← Chapters

ပွဲကြည့်စင်ဖြည့်စွက်ချက်! ၂

Vol. 66 Ch. 987

ပွဲကြည့်စင်ဖြည့်စွက်ချက်! ၂

Vol. 66 Ch. 987

သူတို့ထွက်သွားမှ လီခိုင်ကထိုင်ချပြီး သက်ပြင်းမှုတ်ထုတ်လိုက်သည်။ သူအများကြီးစမ်းသပ်ထားပြီ။ လျိုဟွေ့တို့ကိုမပြောပြနိုင်သော်လည်း ဒါအထူးမြေကြီး၏အာနိသင်မှန်း သူသိသည်။

လျိုဟွေ့တို့က မြေကြီးကို သူပြင်ဆင်ထားသည်ဟုထင်နေသော်လည်း တကယ်တော့ အထူးမြေကြီးဖြစ်သည်။

လက်ရှိအခြေအနေအရ စပါးပင်ကြီးလာရင်သာမန်မဟုတ်မှန်းသေချာသည်။ သူထပ်ပြီး ဓားစာခံဖြစ်ဦးမလားမသိ။

ဒါပေမဲ့ စပါးမှည့်ဖို့အချိန်လိုသေးသည်။ အခွင့်အရေးရရင် ညီလေးချင်ကိုရေထဲဆွဲနှစ်နိုင်သည်။ ဘာပဲဖြစ်ဖြစ် ညီလေးချင်က အထူးမြေကြီးတွေ့ခဲ့သူပဲ။

သူပါအတူတူခေါင်းခံသင့်သည်။

အခုတော့ သူ့မှာအပြစ်လွှဲတဲ့အတွေ့အကြုံရှိနေပြီ။

လီခိုင်အတွေးများနေစဉ် သူ့ဖုန်းမြည်လာသည်။ ထန်ရှိုးဝမ်ပင်။

"ရှိုးဝမ်... ဘာဖြစ်လို့လဲ?''

သူကချက်ချင်းဖုန်းကိုင်လိုက်သည်။

"အစ်ကိုလီ... စပါးမျိုးအသစ်လုပ်နိုင်တာ ဂုဏ်ယူပါတယ်!''

ထန်ရှိုးဝမ်ပျော်ရွှင်နေသောအသံကြားရသည်။

"ရှိုးဝမ်... မင်းဘယ်လိုလုပ်သိလဲ?''

လီခိုင်ကအံ့ဩသံနှင့်မေးသည်။

"စံအိမ်တရားဝင်အကောင့်မှာ ရှင့်ကိုဂုဏ်ပြုတဲ့ဗီဒီယိုတင်ထားတယ်!''

ထန်ရှိုးဝမ်ကရှင်းပြသည်။

“???”

လီခိုင်ကဖုန်းချပြီး ချင်းလင်စံအိမ်တရားဝင်အကောင့်မှဗီဒီယိုသွားကြည့်သည်။ အမှန်ပင် ဗီဒီယိုအသစ်တက်နေသည်။

"စပါးမျိုးအသစ်ပျိုးထောင်နိုင်တဲ့အတွက် ပါမောက္ခလီခိုင်ကိုဂုဏ်ပြုပါတယ်... ဒီစပါးပျိုးပင်က နောင်အစားအစာပုံစံကိုပြောင်းနိုင်ပါလိမ့်မယ်''

ဗီဒီယိုက ခပ်တိုတိုပင်။

ဓာတ်ပုံအများကြီးပါသည်။

သူစပါးမျိုးအသစ်လေ့လာနေသောပုံများဖြစ်သည်။ သူလုံးဝခေါက်မတင်ထားသောရေစိုဘောင်းဘီကိုတောင် အနီးကပ်ရိုက်ထားသည်။

ဒါ ဘာသဘောလဲ?

ဗီဒီယိုကြည့်ရင်း လီခိုင်စိတ်အချဉ်ပေါက်လာသည်။

အခုရှုပ်ပြီး နောက်မှရှင်းရမလား?

