← Chapters

ရုံချန်းချင်းလင်ဆန်က ရုံချန်းချင်လင်ဆန်ဖြစ်လာ!

Vol. 66 Ch. 978

ရုံချန်းချင်းလင်ဆန်က ရုံချန်းချင်လင်ဆန်ဖြစ်လာ!

Vol. 66 Ch. 978

ချင်လင်က ချန်လီ၏ဖုန်းကိုချပြီး လင်းလန်ဇီကိုရှာကာ တန်းမှာလိုက်သည်_

"ပါမောက္ခလီခိုင်ရဲ့ဦးဆောင်မှုနဲ့ ရှန်းရွှေလက်ဆောင်ဆန်ပထမအသုတ်ကိုအောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ခဲ့ပြီ... စမ်းသပ်စိုက်ခင်းအောင်မြင်တဲ့အတွက် ကောက်ရိတ်သိမ်းပွဲကျင်းပမယ်... စီရင်စုနဲ့မြို့တော်ကလူတွေကိုတက်ရောက်ဖို့ဖိတ်မယ်... ကြေညာချက်ထုတ်ပြီးတော့ ရှန်းရွှေကလူတွေကိုတက်ဖို့ဖိတ်ပါ... ရှန်းရွှေလက်ဆောင်စပါးမျိုးစေ့က အထောက်အကူဖြစ်ကြောင်းသာပြောလိုက်''

ဒါကလည်း သူတတ်နိုင်သမျှအသင့်တော်ဆုံးဖြစ်အောင်လုပ်ခြင်းပင်။

သူ့မှာစနစ်ရှိကြောင်း၊ ရှန်းရွှေလက်ဆောင်ဆန်က ဂိမ်းထုတ်ကုန်ဖြစ်ကြောင်း အပြင်လူတွေသိသိမသိသိ၊ ချင်းလင်ဆန်က ရှန်းရွှေလက်ဆောင်ဆန်ကိုဖွံ့ဖြိုးအောင်လုပ်ထားခြင်းဟုသာ အထင်ခံရမည်။

ရှန်းရွှေကလူတွေ မအရင် ဘာလုပ်ရမလဲသိကြလိမ့်မည်။ ဒါဆို အွန်လိုင်းပေါ်ကကိစ္စတစ်ခန်းရပ်သွားမည်။

ဒါကိုမှ တစ်ဖက်ကလက်မခံသေးရင် သူ့မှာတခြားရွေးချယ်စရာမရှိတော့။

"သူဌေးက ဒါကြောင့်တည်ငြိမ်နေတာကိုး''

လင်းလန်ဇီက ချက်ချင်းပြုံးလိုက်သည်။

အင်တာနက်ပေါ်ကဖြစ်ရပ်အကြောင်း သူမတုံ့ပြန်ချင်နေခဲ့သော်လည်း ဘာကိုအကြောင်းပြရမှန်းမသိ၍ သူဌေးညွှန်ကြားချက်ကိုစောင့်နေခဲ့သည်။

ဒါလုံးဝအပြတ်ရှင်းလိုက်တာပဲ။

သူမကညွှန်ကြားချက်ရရချင်း စံအိမ်ပြန်လာသည်။

လင်းလန်ဇီထွက်သွားပြီးနောက် ချင်လင်ကလီခိုင်ကိုဖုန်းဆက်လိုက်သည်။

"ညီလေးချင်... ဘာဖြစ်လို့လဲ? ငါသုတေသနဝင်တော့မလို့''

လီခိုင်အသံထွက်လာသည်။

ချင်လင်က တန်းပြောသည်_

"ချင်းလင်စံအိမ်က ရှန်းရွှေလက်ဆောင်ဆန်မှည့်ပြီ... အောင်မြင်တယ်... အဲဒါကောက်ရိတ်သိမ်းပွဲလုပ်မှာ... ရုံချန်းနဲ့မြို့တော်ကလူတွေကိုဖိတ်မယ်... အစ်ကိုလီက မိန့်ခွန်းပြောရမယ်... ဘာပဲဖြစ်ဖြစ် ရှန်းရွှေလက်ဆောင်ဆန်သုတေသနကိုဦးဆောင်ခဲ့တဲ့သူမလား... ကျွန်တော် မန်နေဂျာလင်းကိုကြေညာချက်ထုတ်ခိုင်းထားပြီးပြီ''

