အိမ်ပြန် မိသားစုအမွေဆက်ခံ!
Vol. 66 Ch. 989
လူတစ်ယောက်ရဲ့တန်ဖိုးက အဓိပ္ပါယ်ရှိရှိနေထိုင်ဖို့။ ထင်ထင်ပေါ်ပေါ်နေဖို့မဟုတ်!
ဒီစကားပြောတဲ့သူသာ သာမန်လူဆိုရင် သေချာပေါက်ပွဲရှာခံရမည်။
ဒီနေ့လိုစိတ်မြန်လက်မြန်ခေတ်ကြီးမှာ ပိုက်ဆံမလိုချင်တဲ့သူရှိလို့လား? မထင်ပေါ်ချင်တဲ့သူရှိလို့လား?
ဒါပေမဲ့ သူဌေးကြီးတစ်ယောက်ကပြောတာဆိုရင် တစ်မျိုးဖြစ်သွားပြီ။ အနည်းနဲ့အများတော့ ချိန်ဆတွေးကြလိမ့်မည်။ အကြောင်းမှာ ထိုသူဌေးကြီးက သူပြောသလိုနေထိုင်ခဲ့သောကြောင့်ပင်။
ချင်လင်က ဖုန်းကိုင်ပြီး Tiktok live တစ်ခုကိုစူးစမ်းနေသည်။
ထို live ကို ဂုဏ်ကြီးသူတစ်ယောက်ကလွှင့်နေသည်။
ထိုသူက ရူပဗေဒသင်ခန်းစာသင်နေ၏။
နောက်ပြီး သူ့သင်ခန်းစာကနက်နဲသည်။
မသိလျှင် သူ့ကိုရူပဗေဒဆရာဟုထင်ကြလိမ့်မည်။
သို့သော် တကယ့်အမှန်က ထိုသူမှာ ဂုဏ်ကြီးသူလူချမ်းသာတစ်ဦးဖြစ်လေသည်။
သူဌေးကြီးများထဲတွင်စံပြတစ်ဦးဖြစ်ခဲ့ပြီး တခြားသူဌေးကြီးများ၏သူဌေးလည်းဖြစ်တော့မည်။ သူ့ကြောင့် သူဌေးကြီးလီက ပြည်တွင်းအကြီးဆုံးအင်တာနက်ဝဘ်ဆိုဒ်ကိုတည်ထောင်နိုင်ခဲ့သည်။
ဒီသူဌေးကြီးက သူဌေးတကာ့သူဌေးထဲမှာ အပူအပင်အကင်းဆုံးသူဌေးဟုဆိုနိုင်သည်။
ချင်လင်ကဖုန်းချပြီး ဒီသူဌေးကြီးဆီကသင်ယူသင့်သည်ဟုတွေးနေသည်။ ရှေ့လျှောက် အသေးအဖွဲကိစ္စတွေနဲ့ သူစိတ်ရှုပ်မခံသင့်။ လွတ်လွတ်လပ်လပ်ပေါ့ပေါ့ပါးပါးနေဖို့ လက်မလျှော့သင့်။
ချင်လင်တွေးတောနေစဉ် ဖုန်းမြည်လာသည်။ မထင်မှတ်ဘဲ မင်မြို့တော်မှလျိုယီဖြစ်နေသည်။
ဒီလူချမ်းသာနဲ့ သူနည်းနည်းရင်းနှီးသည်။
အရင်တစ်ခါ သူ့အဖေကိုအပန်းဖြေစံအိမ်ပို့ပြီး အားဖြည့်ခိုင်းဖူးသည်။
သူကဖုန်းကိုင်လိုက်၏။
"သူဌေးချင်... ဖုန်းဆက်ပြီးအနှောင့်အယှက်ပေးရတာ အားနာပါတယ်''
လျိုယီ ရယ်နေသည်။
"ဥက္ကဌလျို... အားမနာပါနဲ့''
ချင်လင်ကပြုံးပြုံးနှင့်ပြန်ပြောသည်။ ဒီလူနှင့်ဆက်ဆံရေးက လောင်ချန်၊လောင်မာတို့လောက်မဟုတ်သော်လည်း သူ့အပေါ်အကောင်းမြင်သည်။
"သူဌေးချင်... Douglas ကိုမှတ်မိသေးလား?''