အထူးသဖြင့် ဗီဒီယိုကရေပန်းစားနေပြီ။

လိုင်းပေါ်ကလူတိုင်း သူ့ကိုဂုဏ်ပြုနေကြ၏။

"ပါမောက္ခလီခိုင်က စံပဲ... ရှောင်ချင် ရှန်းရွှေလက်ဆောင်ဆန်ပျိုးထောင်တုန်းကပြောတော့ သူ့မှာအချိန်မရှိဘူးတဲ့... အခု ဆန်မျိုးအသစ်ပျိုးထောင်လိုက်ပြန်ပြီ''

"ချင်းလင်ဓာတ်ခွဲခန်းက ရှန်းရွှေလက်ဆောင်ဆန်ထုတ်တာမှမကြာသေးဘူး... ပါမောက္ခလီခိုင်က ဆန်မျိုးအသစ်ပျိုးထောင်လိုက်ပြီ... ဆန်ကိုဆန့်ကျင်နေတာပဲ''

"ဂုဏ်ယူပါတယ် ပါမောက္ခလီခိုင်... တခါတည်း ဒီဆန်မျိုးအသစ်ရဲ့ရလဒ်တွေကိုပါသိချင်ပါတယ်''

"ဂုဏ်ယူပါတယ် ပါမောက္ခလီခိုင်!”

လီခိုင်မှာမှတ်ချက်များကိုကြည့်ပြီး လက်မှိုင်ချနေရသည်။ ကြည့်ရတာ သူအပြစ်လွှဲမရတော့။

ဂုဏ်ပြုဗီဒီယိုက အင်တာနက်မှာပေါက်သွားပြီး တရုတ်သိပ္ပံအကယ်ဒမီမှလူများလည်း သတိထားမိကြသည်။ အထူးသဖြင့် ချင်းလင်ဓာတ်ခွဲခန်းကိုသေချာစောင့်ကြည့်နေသော ဝန်ကြီးလုပင်။

ရှန်းရွှေလက်ဆောင်ဆန်ဖွံ့ဖြိုးခါစမှာ ချင်းလင်ဓာတ်ခွဲခန်းကဆန်မျိုးအသစ်ပျိုးထောင်နိုင်မည်ဟု သူလည်းမထင်မိ။

ပါမောက္ခလီခိုင်နဲ့ရှောင်ချင်က ဆန်သုတေသနချင်းပြိုင်ချင်တာလား?

ပါမောက္ခလီခိုင်ရဲ့စပါးမျိုးအသစ်က ဘယ်လိုရလဒ်မျိုးထွက်လာမလဲတော့မသိ။

ဘာပဲဖြစ်ဖြစ် အနှံမထွက်ရင် အသီးမတင်သေး။

သို့ရာတွင် ဝန်ကြီးလုက တစ်​ယောက်ယောက်ကိုခေါ်ပြီးညွှန်ကြားလိုက်သည်_

"ပါမောက္ခလီခိုင် စပါးမျိုးအသစ်ပျိုးထောင်နိုင်တာကို တရုတ်သိပ္ပံအကယ်ဒမီတရားဝင်ဝဘ်ဆိုဒ်မှာဂုဏ်ပြုချင်တယ်''

ဒီစပါးရဲ့နောက်ဆုံးရလဒ်က ဘယ်လိုပဲဖြစ်ဖြစ်၊ စပါးမျိုးအသစ်ပျိုးထောင်နိုင်တာကိုက ဖြစ်နိုင်ခြေတွေအများကြီးရှိနေသည်။

ဒီတစ်ခါမအောင်မြင်ရင်တောင် နောက်နောင်မှာ သေချာပေါက်ရလဒ်ထွက်လာလိမ့်မည်။

ဒီတော့ ဂုဏ်ပြုတာမမှား။

တရုတ်သိပ္ပံအကယ်ဒမီကဂုဏ်ပြုစာကိုလည်း လီခိုင်တွေ့သည်။

သူ မျက်နှာကျသွား၏။

ဒီတစ်ခါ သူခေါင်းမခံချင်လည်း ခံရတော့မည်။

တစ်ဖက်တွင် ချင်လင်ကအတော်ကျေနပ်နေသည်။ ဒီကိစ္စအတည်ပြုပြီး အရင်တစ်ခါ အစ်ကိုလီ နောက်ကျောဓားနှင့်ထိုးသည့်ကိစ္စကိုလက်တုံ့ပြန်နိုင်ပြီဟုဆိုရမည်။

အထူးစပါးပင်ကကြီးလာ၊ အနှံတွေပြည့်၊ ရိတ်သိမ်းပြီးရင် ဒီအိုးမည်းဘယ်လောက်ကြီးလဲ အစ်ကိုလီသိလိမ့်မည်။

ဟယ်ရှားရဲ့အမိုက်စားအိပ်မက်!

အဲဒီအချိန်ကျရင် အစ်ကိုလီလန့်သွားမှာ ဟုတ်လား?

