← Chapters

အပိုင်း ၃၁၇ - သူ့လူကိုယ့်ဘက်သား

Vol. 25 Ch. 317

အပိုင်း ၃၁၇ - သူ့လူကိုယ့်ဘက်သား

Vol. 25 Ch. 317

ဓားအပျက်အစီးနယ်မြေ၏ အတွင်းပိုင်း တစ်နေရာတွင် စက်ဝိုင်းသဏ္ဍာန် ရေကန်တစ်ခု တည်ရှိပြီး ရေပြင်မှာ မရေမတွက်နိုင်သော ဓားသင်္ကေတများ ပြည့်နှက်နေသည်။ ဓားပင်လယ် တစ်ခုပမာ ထင်မှတ်ရသော ကန်ရေပြင်မှ မြူခိုးများ တိုင်လုံးပမာ မြင့်တက်နေပြီး ပျက်သုဥ်းရေး ဓားအစီအရင်ကို စွမ်းအားပေးနေသည့် ဆုံချက်တစ်ခု ဖြစ်သည်။ ရေကန်အောက်ခြေတွင် ဝိညာဥ်ကျောက်များ၊ သူတော်စင်ကျောက်များနှင့် အင်မော်တယ်ကျောက်စိမ်းများ စုပုံထားကာ အစွမ်းထက်ရန်သူများနှင့် ရင်ဆိုင်လျှင် စွမ်းအား ထောက်ပံ့ပေးရန် အချိန်မရွေး ပြင်ဆင်ထားသည်။ ဤအချက်ကြောင့် ဓားကျင့်ကြံသူများသည် ၎င်းအစီအရင်ကို အသက်သွင်ထားသောအခါ စိုးရိမ်နေကြပြီး စုဆောင်းထားသော နယ်မြေ၏ အင်မော်တယ်ကျောက်စိမ်းများ ကုန်ခမ်းသွားမည်ကို မလိုလားကြပေ။

အကြောက်လွန်နေသောကြောင့် ဓားအစောင့်အရှောက်သည် ပျက်သုဥ်းရေး ဓားအစီအရင်ကို အသက်သွင်းထားသည်ဟူသော သတင်းက နေရာတိုင်း ပျံ့နှံ့နေစဥ် အုပ်စုတစ်ခုသည် ရေကန်အနားသို့ ခိုးကြောင်ခိုးဝှက် ရောက်ရှိလာကြသည်။

"ကြီးကြပ်သူစစ်ခုံ အစီအရင်ဆုံချက်အနားကို ဒီထက်ကပ်သွားရင် မုကျန်းတန်း သိသွားလောက်တယ်နော်"

တောင်သခင်တစ်​ယောက်က သတိပေးလာသည်။

"စိတ်ချစမ်းပါ။ ဆုံချက်က ၉၉ခုတောင် ရှိတယ်။ ရှာတွေ့သွားရင်ရော ဘာဖြစ်လဲ။ ငါတို့က အစီအရင်ဆုံချက်ကို ထိန်းသိမ်းပေးဖို့ တာဝန်ရှိနေတာပဲ။ ဓားအစောင့်အရှောက်က အစီအရင်ဗဟိုချက်ကို ထိန်းသိမ်းနေရမယ်။ ဒါ့ကြောင့် ဒီနေရာမှာ ပေါ်လာဖို့ လုံးဝ မဖြစ်နိုင်ဘူး"

စစ်ခုံ၏ စကားကို ကျန်လူများက ခေါင်းတညိတ်ညိတ်ဖြင့် ထောက်ခံလိုက်ကြပြီး စိတ်လက်ပေါ့ပါးကုန်သည်။ အဘိုးကြီးကုနှင့် လင်းချန် ပြန်ရောက်လာလျှင် သူတို့က ဤဆုံချက်ကို ထိန်းချုပ်၍ လမ်းတစ်ခု ဖွင့်ပေးရန် ကြံစည်ထားခြင်းဖြစ်ကာ အပြင်မှ ထိုးဖောက်ရန် ခက်ခဲလွန်းသော်လည်း အတွင်းမှဆိုလျှင် လွယ်ကူပေ၏။ ထို့ကြောင့် နယ်မြေတစ်ခု၌ အတွင်းပိုင်း တည်ငြိမ်ရန်မှာ အရေးအကြီးဆုံးဖြစ်ပြီး အသန်မာဆုံး ဂိုဏ်းတစ်ခုပင် အတွင်းပဋိပက္ခများ ရှိနေလျှင် သေချာပေါက် ပျက်စီးသွားပေလိမ့်မည်။ ကြီးကြပ်သူစစ်ခုံနှင့် အပေါင်းအပါ တစ်ရာကျော်သည် လင်းချန်ဘက်တွင် အပိုင်လောင်းကြေးထပ်ကာ တောက်ပသော အနာဂတ်အတွက် ဓားအပျက်အစီးနယ်မြေ၏ လုံခြုံရေးကို သစ္စာဖောက်ချင်နေကြသည်။

