← Chapters

ရှန်းရွှေလက်ဆောင်ဆန်ကို ရှောင်ချင်စိုက်တာ? ၂

Vol. 66 Ch. 981

ရှန်းရွှေလက်ဆောင်ဆန်ကို ရှောင်ချင်စိုက်တာ? ၂

Vol. 66 Ch. 981

ဒါ သူသတင်းမှာပါနိုင်တဲ့သဘော။

သတင်းလွှင့်ချိန်ကျရင် သူခွင့်ယူပြီးအိမ်ပြန်မည်ဟုဆုံးဖြတ်ထားသည်။ ပြီးရင် အကုန်အကျခံပြီး သူ့ဆွေမျိုးမိတ်ဆွေတွေကို အိမ်မှာထမင်းဖိတ်ကျွေးမည်။ အဲဒီကျမှ အမှတ်တမဲ့ TV ဖွင့်လိုက်သလိုနှင့် အားလုံးသတင်းမြင်အောင်ပြမည်။

သာမန်လူတစ်ယောက်အဖို့ သတင်းမှာတစ်ကြိမ်တစ်ခါပါနိုင်တာ ဂုဏ်ယူစရာကောင်းလှပြီ။

ယွီရွှေ့စကားကြောင့် ချန်လီနှင့်စွန်းရှန်ကစိတ်ဝင်စားပြီး မင်မြို့တော်မှလူများကိုဖိတ်ခေါ်ကာ တံစဉ်ကိုင်လိုက်ကြသည်။

တခြားလူများလည်း အတူတူပင်။

လိုင်ကျင်းက တချိန်လုံးသေချာလိုက်ကြည့်နေပြီး ရှန်းရွှေလက်ဆောင်ဆန်မှန်း သေချာသွားသည်။

အခုသူသိချင်တာ တစ်ခုပဲရှိသည်။ ချင်းလင်ဓာတ်ခွဲခန်းကထုတ်တဲ့ရှန်းရွှေလက်ဆောင်ဆန်က သူတို့ထက်ဘယ်လောက်ပိုကောင်းလဲအတည်ပြုရမည်။

သူ့လက်ထောက်ကိုတံစဉ်ယူစေပြီး လယ်ကွက်ထဲသွားလိုက်သည်။ သူ့ဘောင်းဘီကိုလိပ်တင်ကာ အသားကျကျပင်လျှောက်သွား၏။

ရှန်းရွှေလက်​ဆောင်ဆန်တာဝန်ခံလုပ်တာ နှစ် ၂၀ နီးပါးရှိပြီဖြစ်၍ ဒါတွေအများကြီးလုပ်ဖူးသည်။

လိုင်ကျင်းက ပတ်ပတ်လည်ကြည့်လိုက်သည်။ ဘယ်သူမှအာရုံစိုက်မနေတော့မှ စပါးတစ်ဆုပ်ခူးပြီး အခွံချွတ်လိုက်သည်။ ထို့နောက် သလင်းကျောက်လိုကြည်လင်နေသောဆန်ကို ပါးစပ်ထဲထည့်ဝါးတော့သည်။

ရှန်းရွှေလက်ဆောင်ဆန်အစိမ်းအရသာကို သူသိသည်။ ထိုအရသာမှ ချက်ပြီးဘယ်လိုဖြစ်မည်ကို အတိုင်းအတာတစ်ခုအထိ သူပြောနိုင်သည်။

သို့သော် သုံးလေးချက်ဝါးကြည့်ပြီး သူ့မျက်နှာထားတည်သွားသည်။

“အာ!”

နောက်ဆုံး လိုင်ကျင်းကသက်ပြင်းရှည်ကြီးမှုတ်ထုတ်လိုက်သည်။

သူ ချင်းလင်စံအိမ်လာဖို့ဆုံးဖြတ်လိုက်တာမှန်သွားပြီဟုတွေးပြီး ဝမ်းသာရသည်။

ဒီလိုမှ ချင်းလင်ဆန်မျိုးစေ့တောင်းဖို့မျက်နှာလှသေးသည်။ မဟုတ်ရင် သူတို့မရှုမလှဖြစ်သွားမည်။