အစ်ကိုလီကို ဓားစာခံလုပ်ရမည်။ မဟုတ်ရင် သူ့ဘက်မှာခေါင်းခံမည့်သူမရှိ။

ချင်းလင်ဓာတ်ခွဲခန်း_

လီခိုင်က ရှန်းရွှေလက်ဆောင်ဆန်အောင်မြင်သည်ဆိုသောသတင်းကြားပြီး ချင်လင်အတွက်ဝမ်းသာသည်။ ဒါသီးနှံသမိုင်းမှာ အကြီးအကျယ်အောင်မြင်မှုတစ်ခုဖြစ်သည်။

နိုင်ငံတော်က ဒီပရောဂျက်ကိုသုတေသနလုပ်ချင်သော်လည်း လက်လျှော့ခဲ့ရသည်။ အခု ချင်းလင်စံအိမ်ကသုတေသနအောင်မြင်သွားပြီ။

ဒါပေမဲ့ နားထောင်ရင်း တစ်ခုခုမှားနေသလိုလိုဖြစ်လာသည်။

ရှန်းရွှေလက်ဆောင်ဆန်ကို ညီလေးချင်ကသူ့ဘာသာစိုက်တာ။

သူသိတော့ ပျိုးပင်တွေတောင်တော်တော်ရှည်နေပြီ။

သူကဘာလို့နာမည်ခံရတာလဲ?

သူကတွေးကြည့်ပြီး လောလောနှင့်_

"နေဦး ညီလေးချင်... ရှန်းရွှေလက်ဆောင်ဆန်က မင်းစိုက်တာမလား?''

တူ တူ တူ!

ဖုန်းချသံကြားရသည်။

လီခိုင်ပြောမည့်စကားများ ရုတ်တရက် လည်ချောင်းမှာဆို့သွား၏။

ချင်းလင်အပန်းဖြေစံအိမ်_

ချင်လင်ကဖုန်းချပြီး သက်ပြင်းချလိုက်သည်။ ထို့နောက် ဖုန်းပါပစ်ချလိုက်သည်။

ဖုန်းမြန်မြန်ချမှ သူ့အပေါ်ပုံချလို့ရမှာ။ အစ်ကိုလီနာမည်မခံချင်လည်း ခံရဦးမည်။

သူ့ဖုန်းမြည်လာသည်။ အစ်ကိုလီဖြစ်နေ၍ သူကဖုန်းအသံပိတ်ထားလိုက်သည်။

တစ်ဖက်တွင်_

ဖုန်းမကိုင်ပါဟူသောအသံကြားပြီး လီခိုင်သဘောပေါက်လိုက်သည်။

ဒါညီလေးချင်က နာမည်မကြီးချင်လို့ သူ့ကိုနာမည်ခံခိုင်းတာ။

တခြားဟာတွေအတွက် သူနာမည်ခံနိုင်သည်။ အထူးမြေကြီးမပေါ်အောင် တချိန်လုံးနာမည်ခံခဲ့သော်လည်း ရှန်းရွှေလက်ဆောင်ဆန်က တန်ဖိုးကြီးလွန်းသည်။

ညီလေးချင်က ကောက်ရိတ်သိမ်းပွဲလုပ်ချင်သောကြောင့် သူကဖျက်ယဖျက်မလုပ်။ ဒါပေမဲ့ သူ့မှာလည်း သူ့နည်းသူဟန်နှင့်သူရှိသည်။

လီခိုင်က သုတေသနလုပ်ချင်စိတ်မရှိတော့။ ချက်ချင်းကွန်ပျူတာစားပွဲထိုင်ပြီး မိန့်ခွန်းပုံစံနှင့်သုတေသနတင်ပြချက်ရေးလိုက်သည်။

သုတေသနတင်ပြချက်ပေါ်တွင် ချင်လင်၏နာမည်ကိုထည့်လိုက်သည်။

ခဏစဉ်းစားပြီးနောက် နောက်နောင် ရှန်းရွှေလက်ဆောင်ဆန်တွင်ပါဝင်လာမည့်သုတေသနသမားများကိုထပ်ဖြည့်လိုက်သည်။

အတူတူနာမည်ခံကြပေါ့။

လီခိုင်ကခဏတွေးကြည့်ပြီး ဖုန်းထုတ်ကာ ကွန်ပျူတာနှင့်ချိတ်လိုက်သည်။ သူ့ဖုန်းထဲမှဓာတ်ပုံနှစ်ပုံကိုဆွဲထုတ်သည်။ ထိုပုံမှာ ချင်လင် စမ်းသပ်စိုက်ခင်းရှေ့တွင်ငုတ်တုတ်ထိုင်ပြီး စပါးပင်များကြည့်ရှုနေသောပုံဖြစ်သည်။

