နောက်ဆုံးညစာစားပွဲ
Vol. 9 Ch. 130
ကျိုးတာ့လီ၏ ကာယစွမ်းရည်စာမေးပွဲ မတိုင်မီ သုံးရက်အလိုတွင် ယန်ကျွင်းဇဲက သူ၊ ပေါင်ကျယ်နှင့် ကျန်းရွီရှင်းတို့ကို အပြင်ထွက်ပြီးညစာအတူစားရန် ဖိတ်ခေါ်ခဲ့သည်။
တာ့လီကလွဲပြီး ကျန်တဲ့သုံးယောက်က ကျောင်းပိတ်ရက်ရနေကြပြီဖြစ်လို့ ကျောင်းမှာမနေကြတော့ပေ
ကျောင်းကနေ လာတာ သူတစ်ယောက်တည်းပဲ ရှိသည်။
နေရာကတော့ ရှန့်ထျန်းမြို့လယ်မှာရှိတဲ့ "ဟဲဗင်း" စားသောက်ဆိုင်ဖြစ်ပြီး ဈေးနှုန်းက သင့်တင့်ပေမဲ့ ပတ်ဝန်းကျင်ကတော့ အထူးကောင်းမွန်သည်။
ဗီဒီယိုရောင်းချမှုအတွက် ယွမ် ၂၈,၀၀၀ လက်ခံရရှိပြီးနောက် ကျွင်းဇဲရဲ့မိသားစုက ပရိဘောဂနဲ့ အိမ်သုံးပစ္စည်းတွေ အဆင့်မြှင့်တင်ဖို့ ယွမ် ၁၀,၀၀၀ သုံးလိုက်ပြီး တက္ကသိုလ်ကျောင်းလခနဲ့ အထွေထွေအသုံးစရိတ်တွေအတွက် ယွမ် ၁၅,၀၀၀ ချန်ထားခဲ့သည်။
ဒီပမာဏက ကျောင်းလခအတွက် လုံးဝမလုံလောက်တာတော့ သေချာပေသည်။ သူ့အမေ လီမန်က ကျောင်းလခကို စုထားပြီးသားဖြစ်ပြီး လိုအပ်တာမှန်သမျှ ထပ်ဖြည့်ပေးမှာဖြစ်သည်။
ကျန်တဲ့ ယွမ် ၃,၀၀၀ ကတော့ ယန်ကျွင်းဇဲရဲ့ ကိုယ်ပိုင်အသုံးစရိတ်အတွက်ဖြစ်ပြီး သူ့မိဘတွေက တစ်ပြားတစ်ချပ်မှ မယူခဲ့ပေ။
သူတို့ရဲ့သားက ပိုက်ဆံရှာနိုင်နေပြီ၊ ဒါတောင် နည်းတဲ့ပမာဏမဟုတ်တာကြောင့် သူ့မိဘတွေက အလွန်ဝမ်းသာနေကြသည်။
ဒါပေမဲ့ အကယ်၍သာ သူတို့က အဲဒီဗီဒီယိုရောင်းချမှုရဲ့ တကယ့်ဈေးနှုန်းအမှန်ကို သိသွားခဲ့ရင် အဲဒီလင်မယားနှစ်ယောက်က ထျန်းမုန်ခရိုင်က ‘အမြင်ပွင့်’ ဗီဒီယိုပလက်ဖောင်းရဲ့ ရုံးခွဲဆီကို လေယာဉ်နဲ့တန်းသွားပြီး အကြီးအကျယ်ဆန္ဒပြကြမှာ သေချာသည် — ငိုယိုမယ်၊ ရန်လုပ်မယ်၊ ကိုယ့်ကိုယ်ကို သေကြောင်းကြံမယ်လို့တောင် ခြိမ်းခြောက်ပြီး အကြီးအကျယ် ပွက်လောရိုက်နေမှာပဲ။