ချင်လင်ကကြိတ်ဝမ်းသာနေပြီး အပန်းဖြေစံအိမ်မှထွက်လာသည်။

ချန်တပေက ပွဲကြည့်စင်တွင်ညွှန်ကြားနေ၏_

"ပွဲကြည့်စင်နဲ့စင်္ကြံကိုသန့်ရှင်းရေးလုပ်ပါ''

နောက်ဆုံးတော့ သစ်မွှေးပွဲကြည့်စင်နဲ့စင်္ကြံကပြီးသွားပြီ။

မျောကျောက်ဘေးရှိပွဲကြည့်စင်မှာ ကျောက်စားပွဲနှစ်လုံးပါသည်။ ရှေးပုံစံရိုးရိုးရှင်းရှင်းအမိုးမိုးထားသည်။

ထို့အပြင် အပန်းဖြေစံအိမ်တစ်ခုလုံးကိုက ရိုးရိုးရှင်းရှင်းရှေးစတိုင်ဖြစ်ပြီး သစ်ပင်ဝါးပင်များဝန်းရံနေသောကြောင့် ခြုံကြည့်လျှင် မြင်ကွင်းပျက်စရာမရှိပေ။

စင်္ကြံနှင့်စံအိမ်ပင်မအဆောက်အဦးကို ဆက်သွယ်ထားသည်။

မိုးရွာသည့်နေ့မှာတောင် စံအိမ်အပြင်ထွက်ပြီး စင်္ကြံအတိုင်း ပွဲကြည့်စင်တန်းသွားနိုင်သည်။

အခုရှုခင်းကြည့်စင်ဆောက်ပြီးဖြစ်၍ ချန်တပေက သူ့လူများကိုသန့်ရှင်းခိုင်းသည်။

သူ့ဘေးတွင် ချန်ရှန်းဖေက ပွဲကြည့်စင်နှင့်စင်္ကြံကို တလက်လက်တောက်နေသောမျက်လုံးများနှင့်ကြည့်နေသည်။

ဒီလိုနာမည်ကြီးသစ်မျိုးကြိုက်သူအဖို့ ပွဲကြည့်စင်နှင့်စင်္ကြံက သူ့မျက်လုံးထဲတွင်ဆွဲဆောင်မှုရှိနေသည်။

လောင်ချန်နှင့်လောင်မာက အပန်းဖြေစံအိမ်တွင်ခဏတည်းကြသည်။ လောင်မာက ကုမ္ပဏီကိစ္စတချို့ဖြေရှင်းရန်ပြန်သွား၏။ လောင်ချန်ကဆက်နေပြီး ပွဲကြည့်စင်ဆောက်သည်ကို သူ့မျက်လုံးနှင့်ကြည့်သေးသည်။

"ချင်လင်... မင်းရဲ့ပွဲကြည့်စင်နဲ့စင်္ကြံက ကြည့်ရုံနဲ့အားကျစရာကောင်းတာပဲ''

ချန်ရှန်းဖေက ချင်လင်ကိုမြင်လျှင် အားကျနေသောအကြည့်များနှင့်လျှောက်သွားသည်။

သစ်မွှေးနဲ့နံ့သာနီက သက်တမ်းရင့်တွေ။ သူများတွေ ဒီလိုသက်တမ်းရင့်ပစ္စည်းမျိုးလိုချင်ရင် အဆက်အသွယ်ရှိရသည်။

ဒါပေမဲ့ တစ်စုံတစ်ယောက်ကတော့ ဒီလိုပစ္စည်းတွေကို ဒီလောက်ကြီးတဲ့ပွဲကြည့်စင်နဲ့စင်္ကြံဆောက်ပစ်သတဲ့။

သိပ်မကြာမီ_

ချန်တပေက ပွဲကြည့်စင်နှင့်စင်္ကြံကိုသန့်ရှင်းရေးလုပ်ပြီး သူ့လူများကိုခေါ်သွားသည်။

ပွဲကြည့်စင်ဆောက်ပြီးနောက် တော်ဝင်ပညာရှင်လီနှင့်လင်းလျိုတို့ကစိတ်ဝင်စားပြီး ထွက်ကြည့်ကြသည်။

ချန်ရှန်းဖေကဖုန်းထုတ်ပြီး ပွဲကြည့်စင်နှင့်စင်္ကြံကိုဓာတ်ပုံရိုက်ကာ အဖွဲ့ထဲပို့လိုက်သည်။

All Chapters