← Chapters

ပါမောက္ခချင်!

Vol. 66 Ch. 983

ပါမောက္ခချင်!

Vol. 66 Ch. 983

အစ်ကိုလီဒီလိုလုပ်မည်ဟု ချင်လင်လုံးဝမထင်မိ။

သူကထိတ်လန့်ပြီး အထူးကျောက်ပြားမှသူလေ့လာဖူးသော သီးနှံမျိုးစိတ်သုတေသနကျမ်းစာအုပ်ထဲတွင် စပါးပျိုးထောင်နည်းရှိမရှိ ပြန်စဉ်းစားကြည့်သည်။

တချို့မှတ်ဉာဏ်များတက်လာသည်။ စပါးသုတေသနက သီးနှံသုတေသနတွင်အရေးအကြီးဆုံးဘာသာတစ်ခုဖြစ်ပြီး စာအုပ်ထဲတွင်စပါးသုတေသနများစွာပါသည်။

လိုအပ်ပါက သူဆွဲထုတ်နိုင်သေးသည်။

မဟုတ်ရင် ခံရခက်ကြီး။

ဒါပေမဲ့ ဘာအင်တာဗျူးမှလက်မခံ၊ ဘယ်သူ့ကိုမှလည်း စကားမပြောဟု သူဆုံးဖြတ်ထားသည်။

တစ်ယောက်ယောက်များတကယ်လာမေးလို့ အသည်းအသန်သမားနဲ့ကြုံရင် သူ့သော*က်အကြောင်းတွေပေါ်ကုန်မည်။

အခု အစ်ကိုလီကဆက်ပြီး ခေါင်းမခံနိုင်တော့။ အပြစ်လွှဲတတ်နေပြီ။

ဒီလိုမဖြစ်သေး။

နောက်တစ်ခါ အလှည့်အပြောင်းမရှိအောင် သေချာပေါက်အချက်အလက်လုပ်ရမည်။

လီခိုင်၏သုတေသနတင်ပြချက် live ကိုစောင့်ကြည့်နေသူတွေ မနည်းမနောပင်။

ဖွံ့ဖြိုးအောင်လုပ်ခဲ့သူကရှောင်ချင်ဖြစ်ကြောင်း လီခိုင်ပြောသောကြောင့် အားလုံးကမလေးစားဘဲမနေနိုင်။

သက်ဆိုင်ရာမေဂျာကိုမလေ့လာထားတဲ့သူ၊ ကိုယ့်ဘာသာလေ့လာပြီး ပါမောက္ခလီခိုင်ကြီးကြပ်ပေးတဲ့သူက အစိုးရကလက်လျှော့ထားရတဲ့ပရောဂျက်ကိုအောင်မြင်သတဲ့။

'အထင်ကြီးသည်'ဆိုသောစကားနှင့်မလုံလောက်တော့။ အတော့်အတော်ကိုအထင်ကြီးစရာကောင်းသည်။

ရှောင်ချင်ငုတ်တုတ်ထိုင်ပြီး စပါးပင်များလေ့လာနေသောဓာတ်ပုံကိုမြင်သောအခါ ပြောမပြတတ်အောင်လေးစားမိကြသည်။

"အရင်က ဉာဏ်ကြီးရှင်တွေမယုံပါဘူး... ဒါပေမဲ့ အခုယုံသွားပြီ''

"ဒီကမ္ဘာမှာ ထူးဆန်းသတ္တဝါရှိရင် ရှောင်ချင်ပဲဖြစ်မယ်!''

"ရှောင်ချင်စာသင်တာ အလကားပဲ... ငါလည်းအတူတူပဲ!''

