး လျန်ချန်ကိုအစီရင်ခံသည်_
"လျန်ချန်... အချိန်အရတော့ ဒီရှန်းရွှေလက်ဆောင်စပါးတွေက နောက်လဆိုမှည့်ပါမယ်''
"အနှံစဖြစ်နေတဲ့စပါးတွေလည်းတွေ့ပါတယ်... အနှံမပြည့်သေးပေမဲ့ ဝါးကြည့်တော့အရမ်းကောင်းပါတယ်... ကျွန်တော်တို့ရှန်းရွှေလက်ဆောင်ဆန်ကအောင်မြင်မှာပါ''
"ကောင်းတယ်''
လျန်ချန်ကသတင်းကြားပြီး လက်သီးလက်မောင်းတန်းလိုက်သည်။
ကောင်းတာတွေအကုန် ရုံချန်းကိုယူခွင့်မပေးနိုင်။
နင်းမြို့တော်က ချင်းလင်ဓာတ်ခွဲခန်း၏ရှန်းရွှေလက်ဆောင်ဆန်ပရောဂျက်ရှယ်ယာကိုလိုချင်သည်။
တကယ်တော့ ဒီလိုလုပ်တာ လျန်ချန်တစ်ယောက်တည်းမဟုတ်။
စီရင်စုအားလုံးက ရှန်းရွှေလက်ဆောင်ဆန်စိုက်ခင်းအကြောင်းသိချင်နေကြသည်။
ကိုယ့်စီရင်စုမှာ ရှန်းရွှေလက်ဆောင်ဆန်ကိုအောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ရင် သူ့ဂုဏ်နှင့်တန်ဖိုးက သေချာပေါက်ထူးခြားမည်။
ထို့ကြောင့် ချင်းလင်စံအိမ်မှာ ရှန်းရွှေလက်ဆောင်ဆန်အောင်မြင်သည်နှင့် စီရင်စုအသီးသီးကလှုပ်ရှားကြသည်။
သူတို့စီရင်စုမှာလည်း ရှန်းရွှေလက်ဆောင်ဆန်အောင်မြင်ရန်မျှော်လင့်ကြသည်။ အားလုံးက သူတို့စီရင်စုမှရှန်းရွှေလက်ဆောင်ဆန်စိုက်ခင်းအခြေအနေကိုစစ်ဆေးကြသည်။
…
မျက်စိတစ်မှိတ်အတွင်း ရက်ပိုင်းကုန်လွန်သွားသည်။ ချင်းလင်စံအိမ်မှကောက်ရိတ်သိမ်းပွဲအခမ်းအနားကြောင့် ရုံချန်းကပိုပြီးစည်ကားနေသည်။
နာမည်ကြီးချင်သောသတင်းထောက်၊ဘလော့ဂါ ဘယ်လောက်များများ ရုံချန်းလာသည်ကိုမသိရ။
တချို့သီးနှံသုတေသနသမားများကလည်း အခမ်းအနားတက်ရနိုးနိုးဖြင့် ချင်းလင်ဓာတ်ခွဲခန်းကိုလျှောက်ကြသည်။ အထူးသဖြင့် ရှန်းရွှေလက်ဆောင်ဆန်ပရောဂျက်တွင်ပါသော သုတေသနပါမောက္ခကြီးများပင်။
ရှန်းရွှေလက်ဆောင်ဆန်သုတေသနကဘယ်လောက်ခက်မှန်း သူတို့သိသည်။ အရင်က သူတို့မှာနံပါတ်တစ်ဆန်သုတေသနသမားများဖြစ်ခဲ့သော်လည်း နောက်ဆုံးအကုန်လက်လျှော့ခဲ့ရသည်။
အခုချင်းလင်ဓာတ်ခွဲခန်းက သူတို့ဘာသာသုတေသနအောင်မြင်သွားပြီ။ အထင်မကြီးဘဲမနေနိုင်။
လိုင်ကျင်းလည်း သူ့လက်ထောက်နှင့်အတူ ရုံချန်းအမြန်ဆုံးရောက်လာသည်။
အင်တာနက်ပေါ်တွင် ချင်းလင်ကုမ္ပဏီနှင့်သူတို့ပူးပေါင်းကြော်ငြာသည်ဟုလက်ခံထားပြီဖြစ်သော်လည်း သူတို့ကလုံးဝဂရုမစိုက်အား။ ချင်းလင်ဓာတ်ခွဲခန်းကမျိုးစေ့အသစ်ဘယ်လိုယူရမလဲသာတွေးနေသည်။
လက်ထောက်က သူ့ဖုန်းထဲဝင်လာသောစာကိုဖတ်ပြီး လိုင်ကျင်းဆီအစီရင်ခံသည်_
"ဥက္ကဌလိုင်... ချင်းလင်ကုမ္ပဏီက ကျုံးမင်ဟိုတယ်မှာအခန်းစီစဉ်ထားတယ်တဲ့... ကောက်ရိတ်သိမ်းပွဲက မနက်ဖြန်နေ့လယ်ပါ... ရိတ်သိမ်းပြီးရင် ပါမောက္ခလီခိုင်ကသုတေသနစာတမ်းဖတ်မယ်''
“အင်း!”
