← Chapters

အပိုင်း ၃၂၃ - အဆောင်ဧကရာဇ်နဲ့ မီးမိစ္ဆာ

Vol. 25 Ch. 323

အပိုင်း ၃၂၃ - အဆောင်ဧကရာဇ်နဲ့ မီးမိစ္ဆာ

Vol. 25 Ch. 323

ထာဝရဓားအကျဥ်းထောင်ရှိ နတ်ဆိုးတိုက်ကြီး ဝင်ပေါက်တွင် ရာချီသော ကျင့်ကြံသူများ စောင့်ကြပ်နေသဖြင့် ပတ်ဝန်းကျင် မိုင်တစ်ရာအတွင်း တိတ်ဆိတ်ငြိမ်သက်နေသည်။ အချို့က စိတ်မရှည်ဖြစ်လာချိန်တွင် ဆက်သားတစ်ယောက် ရောက်ရှိလာပြီး လင်းချန်နှင့် ကုမျိုးနွယ် ရှင်းပစ်ခံလိုက်ရကာ ကောင်းကင်မြေကို ယွမ်ရှောင် သိမ်းဆည်း၍ ဓားအပျက်အစီးနယ်မြေ စည်းလုံးသွားကြောင်း သတင်းပို့လာခဲ့သည်။ ထို့ကြောင့် လုပ်ကြံသူများအားလုံး စိတ်ပျက်လက်ပျက်ဖြင့် ဒေါသထွက်ကုန်ပြီး လူငယ်လေးတစ်​ယောက် လှည့်စားသည်ကို ခံလိုက်ရသောကြောင့် အရှက်ရခဲ့သည်။ ကုမျိုးနွယ် အသတ်ခံလိုက်ရပြီး သားသမီးများ ဘဝပျက်ကုန်သောအခါ ကုချင်ကန်မှာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့ရပြီး ယွမ်ရှောင်အပေါ် မကောင်းကြံသော ရလဒ်ပင်။

"ဓားအပျက်အစီးနယ်မြေကို အခု သုတ်သင်ရမယ်"

သူမက ရုတ်တရက် ခေါင်းမော့၍ ကြုံးဝါးလိုက်သော်လည်း ကျန်ငရဲများမှ ကျင့်ကြံသူများသည် တုံ့ပြန်ခြင်းမရှိဘဲ ယောကျ်ားတစ်ယောက်ထံ အကြည့်များ ကျရောက်လာသည်။ ရှင်းလင်းစွာပင် ကပ်ဘေးတံဆိပ်ငရဲ၌ သူမက ဆုံးဖြတ်ခွင့်ရှိသူ မဟုတ်ချေ။ ထိုအချိန်တွင် ငရဲကိုးထပ်တိုက်ပွဲ အချိန်ပြောင်းလဲလိုက်ကြောင်း သတင်းတစ်ခု ရောက်ရှိလာသောအခါ ပြင်ဆင်ရန်အတွက် ကိုယ့်နယ်မြေကို အလျင်စလို ပြန်ရန် လိုအပ်လာသည်။ နားခိုရာဂိုဏ်း၏ ဆုံးဖြတ်ချက်အရ ဓားအပျက်အစီးနယ်မြေကို လက်ရှိ တိုက်ခိုက်လျှင် အထိအခိုက် အကျအဆုံးများနိုင်သဖြင့် ငရဲကိုးထပ် တိုက်ပွဲတွင်မူ အိမ်ကွင်းမဟုတ်သောကြောင့် ခြားနားပေသည်။

"ပြန်ကြစို့"

ဓားအပျက်အစီးနယ်မြေမှ ရောက်လာသော သတင်းများကြောင့် ငရဲရှစ်ထပ်၏ ကျင့်ကြံသူများ လုပ်ကြံမှု ကျရှုံးခဲ့ကြောင်း သိသာသည်။ အမှန်တကယ်အားဖြင့် ယင်မိစ္ဆာများ မပါဝင်ဘဲ စစ်မင်းသမီး၏ ဖြောင်းဖြပြောဆိုမှုကြောင့် အဆုံးမဲ့ငရဲပြည်၏ ကျင့်ကြံသူများ ရောက်ရှိမလာခဲ့ပေ။

"ငရဲရှစ်ထပ်ရဲ့ အင်အားကို စုစည်းပြီး ဓားအပျက်အစီးနယ်မြေကို ရှင်းပစ်ပေးပါ။ ယွမ်ရှောင်ကို သေချာပေါက် သတ်ရမယ်"

ကုချင်ကန်က မျက်လုံးများ မီးဝင်းဝင်းတောက်နေခဲ့သည်။ သူမအနောက်တွင် ရောင်စုံဆံပင်ရှည်များ ပိုင်ဆိုင်၍ အနက်ရောင်ဝတ်ရုံရှည်ကို ခပ်လျော့လျော့ ဝတ်ဆင်ထားသည့် ခြေဗလာ လူတစ်ယောက် ရပ်နေခဲ့သည်။

