ပွဲကြည့်စင်ဖြည့်စွက်ချက်! ၃
Vol. 66 Ch. 988
ထိုအဖွဲ့ထဲကလူအားလုံးမှာ သစ်စုဆောင်းရတာကြိုက်သောလူချမ်းသာများဖြစ်သည်။ အတော်များများက သူတို့စုဆောင်းထားသောပစ္စည်းများကို အဖွဲ့ထဲမျှဝေကြသည်။
အရင်တစ်ခါ ချင်လင်သူ့ကိုပေးဖူးသောသစ်မွှေးခုံက အဖွဲ့ထဲတွင်တန်ဖိုးအရှိဆုံးပစ္စည်းဖြစ်ခဲ့သည်။
ချန်ရှန်းဖေက ပွဲကြည့်စင်နှင့်စင်္ကြံကိုချက်ချင်းဓာတ်ပုံရိုက်ယူပြီး အဖွဲ့ထဲပို့လိုက်သည်။ တခါတည်း စာပါရေးလိုက်၏:
မျှဝေပါတယ်... သက်တမ်းရင့်သစ်မွှေးနဲ့နံ့သာနီသုံးပြီးဆောက်ထားတဲ့ပွဲကြည့်စင်နဲ့စင်္ကြံက အံ့ဩလောက်တယ်မလား?
ထိုသတင်းကြားကြားချင်း အဖွဲ့ထဲလှုပ်လှုပ်ရှားရှားဖြစ်သွားသည်။
"နောက်နေတာလား ဒါရိုက်တာချန်... ဒီလောက်ကြီးတဲ့ပွဲကြည့်စင်နဲ့စင်္ကြံကို ဘယ်လိုလုပ်သစ်မွှေးနဲ့လုပ်နိုင်မှာလဲ?''
"ဒါရိုက်တာချန်... နောက်နေပြန်ပြီ!''
"သက်တမ်းရင့်သစ်မွှေးနဲ့နံ့သာနီသုံးပြီး ဒီလိုပွဲကြည့်စင်နဲ့စင်္ကြံဆောက်တဲ့သူရှိပါစေလို့ ကျွန်တော်တကယ်ဆုတောင်းပါတယ်''
"သစ်မွှေးနဲ့နံ့သာနီကို ဒီလောက်အများကြီး ဘယ်သူမှရအောင်မလုပ်နိုင်တာ နှမြောစရာပဲ''
“……”
ချန်ရှန်းဖေစကားကို အဖွဲ့သားတစ်ယောက်မှမယုံကြ။ အားလုံးက မဖြစ်နိုင်ဘူးဟူ၍ အလိုလိုနားလည်ထားကြသည်။
ချန်ရှန်းဖေက ရှင်းမပြ။ ဒီပွဲကြည့်စင်နဲ့စင်္ကြံကိုဘယ်သူဆောက်တယ်ဆိုတာ ဒီလူတွေမှမသိဘဲ။
ချင်လင်က ဘယ်သူလဲ? ဘယ်သူမှမလုပ်နိုင်တာကိုလုပ်နိုင်မယ့်သူလေ။
ချန်ရှန်းဖေကချက်ချင်း စင်္ကြံပေါ်တက်ပြီး အနီးကပ်လိုက်ကြည့်သည်။ ထိုအချိန်တွင် စင်္ကြံနှင့်ပွဲကြည့်စင်က ဆွဲဆောင်မှုရှိလိုက်ပုံမှာ သူ့မိန်းမထက်တောင်သာသည်။
ထို့ကြောင့် သူ့မိန်းမကိုနှုတ်ဆက်စကားမပြောဘဲကျော်သွားပြီး စင်္ကြံပေါ်အမြန်ရောက်သွားလေသည်။ မိန်းမဖြစ်သူက ဒေါသမျက်လုံးများနှင့်ကြည့်ပြီး 'ဒီည သူနဲ့အတူမအိပ်'ဟုစိတ်ဆုံးဖြတ်လိုက်သည်။
တော်ဝင်ပညာရှင်လီတို့က ပွဲကြည့်စင်ထဲဝင်လာကြသည်။
ချင်လင်လည်း ကျောက်မိုချင်းနှင့်အတူလျှောက်ဝင်လာသည်။