ဒီတစ်ခါမှာတော့ ပေါင်ကျယ်က ကျိုးကျားကျဲလည်း လိုက်လာမယ်ဆိုတာနဲ့ သူဌေးသားလေးဖြစ်တဲ့ သူက အားလုံးကို ဒကာခံကျွေးမယ်ဆိုတဲ့အကြောင်း ကြိုတင်အကြောင်းကြားထားသည်။
ဘယ်လိုပဲဖြစ်ဖြစ် အားလုံးက ဘွဲ့ရတော့မှာဖြစ်ပြီးအတန်းဖော်တွေချည်းပဲ
ဖြစ်ကာဒီအချိန်မှာ တခြားသူတွေနဲ့ မကျေမလည်ဖြစ်အောင် ဘယ်သူမှလုပ်ချင်စိတ်မရှိကြပေ။ ဒါပေမဲ့ နောက်ဆုံးတော့ ဒကာခံကျွေးမယ်ဆိုတာကနေ ကိုယ့်ကျသင့်ငွေကိုယ်ရှင်းတဲ့ပုံစံ ဖြစ်သွားခဲ့သည်။
လူငါးယောက်က သီးသန့်အခန်းတစ်ခုမှာ ထိုင်နေကြပြီး စားပွဲပေါ်မှာတော့ ဟင်း ခုနစ်မျိုးနဲ့ ဟင်းချိုတစ်ခွက်၊ အသားနဲ့အရွက်မျှတအောင် ရွေးချယ်ထားတဲ့အပြင်၊ သကြားညိုကောက်ညှင်းထုပ်တစ်ပွဲ၊ သစ်သီးပန်းကန်တစ်ချပ်နဲ့ လူတစ်ယောက်ကို ဘီယာနှစ်လုံးစီ ချထားလေသည်။
စားကြသောက်ကြပြီးနောက်မှာတော့၊
သီးသန့်အခန်းထဲက အငွေ့အသက်က မထင်မှတ်ဘဲ ကောင်းမွန်နေသည်။
ကျောင်းတုန်းက အသေးအဖွဲ မကျေနပ်မှုတွေနဲ့ ပြိုင်ဆိုင်မှုတွေက အတိတ်က မီးခိုးငွေ့တွေလို လွင့်ပြယ်သွားခဲ့ပြီး နောင်တရခြင်းနဲ့ လွမ်းဆွတ်တမ်းတမှု၊ အနာဂတ်အတွက် ရည်မှန်းချက်တွေနဲ့ စိတ်ရှုပ်ထွေးမှုတွေသာ ကျန်ရစ်တော့သည်။
ဒါပေမဲ့ ဒီခံစားချက်တွေထဲက ဘာတစ်ခုမှ ယန်ကျွင်းဇဲရဲ့ နှလုံးသားထဲမှာတော့ ရှိမနေခဲ့ပေ။
"ကျောင်းတုန်းက မင်းနဲ့ငါ ပဋိပက္ခတွေအများကြီးဖြစ်ခဲ့တယ်၊ တောင်းပန်ပါတယ်ကွာ ကျားကျဲ!"