"ဓားအပျက်အစီးနယ်မြေကို ရှင်းပစ်ပြီးရင် အကျိုးအမြတ်အများဆုံးရမှာက ငါတို့ပဲ။ ဘယ်သူကရော ရုန်းကျင့်ကြံသူတွေအကျိုးအတွက် တိုက်ခိုက်ပေးချင်မှာလဲ"

ငရဲရှစ်ထပ်သည် အမည်ခံ ဓားအင်မော်တယ်များကို သတ်ချင်သော်လည်း နယ်မြေတစ်ခုလုံးနှင့် တိုက်ခိုက်ကာ စတေးရမည်ဆိုလျှင် လက်ရှောင်မည်ဖြစ်ကြောင်း အဆောင်ဧကရာဇ်က သဘောပေါက်ထားသည်။ မျက်တောင်တစ်ခတ်အတွင်း ကျင့်ကြံသူများ အသီးသီး ထွက်ခွာသွားကာ ရုန်းကျင့်ကြံသူများနှင့် ယန်မိစ္ဆာများသာ ကျန်ရစ်ခဲ့ပြီး ခေါင်းဆောင် မီးမိစ္ဆာက ရှေ့ထွက်လာသည်။ သူ၏ ခန္ဓာကိုယ်အထက်တွင် အနက်ရောင်ရုန်းများ ယှက်နွယ်နေပြီး မျက်လုံးများ တောက်လောင်နေကာ နဖူးတွင် ဂျိုများ မရှိသော်လည်း သံမဏိကျာပွတ်ပမာ သန်မာသော အမြှီးတစ်ချောင်း ပိုင်ဆိုင်ထား၏။ သူက လမ်းလျှောက်နေသော မီးတောင်ကြီးတစ်လုံးနှင့် ဆင်တူပြီး ခြေလှမ်းချလိုက်တိုင်း မြေပြင်မှာ မည်းနက်နေအောင် လောင်ကျွမ်းခံလိုက်ရသည်။ မျက်နှာအထက်တွင် အစွယ်အဖွေးသား ငေါထွက်နေပြီး လူသားတစ်ယောက်၏ မျက်နှာထက် အဆပေါင်းများစွာ ပို၍ ရက်စက်ကြမ်းကြုတ်ပုံပေါ်နေသည်။ ခေါင်းဆောင်နှစ်ယောက် ဆွေးနွေးရန် နေရာယူလိုက်သောအခါ နောက်လိုက်များ အလိုက်သိစွာ နောက်ဆုတ်သွားကြ၏။

"တခြားငရဲတွေက ငါတို့ အကျိုးအမြတ်ရမှာကို ကြောက်နေကြတယ်"

အဆောင်ဧကရာဇ်က စကားစသည်။

"ငါတို့ကတော့ ဘာကိုမှ မကြောက်ဘူး"

မီးမိစ္ဆာက တစ်ချက်စိုက်ကြည့်၍ တစ်လုံးချင်း ပြောသည်။

"မင်းလို ပွင့်လင်းတဲ့ ခေါင်းဆောင်မျိုး ရှားပါတယ်။ ဒီတိုက်ပွဲမှာ ငါတို့နှစ်ဖက်လုံး အနိုင်ရဖို့ ရည်ရွယ်ထားတယ်"

"ရုန်းကျင့်ကြံသူတွေက ဓားကျင့်ကြံသူမိန်းမတွေကို အသုံးချလိုက်ရင် မျိုးဆက်သစ်တွေက ရုန်းကျင့်ကြံသူတွေ ဖြစ်လာတယ်။ ဒါပေမယ့် ဓားပညာမှာလည်း ထူးချွန်ပြီး အသက်တံဆိပ်နဲ့တောင် တိုက်ခိုက်နိုင်ကြတယ်။ ဒီလိုနည်းနဲ့ မင်းတို့ လူသားမျိုးနွယ်က ပိုပြီး အစွမ်းထက်လာနိုင်တယ်မလား။ မင်းက ဒီအချက်ကို သက်သေပြဖို့ ဓားကျင့်ကြံသူတစ်ယောက်ကိုတောင် လက်ထပ်ခဲ့သေးတယ်"

"မင်းတို့ ယန်မိစ္ဆာမျိုးနွယ်ကလည်း ယင်မိစ္ဆာမတွေကို သိမ်းပိုက်လိုက်ရင် ဒီအတိုင်း ဖြစ်မှာပါပဲ။ ကံဆိုးတာက ငါ့ အဖိုးတန် ရင်သွေးလေးတွေက သုံးစားမရတော့ပါဘူး"

ခေါင်းဆောင်နှစ်ယောက်က မသူတော်အချင်းချင်း သတင်းလွေ့လွေ့ မြှောက်ပင့်နေကြ၏။

"ဒီအချက်အပေါ် ဆင်ခြေပေးပြီး မင်းတို့က ငရဲကိုးထပ်တိုက်ပွဲမှာ ဓားကျင့်ကြံသူတွေကို အပြတ်ရှင်းနိုင်တယ်။ ယောကျ်ားတွေကို သတ်ပြီး မိန်းမတွေကို သိမ်းပိုက်လိုက်ရင် မင်းက ငရဲကိုးထပ်မှာ ပထမဆုံး လူသားဧကရာဇ် ဖြစ်လာလိမ့်မယ်"