"သခင်လေးလင်းနဲ့ ရပ်တည်ဖို့ ရွေးချယ်လိုက်တာက မင်းတို့ဘဝမှာ အမှန်ဆုံးပဲ။ သူက ကောင်းကင်မြေကို အသုံးပြုပြီး ငရဲကိုးထပ်ကို အုပ်စိုးမှာ သေချာတယ်"

"မှန်တယ်"

ဤလူစုက အချင်းချင်း ထောက်ခံအားပေး၍ ကျေနပ်နေကြစဥ် ကန်ရေပြင်၌ လှိုင်းကြက်ခွပ်များ ဖြစ်ပေါ်လာကာ အဖြူရောင်ဝတ် လူငယ်တစ်ယောက် ဦးဆောင်သော ကြီးကြပ်သူ နှစ်ဆယ်ကျော် ထွက်ပေါ်လာကြသည်။

"သခင်လေးယွမ်"

ကြီးကြပ်သူစစ်ခုံ၏ မျက်နှာက ရုတ်တရက် ထွက်ပေါ်လာသော အုပ်စုအင်အားကြောင့် အရောင်ပြောင်းသွားခဲ့၏။ ဤဆုံချက်တွင် အတိအကျ ထွက်ပေါ်လာသော အကြောင်းအရင်းကို မတွေးနိုင်ခင် ရင်ထိတ်သွားသော်လည်း သူက အလျင်စလို တုံ့ပြန်ကာ ဒူးထောက်၍ ကြိုဆိုခဲ့သည်။

"သခင်လေးယွမ် ကျုပ်က တောင်သခင်တွေနဲ့ တရားသူကြီးတွေကို ဦးဆောင်ပြီး ဤဆုံချက်ကို ကာကွယ်ဖို့ ရောက်နေတာပါ"

"စကားများလိုက်တာကွာ။ စစ်ခုံကလွဲရင် အကုန်သတ်လိုက်"

ယွမ်ရှောင်က ဖြတ်ပြောလိုက်ပြီး ကြီးကြပ်သူများကို အမိန့်ပေးလိုက်သောအခါ မုတလုံမှာ ချီတုံချတုံ ဖြစ်နေသည်။ စစ်ခုံနှင့်အတူ လိုက်ပါလာသူများ၏ အနောက်တွင် ဓားအပျက်အစီးနယ်မြေ၏ အဓိက အင်အားစုများ ရှိနေသဖြင့် နယ်မြေတစ်ခုလုံး မတည်မငြိမ်ဖြစ်သွားစေနိုင်သည်။

"မြန်မြန်သတ်စမ်း"

"ဟုတ်ကဲ့"

သို့ရာတွင် ယွမ်ရှောင်က အေးစက်စက် စိုက်ကြည့်၍ ထပ်ပြောလိုက်သောကြောင့် သူမမှာ ဆန့်ကျင်ရန် သတ္တိမရှိပေ။ ထိုအချိန်တွင် သူမထက် အသက်ကြီး၍ အကင်းပါးသော ကြီးကြပ်သူနှစ်ဆယ်ကျော်က လှုပ်ရှားနေပြီဖြစ်ကာ ဓားအော်ရာငါးထောင်ကျော်နှင့် ဓားပျံများ ချက်ချင်း ပြေးထွက်သွားသည်။ သူတို့၏ အင်အားဖြင့် တောင်သခင်နှင့် တရားသူကြီးအဆင့် ဓားကျင့်ကြံသူတစ်ရာကျော်ကို သတ်ဖြတ်ရသည်မှာ များစွာ မခဲယဥ်းလှသောကြောင့် ထွက်ပြေးလွတ်မြောက်သွားရန် မဖြစ်နိုင်ပေ။

"ငါတို့ကို ဘာလို့ သတ်ရတာလဲ"

"ငါတို့က ဓားအပျက်အစီးနယ်မြေရဲ့ ကျင့်ကြံသူတွေပဲ"

