ပွဲကြည့်စင်ဖြည့်စွက်ချက်!
Vol. 66 Ch. 986
လျိုဟွေ့က တအံ့တဩနှင့် စပါးပျိုးပင်ကိုကြည့်နေသည်။
နည်းလမ်းတကျပြောရရင် မြေကြီးချင်းအတူတူ၊ ဆေးရည်လည်းအတူတူ၊ တချိန်တည်း တစ်သုတ်တည်းစိုက်တဲ့စပါးပင်က အခြေအနေချင်းတူသင့်သည်။
အခု ကွဲကွဲပြားပြားထွက်လာတာ ထူးခြားဖြစ်စဉ်ကံကောင်းမှုပင်။
တစ်ခါတလေ သိပ္ပံသုတေသနမှာ ဒီလိုကံကောင်းခြင်းမျိုးလိုအပ်သည်။
ဒီကံမျိုးက သိပ္ပံသုတေသနအတွက်ကြီးကြီးမားမားတွန်းအားဖြစ်စေသည်။
"ဒီပျိုးပင်ရဲ့အမြစ်နဲ့အရွက်တွေကလည်း သာမန်အပင်တွေထက်ပိုကြီးတယ်''
လျိုဟွေ့ကလေ့လာပြီး သုတေသနသမားကိုလောလောနှင့်ပြောသည်_
"ပါမောက္ခလီခိုင်နဲ့ဥက္ကဌချင်ကို မြန်မြန်အသိပေးရအောင်... ဒီသတင်းပြောပြလိုက်... နောက်ထပ်အံ့ဩစရာသုတေသနရလဒ်ထွက်နိုင်တယ်''
သုတေသနသမားက ခေါင်းညိမ့်ပြီး ချက်ချင်းဖုန်းထုတ်ကာဆက်လိုက်သည်။
…
ချင်လင်ကအပန်းဖြေစံအိမ်ပြန်လာပြီး ရုံးခန်းထဲဝင်လိုက်သည်။ သူ့စိတ်ထဲမှဂိမ်းကိုကြည့်၍ နေ့စဉ်တာဝန်များစလုပ်၏။ သူ့ဂိမ်းဇာတ်ကောင်အား နတ်ဘုရားမတောင်မှထွက်ကုန်များပတ်ကြည့်စေပြီးနောက် ချင်းလင်ဓာတ်ခွဲခန်းမှဖုန်းဝင်လာသည်။
စမ်းသပ်စိုက်ခင်းထဲမှာ မျိုးပြောင်းစပါးပင်တွေ့တာဖြစ်မည်။
မျိုးစေ့ထုတ်စက်မှထွက်သော အထူးစပါးမျိုးစေ့ကို ချင်လင်ချက်ချင်းတွေးမိသည်။
စပါးပျိုးပင်က ပြောင်းပင်လောက်ရှည်နိုင်ပြီး ဆန်စေ့က မြေပဲလောက်ကြီးနိုင်သည်။
ဒီအထူးစပါးကိုပျိုးထောင်နိုင်သရွေ့ တစ်ကမ္ဘာလုံးရိက္ခာဖြန့်ဝေမှုပြောင်းသွားနိုင်သည်။
ဒီလောက်ကြာမှ မျိုးစေ့ကပျိုးပင်ဖြစ်ပြီး ဓာတ်ခွဲခန်းကသုတေသနသမားတွေ သတိထားမိသည်။
ချင်လင်ကအပန်းဖြေစံအိမ်မှထွက်ပြီး ချင်းလင်ဓာတ်ခွဲခန်း၏စမ်းသပ်စိုက်ခင်းနေရာကိုမောင်းသွားသည်။
သူရောက်သောအခါ လီခိုင်တို့က အထူးလယ်ကွက်ကိုလေ့လာစူးစမ်းနေကြသည်။
ကြည့်ရတာ စပါးပင်က အရမ်းအံ့ဩစရာကောင်းတဲ့ပုံ။ သူ့ဘောင်းဘီတောင်လိပ်မတင်ဘဲ အကွက်ထဲဝင်ကာ ရေတွေရွှဲနေသည်။
ဒီလောက်ဆို သူဘယ်လောက်အာရုံစိုက်ထားလဲသိပြီ။
"ဒီစပါးပင်က မျိုးပြောင်းတာ... အတူတူပဲ''
လီခိုင်က အသေအချာပြောသည်_
"ပင်စည်နဲ့အရွက်ကြောက ငါတို့သိတဲ့စပါးပင်အတိုင်းပဲ''
"အမှန်ပဲ''
လျိုဟွေ့လည်းခေါင်းညိမ့်ပြီးမှ မေးလိုက်သည်_
"ပါမောက္ခလီ... အခု ကျွန်တော်တို့ဘာလုပ်ရမလဲ?''
