← Chapters

အိမ်ပြန် မိသားစုအမွေဆက်ခံ! ၂

Vol. 66 Ch. 990

အိမ်ပြန် မိသားစုအမွေဆက်ခံ! ၂

Vol. 66 Ch. 990

သိပ်မကြာမီ Lasda က တရုတ်စာချက်ပြုတ်ပြီးယူလာသည်။ တစ်မျိုးက ဆေးဖက်ဝင်စွပ်ပြုတ်ဖြစ်သည်။

တော်ဝင်ဆေးစွပ်ပြုတ်ပင်။ သူဖုန်းနှင့်မှတ်တမ်းတင်ထားသောဗီဒီယိုအတိုင်း လေ့ကျင့်ထားခြင်းဖြစ်သည်။

ဖြစ်ချင်တော့_

Lasda က သက်ပြင်းကြီးချပြီး_

"လူကြီးမင်းချင် အဖေ လူကြီးမင်းလျို... ဒီငါးကိုမြည်းကြည့်ပါ... ဒါကျွန်တော့်ဘဝမှာချက်ဖူးသမျှထဲ အကောင်းဆုံးဟင်းပွဲဖြစ်မယ်''

တစ်ဖက်တွင် လျိုယီကဆေးနံ့ပြင်းပြင်းကြောင့် ဆေးစွပ်ပြုတ်ကိုစိတ်ဝင်စားနေသည်။ သူစားတဲ့ဆေးစွပ်ပြုတ်တွေ ဒါကိုမယှဉ်နိုင်။

လျိုယီကတစ်ပန်းကန်သောက်ပြီး မချီးကျူးဘဲမနေနိုင်တော့_

"Lasda... မင်းရဲ့ငါးက ကောင်းလိုက်တာ... ဒါပေမဲ့...''

သူက စကားကိုပြီးအောင်မပြော။ ဒါပေမဲ့ ဘာလဲ? သူနဲ့သူဌေးချင်ကြားကွာခြားချက်က ကြီးလွန်းသောကြောင့်ပင်။

သူ့အဖေ အပန်းဖြေစံအိမ်တွင်အားဖြည့်စဉ်က စားရကံကြုံပြီး သူဌေးချင်ရဲ့တော်ဝင်ဆေးစွပ်ပြုတ်သောက်ခဲ့ရသည်။ Lasda လက်ရာကကောင်းသော်လည်း သူဌေးချင်နဲ့အကွာကြီးကွာနေသည်။

သားဖြစ်သူ၏စကားကြောင့် Douglas ကချက်ချင်း ဆေးစွပ်ပြုတ်တစ်ပန်းကန်ခပ်လိုက်သည်။

သူ့သားက အိမ်ပြန်ပြီးမိသားစုအမွေမဆက်ခံမှာစိုးရိမ်သော်လည်း သူ့သားလက်ရာကိုတမ်းတမိသေးသည်။ ဘာပဲဖြစ်ဖြစ် သူ့သားကအနောက်တိုင်းမှာအတော်ဆုံးစားဖိုမှူးပင်။

သူ့သားကအိမ်ပြန်လာ၊မိသားစုအမွေဆက်ခံပြီး အချိန်နဲ့အမျှ သူ့ကိုချက်ကျွေးနေရင်ကောင်းမည်ဟုတွေးနေသည်။

Lasda ၏ဆေးစွပ်ပြုတ်သောက်ပြီး Douglas မှာမယုံနိုင်။ သူ့သားလက်ရာက အတော်တိုးတက်လာသည်။

သူ့သားလုပ်သမျှထဲမှာ ဒီလိုအရသာရှိတာမျိုးစားဖူးတာ ဒါပထမဆုံးပင်။

ဒီလိုအစားအစာမျိုးလုပ်နိုင်ရဲ့သားနဲ့ ဘာလို့အိမ်ပြန်ပြီးမိသားစုအမွေဆက်ခံချင်လဲ သူအံ့ဩမိသည်။

"Lasda''

Douglas မပြောဘဲမနေနိုင်တော့_

"မင်းရဲ့ဆေးစွပ်ပြုတ်က ကောင်းလိုက်တာ... ဒီလောက်ကောင်းတာမျိုး ဘယ်သူမှလုပ်နိုင်မယ်မထင်ဘူး ဟုတ်တယ်မလား?''