ဘီယာနည်းနည်းသောက်ထားလို့ ကျိုးတာ့လီရဲ့ပါးတွေက ရဲနေပြီး ဒီအချိန်မှာ သူက ကျိုးကျားကျဲရဲ့လက်ကို ဆွဲကိုင်ကာ လက်ဖမိုးကို ပွတ်သပ်ရင်း သူ့ခံစားချက်တွေကို မထိန်းနိုင်ဘဲ ထုတ်ဖော်ပြောဆိုလိုက်ရာ အဓိပ္ပာယ်နှစ်ခွထွက်နိုင်တဲ့ မြင်ကွင်းတစ်ခုကို ဖန်တီးလိုက်သလို ဖြစ်သွားသည်။
ကျိုးကျားကျဲက အနည်းငယ်အဆင်မပြေဖြစ်သွားသည်။ သူက ပုံမှန်အားဖြင့် မာနကြီးတဲ့အမူအရာရှိပြီး တခြားကျောင်းသားတွေကို သိပ်ဂရုမစိုက်တတ်ပေမဲ့ သူ့ရဲ့အားနည်းချက်တွေကိုတော့ သူကောင်းကောင်းသိနေသည်။
သူ့မိသားစုက အဆက်အသွယ်တွေသုံးပြီး အကူအညီမတောင်းခဲ့ဘူးဆိုရင် သူက ထျန်မုန်တက္ကသိုလ်ရဲ့ဝင်ခွင့်အတွက် ထောက်ခံချက်ပေးခံရဖို့နေနေသာသာ တက္ကသိုလ်ဝင်ခွင့်တံခါးကိုတောင် ဖြတ်ကျော်နိုင်မှာမဟုတ်ပေ။
ဒါပေမဲ့ ပေါင်ကျယ်ရဲ့ကြိုးစားမှုတွေက အရာထင်ခဲ့ပုံရသည်။ သူမပြောပုံအရဆိုရင် စာမေးပွဲတွေက စာမေးပွဲအကြိုစစ်ဆေးမှုတွေနဲ့ အတော်လေးနီးစပ်တူညီတာကြောင့် သူမက စာမေးပွဲကို အတော်လေးဖြေနိုင်ခဲ့ပြီး ထျန်မုန်တက္ကသိုလ်ကို တက်ခွင့်ရဖို့ အလားအလာများနေသည်။
ကျိုးကျားကျဲနဲ့ ပေါင်ကျယ်၊ ဒီနှစ်ယောက်ကတော့ အခု ရေစက်တော်တော်ပါလာကြပုံပဲ။
"ကိစ္စမရှိပါဘူး၊ အတန်းဖော်တွေကြားမှာ ပဋိပက္ခနည်းနည်းပါးပါးရှိတာက ပုံမှန်ပါပဲ။ ငါက အဲဒါကို မေ့တာတောင်ကြာပြီ" လို့ ကျိုးကျားကျဲက အပြုံးတုတစ်ခုနဲ့ ပြောရင်း တာ့လီရဲ့လက်ထဲကနေ ရုန်းထွက်ဖို့ကြိုးစားပေမဲ့ အခွင့်အရေးမသာခဲ့ပေ။
ကျိုးတာ့လီကတော့ ဘာမှမသိဘဲ ကျိုးကျားကျဲရဲ့လက်ကို ဆက်ပွတ်သပ်ရင်း ခေါင်းညိတ်ကာ "ဟုတ်တယ်၊ ပဋိပက္ခနည်းနည်းပါးပါးပဲ၊ ပြီးသွားရင် အားလုံးအိုကေသွားတာပဲ" လို့ ပြောနေသည်။
ယန်ကျွင်းဇဲက ရယ်လိုက်ပြီး "ကောင်လေး၊ မင်းပွတ်လို့ဝပြီလား။
ပေါင်ကျယ်ရဲ့မျက်လုံးတွေ ပြူးထွက်တော့မလိုဖြစ်နေတာကို မမြင်ဘူးလား" လို့ ပြောလိုက်သည်။
ကျိုးတာ့လီက သတိပြန်ဝင်လာပြီး အမြန်လက်လွှတ်ကာ သူ့လက်တွေကို မြှောက်ရင်း "ငါကျိန်ပြောရဲတယ်၊ ကျားကျဲနဲ့ငါ့ကြားမှာ ဖြူစင်တဲ့သူငယ်ချင်းသံယောဇဉ်ကလွဲပြီး ဘာမှမရှိဘူး၊ ပေါင်းကျယ်၊ ငါရှင်းပြတာကို နားထောင်ပါဦး" လို့ ပြောလိုက်လေသည်။