"ဒီနေရာက တခြားပျိုးပင်တွေအကုန်ရှင်းလိုက်ပါ''
လီခိုင်ကတန်းပြောသည်_
"ဒါမျိုးပဲပျိုးထောင်မယ်''
ချင်လင်ကတိုးတိုးတိတ်တိတ်ကြည့်ရင်း ဖုန်းထုတ်ကာ လီခိုင်ကိုဓာတ်ပုံရိုက်ယူထားလိုက်သည်။
ဒါ ပါမောက္ခလီခိုင်ကြိုးစားပမ်းစားလုပ်နေတဲ့သက်သေ။
သုတေသနသမားများက တခြားပျိုးပင်များကိုရှင်းပြီး အထူးအကာအရံနည်းပညာနှင့် စပါးပျိုးပင်များကိုကာလိုက်သည်။
လီခိုင်က ချင်လင်ကိုမြင်ပြီး လှမ်းခေါ်လိုက်သည်_
"ညီလေးချင်... ရောက်လာပြီလား... လာကြည့်ပါဦး... ဒီပျိုးပင်က တကယ်ထူးခြားတယ်''
ချင်လင်မှာမျိုးစေ့ထည့်သူဖြစ်၍ စပါးပျိုးပင်ကထူးခြားမည်မှန်းသိသည်။ သို့သော် ဒီတစ်ခါ အထဲမဝင်ချင်။
အစ်ကိုလီက ဓာတ်ပုံခိုးရိုက်တတ်သည်။ အစ်ကိုလီသာနှစ်ပုံလောက်ရိုက်ထားရင် သူ့ကိုထပ်ပြီးအကွက်ချနိုင်သည်။
"အစ်ကိုလီ... ကျွန်တော်လုပ်စရာရှိသေးလို့ အရင်ပြန်လိုက်ဦးမယ်... ပြီးတော့ အဲဒါဒီအတိုင်းပျိုးပင်မလား''
ချင်လင်ကပြုံးပြုံးနှင့်ပြောပြီး လမ်းလျှောက်ထွက်လာသည်။
လီခိုင်နည်းနည်းကြောင်သွားသည်။ ဒီစပါးပင်ကဘယ်လောက်ထူးဆန်းလဲ ညီလေးချင်မသိချင်ဘူးလား?
ဒီစပါးပင်မျိုးက မတည်ရှိဖူးသောအပင်မျိုး။ အပြင်က သက်ဆိုင်ရာသုတေသနတက္ကသိုလ်တွေသာဒီအကြောင်းသိရင် လန့်ကုန်လိမ့်မည်။
အရင်တစ်ခါ စပါးမျိုးအသစ်ကို စီနီယာတစ်ဦးကရှာဖွေတွေ့ရှိခဲ့ပြီး စပါးလောကမှာ ကမ္ဘာသစ်တစ်ခုထူထောင်နိုင်ခဲ့သည်။
ဒီတစ်ခါ စပါးမျိုးအသစ်တွေ့ပြန်ပြီ။ ဘယ်လောက်အံ့ဩစရာကောင်းလဲ!