လျိုယီကမေးသည်_
"သူကချင်းလင်စံအိမ်လာပြီး ခင်ဗျားကိုဧည့်ခံချင်လို့တဲ့''
ချင်လင်နည်းနည်းအံ့ဩသွားကာ_
"Douglas? သူကဘာလို့ဧည့်ခံချင်ရတာလဲ?''
Douglas ကို သူမှတ်မိသည်။
Lasda ရဲ့အဖေ။ လျိုယီနဲ့ပေါင်းပြီး နိုင်ငံတကာစားသောက်ကုန်လုပ်ငန်းလုပ်ပုံရသည်။
Lasda ပထမဆုံးစံအိမ်ရောက်လာပြီး ဟင်းချက်ပြိုင်စဉ်က သူလည်းပါလာသည်။
အခု Lasda က ချင်းလင်စံအိမ်မှာစားဖိုမှူးခေါင်းဖြစ်နေပြီ။
Douglas ကိုတော့ အဲဒီကတည်းက မတွေ့ရတော့။
အဲဒီ Douglas က သူ့ဆီတကယ်ရောက်လာပြီး ညစာကျွေးမယ်လို့ဘယ်ထင်မလဲ?
Lasda ကြောင့်များလား?
လျိုယီကဆက်ပြီး_
"သူဌေးချင်... Lasda က ခင်ဗျားစံအိမ်မှာစားဖိုမှူးခေါင်းလုပ်နေတာမလား? အဲဒီ Lasda က Douglas နဲ့အမြဲပြဿနာတက်နေတာ... သူ့မှာသားတစ်ယောက်ပဲရှိတာ... ဟင်းပဲချက်ပြီး မိသားစုအမွေကိုမဆက်ခံလို့တဲ့''
"ပြီးခဲ့တဲ့ရက်ပိုင်းက Lasda ဖုန်းဆက်ပြီး မိသားစုအမွေဆက်ခံမယ်ဆိုပြီးပြောလာမယ်လို့ ဘယ်ထင်မလဲ? Douglas က ခင်ဗျားကြောင့်လို့ထင်နေတာ သူဌေးချင်''
"Lasda က ဟင်းချက်လက်ရာမှာ ခင်ဗျားကိုမကျော်နိုင်ဘူးဆိုပြီးစိတ်ပျက်သွားလို့ မိသားစုအမွေဆက်ခံတာတဲ့... အဲဒါကြောင့် Douglas က Lasda ထွက်အောင်ကူညီပေးလို့ ကျေးဇူးတင်ချင်တာ''
ချင်လင်မှာဖုန်းချပြီး ရယ်ရမှန်းမသိ၊ ငိုရမှန်းမသိ။
ဒီလိုကျေးဇူးတင်ခံရမယ်လို့ လုံးဝမတွေးမိ။
ဒါပေမဲ့ Lasda သူ့လက်ရာကိုမကျော်နိုင်ဖို့ကလည်း ကံပါနေသည်။ သူ့လက်ရာအားလုံး အပြင်က၊ အပြင်အရည်အသွေးတွေ။ Lasda ဘယ်ကျော်နိုင်ပါ့မလဲ?
