ပါမောက္ခချင်! ၂
Vol. 66 Ch. 984
သူ့မှာဘာများရှိလဲ?
မြန်မြန်ဆန်ဆန်ပင်_
လီခိုင်၏သုတေသနတင်ပြချက်ပြီးသွားသော်လည်း အင်တာနက်ပေါ်တွင်လှိုင်းထသွားသည်။ တော်တော်နှင့်ငြိမ်မည်မဟုတ်ပေ။
မြောက်ပိုင်း၏နတ်ဘုရား V က အချိန်အတော်ကြာနာမည်ကြီးခဲ့သည်ဟုသိကြသည်။ အခု ရှောင်ချင်က ရှန်းရွှေလက်ဆောင်ဆန်သုတေသနလုပ်ပြီးနောက် ဆန်၏လွှမ်းမိုးမှုနှင့်အဆင့်ကတက်လာသည်။
အထူးသဖြင့် ရှောင်ချင်က ပိုပြီးကြည့်လို့လည်းကောင်း၊ မြင်းစီးတော်၊ လှံကစားလည်းတော်သည်။ ဘယ်သူမှသူ့ကိုမယှဉ်နိုင်။
ယောက်ျားအားလုံးက ရှောင်ချင်လိုလူမျိုးဖြစ်ချင်ကြသည်။ မိန်းမများက စွဲလမ်းကြ၏။
သတင်းပေါက်သည်နှင့် ချင်လင်၏ဗီဒီယိုများ အင်တာနက်ပေါ်တစ်ပုဒ်ပြီးတစ်ပုဒ်ထွက်လာသည်။
ချင်လင်၏မွေးရပ်မြေမှဆိုသောလူတစ်ယောက်က:
"ချင်လင်က ကလေးကတည်းကဉာဏ်ကောင်းတာ... ကလေးတုန်းက အမြဲတမ်းဆော့ကစားနေပြီး စာမေးပွဲဖြေတိုင်းအမှတ်ကောင်းရတာ... မှတ်မိပါသေးတယ်... သူနဲ့တစ်အိမ်တည်းနေပြီးအတူတူဆော့တဲ့ကလေးက စာမေးပွဲဖြေပြီးတိုင်း ဖင်လှန်အရိုက်ခံရတာ... ဒါပေမဲ့ ရှောင်ချင်က ဘေးကနေစားရင်းသောက်ရင်းကြည့်နေတာပဲ!''
ချင်လင်၏အတန်းဖော်ဆိုသူက:
"ကောလိပ်တုန်းက ရှောင်ချင်မြင်းစီးသင်တာမှတ်မိတယ်... ကံကောင်းပြီး တစ်ခါမြင်ဖူးတာ... သူမြင်းစီးတာ အရမ်းခန့်တာပဲ!''
ချင်လင်၏တက္ကသိုလ်စာကြည့်တိုက်မှူး:
"ရှောင်ချင်ရဲ့ခရီးသွားမေဂျာက တကယ်အလကားဖြစ်သွားတာပဲ... စာကြည့်တိုက်မှာ သူသိပ္ပံသုတေသနစာအုပ်တွေငှားနေတာ မြင်ဖူးတယ်... အဲဒီတုန်းက သိပ္ပံသုတေသနမေဂျာကကျောင်းသားတွေ သီးနှံသုတေသနပြဿနာကိုဆွေးနွေးနေကြတာ... ဒါပေမဲ့ သူနည်းနည်းဝင်ပြောလိုက်တာနဲ့ ဘာမှပြန်မပြောနိုင်ကြဘူး''
ချင်လင်၏တက္ကသိုလ်မှကျောင်းသားတစ်ဦး:
"ငါမိန်းကလေးသန့်စင်ခန်းဘက်ချောင်းရင်း ရှောင်ချင်နဲ့အမှတ်မထင်တွေ့ဖူးတယ်''
ကုန်းကျဲ့ဆိုသူ: ...