မီးမိစ္ဆာ၏ အသံက ကြမ်းရှရှ ဆက်လက်ထွက်ပေါ်လာနေသည်။

"မင်းလည်း မိစ္ဆာ ဧကရာဇ် ဖြစ်လာနိုင်ပါတယ်။ ယင်မိစ္ဆာမတွေကို သိမ်းပိုက်ရင် ယန်မိစ္ဆာ မျိုးဆက်သွေး ထွက်ပေါ်လာမှာ သေချာတယ်"

အဆောင်ဧကရာဇ်က မြှောက်ထိုးပင့်ကော် လုပ်နေသည်။

"ဒါပေမယ့် ငါတို့မှာ အဆုံးမဲ့ငရဲပြည်ကို အမြစ်ပြတ် တိုက်ခိုက်ဖို့ ဆင်ခြေပေးစရာ မရှိဘူး"

"မင်းအနေနဲ့ ဆင်ခြေတစ်ခု လိုချင်တယ်ဆိုရင် ငါ ရှာပေးလို့ရပါတယ်။ ကိုးဆင့်မျိုးဆက်သွေးကို နိုးထနိုင်ခဲ့တဲ့ စစ်မင်းသမီးက အမည်ခံ ဓားအင်မော်တယ်လို ခြိမ်းခြောက်နိုင်စွမ်း ရှိတယ်။ လူတိုင်းက သူမကို သေစေချင်မှာပဲ"

အဆောင်ဧကရာဇ်က ကောက်ကျစ်စွာ ပြုံး၍ အချက်တစ်ချက် ထောက်ပြလိုက်သည်။

"ဒီခွေးမသားရဲ့ သမီးက တကယ့်ကို အဖိုးတန် ရတနာလေးပဲ။ ငါက ယန်မိစ္ဆာတွေထဲမှာ အကြီးမြတ်ဆုံးဆိုတော့ သူမကို သိမ်းပိုက်လိုက်ရင် ယန်မိစ္ဆာ မျိုးဆက်သစ်လေးတွေ အစွမ်းထက်လာနိုင်တယ်"

ယန်မိစ္ဆာက တဏှာခိုးဝေနေသော မျက်လုံးများဖြင့် အဆုံးမဲ့ငရဲပြည်ရှိရာထံ လှမ်းကြည့်လိုက်သည်။

"ယင်မိစ္ဆာဘုရင်က မင်းကို အမြဲတမ်း ရှုံးနိမ့်နေတာပဲ။ အခု သမီးကိုပါ ဆက်သလိုက်ရရင် အရှက်ကွဲလွန်းလို့ သွေးအန်သွားလောက်တယ်"

အဆောင်ဧကရာဇ်ကလည်း အကျင့်စရိုက်တူသူ ပီပီ ကျေနပ်စွာ ရယ်မောလိုက်သည်။

"ငါ့အတွက် ဓားကျင့်ကြံသူတွေက အသုံးမဝင်တဲ့ လူသားမျိုးနွယ်ပဲ။ သူတို့ကြောင့် တိုးတက်သင့်သလောက် မတိုးတက်ဘူး ဖြစ်နေတယ်။ ငါ့အစီအစဥ်ကို ရှင်းပြမယ်။ နားခိုရာဂိုဏ်းကို ဖယ်ထားလိုက်ရင် ငရဲရှစ်ထပ် ကျန်မယ်။ အဆုံးမဲ့ ငရဲပြည်နဲ့ ထာဝရဓားအကျဥ်းထောင်က ငါတို့ကို မယှဥ်နိုင်တဲ့အတွက် နတ်ဆိုးငရဲတွေ ထောက်ခံပေးဖို့ အရေးကြီးတယ်"

အဆောင်ဧကရာဇ်က အစီအစဥ်တစ်ခု လက်ငင်း ရေးဆွဲလိုက်၏။

"နတ်ဆိုးတွေက တုံးအတယ်။ အကျိုးအမြတ် ပေးလိုက်ရင် သေချာပေါက် ပူးပေါင်းလာလိမ့်မယ်"

မီးမိစ္ဆာက ခေါင်းညိတ် ထောက်ခံသည်။

"မနက်ဖြန် ငရဲကိုးထပ် တိုက်ပွဲမတိုင်ခင် ဒီညမှာ မင်းက တမလွန်ပင်လယ်ကို သွားလိုက်။ ငါက ရှေးဟောင်းနတ်ဆိုးငရဲကို သွားပြီး ဖီးနစ်ဘုရင်မနဲ့ ဆွေးနွေးလိုက်မယ်"

"သဘောတူတယ်"

ဤသို့ဖြင့် ရုန်းကျင့်ကြံသူများ၏ ခေါင်းဆောင် လူသားတစ်ယောက်နှင့် ယန်မိစ္ဆာများ၏ ခေါင်းဆောင် မိစ္ဆာတစ်ယောက်က ရုတ်တရက် ပျောက်ကွယ်သွားကြလေသည်။

All Chapters