"ယွမ်ရှောင် မင်း...မင်း အပြစ်ပေးခံရလိမ့်မယ်"

သွေးရူးသွေးတန်း အော်ဟစ်နေကြသော ပစ်မှတ်များကို အေးအေးဆေးဆေး ထိုင်ကြည့်နေသော ယွမ်ရှောင်၏ မျက်လုံးအောက်တွင် ကြီးကြပ်သူများက လျင်လျင်မြန်မြန် ပြတ်ပြတ်သားသား စီရင်ခဲ့ကြသည်။ မျက်တောင်တစ်ခတ်အတွင်း သူတို့၏ ဘက်ရွေးမှုကို အပျော်ကြီးပျော်နေကြသော ကျင့်ကြံသူတစ်ရာကျော် ဘဝပြောင်းသွားကာ ဒူးထောက်၍ တစ်ကိုယ်လုံး တုန်ရီနေသော စစ်ခုံသာ ကျန်ရစ်ခဲ့သည်။ သူက ကြောက်လွန်းသဖြင့် မျက်ရည်များ၊ နှာရည်များပင် စီးကျနေကာ အဆင့်အတန်းတူ ကျင့်ကြံသူများ၏ ဓားသွားများဖြင့် ချိန်ရွယ်ခံထားရ၏။

"အခုတော့ တကယ့်ပြဿနာကောင်တွေပဲ ကျန်တော့တယ်"

ယွမ်ရှောင်၏အသံက သေမင်း၏ စကားသံပမာ သူ့ကို ကျောစိမ့်သွားစေသည်။

"ကျေးဇူးပြုပြီး သနားညှာတာပေးပါ သခင်လေးယွမ်"

စစ်ခုံက တောင်းပန်လိုက်ပြီး အသံများပင် တုန်ရီနေသည်။

"ဒီလောက်လေးနဲ့ အကြောက်လွန်နေပြီလား။ မင်းက ငါ့ကို ဘာကြောင့်သတ်ရလဲ မေးခွန်းထုတ်မယ် ထင်နေတာ"

ယွမ်ရှောင်သည် ကြီးကြပ်သူစစ်ခုံအနီး လက်တစ်လှမ်းအကွာသို့ ရောက်လာသော်လည်း သေကွင်းသေကွက်များကို ဓားအလက်နှစ်ဆယ်ကျော် ထောက်ထားသဖြင့် လုပ်ကြံရန် စိတ်ပင်မကူးဝံ့ချေ။

"ကျွန်တော် မှားသွားပါတယ်။ နောက်တစ်ကြိမ်လောက် အခွင့်အရေး ပေးပါ သခင်လေးယွမ်"

"ကောင်းကင်ကြေးမုံကိစ္စမှာ မင်းကို အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ။ ကံဆိုးတာပဲ"

ယွမ်ရှောင်က တစ်ချက်ပြုံး၍ ခေါင်းယမ်းပြလိုက်သည်။

"ဒီတစ်ခေါက် ကျွန်တော်က သခင်လေးယွမ်ကို ကူညီပြီး လင်းချန်နဲ့ ကုမျိုးနွယ်ကို သတ်ဖို့ ပူးပေါင်းပါမယ်"

စစ်ခုံက အလောတကြီး တောင်းဆိုလိုက်သည်။

"သစ္စာဆိုရမယ်။ ဒါပေမယ့် ချွင်းချက်တစ်ခုတော့ ရှိတာပေါ့။ တုကုန်းယွမ် ပိုးကောင်နက်ဆေးလုံး ယူလာစမ်း"

ယွမ်ရှောင် အချက်ပြလိုက်သောအခါ အနက်ရောင်မြူခိုးများ တလူလူထွက်နေသော ခရားတစ်ခု ကိုင်ဆောင်ထားသည့် တုကုန်းယွမ် ရှေ့တက်လာပြီး သတိကြီးကြီးထားနေသဖြင့် ကြောက်မက်ဖွယ်ကောင်းကြောင်း သိနိုင်သည်။

"ဒါက သစ်သားအဆင့် ပိုးကောင်နက် ဆေးလုံးပါ။ ကျေးဇူးပြုပြီး သတိထားပါ သခင်လေးယွမ်"

"မင်း....မင်း ဘာလုပ်ချင်နေတာလဲ"