ချင်လင်နှင့်သိကျွမ်းသည်ဆိုသောလူအမျိုးမျိုးက အင်တာနက်ပေါ်တွင် ဗီဒီယိုများစတင်ကြသည်။
တကယ်တော့ အများစုက အချောင်နာမည်ကြီးအောင်လုပ်ခြင်းဖြစ်ပြီး တချို့တလေသာသက်ဆိုင်ကြသည်။
စာကြည့်တိုက်ကစာအုပ်ငှားတယ်၊ မိန်းကလေးသန့်စင်ခန်းချောင်းကြည့်တယ်၊ ဒီလူတွေက မဟုတ်တရုတ်တွေမလား?
သို့ရာတွင် စာကြည့်တိုက်မှစာအုပ်ငှားသည့်အကြောင်းမှတ်ချက်များကိုယုံနေကြပြီး ရေပန်းစားမှုနှင့်မှတ်ချက်များက ထိုးတက်နေသည်။
ထို့ကြောင့် သူစိတ်ပျက်မိသည်။ နောက်ဆုံး နာမည်ကြီးတာ ဒုက္ခရောက်တယ်ဟုသာ ပြောနိုင်တော့သည်။
အင်တာနက်ပေါ်တွင် ဒီလိုလူတစ်စုရှိလေသည်~
…
ချင်းလင်အပန်းဖြေစံအိမ်ရုံးခန်း_
ချင်လင်နှင့်ရှန်လီတွေ့နေသည်။
"ဥက္ကဌချင်... ရှန်းရွှေကလူတွေ ချင်းလင်ဆန်မျိုးစေ့တောင်းနေပါတယ်''
ရှန်လီက ချင်လင်ကိုအစီရင်ခံသည်။
ချင်းလင်ဆန်သုတေသနအောင်မြင်ပြီး သီးနှံမျိုးစိတ်အသစ်များရှိ၍ ဓာတ်ခွဲခန်းက မူပိုင်ခွင့်လျှောက်ရသည်။ ရှေ့လျှောက် ချင်းလင်ဆန်က ချင်းလင်ဓာတ်ခွဲခန်းအပိုင်ဖြစ်မည်။
ဒီမူပိုင်ခွင့်လျှောက်ထားချက်က နောက်ဆယ်စုနှစ်အတွင်းမလိုလောက်တော့။ ရှန်းရွှေလက်ဆောင်ဆန်က ပတ်ဝန်းကျင်အလွန်ရွေးသလို ချင်းလင်ဆန်လည်းအတူတူပင်။
ချင်လင်က ပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်အောင်လုပ်နိုင်ခဲ့သော်လည်း တခြားနေရာများမှာမရသေး။ တခြားမှာ မစိုက်နိုင်လောက်။
ထို့ကြောင့် ချင်းလင်ဆန်ကိုပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေဖြစ်အောင် သုတေသနထပ်မလုပ်ရင်မဖြစ်နိုင်ပေ။
ဖြစ်ချင်တော့ ဒီလိုသုတေသနမျိုးက ကုန်ကျစရိတ်များလွန်း၍ နိုင်ငံတော်က ပရောဂျက်ထူထောင်ပြီးမှစွန့်လွှတ်ခဲ့ရသည်။ ဘယ်ဓာတ်ခွဲခန်းမှာမှ သုတေသနလုပ်နိုင်စွမ်းမရှိ။
အနည်းဆုံး နောက်ဆယ်စုနှစ်သုံးလေးခုအထိ၊ နည်းပညာတစ်ခေတ်မတက်မချင်း မဖြစ်နိုင်ချေ။
သို့ရာတွင် ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့တောင်းသည်ကို ချင်လင်အံ့ဩမိသည်။ ချင်းလင်ဆန်က ရုံချန်းပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိသောကြောင့် ရှန်းရွှေနယ်နှင့်မသင့်တော်။