Lasda က ရှက်စိတ်နှင့်_

"အဖေ... ကျွန်တော့်ဆေးစွပ်ပြုတ်က လူကြီးမင်းချင်ကိုမမီဘူး... လူကြီးမင်းချင်က ကျွန်တော်မကျော်နိုင်တဲ့တောင်ပဲ... ဧဝရတ်တောင်ထက်တောင်မြင့်သေးတယ်''

နောက်ဆုံး Lasda က သက်ပြင်းသာချလိုက်သည်။

Douglas က သူ့သားကိုကြည့်ပြီးမှ ချင်လင်ကိုတအံ့တဩကြည့်လိုက်သည်။ သူ့သားလုပ်တဲ့ဆေးစွပ်ပြုတ်တောင် ဒီလောက်အရသာရှိနေရင် လူကြီးမင်းရဲ့လက်ရာကို သူမတွေးတတ်အောင်ပင်။

ချင်လင်လည်း Lasda လုပ်ထားသောဆေးစွပ်ပြုတ်ကိုအရသာခံနေသည်။

သုံးလေးဇွန်းသောက်ပြီး သူလည်းအံ့ဩသွားသည်။ Lasda ရဲ့ဆေးစွပ်ပြုတ်အရသာက စားကောင်းခြင်း +၃ ရောက်တော့မည်။

အရည်အသွေး ၂ သဘာဝငါးကြောင့်ဆိုသော်လည်း ဒါဆရာလင်းတို့စားဖိုမှူးတွေ လုံးဝလုပ်နိုင်သောအရာမဟုတ်။

တစ်နည်းပြောရရင် Lasda က သူ့ကိုယ်ပိုင်အရည်အချင်းနှင့် စားကောင်းခြင်း +၁ နီးနီးတိုးအောင်လုပ်နိုင်ခဲ့သည်။

ဒီအရည်အချင်းက အချက်အပြုတ်မှာသူ့ပါရမီကိုပြနေသည်။

နည်းနည်းလေးလိုနေတာ နှမြောစရာ။ အစားအစာကို အရသာ +၁ ဖြစ်အောင်မလုပ်နိုင်ခဲ့။ အခုသူကစိတ်ပျက်ပြီး အိမ်ပြန်ကာမိသားစုလုပ်ငန်းကိုဆက်ခံတော့မည်။

"လူကြီးမင်းချင်''

Lasda က ချင်လင်အား_

"ဒီရက်တွေမှာ ခင်ဗျားရဲ့အထောက်အပံ့တွေအတွက် တကယ်ကျေးဇူးတင်ပါတယ်... ခင်ဗျားကိုမကျော်နိုင်ပေမဲ့ ခင်ဗျားကကမ္ဘာမှာအကောင်းဆုံးဟင်းချက်လက်ရာကိုသိစေခဲ့တယ်''

ထိုစကားများက သူ့ရင်ထဲမှလာခြင်းပင်။ စံအိမ်ရောက်ခါစ မောက်မာပြီးယုံကြည်မှုလွန်ကဲနေသောပုံစံကို သူအများကြီးပြောင်းလဲခဲ့သည်။

သူတို့လေးယောက်စကားပြောနေစဉ် အတွင်းစားသောက်ခန်းထဲ လူတစ်စုဝင်လာသည်။ ဆံပင်များစိုနေသေး၍ ရေချိုးပြီးခါစပုံစံများဖြစ်သည်။ အလုပ်ဆင်းပြီးနောက် သူတို့ခန္ဓာကိုယ်မှာမြစ်ရေများစိုရွှဲနေသည်။ ရွက်လွှင့်ပရောဂျက်ရေချိုးခန်းထဲတွင် အရင်ရေချိုးပြီးမှ စားဖို့ထွက်လာခြင်းပင်။