"ငါက သီးနှံသုတေသနမေဂျာပါ... ငါလည်း စာသင်ထားတာအလကားလိုပဲ''

“……”

လီခိုင်စကားကြောင့် လိုင်းပေါ်ကလူများအံ့အားသင့်သွားသည်။

တရုတ်သိပ္ပံအကယ်ဒမီတွင် ဝန်ကြီးလု၊ တော်ဝင်ပညာရှင်ကျူး၊ တော်ဝင်ပညာရှင်ကျင်းနှင့် လော့ဟွေတို့အားလုံးလည်း အံ့ဩသွားကြသည်။

ဝန်ကြီးလု၊ တော်ဝင်ပညာရှင်ကျူး၊ တော်ဝင်ပညာရှင်ကျင်းတို့က ချင်းလင်ကုမ္ပဏီကို ဂရုတစိုက်ရှိကြသည်။ ချင်းလင်စံအိမ်နှင့်သူဌေးချင်က အရမ်းကောင်းသည်ဟု သူတို့ထင်သည်။

ပါမောက္ခလီခိုင်ထုတ်ပြသောဓာတ်ပုံကြောင့် သူတို့အားလုံးကြောင်သွားသည်။

သူဌေးချင်မှာ ဒီလိုအရည်အချင်းရှိလား?

ဒါပေမဲ့ ဒီလိုသုတေသနတင်ပြချက်မျိုးကို ပါမောက္ခလီခိုင်က ဟာသမလုပ်လောက်။ မဟုတ်လို့ သူဌေးချင်ကိုဒီအတိုင်းနာမည်ပေးလိုက်ရင် ချင်းလင်ဓာတ်ခွဲခန်းသုတေသနအဖွဲ့က ကန့်ကွက်မှာပေါ့။

အမှန်မဟုတ်ရင် တစ်သက်လုံးဖုံးကွယ်ထားဖို့မဖြစ်နိုင်။ ဘာပဲဖြစ်ဖြစ် သုတေသနစာရင်းမှာ လူတွေအများကြီးရှိသေးသည်။

သုတေသနစာရင်းဝင်တွေလည်း မယုံနိုင်ဖြစ်နေမှန်း သူတို့မသိပေ။ ကြက်ကန်းဆန်အိုးတိုးသလိုဖြစ်နေကြသည်။

ရှန်းရွှေလက်ဆောင်ဆန်သုတေသနမှာ သူတို့အမှန်ပင်ဝင်ပါခဲ့သည်။

သို့သော် စိုက်ပျိုးပြီးနောက်ပိုင်းမှ ရှန်းရွှေလက်ဆောင်ဆန်အချက်အလက်ဆန်းစစ်မှုတွင်ဝင်ပါခဲ့ခြင်းဖြစ်သည်။ ပျိုးထောင်သည့်အပိုင်းတွင် ဘာအကူအညီမှမပေးခဲ့။

စာရင်းမှာသူတို့နာမည်ပါမည်ဟုမထင်မိပေ။

တခြားတာဝန်ခံနာမည်များက တခြားဓာတ်ခွဲခန်းများတွင် ဖော်တောင်မဖော်ပြထိုက်ပေ။

သူတို့နာမည်များက အမှန်တကယ်ပါနေသည်။

ဒီအဓိပ္ပါယ်ကို သူတို့သိသည်။ ဒါသူတို့ကို ဂုဏ်သိက္ခာရှိစေပြီး ကိုယ်ရေးအချက်အလက်ကောင်းရစေသည်။ ရှေ့လျှောက် ပြဌာန်းစာအုပ်များတွင် ရှန်းရွှေလက်ဆောင်ဆန်အကြောင်းဖော်ပြပါက သူတို့နာမည်လည်းပါလာမည်။

နောက်ဆုံး မျိုးစေ့ထုတ်လုပ်ရေးသုတေသနအဖွဲ့၏သဘောကို သူတို့နားလည်လိုက်သည်။ ချင်းလင်ဓာတ်ခွဲခန်းက တခြားနေရာများနှင့်လုံးဝမတူ။ သုတေသနလုပ်ရန် တကယ့်နေရာကောင်းဖြစ်သည်။

ပါမောက္ခလီခိုင်က လူကောင်းတစ်ယောက်ဖြစ်ပြီး သူများကိုကူညီလိုစိတ်ရှိသည်။

တခဏချင်း ချင်းလင်ဓာတ်ခွဲခန်းကိုတောင့်တလာကြပြီး အလုပ်လုပ်ချင်စိတ်ကလည်း အဆမတန်မြင့်တက်လာကြသည်။

တရုတ်သိပ္ပံအကယ်ဒမီ_

ဝန်ကြီးလုက ချင်လင်၏ဓာတ်ပုံနှစ်ပုံကိုကြည့်ပြီး သက်ပြင်းချလိုက်ကာ_

"အရည်အချင်းတွေနှမြောစရာ! ဘာခရီးသွားမေဂျာလဲ? ဘာတောင်တန်းစံအိမ်လဲ?''