ဘာပဲဖြစ်ဖြစ် ချင်းလင်ဆန်က မင်မြို့တော်အပြင်မှာမဖြစ်နိုင်ပေ။ မင်မြို့တော်မှာတောင် ရုံချန်းနှင့်အရမ်းလှမ်းလျှင် အဝါရောင်ပြောင်းသွားမည်။ ရလဒ်ကိုစဉ်းစားသာကြည့်။
ချင်းလင်ဆန်ကို ရှန်းရွှေမှာစိုက်ရခက်မည်။
ထို့ကြောင့် ရှန်လီစကားကိုနားထောင်ရင်း ချင်လင်ကတွက်ကပ်မနေဘဲ ပြုံးပြုံးနှင့်_
"ပေးသာပေးလိုက်! ဘာပဲဖြစ်ဖြစ် တို့ချင်းလင်ဆန်က ရှန်းရွှေလက်ဆောင်ဆန်ကနေဖြစ်လာတာပဲ''
အပြင်ကိုတော့ ဒီလိုပဲအသံလွှင့်ရမှာပေါ့။ စနစ်နဲ့ဂိမ်းအကြောင်း ဘယ်သူ့ကိုမှပေးသိလို့မဖြစ်ဘဲ။
"ကောင်းပါပြီ ဥက္ကဌချင်!''
ရှန်လီခေါင်းညိမ့်လိုက်သည်။ အပန်းဖြေစံအိမ်မှထွက်လာပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းပြန်ပြီး လိုင်ကျင်းကိုလာယူရန်အသိပေးလိုက်သည်။
လိုင်ကျင်းက ချင်းလင်ဓာတ်ခွဲခန်းထဲပထမဆုံးအကြိမ်ရောက်ပြီး တော်တော်အံ့ဩသွားသည်။ အခု ချင်းလင်ဓာတ်ခွဲခန်းက လုံးဝငွေမရှား။ သူ့အတိုင်းအတာက ကျယ်သည်ထက်ကျယ်လာသည်။
သီးသန့်ဓာတ်ခွဲခန်းတချို့ဆောက်ထားပြီး သီးနှံသုတေသနအဖွဲ့ခွဲရှိသည်။
သုတေသနသမားများဖြစ်စေ၊ လုံခြုံရေးဝန်ထမ်းများဖြစ်စေ၊ ထပ်ထပ်ခန့်နေသည်။ လုံခြုံရေးဝန်ထမ်းအားလုံးလိုလိုက စစ်မှုထမ်းဟောင်းများဖြစ်သည်။ ယွင်ဖေး၏လေ့ကျင့်ရေးကြောင့် သူတို့အခြေအနေက စစ်တပ်နီးပါးဖြစ်နေသည်။
လိုင်ကျင်းက ဓာတ်ခွဲခန်းရုံးခန်းထဲသာသွားသော်လည်း လမ်းမှာလုံခြုံရေးနှစ်ဆင့်ဖြတ်ရသည်။ ရုံးပိုင်းနှင့်သုတေသနပိုင်းကို နေရာခွဲထားသည်။
ချင်းလင်ဓာတ်ခွဲခန်း၏သုတေသနရလဒ်များကိုတွေးကြည့်သည်။ ပုံမှန်ပင်။
သို့သော် လိုင်ကျင်းက ဒါတွေဂရုမစိုက်။ ချင်းလင်ဆန်မျိုးစေ့အကြောင်းသာ သိချင်သည်။
ချင်းလင်ကုမ္ပဏီထောင်ထားပြီး ချင်းလင်ဆန်မျိုးစေ့ကို ဘာမှမဟုတ်သလိုပေးလိုက်ဖို့သဘောတူမည်ဟု သူမထင်မိပေ။
မကြာမီ လိုင်ကျင်းက ရှန်လီနှင့်တွေ့ပြီး ချက်ချင်းလေးလေးစားစားနှုတ်ဆက်သည်_
"ဥက္ကဌရှန်... ခင်ဗျားနာမည်ကိုကြားဖူးတာကြာပါပြီ''
အရင် သူ့မှာရှန်းရွှေလက်ဆောင်ဆန်ရှိစဉ်က ချင်းလင်ကုမ္ပဏီကိုလျစ်လျူရှုပြီး ဆန့်လည်းဆန့်ကျင်ရဲသည်။ ဒါပေမဲ့ အခုရှန်လီကိုမြင်တာတောင် ဦးညွတ်ပြီးရင်းညွတ်နေသည်။