တစ်ဖက်တွင် ချန်လီ၊စွန်းရှန်တို့က ချင်းလင်စပါးရိတ်သိမ်းနေကြပြီ။

သီးနှံသုတေသနသမားများကရိတ်သိမ်းရင်း စူးစမ်းဖို့လည်းမမေ့။ သူတို့အလွန်သိချင်နေသည်။

နေ့လယ်၌_

ချင်းလင်စံအိမ်အတွင်းစားသောက်ခန်းထဲတွင် ထိုလူများကိုဧည့်ခံသည်။

ဆန်က သူတို့ရိတ်သိမ်းထားသောဆန်ပင်။

အရည်အသွေး ၁ ရှန်းရွှေလက်ဆောင်ဆန်မှာ အထိအတွေ့ +၁၊ အရသာ +၁ ရှိသည်။ ဒီလူတွေ အရင်ကလုံးဝမစားဖူးသောအရာပင်။ သူတို့ကအားရပါးရစားပြီး ထပ်ခါတလဲလဲချီးကျူးကြသည်။

ချက်ပြီးမှ ချင်းလင်ဆန်က သူ့ရှန်းရွှေလက်ဆောင်ဆန်ထက် အရသာရောအထိအတွေ့ပါပိုသာကြောင်း လိုင်ကျင်းတောင်ဝန်ခံရမည်။

နေ့လယ်ပိုင်းတွင်း အားလုံးကအလောတကြီးနှင့် ကျုံးမင်ဟိုတယ်သွားကြသည်။

ချင်းလင်ဆန်မြည်းပြီးနောက် ပါမောက္ခလီခိုင်၏တင်ပြချက်နှင့် ချင်းလင်ဆန်ကိုဘယ်လိုပျိုးထောင်ခဲ့ကြောင်းသိချင်လာကြသည်။

ဒီနေ့ ကျုံးမင်ဟိုတယ်ခန်းမကို ချင်းလင်စံအိမ်ကယူထားပြီး လုံခြုံရေးအစောင့်များက တင်းတင်းကြပ်ကြပ်စောင့်ကြည့်နေသည်။

ချင်းလင်စံအိမ်တွင်ခရီးသည်များလွန်းသောကြောင့် ခရီးသည်များဝိုင်းအုံမနေအောင် ချင်းလင်ဓာတ်ခွဲခန်းက ကျုံးမင်ဟိုတယ်တွင်တင်ပြရန်စီစဉ်လိုက်သည်။

သို့ဆိုရင်တောင် ကျုံးမင်ဟိုတယ်ခန်းမမှာ လူလျှံနေသေးသည်။

အချောင်နာမည်ကြီးချင်သူများ၊ မဖိတ်ထားသော အပြင်သတင်းထောက်များနှင့် အများစုက အပျော်ဝင်ပါချင်ကြသူများဖြစ်သည်။

ပထမအချက်အနေနှင့် ရှန်းရွှေလက်ဆောင်ဆန်က ဂုဏ်သတင်းကြီးသည်။

ဒါကိုသုတေသနလုပ်ပြီးပျိုးထောင်နိုင်ပါက အကြီးအကျယ်အောင်မြင်မည်မှန်း လူတိုင်းသိသည်။

နောက်ပြီး ပါမောက္ခလီခိုင် ပထမဆုံးအကြိမ်ပြည်သူကိုတင်ပြသောသုတေသနဖြစ်သည်။

လူတိုင်း ပါမောက္ခလီခိုင်အကြောင်းသိကြသည်။ အတော်များများ၏စံပြ၊ အတော်ဆုံးသီးနှံသုတေသနသမားအဖြစ် အသိအမှတ်ပြုထားကြသည်။

ခေတ်ကာလဖွံ့ဖြိုးလာသည်နှင့်အမျှ ၂၀၀၀ ခုနှစ်နောက်ပိုင်းဖွားသူများမှလွဲ၍ လူအများစုမှာ တစ်နေကုန်မိတ်ကပ်ထဲမြှုပ်နေသောဆယ်လီများ၏ပရိသတ်မဟုတ်တော့ဘဲ ပါမောက္ခလီခိုင်လိုသုတေသနသမားများ၏ပရိသတ်ဖြစ်လာကြသည်။

ထို့ကြောင့် ဒီသုတေသနတင်ပြချက်ကို အာရုံမစိုက်ဘဲမနေနိုင်ကြ။

သုတေသနတင်ပြချက်စတောင်မစရသေးခင် အင်တာနက်ပေါ်တွင် တင်ပြချက်ကို live စလွှင့်နေကြလေပြီ။