ပေါင်ကျယ် စကားမပြောခင်မှာပဲ ကျန်းရွီရှင်းက ပေါင်ကျယ်လိုဟန်ဆောင်ပြီး သူ့ခေါင်းကို အမူပိုပိုနဲ့ခါယမ်းကာ ပေါင်ကျယ်ရဲ့အသံကို တုပရင်း "ငါနားမထောင်ဘူး၊ ငါနားမထောင်ဘူး၊ နင်ဘာပြောပြော ငါမကြားဘူး…" လို့ ပြောလိုက်လေသည်။
"ဟားဟားဟားဟားဟား…"
သီးသန့်အခန်းတစ်ခုလုံး ရယ်သံတွေနဲ့ ပြည့်လျှံသွားလေသည်။
"နင်က ထျန်မုန်သိပ္ပံတက္ကသိုလ်ကိုပဲ လျှောက်ဦးမှာလား" လို့ ပေါင်ကျယ်က ယန်ကျွင်းဇဲကို မေးလိုက်သည်။
"အင်း၊ ငါက ရူပဗေဒဌာနမှာ ပညာသင်ဖို့ ပြင်ဆင်နေတယ်" လို့ ယန်ကျွင်းဇဲက ခေါင်းညိတ်လိုက်သည်။
"ဘာလို့ ရူပဗေဒကို သင်ချင်ရတာလဲ" လို့ ကျိုးကျားကျဲက သိလိုစွာမေးလိုက်သည်၊ "ဘွဲ့ရပြီးရင် ဒီနယ်ပယ်မှာ အလုပ်ရှာရတာ သိပ်မလွယ်ဘူး။"
ယန်ကျွင်းဇဲက ခေါင်းခါလိုက်ပြီး "ငါက စက်မှုပညာ၊ အပူ၊အလင်းပညာနဲ့ လျှပ်စစ်သံလိုက်ပညာတွေကို စိတ်ဝင်စားရုံသက်သက်ပဲ၊ ပြီးတော့ အဲဒါတွေကို ပိုပြီးနက်နက်နဲနဲ လေ့လာစူးစမ်းချင်လို့ပါ" လို့ ပြောလိုက်သည်။
"ထူးဆန်းမှုတွေပေါ်လာတာက လျှပ်စစ်သံလိုက်ပညာနဲ့ ဆက်စပ်နေတယ်လို့ ငါကြားဖူးတယ်" လို့ ကျိုးတာ့လီက ဘေးကနေ လျှို့ဝှက်ဆန်းကြယ်တဲ့လေသံနဲ့ ပြောလိုက်သည်။ "အက်တမ်ရူပဗေဒနဲ့ ကွမ်တမ်သီအိုရီလည်း ပါသေးတယ်။
ဘာပဲဖြစ်ဖြစ် နားမလည်တဲ့ ထူးဆန်းတဲ့အရာတစ်ခုခုရှိတိုင်း ကွမ်တမ်သီအိုရီနဲ့ ဆက်စပ်လိုက်၊ ဘယ်သူမှ မင်းကို အာချောင်ရဲမှာမဟုတ်ဘူး။"
"ဘယ်သူက နင့်ကိုပြောတာလဲ" လို့ ကျန်းရွီရှင်းက မေးလိုက်သည်။
"ငါ့ဘကြီးရဲ့ ဒုတိယအဒေါ်ရဲ့ ဝမ်းကွဲညီမရဲ့ သမီးရဲ့ယောက်ျားက ရူပဗေဒဆရာပဲ၊ ငါက သူ့ဆီက ကြားခဲ့တာ။"
"မင်းတို့မိသားစုလောက်ပဲ ဒီလောက်ကြီးနိုင်တော့မှာ" လို့ အားလုံးက တညီတညွတ်တည်း ပြောလိုက်ကြသည်။
ယန်ကျွင်းဇဲက ပြုံးလိုက်ပြီး "တကယ်တော့ ရူပဗေဒဌာနကို လျှောက်တုန်းက ငါ့စိတ်ထဲမှာ အဲဒီအကြောင်းတွေ တကယ်လေ့လာဖို့ စိတ်ကူးရှိခဲ့တယ်။ အနာဂတ်မှာ အခွင့်အရေးရရင် ဒီလမ်းကြောင်းအတိုင်း လျှေက်လှမ်းချင်တယ်" လို့ ပြောလိုက်သည်။
ကျိုးတာ့လီရဲ့ မျက်လုံးတွေက အရောင်တောက်သွားပြီး "ဒါ အရမ်းကောင်းတာပဲ၊ မင်း နတ်ဆိုးနှိမ်နင်းသူ ဖြစ်သင့်တယ်။ ငါဘယ်တော့မဆို ဒုက္ခရောက်ရင် မင်းငါ့ကို ကူညီရမယ်နော်!"