ရှန်းရွှေလက်ဆောင်ဆန်အားကိုးမရှိရင် သူတာဝန်ယူထားတဲ့ကုမ္ပဏီက ချင်းလင်ကုမ္ပဏီ ဒါမှမဟုတ် ချင်းလင်ဓာတ်ခွဲခန်းထက်အများကြီးသေးနေသည်။
ရှန်လီမှာအလုပ်များ၍ လိုင်ကျင်းနှင့်စကားမပြောချင်သောကြောင့် လိုင်ကျင်းကိုချင်းလင်ဆန်မျိုးစေ့ပေးရန် တစ်ယောက်ယောက်ကိုမှာပြီး တိုးတိုးတိတ်တိတ်ထွက်သွားခိုင်းလိုက်သည်။
အင်တာနက်ပေါ်မှရှန်းရွှေနှင့်ချင်းလင်ကုမ္ပဏီကြားကိစ္စကို သူသိသည်။ သို့ဖြစ်၍ ဒီလူကိုသဘောမကျ။
ရှန်လီ၏သဘောထားကို လိုင်ကျင်းကရိပ်မိသော်လည်း ဂရုမစိုက်။ ချင်းလင်ဆန်မျိုးစေ့ရလာသရွေ့ သူပြန်ယူသွားပြီးပျိုးထောင်နိုင်သည်။
အဲဒီအချိန်ကျရင် ရှန်းရွှေမှာစိုက်မည်။ ချင်းလင်ဆန်လို့မခေါ်။ ရှန်းရွှေလက်ဆောင်ဆန်ဆိုသော်လည်း အဆင့်မြင့်ရှန်းရွှေလက်ဆောင်ဆန်ဖြစ်မည်။
လိုင်ကျင်းကတွေးတောရင်း ချင်းလင်ဓာတ်ခွဲခန်းမှပြန်လာပြီး အမြန်ဆုံးလေယာဉ်လက်မှတ်ဝယ်လိုက်သည်။
ရှန်းရွှေပြန်ရောက်သောအခါ အရင်ဆုံး ကုမ္ပဏီသုတေသနဒါရိုက်တာကိုဖုန်းဆက်သည်။ သူ့ကိုမျိုးစေ့ပေးပြီး အမြန်ဆုံးပျိုးထောင်ခိုင်းမည်။
ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်ချိန်မဟုတ်၊ ရာသီဥတုမမှန်သေးသော်လည်း သူတို့မှာသက်ဆိုင်ရာအစိမ်းရောင်မှန်လုံအိမ်နည်းပညာရှိထားပြီဖြစ်၍ လုံးဝသက်ရောက်မှုမရှိပေ။ တစ်နှစ်ပတ်လုံးရာသီဥတုကိုတောင်ဖန်တီးယူပြီး စပါးပျိုးပင်အချိန်မရွေးစိုက်နိုင်သည်။
မြေဆီလွှာပြန်ပြည့်အောင် မြေကိုအနားပေးခြင်းကြောင့်သာမဟုတ်ရင် တစ်နှစ်ပတ်လုံးရှန်းရွှေလက်ဆောင်ဆန်စိုက်နိုင်သည်။
အချိန်ကုန်လွန်သွားသည်။
မျက်စိတစ်မှိတ်အတွင်း တစ်ပတ်ကုန်သွား၏။
ချင်လင်ကရုံးခန်းထဲတွင် ဝန်ကြီးလုနှင့်နောက်တစ်ယောက်ကိုဧည့်ခံနေသည်။
"သူဌေးချင်... အနှောင့်အယှက်ပေးရတာ အားနာပါတယ်''
ဝန်ကြီးလုကပြုံးပြုံးနှင့် သူခေါ်လာသောလူကိုနေရာပေးပြီး မိတ်ဆက်သည်_
"သူဌေးချင်... ဒါအထူးရောင်းဝယ်ရေးဌာနကဝန်ကြီးကျန်းပဲ''
"သူဌေးချင်အကြောင်း အများကြီးကြားဖူးပါတယ်''
ဝန်ကြီးကျန်းကချက်ချင်း ချင်လင်နှင့်လက်ဆွဲနှုတ်ဆက်သည်။
"မင်္ဂလာပါ ဝန်ကြီးကျန်း!''