ချင်လင်က ဒါတွေဂရုမစိုက်။ ချင်းလင်ဓာတ်ခွဲခန်းမှထွက်လာပြီး လင်းလန်ဇီကိုဖုန်းဆက်လိုက်သည်_
"ပြီးရင် အပန်းဖြေစံအိမ်ရုံးခန်းကိုလာပါဦး... ကျွန်တော်မှာစရာရှိလို့''
အရင်တစ်ခါ အစ်ကိုလီကဓာတ်ပုံတစ်ပုံသုံးပြီး သူ့နောက်ကျောကိုဓားနှင့်ထိုးခဲ့သည်။
အခု ဓာတ်ပုံတွေကိုကြည့်ရုံပေါ့။
ဓာတ်ပုံဘယ်လိုရိုက်ရတယ်ဆိုတာ မသိတာကျ။
ချင်လင် အပန်းဖြေစံအိမ်ရုံးခန်းထဲရောက်သောအခါ လင်းလန်ဇီရောက်နှင့်နေပြီ။ သူ့ကိုမြင်သည်နှင့် နှုတ်ဆက်သည်_
"ဥက္ကဌချင်!''
ချင်လင်လည်း စောစောကသူရိုက်လာသောဓာတ်ပုံကို Wechat မှလင်းလန်ဇီထံပို့ပြီး ညွှန်ကြားသည်_
"ပါမောက္ခလီခိုင်က မျိုးပြောင်းစပါးပျိုးထောင်ထားပြီ... ရှေ့လျှောက်ပျိုးထောင်မယ့်စပါးမျိုးအသစ်ဖြစ်မယ်... ချင်းလင်စံအိမ်တရားဝင်အကောင့်ကနေဗီဒီယိုတင်ပြီး ဂုဏ်ပြုလိုက်ပါ!''
"ကောင်းပါပြီ သူဌေး''
လင်းလန်ဇီလည်း ညွှန်ကြားချက်ရသည်နှင့် မာတီမီဒီယာဌာနပြန်လာပြီး ဗီဒီယိုတင်ရန်ပြင်ဆင်သည်။
စမ်းသပ်စိုက်ခင်းထဲတွင် လီခိုင်ကကိရိယာတစ်ခုနှင့် အထူးစပါးပျိုးပင်မှမျိုးစိတ်ကို သေချာထုတ်ယူနေသည်။
စပါးပင်မျိုးစိတ်ကိုလေ့လာချင်သော်လည်း ကြီးထွားနေသောစပါးပင်ကိုမထိခိုက်အောင် ပုံစံမပျက်ယူသည်။
မျိုးစိတ်ယူပြီးနောက် လီခိုင်ကသူ့လူများနှင့်ဓာတ်ခွဲခန်းထဲပြန်လာကာ စတင်ဓာတ်ခွဲသည်။ အချိန်တစ်ခုကြာပြီးနောက် အံ့ဩစရာရလဒ်ထွက်လာသည်။
မျိုးစိတ်အချက်အလက်အရ စပါးမျိုးအသစ်က အကြီးမြန်ရုံသာမက ထင်မထားလောက်သောအရွယ်အစားအထိကြီးထွားနိုင်သည်။ တုတ်တုတ်ခိုင်ခိုင်အပင်မျိုးဖြစ်သည်။
ဒါပေမဲ့ စပါးပင်ကဘယ်လိုလုပ် တုတ်တုတ်ခိုင်ခိုင်ဖြစ်မှာလဲ? အားလုံးသိတဲ့အတိုင်း စပါးပင်ကနွဲ့နွဲ့နှောင်းနှောင်းလေ။
ဒါပေမဲ့ တစ်ရှူးကိုမပျက်စီးစေလို၍ သူဓာတ်ခွဲနိုင်သမျှ ခွဲကြည့်ထားခြင်းဖြစ်သည်။
သို့သော် တစ်ခုတော့သေချာသည်။ ဒီစပါးပင်ကြီးလာရင် အနှံကိုထည့်မတွက်ရင်တောင် အံ့ဩစရာကောင်းနေဦးမည်။
"လောလောဆယ် ဒီစပါးပျိုးပင်ကိုသေချာစောင့်ကြည့်ထား... အရေးအကြီးဆုံးအရာလို့သဘောထားပါ''
နောက်ဆုံး လီခိုင်က လျိုဟွေ့တို့အားညွှန်ကြားချက်ပေးခဲ့သည်။