သစ်သားသက်သက်နှင့်လုပ်ထားပြီး အန္တရာယ်ရှိပစ္စည်းများအသုံးမပြုသောကြောင့် တန်းဝင်နိုင်သည်။
"ချင်လင်... အနံ့အရမ်းကောင်းတာပဲ''
ကျောက်မိုချင်းကလျှောက်ဝင်လာပြီး အံ့ဩသံနှင့်ပြောသည်။
တခြားသူများလည်း အနံ့ရသည်။ အနံ့ကစိတ်ကြည်နူးစရာကောင်းပြီး စိတ်သက်သာရာရစေသည်။
ဒါ အဝါရောင်သစ်မွှေး၏အနံ့စုပ်သည့်အာနိသင်မှန်း ချင်လင်သိသည်။ သစ်မွှေးက အရည်အသွေး ၁ ရှိ၍ အနံ့စုပ်သည့်အာနိသင် +၁ ရှိသည်။
တော်ဝင်ပညာရှင်လီက သက်ပြင်းချပြီး_
"သူဌေးချင်... ဒီပွဲကြည့်စင်ကိုသေချာဆောက်ထားတာပဲ... ငါစိတ်ထင်တာလားတော့မသိဘူး... ဝင်လာတာနဲ့ စိတ်တော်တော်အေးချမ်းသွားတယ်''
ချန်ရှန်းဖေကဖြည့်ပြောသည်_
"တော်ဝင်ပညာရှင်လီ... အဲဒါ ဒီပွဲကြည့်စင်ရဲ့တည်ဆောက်ပုံက အရမ်းကောင်းတဲ့သဘောပဲ... နံ့သာနီမှာစိတ်ငြိမ်စေတဲ့အာနိသင်ကရှိပြီးသား... ဒီလောက်နံ့သာနီတွေအများကြီးဆို မပြောနဲ့တော့''
ချင်လင်ကပြုံးပြီး_
"လောင်ချန်ပြောတာမှန်တယ်''
အရည်အသွေး ၁ နံ့သာနီတွင် စိတ်တည်ငြိမ်စေခြင်း +၁ အာနိသင်ရှိသည်။ ထိုအာနိသင်နှင့် အနံ့စုပ်ခြင်း +၁ အာနိသင်က အသိသာဆုံးဖြစ်သည်။
ရုတ်တရက် သူတစ်ခုခုတွေးမိသည်။
တော်ဝင်ပညာရှင်ကျင်းက မျောကျောက်အာနိသင်မပြခင် အပန်းဖြေစံအိမ်၏ပရောဂျက်များနှင့်ပတ်ဝန်းကျင်ကြောင့် သူ့ကိုယ်ပိုင်သုတေသနစိတ်ကူးရခဲ့သည်။
အခု ဒီပွဲကြည့်စင်က ပိုပြီးအထောက်အကူမဖြစ်ဘူးလား?
ဘာပဲဖြစ်ဖြစ် စမ်းသပ်မှုတွေနဲ့သုတေသနက စိတ်တည်ငြိမ်ဖို့လိုသည်။ စိတ်တည်ငြိမ်လေ အတွေးပိုရှင်းလေလေပင်။
ရုတ်တရက် တော်ဝင်ပညာရှင်လီက_
"အပန်းဖြေစံအိမ်ရဲ့ကုထုံးနည်းတွေနဲ့တင် စိတ်ရောကိုယ်ပါသက်သာနေပြီ... ပတ်ဝန်းကျင်လည်း အတူတူပဲ... အခု ဒီပွဲကြည့်စင်ပါလာတော့ အာနိသင်ကပိုကောင်းလာမှာပေါ့ ဟုတ်လား?''
တော်ဝင်ပညာရှင်လီ ပိုပြီးသေချာသွားသည်။ ဘာပဲဖြစ်ဖြစ် သူတို့သုတေသနမှာ ပြဿနာတွေနဲ့ကြုံရင် လူတိုင်းကစိတ်မရှည်ချင်တော့။
ဝန်ကြီးလုကို ပွဲကြည့်စင်အကြောင်းပြောပြသင့်သည်ဟု သူတွေးမိသည်။