လိုင်းပေါ်တွင်ဗီဒီယိုသုံးလေးပုဒ်သာကြည့်သော ဗီဒီယိုအတိုပလက်ဖောင်းအသုံးပြုသူများက လူကြိုက်များအောင်ရိုက်နေသော live များကိုလိုက်ကြည့်ကြသည်။

ချင်းလင်စံအိမ်တရားဝင်အကောင့်ကလည်း ဒီတင်ပြချက်ကို live လွှင့်ထားပြီး အကြည်လင်ဆုံး၊အကောင်းဆုံး live ဖြစ်သည်။

ထို့ကြောင့် ချင်းလင်စံအိမ်တရားဝင်အကောင့် live မှာ လူများကြပ်သိပ်နေပြီး မှတ်ချက်များပြည့်နေသည်။

"တစ်နေ့ ဒီလိုအဆင့်မြင့်တဲ့တင်ပြချက်မှာ ပါဝင်နိုင်လိမ့်မယ်လို့မထင်မိဘူး!''

"အမေ... သားလုပ်နိုင်ခဲ့ပြီ! နောက်ဆုံးတော့ ပါမောက္ခလီခိုင်ရဲ့သုတေသနတင်ပြချက်ကို ဒီနေ့တွေ့ရပြီ!''

"ပါမောက္ခလီခိုင် ဒီလိုသုတေသနတင်ပြချက်မျိုးဆက်လုပ်နိုင်ပါစေ... ဖျော်ဖြေရေးအသိုင်းအဝိုင်းကလူတွေ သိပ္ပံစွမ်းအားကိုသိကြပါစေ''

“……”

ချင်လင်လည်း အပန်းဖြေစံအိမ်ရုံးခန်းထဲထိုင်ပြီး စံအိမ်တရားဝင်အကောင့် live ကိုကြည့်နေသည်။

လီခိုင်ကအတွင်းဘက်မှထွက်လာပြီး ပြုံးစိစိနှင့် live ထဲပေါ်လာသည်။

သူ့အစီအစဉ်သူ အရမ်းကျေနပ်နေတဲ့ပုံ!

"အစ်ကိုလီလေး ဓားစာခံရှိတာ ကောင်းလိုက်တာ''

ဒီလိုအခမ်းအနားမျိုး အစ်ကိုလီကိုကိုင်တွယ်ခိုင်းတာ ပိုကောင်းသေး။ မဟုတ်လို့ သူ့ဘာသာသူဆို ဘယ်လိုဇာတ်ခင်းရမည်မသိ။

လီခိုင်က တင်ပြမည့်နေရာရောက်လာသောအခါ ချန်လီ၊စွန်းရှန်နှင့်မင်မြို့တော်မှလူများ၊ သုတေသနပါမောက္ခများပါ လှမ်းကြည့်လိုက်ကြသည်။

အဖိတ်ခံရသည်ဖြစ်စေ၊မခံရသည်ဖြစ်စေ၊ နာမည်ကြီးချင်သော live များအားလုံးက သူ့ကိုကင်မရာချိန်ထားကြသည်။

ထိုအချိန်တွင် လီခိုင်ကိုဝိုင်းပြီးအာရုံစိုက်နေကြ၏။

တကယ်တော့ လီခိုင်နည်းနည်းစိတ်လှုပ်ရှားနေသည်။ ဒီလိုသုတေသနတင်ပြချက်မျိုးလုပ်ဖူးတာ ဒါပထမဆုံးပင်။ ဖြစ်ချင်တော့ ပညာရှင်စုံညီပွဲမဟုတ်။ ပြင်ပတင်ပြချက်ဖြစ်နေသည်။

ကွာခြားချက်က ပညာရှင်စုံညီပွဲမှာ ပညာရပ်ဆိုင်ရာနှင့်နည်းပညာသီအိုရီများတင်ပြရသည်။

အပြင်လူတွေကိုတင်ပြစရာမလို။ နည်းနည်းပါးပါးပြင်ဆင်လိုက်ရုံသာ။ ဘာပဲဖြစ်ဖြစ် သူတို့သုတေသနနည်းပညာနဲ့အချက်အလက်တွေကို ဘယ်သူမှလူတိုင်းကိုပြန်ပြောလို့မရ။

All Chapters