ရှန်းရွှေလက်ဆောင်ဆန်ကို ရှောင်ချင်စိုက်တာ? ၃
Vol. 66 Ch. 982
လိခိုင်ကအသက်ပြင်းပြင်းရှူလိုက်ပြီး စတင်ပြသည်_
"အားလုံးသိတဲ့အတိုင်းပဲ... ရှန်းရွှေလက်ဆောင်ဆန်က ပတ်ဝန်းကျင်အရမ်းရွေးတဲ့အတွက် သုတေသနလုပ်ရခက် ပျိုးထောင်ရခက်ပါတယ်''
"အဲဒါကြောင့် ဓာတ်ခွဲခန်းအတော်များများက ရှန်းရွှေလက်ဆောင်ဆန်သုတေသနမအောင်မြင်ခဲ့ပါဘူး... ရှန်းရွှေလက်ဆောင်ဆန်ကိုသုတေသနလုပ်ရတာ ပျိုးထောင်ရတာက သီးနှံစနစ်မှာအကြီးဆုံးပြဿနာတစ်ခုဖြစ်လာပါတယ်''
"အခု ကျွန်တော်တို့ချင်းလင်ဓာတ်ခွဲခန်းက ရှန်းရွှေလက်ဆောင်ဆန်ကိုအောင်အောင်မြင်မြင်ပျိုးထောင်ပြီးတော့ ဘယ်သူမှမလုပ်နိုင်တာကို လုပ်နိုင်ခဲ့ပါပြီ... ကျွန်တော်အရမ်းဂုဏ်ယူပါတယ်''
သူကတောက်လျှောက်ပြောသွားပြီး ခဏနားကာအသက်ရှူလိုက်သည်။
ထိုအချိန်တွင် လက်ခုပ်သံများသောင်းသောင်းဖြဖြထွက်လာ၏။
အပန်းဖြေစံအိမ်ရုံးခန်းထဲတွင် ချင်လင်လည်းပြုံးပြီးရေရွတ်လိုက်သည်_
"အစ်ကိုလီက ဟုတ်နေတာပဲ... စတိတ်စင်လုံးဝမကြောက်ဘူး''
သို့သော် လီခိုင်ဆက်ပြောလိုက်သောစကားကြောင့် သူကြောင်သွားသည်။
လီခိုင်ကဆက်ပြီးတင်ပြသည်_
"ဒါပေမဲ့ ကျွန်တော်ရှင်းရှင်းလင်းလင်းပြောစရာရှိပါတယ်... ရှန်းရွှေလက်ဆောင်ဆန်စိုက်တာ ကျွန်တော်လို့ အားလုံးကထင်နေကြပါတယ်... အဲဒါမဟုတ်ပါဘူး... ကျွန်တော်ပါဝင်ခဲ့ပေမဲ့ ဦးဆောင်သူက ကျွန်တော်မဟုတ်ပါဘူး''
"အားလုံးသိတဲ့အတိုင်းပဲ... ချင်းလင်ဓာတ်ခွဲခန်းမှာက သန့်စင်မြက်ရယ် အပူချိန်နိမ့်သီးနှံရယ် အဲဒါတွေနဲ့ကျွန်တော်အလုပ်ရှုပ်နေတာ... ဘယ်လိုလုပ်ပြီး ရှန်းရွှေလက်ဆောင်ဆန်သုတေသနကိုဦးဆောင်နိုင်မှာလဲ? ဘာပဲဖြစ်ဖြစ် ကျွန်တော်မှနှစ်ကိုယ်မခွဲတတ်တာ''
ထိုစကားကြောင့် ချက်ချင်းသို့လောသို့လောဖြစ်ကုန်သည်။
ချန်လီတို့က အချင်းချင်းကြည့်လိုက်ကြသည်။
ရှန်းရွှေလက်ဆောင်ဆန်သုတေသနက ပါမောက္ခလီခိုင်ရဲ့သုတေသနဟုသာ သူတို့ထင်ခဲ့ကြသည်။
အခုတော့ ပါမောက္ခလီခိုင်က သူမဟုတ်ကြောင်းပြောနေပြီ။
အင်တာနက်ပေါ်မှ live ကြည့်နေသူများလည်း ကြောင်ကုန်သည်။
သူတို့စိတ်ထဲတွင် ချင်းလင်ဓာတ်ခွဲခန်းမှာအထင်ကြီးစရာဆိုလို့ ပါမောက္ခလီခိုင်သာရှိသည်။ ထို့ကြောင့် ချင်းလင်ဓာတ်ခွဲခန်း၏ရလဒ်အားလုံး ပါမောက္ခလီခိုင်ကြောင့်ဟုအမှတ်တမဲ့တွေးမိကြသည်။
ဒါပေမဲ့ ပါမောက္ခလီခိုင်ပြောတာမှန်သည်။ ဘာပဲဖြစ်ဖြစ် ပါမောက္ခလီခိုင်ကတစ်ယောက်တည်း၊ သူ့မှာနှစ်ကိုယ်ခွဲနိုင်စွမ်းမရှိ။
တစ်နည်းပြောရရင် ချင်းလင်ဓာတ်ခွဲခန်းမှာ တခြားလုပ်နိုင်သူတွေရှိနေသည်။
နောက်ပြီး ရှန်းရွှေလက်ဆောင်ဆန်ကိုသုတေသနလုပ်ပြီးပျိုးထောင်နိုင်တာ အတော်လုပ်ရည်ကိုင်ရည်ရှိသူဖြစ်ရမည်။
တခဏချင်း live ထဲတွင် မှတ်ချက်များပလူပျံသွားသည်။
"၆၆၆... ချင်းလင်ဓာတ်ခွဲခန်းက အံ့ဩစရာပဲ... အဲဒီအံ့ဩစရာလေးက ဘယ်သူလဲသိချင်လိုက်တာ!''