လိုင်ကျင်းက ခေါင်းညိမ့်သည်။
ပါမောက္ခလီခိုင်တင်ပြချက်ကို သူသွားချင်သည်။ ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်ကိုပျိုးထောင်ခဲ့သူပဲ။
…
နောက်တစ်နေ့_
လိုင်ကျင်းကိုထပ်မံအသိပေးသောကြောင့် ချင်းလင်စံအိမ်မှရှန်းရွှေလက်ဆောင်ဆန်ကောက်ရိတ်သိမ်းပွဲကို လက်ထောက်နှင့်အတူတက်ရောက်သည်။
သူတို့ ချင်းလင်စံအိမ်ရောက်လျှင် အွန်လိုင်းမှရသောဖိတ်ကြားစာထုတ်ပြသောအခါ ကျွမ်းကျင်သူတစ်ဦးက ချင်းလင်စံအိမ်စိုက်ခင်းနေရာကိုလမ်းပြသည်။
စိုက်ခင်းနေရာမှာ အတော်စည်ကားနေပြီး အတော်များများရောက်နေကြပြီ။
ထိုအထဲတွင် ပြည်တွင်းသီးနှံသုတေသနပညာရှင်များလည်းပါသည်။
အစိုးရမှသတင်းထောက်များလည်းပါသည်။
ထိုသတင်းထောက်များမှာ အပြင်သတင်းထောက်များနှင့်မတူ။ တရားဝင်မှတ်တမ်းကိုမှန်မှန်ကန်ကန်တင်ပြသူများဖြစ်သည်။
သူတို့အပြင် ရုံချန်းမှစွန်းရှန်နှင့်ချန်လီ၊ မင်မြို့တော်မှကုန်းကျဲ့လည်းပါသည်။
…
ယွီရွှေ့ကပြုံးပြုံးနှင့်_
"အားလုံးပဲ... ဒီမှာ တံစဉ်ယူကြပါ... ရိတ်သိမ်းပြီးရင် ကျွန်တော်တို့စပါးခွံချွတ်ကူပါမယ်... နေ့လယ်ကျရင် ချင်းလင်စံအိမ်စားဖိုဆောင်က အားလုံးမြည်းရအောင် ချင်းလင်ဆန်ချက်ပေးပါမယ်... အဲဒီနောက် ကျုံးမင်ဟိုတယ်ခန်းမမှာ ပါမောက္ခလီခိုင်က သက်ဆိုင်ရာတင်ပြချက်ပေးပါလိမ့်မယ်''
အခု သူအရမ်းတက်ကြွနေသည်။
စောစောက မင်မြို့တော်ရဲများက သူ့ကိုလက်ဆွဲနှုတ်ဆက်ပြီး ရှန်းရွှေလက်ဆောင်ဆန်အကြောင်းမေးရုံသာမက သူ့ကိုမေးမြန်းပြီးဓာတ်ပုံရိုက်သောသတင်းထောက်များလည်းရှိသည်။