ထိုဝန်ထမ်းများထဲတွင် ခန့်ချောလူငယ်တစ်ယောက်ကခေါင်းဆောင်ဖြစ်ပြီး ကျန်လူများက သူ့နောက်လိုက်များဖြစ်သည်။

သူတို့ကလျှောက်ဝင်လာရင်း ခန့်ချောလူငယ်အား_

"ခေါင်းဆောင်ချူ... ခင်ဗျားဘာလို့ တစ်နေ့တစ်နေ့မြစ်ထဲကိုအကြိမ်ကြိမ်ဆင်းနေတာလဲ? မမောဘူးလား?''

"အင်းလေ... နေ့တိုင်း မှတ်စုစာအုပ်ယူသွားပြီး ဘာမှလည်းမှတ်ပုံမရဘူး''

"ခေါင်းဆောင်ချူမှာ အကြောင်းရင်းရှိမှာပေါ့... သူပေးသမျှအကြံဉာဏ်တွေ မန်နေဂျာကလက်ခံတာ မတွေ့ဘူးလား?''

“……”

ခန့်ချောခေါင်းဆောင်ချူကထိုင်ပြီး သက်ပြင်းချလိုက်သည်။

အပြစ်တင်ရမှာလား?

ချင်းလင်စံအိမ်ရွက်လွှင့်ကိုဝင်လိုက်ထွက်လိုက်လေ့လာပြီး မှတ်တမ်းတင်မည်လုပ်တိုင်း မြစ်ထဲရောက်သည်နှင့် အကုန်မေ့ကုန်သည်။

အကြောင်းရင်းကို ချူယဲ့လည်းနားမလည်။

သူ့ကိုဒီလောက်စွဲလန်းစေသည့်ရွက်လွှင့်မျိုး လုံးဝမတွေ့ဖူးပေ။

ဒီတချိန်လုံး ရွက်လွှင့်မှာဝင်လုပ်ပြီး အဖွဲ့ခေါင်းဆောင်ဖြစ်လာသော်လည်း ဘာသဲလွန်စမှရှာမတွေ့သေး။

တွေးကြည့်လေလေ နက်နဲလေလေပင်။

အခု မြစ်ကိုထည့်မတွက်တော့။ ဒါ ချင်းလင်စံအိမ်လာလည်သောခရီးများ၏စိတ်အခြေအနေကြောင့်ဟု သူထင်သည်။

အွန်လိုင်းကြော်ငြာကြောင့် ချင်းလင်စံအိမ်လာသောခရီးသည်များက ရွက်လွှင့်ဖို့တောင့်တနေကြသည်။ ဘယ်လောက်ပျော်စရာကောင်းမှန်းသိပြီးနောက် သူတို့ဆန္ဒက ပျော်စရာခံစားချက်အဖြစ်ပြောင်းသွားမည်။

ဒီလိုပျော်စရာမျိုးက ကူးစက်တတ်သောကြောင့် အားလုံးအတူတူပျော်ကာ အားရပါးရကစားကြမည်။

ဒါစိတ်နှင့်ဆိုင်မည်ဟု သူထင်သည်။

ဒီတော့ စိတ်ပညာစာအုပ်တွေ သူဖတ်ရမည်။

ချူယဲ့ကထိုင်ပြီးနောက် သူများစကားကိုလျစ်လျူရှုကာ ဖုန်းထုတ်လိုက်သည်။ သူ့မှာ Wechat စာတွေအများကြီးဝင်နေသည်။

တချို့သူငယ်ချင်းများက ဘယ်တော့ပြန်လာမလဲမေးနေကြသည်။

သူလည်း တစ်ယောက်ချင်းပြန်ဖြေသည်။

ရွက်လွှင့်အကြောင်း သေချာမသိရသေးဘဲ သူဘယ်လိုလုပ်ပြန်မလဲ? သူ့ဘာသာ အချိန်တစ်ခုသတ်မှတ်ထားသည်။

All Chapters