နောက်တစ်နေ့တွင် Douglas နှင့်လျိုယီရောက်ချလာမည်ဟု ချင်လင်မထင်မိပေ။
သူက လျိုယီနှင့် Douglas ကို စံအိမ်မှာတွေ့သည်။
"သူဌေးချင်... ပြန်ဆုံပြီနော်''
လျိုယီက ချင်လင်ကိုတွေ့သည်နှင့် စပြီးလက်ဆွဲနှုတ်ဆက်သည်။ သူ့စိတ်ထားကို အနည်းနှင့်အများဆိုသလိုနှိမ့်ချထားသည်။
ဘာပဲဖြစ်ဖြစ် စီးပွားဥစ္စာ၊ ကျော်ကြားမှု၊ ဒါမှမဟုတ် ဂုဏ်အဆင့်အတန်း၊ သူဌေးချင်က အားလုံးသူ့ထက်သာသည်။ ကိုယ့်ထက်ဩဇာရှိသူနဲ့တွေ့ရင် စိတ်ထားကိုနှိမ့်ချထားဖို့လိုသည်။
"လူကြီးမင်းချင်... တွေ့ရတာဝမ်းသာပါတယ်''
Douglas က ချင်လင်ကိုတွေ့လျှင် စိတ်ရင်းနှင့်ကျေးဇူးတင်လိုက်သည်_
"ပြီးတော့ Lasda ရဲ့ယုံကြည်ချက်ကို အရှိုက်ထိအောင်လုပ်ပြီး မိသားစုအမွေဆက်ခံအောင်လုပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်... ငါ့ဆန္ဒတစ်ခုပြည့်ဝသွားပြီ''
ချင်လင်မှာ ဘယ်လိုပြန်ဖြေရမှန်းမသိ၍_
"မစ္စတာ Douglas အားနာလွန်းနေပါပြီ''
ဟုသာ ပြောလိုက်တော့သည်။
ခဏစကားပြောပြီးနောက် ချင်လင်က လျိုယီနှင့် Douglas ကို ချင်းလင်စံအိမ်စားသောက်ဆိုင်ထဲခေါ်သွားငည်။
Douglas က သူ့ကိုဧည့်ခံချင်ရင် စံအိမ်စားသောက်ဆိုင်သွားရမည်ဖြစ်ပြီး ဒီနေ့ Lasda ကိုယ်တိုင်ချက်လိမ့်မည်။
ဒါပေမဲ့ အခုစားသောက်ဆိုင်ထဲမှာစားရင် သေချာပေါက် ခရီးသည်တွေဝိုင်းကြည့်ကြမည်။ ဒီတော့ အတွင်းစားသောက်ခန်းထဲမှာသာစားရမည်။
Lasda က အသင့်စောင့်နေသည်။ သူတို့သုံးယောက်ကိုမြင်လျှင် ရောက်လာပြီး_
"လူကြီးမင်းလျို... အဖေက လူကြီးမင်းချင်နဲ့စကားပြောချင်နေတာ!''
ချင်လင်ကိုနှုတ်ဆက်သောအခါ စိတ်ကဝိရောဓိဖြစ်နေသည်။
သူချင်းလင်စံအိမ်ရောက်လာစဉ်က လူကြီးမင်းချင်လက်ရာထက်သာအောင်လုပ်မည်ဟုကြွေးကြော်ခဲ့သည်။ ဒါပေမဲ့ သူ့ရှေ့မှာချက်တဲ့လူကြီးမင်းချင်လက်ရာအတိုင်း သူလိုက်မလုပ်နိုင်။ လူကြီးမင်းချင်ကတော့ တစ်ခါချက်တိုင်း လက်ရာတစ်ဆင့်တက်နေသည်။
လူကြီးမင်းချင်က ပညာကုန်မသုံး၊ သူ့လက်ရာကိုလုံးဝထုတ်မပြပေ။
သူ့လက်ရာဘယ်အဆင့်ရောက်နေပြီလဲ မတွေးတတ်အောင်ပင်။ သူ့လက်ရာကိုကျော်အောင်လုပ်မည်ဆိုသောစကားက ဟာသဖြစ်လာသည်။
နောက်ဆုံးဗီဒီယိုကို သူအပြင်းအထန်လေ့ကျင့်ခဲ့သည်။ သို့သော် အချိန်တစ်ခုကြာသည်အထိ အရသာရှိရှိဟင်းပွဲကို သူမလုပ်နိုင်သေး။
အခု နည်းနည်းစိတ်ပျက်လာပြီဖြစ်၍ အိမ်ပြန်ပြီးမိသားစုအမွေဆက်ခံတော့မည်။
လူအများစုက ကိုယ်မတက်နိုင်သောတောင်တွေ့လျှင် နောက်ကြောင်းပြန်ခေါက်တတ်ကြသည်။
သူတို့သုံးယောက်ထိုင်ပြီးနောက် Lasda က တည်တည်ငြိမ်ငြိမ်နှင့်စားဖိုဆောင်ထဲလျှောက်သွားသည်။
ဒါ ချင်းလင်စံအိမ်မှာ သူနောက်ဆုံးချက်တဲ့ဟင်းပွဲဖြစ်မည်။
ဒီဟင်းပွဲက သူ့လက်ကျန်ဂုဏ်သိက္ခာဖြစ်၍ သူအများကြီးအားစိုက်ထုတ်မည်။