"ဟုတ်ပါ့... ပါမောက္ခလီခိုင်ရှိပြီးသားကို အခုနောက်ထပ်လက်စောင်းထက်တဲ့သူရှိတယ်!''
"ဒါဆိုရင် ချင်းလင်ဓာတ်ခွဲခန်းက အစွမ်းအထက်ဆုံးပုဂ္ဂလိကဓာတ်ခွဲခန်းတစ်ခုလို့ပြောရတော့မှာပေါ့?''
“…”
ထိုအချိန်တွင် လီခိုင်ကပြုံးပြုံးနှင့် ပါးစပ်ပြန်ဟသည်_
"ဒီရှန်းရွှေလက်ဆောင်ဆန်ကိုသုတေသနလုပ်ပြီး ပျိုးထောင်တဲ့သူကဘယ်သူလဲဆိုတာ အားလုံးသိချင်ကြရောပေါ့? သူကဉာဏ်ကြီးရှင်တစ်ယောက်ပါ... သီးနှံသုတေသနမေဂျာကမဟုတ်ဘူး... ဒါပေမဲ့ သူကိုယ်တိုင်လေ့လာမှုနဲ့ ကျွန်တော်နည်းနည်းပါးပါးကြီးကြပ်ပေးလိုက်တဲ့အခါမှာ သီးနှံသုတေသနအရည်အချင်းကို အံ့ဩစရာကောင်းအောင်ပြတော့တာပဲ... အားလားလား''
ချင်လင်က live ကြည့်ရင်း စိတ်ခံစားချက်မကောင်းတော့။
လီခိုင်ကဆက်ပြီး_
"ကျွန်တော်ပြောနေတာဘယ်သူလဲ အားလုံးသိလောက်မှာပါ... ဟုတ်ပါတယ်... ရှောင်ချင်ပါ... ရှန်းရွှေလက်ဆောင်ဆန်သုတေသနတွေ့ရှိချက်က ရှောင်ချင်ကနေအစပျိုးလာတာပါ... ရှန်းရွှေလက်ဆောင်ဆန်ကိုပျိုးထောင်တဲ့သူက သူပါပဲ''
"သူ့အသက်အရွယ် သူ့ပညာကို မေးခွန်းထုတ်ကောင်းထုတ်နိုင်တယ်ဆိုပေမဲ့ ဒါအမှန်ပါပဲ... တစ်ခါတလေ သိပ္ပံသုတေသနမှာ အရည်အချင်းတင်မကဘူး... ကံကောင်းဖို့လည်းလိုသေးတယ်... ရှောင်ချင်က ကံရော ဉာဏ်ရောရှိတဲ့သူပါ''
ဝုန်း!
အားလုံးခန့်မှန်းမိရင်တောင် လီခိုင်ပါးစပ်ကထုတ်ပြောတာကြားပြီး ခေါင်းပေါက်ကွဲတော့မတတ်ဖြစ်ရသေးသည်။
သတင်းက လန့်လောက်စရာ!
ရှောင်ချင်!
အစက သူ့ကိုမြင်းထိန်းသမားဟုသာ အားလုံးကထင်ကြသည်။
နောက်ပိုင်း သူက စာလည်းတော်၊သိုင်းလည်းတော်သူဟုသိလာကြသည်။ သီးနှံသုတေသနမှာ ဦးဆောင်သူမဟုတ်သော်လည်း PhD များသာလုပ်နိုင်သောသုတေသနတချို့ကိုလုပ်ခဲ့သည်။
ဒါနဲ့တင် အထင်ကြီးဖို့ကောင်းနေပြီ။
အခု ပါမောက္ခလီခိုင် ဘာပြောလိုက်တာလဲ? ရှန်းရွှေလက်ဆောင်ဆန်သုတေသနကိုတောင် ရှောင်ချင်လုပ်တာတဲ့လား?
"ဒီမှာ... သက်ဆိုင်ရာတင်ပြချက်တွေပြပါမယ်''
လီခိုင်ကပြောရင်းဆိုရင်း သူ့ရှေ့ကကွန်ပျူတာဖွင့်လိုက်ရာ ဖန်သားပြင်ပေါ်တွင်တင်ပြချက်ပေါ်လာသည်။
တင်ပြချက်ထဲတွင် ထင်သာမြင်သာသောဓာတ်ပုံနှစ်ပုံလည်းပါသည်။
"ဒီဓာတ်ပုံနှစ်ပုံက ရှောင်ချင် ရှန်းရွှေလက်ဆောင်ဆန်ကိုသေချာလေ့လာနေတုန်းရိုက်ထားတာ''
လီခိုင်ကဆက်ပြောသည်_
"အဲဒီတုန်းက သူအရမ်းအာရုံစိုက်နေတာ တွေ့တဲ့အတိုင်းပါပဲ''
“$~@#!”
ချင်လင်က အပန်းဖြေစံအိမ်ရုံးခန်းထဲမှကြည့်ရင်း အလန့်တကြားမတ်တပ်ထရပ်လိုက်သည်။
သော*က်လုပ်ကြံဓာတ်ပုံကြီး!