"ဟုတ်တယ်၊ ငါတို့အားလုံး မင်းကိုပဲ အားကိုးရမှာ" လို့ တခြားသူတွေကလည်း ထောက်ခံပြောဆိုလိုက်ကြသည်။
ထူးဆန်းမှုတွေခေတ်မှာ ဘဝရဲ့အကြီးမားဆုံးကံဆိုးမိုးမှောင်ကျမှုက သဘာဝလွန်ဖြစ်ရပ်တွေနဲ့ ကြုံတွေ့ရခြင်းဖြစ်လို့ နတ်ဆိုးနှိမ်နင်းသူ သူငယ်ချင်းတစ်ယောက်ရှိခြင်းရဲ့ တန်ဖိုးက ထင်ရှားလာသည်။
ပုံမှန်အားဖြင့် မာနကြီးတတ်တဲ့ ကျိုးကျားကျဲတောင်မှ အခုတော့ ယန်ကျွင်းဇဲကို အရင်လို မာနကြီးတဲ့အကြည့်မျိုးနဲ့ မဟုတ်တော့ဘဲ ပိုပြီးရင်းနှီးဖော်ရွေတဲ့ အကြည့်နဲ့ ကြည့်နေ လေသည်။
"ကိစ္စမရှိပါဘူး" လို့ ယန်ကျွင်းဇဲက ခေါင်းညိတ်လိုက်သည်။
နတ်ဆိုးနှိမ်နင်းရေးအဖွဲ့အစည်းထဲ ဝင်ဖို့ပြောရရင် အခုချိန်မှာ ယန်ကျွင်းဇဲလုပ်ရမှာက ခေါင်းညိတ်လိုက်ဖို့ပဲ၊ ဒါဆိုရင် ကျန်းရှောင်မို့က သူ့ကို ထျန်မုန်ခရိုင်က နတ်ဆိုးနှိမ်နင်းရေးအဖွဲ့ဆီသွားစစ်ဆေးဖို့ ထောက်ခံစာတစ်စောင်ကို ချက်ချင်းပေးလိမ့်မယ်။
ဒါပေမဲ့ တကယ်လို့ သူသာ အဲဒီလိုလုပ်လိုက်ရင် သူ့မှာ လုံးဝယုံကြည်မှုမရှိဘူးလို့ ခံစားနေရသည်။
အကြောင်းရင်းက သူ့အတွက်ရှင်းနေသည်၊ ထူးဆန်းမှုတွေနဲ့ ကြုံတွေ့ပြီး မစ်ရှင်တိုင်းကို ပြီးမြောက်အောင်လုပ်နိုင်တဲ့ သူ့ရဲ့စွမ်းရည်က သူ့မှာ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခုခု ရှိနေလို့မဟုတ်ဘဲ အချိန်-ဟင်းလင်းပြင်မြေပုံက ပေးအပ်ထားတဲ့ စွမ်းအားနဲ့ ဆက်စပ်နေလို့ပဲဖြစ်ပေသည်။
ဒါကြောင့် စစ်ဆေးမှုအတွင်းမှာ သူ့မှာ အထူးခန္ဓာကိုယ်ဖွဲ့စည်းပုံ ရှိတယ်လို့ တွေ့ရှိရင် ကိစ္စမရှိပေမဲ့ မရှိပေလို့ သူတို့ရှာဖွေတွေ့ရှိသွားရင်တော့ ဒါက ပြဿနာကြီးတစ်ခုဖြစ်သွားလိမ့်မယ်။ မဟုတ်ရင် သူအရင်တုန်းက ဝိဉာဉ်စူးစမ်းရှာဖွေရေးမှာ ရရှိခဲ့တဲ့အောင်မြင်မှုတွေကို ဘယ်လိုရှင်းပြမလဲ။
ဒါက နတ်ဆိုးနှိမ်နင်းသူတွေကြားမှာ သံသယဝင်စရာဖြစ်လာစေလိမ့်မယ်။ ဒါကြောင့် သတိထားတဲ့အနေနဲ့ သူက လက်ရှိအဆင့်မှာ ဘယ်လိုခန္ဓာကိုယ်ဖွဲ့စည်းပုံစစ်ဆေးမှုကိုမှ သွားလုပ်မှာမဟုတ်ပေ။
နတ်ဆိုးနှိမ်နင်းသူတွေနဲ့ ဆက်ဆံရတာက တစ်မျိုး၊ ဒါပေမဲ့ သူ့ရဲ့လျှို့ဝှက်ချက်ကြောင့် သူတို့နဲ့ အချိန်ကြာမြင့်စွာ အလုပ်လုပ်ဖို့က မသင့်တော်ပေ။
အနည်းဆုံးတော့ အခုချိန်မှာတော့ မဟုတ်သေးပေ။ ဒါကို ယန်ကျွင်းဇဲက ကောင်းကောင်းနားလည်ထားသည်။
မော့ကြည့်လိုက်ပြီး သူက ကျန်းရွီရှင်းဘက်လှည့်ကာ "မျက်လုံးပြူးမလေး၊ နင် ဘယ်တက္ကသိုလ်လျှောက်ထားလဲ။
အရင်ကပြောတဲ့..."