ချင်လင်ကလည်း ပြန်နှုတ်ဆက်သည်။ တစ်ဖက်လူလာရသည့်အကြောင်းရင်းကို သူခန့်မှန်းမိသည်။ ချင်းလင်ဆန်ပင်။
အထူးဝယ်ယူတယ်ဆိုတော့ အထူးဖြည့်ဆည်းပေးတာပေါ့။
အရင်တစ်ခေါက်က ဒါရိုက်တာ။ ဒါပေမဲ့ ဒီတစ်ခေါက်က ဝန်ကြီး။
ဝန်ကြီးကျန်းလည်းစာဖိုင်ထုတ်ပြီး ချင်လင်ဆီပေးကာ_
"သူဌေးချင်... ငါတို့ ချင်းလင်ဆန်တစ်သုတ်ကို အထူးဝယ်ယူချင်တယ်...''
…
ဝန်ကြီးကျန်းနှင့်ချင်လင်ဆွေးနွေးပြီးနောက် ဝန်ကြီးလုကလည်းစာဖိုင်ထုတ်၍ ချင်လင်ဆီပေးပြီး_
"သူဌေးချင်... မင်းကိုပေးစရာရှိတယ်... ဘာပဲဖြစ်ဖြစ် မင်းကရှန်းရွှေလက်ဆောင်ဆန်ကိုအောင်မြင်ခဲ့တာ... မင်းရဲ့ဂုဏ်နဲ့လိုက်ဖက်မှုရှိရမှာပေါ့... မဟုတ်ရင် သူများတွေအရှက်ရအောင်လုပ်သလိုဖြစ်မယ်''
ချင်လင်ကစာဖိုင်ထုတ်ကြည့်ပြီး ခဏကြောင်သွားကာ_
"ဒါ ပါမောက္ခဘွဲ့အတွက်အကဲဖြတ်စာတမ်း?''
ပါမောက္ခဘွဲ့ကို များသောအားဖြင့် တက္ကသိုလ်များကအပ်နှင်းကြပြီး တက္ကသိုလ်တစ်ခုစီမှာ သူတို့ကိုယ်ပိုင်အကဲဖြတ်အဆင့်ရှိကြသည်။ သို့ရာတွင် တရုတ်သိပ္ပံအကယ်ဒမီကလည်း ဒီဘွဲ့ကိုပေးအပ်နိုင်သည်။
နောက်ပြီး တရုတ်သိပ္ပံအကယ်ဒမီ၏ပါမောက္ခဘွဲ့အကဲဖြတ်မှုက ပိုအရေးကြီးသည်။
"ကျွတ် ကျွတ်''
ချင်လင်ကစာဖိုင်ကြည့်ပြီး ပါးစပ်အဟောင်းသားဖြစ်သွားသည်။
အစ်ကိုလီနဲ့ဝန်ကြီးလုက သူ့ကိုပေါင်းကြံထားသလိုပါလား။
ဒီလိုဘွဲ့မျိုးကို သူဘယ်လိုလုပ်ယူရဲမှာလဲ? သူ့အရည်အချင်း သူသိသားပဲ။
ဒါ သူ့ကိုလူလိမ်ထိပ်ခေါင်ကြီးဖြစ်အောင် လုပ်နေကြတာမလား?