အရင်က အသုံးတည့်လိုတည့်ငြား သူသုံးလေးပုံရိုက်ထားခြင်းပင်။ အခု ဓာတ်ပုံကိုတန်းကူးပြီး သုတေသနတင်ပြချက်တွင်ထည့်လိုက်သည်။

ဘယ်လိုဖြစ်​ဖြစ် အချိန်ကျရင် သုတေသနအဓိကအပိုင်းကို ညီလေးချင်လုပ်တာပဲ။

တင်ပြချက်ကို ချင်းလင်ဓာတ်ခွဲခန်းတရားဝင်ဝဘ်ဆိုဒ်မှာတင်လိုက်ရင် ပိုလက်ခံချင်စရာကောင်းမည်။

ဓာတ်ပုံကဘယ်လိုကြောင့်ဆိုတာ သူမပြောရင် ဘယ်သူသိမလဲ?

သူကပုံနှင့်အစပြုပြီး အကြောင်းအရာကို သူစိတ်တိုင်းကျရေးလိုက်သည်။

လီခိုင်က သုတေသနတင်ပြချက်ရေးပြီးနောက် လက်ဖျောက်ထတီးလိုက်၏။

…

မြန်မြန်ဆန်ဆန်ပင်_

လင်းလန်ဇီလည်း စံအိမ်မာတီမီဒီယာဌာနမှလူများနှင့်တည်းဖြတ်ကာ ကြေညာချက်ဗီဒီယိုထုတ်သည်။ ထိုဗီဒီယိုအတွက် ရှန်းရွှေလက်ဆောင်ဆန်လယ်ကွင်းများကို သေချာသွားရိုက်ထားသည်။ စပါးခွံခွာပြီးဆန်စေ့များကိုလည်းရိုက်ထားသည်။

ထို့နောက် ချင်းလင်စံအိမ်တရားဝင်အကောင့်တွင် ဗီဒီယိုတင်ခိုင်းလိုက်သည်။

အင်တာနက်ပေါ်တွင်_

ရှန်းရွှေလက်ဆောင်ဆန်နှင့်ချင်းလင်ဝိုင်လုပ်ငန်းခေါင်းစဉ်က နာမည်ကြီးနေဆဲပင်။ အားလုံးက ချင်းလင်ကုမ္ပဏီဘယ်လိုတုံ့ပြန်မလဲ သိချင်နေကြသည်။

သို့သော် ချင်းလင်ကုမ္ပဏီကအသံတိတ်နေပြီး မတုံ့ပြန်သေး။

'ဆိတ်ဆိတ်နေ ဝန်ခံခြင်း' သဘောကြောင့် ပွဲငြိမ်ဖို့ပိုခက်နေသည်။

နောက်ဆုံး ချင်းလင်စံအိမ်တရားဝင်အကောင့်က ကြေညာချက်တက်လာသည်။ ကြေညာချက်ထွက်ထွက်ချင်း အားလုံးအာရုံစိုက်မိကြသည်။

"ပါမောက္ခလီခိုင်ရဲ့ဦးဆောင်မှုနဲ့ ရှန်းရွှေလက်ဆောင်ဆန်မျိုးစေ့ကြောင့် ချင်းလင်ဓာတ်ခွဲခန်းဟာ ရှန်းရွှေလက်ဆောင်ဆန်ကိုသုတေသနလုပ်ပြီး အောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ခဲ့ပါပြီ... အရည်အသွေးက မူလရှန်းရွှေလက်ဆောင်ဆန်ထက်ပိုကောင်းပါတယ်... အခု ချင်းလင်စံအိမ်က စမ်းသပ်စိုက်ခင်းနေရာမှာ ကောက်ရိတ်သိမ်းပွဲလုပ်ဖို့စီစဉ်ထားပြီး ရှန်းရွှေကလူတွေကိုဖိတ်ပါမယ်... စံအိမ်မှာစိုက်တဲ့ရှန်းရွှေလက်ဆောင်ဆန်အသစ်ကို 'ရုံချန်းချင်းလင်ဆန်'လို့ နာမည်ပေးပါမယ်ရှင်''

ထိုကြေညာချက်ထွက်ထွက်ချင်း အင်တာနက်မှာအုတ်အော်သောင်းတင်းဖြစ်သွားလေသည်။

All Chapters