စစ်ခုံမှာ ထိုဆေးလုံးကြောင့် အလန့်တကြား နောက်ဆုတ်ချင်သော်လည်း ကြီးကြပ်သူများက ချက်ချင်း ဖမ်းချုပ်ထားလိုက်ပြီး ပါးစပ်ကို အတင်းအကြပ် ဆွဲဖြဲ၍ ဓားဖြင့် ထောက်ထားလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော် အစွမ်းကုန် ကျွန်ခံပါမယ်။ ပိုးကောင်နက် ဆေးလုံး မတိုက်ပါနဲ့"

သူက အကြိမ်ကြိမ်အထပ်ထပ် တောင်းပန်နေသော်လည်း တစ်ဖက်လူမှာ မကြားဟန်ဖြင့် ခရားအတွင်းမှ အနက်ရောင် ဆေးတစ်လုံးကို ပါးစပ်အတွင်း သွန်ချခဲ့သည်။

"ယွမ်ရှောင် သခင်လေးလင်း ပြန်ရောက်လာရင် ကောင်းကင်မြေအသက်တံဆိပ်နဲ့ မင်းကို သေချာပေါက် သတ်ပစ်မှာ"

ပိုးကောင်နက်ဆေးလုံးကို မျိုချလိုက်ရသဖြင့် စစ်ခုံမှာ သေမထူးနေမထူးဇာတ်ခင်းကာ အော်ဟစ်ဆဲဆိုနေသည်။

"မင်းပြောနေတဲ့ ကောင်းကင်မြေတံဆိပ်ဆိုတာက ဒါလား"

ယွမ်ရှောင်က လှောင်ပြုံးတစ်ချက်ဖြင့် နဖူးကို ထိလိုက်သောအခါ ခရမ်းရောင် တံဆိပ်တစ်ခု ထွက်ပေါ်လာပြီး ရုန်းများ ရစ်ပတ်နေသည့် ထောင့်စောင့်နဂါးတံဆိပ်အဖြစ် အသွင်ဖြစ်တည်လာ၏။ စစ်ခုံသည် မိုးကြိုးပစ်ချခံလိုက်ရသကဲ့သို့ တောင့်တင်းသွားကာ လက်ညှိုးထိုးနေရင်း ပါးစပ်အဟောင်းသား ဖြစ်နေခဲ့သည်။

"လင်းချန်က ငါ့လက်ထဲမှာ သေပြီ။ တကယ်တော့ သေတာထက် ဆိုးပါတယ်။ မင်းတို့ မမြင်လိုက်ရတာ နှမြောစရာပဲ။ လင်းချန်က ကောင်းကင်မြေကို ရသွားတယ်ဆိုတဲ့ သတင်းကို ငါ ဖြန့်ခိုင်းထားတာပဲ။ ဒီကောင်က နည်းနည်းတော့ အသုံးဝင်ပါတယ်"

ယွမ်ရှောင်က တည်ငြိမ်စွာ ပြောလိုက်သောအခါ မယုံကြည်နိုင် ဖြစ်နေသည့် စစ်ခုံ၏ မျက်လုံးများ ကျွတ်ကျလုမတတ် ပြူးထွက်လာ၏။ ကြီးကြပ်သူနှစ်ဆယ်ကျော်က သူ့ကို လူပြက်တစ်ယောက်ပမာ လှောင်ပြုံးကိုယ်စီဖြင့် ရပ်ကြည့်နေကြပြီး နောက်ဆုံးတွင် ဘက်ရွေးရာ၌ ဉာဏ်ရှိသူ အစစ်အမှန် ထွက်ပေါ်လာခဲ့သည်။

"မင်းကို ငါးစာအဖြစ် အသုံးချပြီး ပိုကြီးတဲ့ ငါးတွေ ဖမ်းပစ်မယ်"

"မဖြစ်နိုင်ဘူး။ ငါက....ငါ.."

ကြီးကြပ်သူစစ်ခုံသည် ယွမ်ရှောင်၏ အသုံးချခံ မဖြစ်လိုသော်လည်း ပိုးကောင်နက် ဆေးလုံး အာနိသင် စတင် အစွမ်းပြလာခဲ့သည်။ သူ၏ အသိစိတ် ဝေဝေဝါးဝါး ဖြစ်နေပြီး အိပ်မက်ဆိုးတစ်ခုအတွင်း ရောက်​နေသည့်အလား နာကျင်၍ ရှေ့တည့်တည့်တွင် ရပ်နေသော ယွမ်ရှောင်၏ မျက်နှာကိုပင် အစွယ်အဖွေးသားနှင့် ဘီလူးမျက်နှာမျိုး မြင်နေရလေသည်။

All Chapters