"ဟုတ်တယ်၊ ဆရာအတတ်သင်တက္ကသိုလ်ပဲ။ ထျန်ယိဆရာအတတ်သင်တက္ကသိုလ်က တော်တော်ကောင်းတယ်" လို့ ကျန်းရွေ့ရှင်းက ပြုံးပြီးပြောလိုက်သည်။ "အဲဒါက ထျန်မုန်ခရိုင်မှာ မဟုတ်ပေမဲ့ ထျန်ယိခရိုင်မှာရှိတယ်၊ ဒါပေမဲ့ ငါဝင်ခွင့်ရဖို့ မျှော်လင့်ပါတယ်၊ ငါ့ဆွေမျိုးတွေက အဲဒီမှာရှိတယ်။"
"ဘာလို့ ဟွာယင်းခရိုင်က မဟာမြို့တော်ဆရာအတတ်သင်တက္ကသိုလ်ကို မလျှောက်တာလဲ" လို့ ကျိုးကျားကျဲက မေးလိုက်သည်။
ကျန်းရွီရှင်းက လျှာထုတ်ပြလိုက်ပြီး "နောက်နေတာလား။ အဲဒီဝင်ခွင့်အမှတ်က ကြောက်စရာကြီး။ ဟုတ်တယ်၊ ဟွာယင်းခရိုင်က လက်ရှိမှာ မဟာမြို့တော်ရဲ့ အလုံခြုံဆုံးနေရာဖြစ်ပေမဲ့ပေါ့။ အဲဒီမှာရှိတဲ့ တချို့လူတွေက ဘယ်ထူးဆန်းမှုနဲ့မှ မကြုံဖူးဘူးလို့ ငါကြားဖူးတယ်။"
တခြားသူတွေက တိတ်တဆိတ် လျှာသပ်လိုက်အိကြသည်။ ဒီခေတ်ကြီးထဲမှာ သဘာဝလွန်ဖြစ်ရပ်တွေကို ဘယ်တုန်းကမှ မမြင်ဖူးတဲ့လူတွေ ရှိနေသေးသည်။
တစ်ယောက်ယောက်က တကယ်ကို ကံအရမ်းကောင်းပြီး ဘယ်တော့မှမကြုံတွေ့ခဲ့ရင်တောင် အနည်းဆုံးတော့ အဝေးကနေ မြင်ဖူးမှာပေါ့၊ ဟုတ်တယ်မလား။
ချက်ချင်းပဲ စားပွဲဝိုင်းက အတန်းဖော်တွေက ဟွာယင်းခရိုင်က ဘဝဟာ သာယာပျော်ရွှင်စရာပဲလို့ ခံစားလိုက်ရသည်။
ဒါပေမဲ့ အဖြစ်မှန်ကကော... တကယ်ပဲ အဲဒီလောက် သာယာပျော်ရွှင်စရာကောင်းရဲ့လား။