သူကသိပ္ပံသုတေသနတာဝန်ခံဖြစ်သောကြောင့် သိပ္ပံသုတေသနကိုပိုပြီးအာရုံစိုက်သည်။

သူဌေးချင်က ရှန်းရွှေလက်ဆောင်ဆန်လိုအရာမျိုးကို ကိုယ့်ဘာသာလေ့လာပြီး ပျိုးထောင်နိုင်သည်။ သူသာသီးနှံသုတေသနလေ့လာခဲ့ရင် ဒါမှမဟုတ် တခြားသုတေသနမေဂျာယူခဲ့ရင် တက္ကသိုလ်မှာပိုပြီးနာမည်ကြီးလိမ့်မည်။

ဓာတုဗေဒတက္ကသိုလ်မှာ သူဌေးချင်သုတေသနလုပ်နေရင် သူသတိထားမိနိုင်သည်။

အခု သူဌေးချင်လုပ်တာတွေကြည့်။ တောင်တန်းစံအိမ်ဖွင့်၊ ကုမ္ပဏီထောင်၊ တရုတ်ဆေးပညာလေ့လာ၊ အချက်အပြုတ်နဲ့မြင်းစီးတာတွေက လွယ်လွယ်ကူကူတွေမဟုတ်။

သူဌေးချင်က အဲဒီအပိုင်းတွေမှာအရမ်းတော်ပြီး ထိပ်ရောက်နေပေမဲ့ သူ့အရည်အချင်းတွေကပြန့်နေတယ်မလား?

ပြန့်နေတဲ့အရည်အချင်းတွေကလည်း စွမ်းသည်။ သူ့အရည်အချင်းတွေကိုသာ သိပ္ပံသုတေသနမှာစုစည်းလိုက်ရင်...

"အာ!''

နောက်ဆုံး ဝန်ကြီးလုကသက်ပြင်းချပြီး စိတ်မပါလက်မပါနှင့်_

"မင်းဘာလို့ ခရီးသွားမေဂျာဖြစ်ရတာလဲ?''

သူဌေးချင်လိုအရည်အချင်းရှိသူတချို့သာ သိပ္ပံသုတေသနသမိုင်းမှာပေါ်လာရင် တစ်ယောက်ချင်းစီက ခေတ်ပြောင်းဖို့အကြီးအကျယ်ပါဝင်အားထုတ်နိုင်လိမ့်မည်။

လော့ဟွေက လီခိုင်၏သုတေသနတင်ပြချက်ကိုမြင်ပြီး မှုန်ကုပ်နေသည်။

ချင်လင်အပေါ်အာဃာတမရှိသော်လည်း သူလုံးဝမပျော်။

ဘာပဲဖြစ်ဖြစ် သူကချင်းလင်အပန်းဖြေစံအိမ်မှာ အကြီးအကျယ်ဆုံးရှုံးခဲ့သည်။ ချင်းလင်အပန်းဖြေစံအိမ်တွင်ဘာမှမတိုးတက်ဘဲ စိတ်မချမ်းသာစရာအဖြစ်နှင့်တောင်ကြုံခဲ့သည်။ တော်ဝင်ပညာရှင်ကျင်းသွားတော့ အောင်အောင်မြင်မြင်နှင့်ပြန်လာပြီး သူစမ်းသပ်နေသောသုတေသနတောင်ပြီးတော့မည်။

ထို့ကြောင့် ခေါင်းဆောင်ခေါ်တာခံရသည်။ တိုးတိုးတိတ်တိတ်အဆူခံရခြင်းပင်။ သူတော်ဝင်ပညာရှင်ကျင်းကို လုံးဝရှုံးသွားပြီ။

ထို့ကြောင့် မပျော်နိုင်တော့။

အခု သူ့ကိုမျက်နှာသာမပေးတဲ့သူဌေးချင်က နိုင်ငံတော်ပရောဂျက်ကိုအောင်မြင်သွားတယ်ဆိုတော့ သူအတော်လေးစိတ်ပျက်လက်ပျက်ဖြစ်သွားသည်။

All Chapters