အခန်း (၁၂၉) အစစ်အမှန် ဗီဒီယိုပလက်ဖောင်း
Vol. 9 Ch. 129
လူငယ်တပ်ထားတဲ့နားကြပ်ထဲကနေ လူအချို့ရဲ့အသံတွေ ထွက်ပေါ်လာခဲ့သည်။
သူက ခပ်ဖွဖွခေါင်းညိတ်လိုက်ပြီး၊ "လွီရှင်းက ‘စိတ်ဝိဉာဉ်ကျင့်ကြံခြင်း’ ပညာကို အသုံးပြုခဲ့ပြီး ဒီပညာရပ်က ထူးဆန်းမှုတွေကို လျှင်မြန်စွာ ထိန်းချုပ်နိုင်တဲ့အားသာချက်ရှိပေမဲ့ အားနည်းချက်ကတော့ တည်ငြိမ်မှုမရှိတာပဲ။
ခန္ဓာကိုယ်က အဲဒါကို မခံနိုင်တဲ့အခါ အလွန်ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာနိုင်တယ်" လို့ ပြောလိုက်လေသည်။
နားကြပ်ထဲကအသံတွေကို ခဏလောက် ထပ်နားထောင်ပြီးနောက်မှာ သူက၊ "ကျွန်တော် ‘သားအိမ်ထဲမှာ ဝိဉာဉ်ကျင့်ကြံခြင်း’ နည်းစနစ်ကို အသုံးပြုဖို့ အကြံပေးချင်တယ်၊ အထူးသဖြင့် အမျိုးသမီးဝိဉာဉ်ကျင်ကြံသူတွေအတွက်ပေါ့။ ဒီနည်းလမ်းနဲ့ ကျင်ကြံထားတဲ့ ထူးဆန်းမှုတွေက ထိန်းချုပ်မှုအောက်မှာ ရှိရုံသာမကဘဲ နောက်တန်ပြန်တိုက်ခိုက်မှုကလည်း သိပ်မပြင်းထန်ဘူး။ စွမ်းရည်တွေကလည်း ‘စိတ်ဉာဉ်ကျင်ကြံခြင်း’ ကနေ ကျင်ကြံထားတဲ့အရာတွေထက် အများကြီး ပိုပြီးအားကောင်းတယ်" လို့ ပြောလိုက်သည်။
နားကြပ်ထဲက အသံတွေက ဆက်ပြီးပြောနေတုန်းပဲ။ လူငယ်က ပြုံးလိုက်ပြီး နောက်ပြောင်တဲ့လေသံနဲ့၊ "ဟုတ်တယ်၊ ငါအရာရာကို စမ်းကြည့်ပြီးပြီ၊ မဟုတ်ရင် ငါက ဘာဖြစ်လို့ ဒီမှာထိုင်ပြီး မင်းတို့ကို စကားပြောနေရမှာလဲ။ ဟင်၊ ဘယ်သူက ယောက်ျားတွေ ‘သားအိမ်ထဲမှာ ဝိဉာဉ်ကျင်ကြံခြင်း’ ကို မလုပ်နိုင်ဘူးလို့ ပြောတာလဲ။ ‘ခန္ဓာကိုယ်ကျင်ကြံခြင်း’ လိုမျိုး မင်းတို့မကြားဖူးတဲ့ ပိုပြီးထူးဆန်းတဲ့နည်းလမ်းတွေတောင် ရှိသေးတယ်။ အဲဒါက လူသေတစ်ယောက်ရဲ့ခန္ဓာကိုယ်ကို ကျင်ကြံတာကို ဆိုလိုတယ်။
ဒါပေမဲ့ ခန္ဓာကိုယ်ရဲ့အတွင်းပိုင်းမှာ ကျင်ကြံတာကို မင်းတို့ကြားဖူးလား။ ငါက အဲဒီအကြောင်းကို မနက်ဖြန်ကျမှ ထပ်ပြောပြပေးမယ်။"
သူက ခဏရပ်လိုက်ပြီး၊ "ဒီနေ့အတွက်တော့ ဒီလောက်ပဲ၊ ငါ အရမ်းအလုပ်များနေတယ်" လို့ ပြောလိုက်သည်။
အဲဒါနဲ့အတူ သူက မောက်စ်ကို ကလစ်ဖို့ လက်လှမ်းလိုက်ပြီး ဗီဒီယိုကို ပိတ်လိုက်သည်။
ကွန်ပြူတာမျက်နှာပြင်ရဲ့ ထောင့်တစ်နေရာမှာ စာကြောင်းတစ်ကြောင်း ပေါ်လာသည်- ကုဒ်ဝှက်ထားသော ဗီဒီယိုချန်နယ် ၁ ကို ပိတ်လိုက်သည်။
အခန်းထဲက အလင်းရောင်က အရမ်းမှောင်နေတုန်းပဲ။ လူငယ်မှာ လိုက်ကာတွေကိုဖွင့်ဖို့ (သို့) အတွင်းထဲက မီးတွေကိုဖွင့်ဖို့ ရည်ရွယ်ချက်မရှိပေ။ သူက မောက်စ်ကို ကလစ်ပြီး ဒုတိယဗီဒီယိုအတွက် ခေါ်ဆိုမှုခလုတ်ကို ဖွင့်လိုက်သည်။
အခုတော့ တစ်ဖက်ကလူက သူ့ကို မြင်နိုင်ပြီ။
"ဘော့စ်အောက်၊ မင်္ဂလာပါ" လို့ လူငယ်က ပြောလိုက်သည်။
အသက်ငါးဆယ်ကျော်အရွယ် လူတစ်ယောက်ရဲ့ ပုံရိပ်က မျက်နှာပြင်ပေါ်မှာ ပေါ်လာသည်။ သူ့ဘက်က အလင်းရောင်က အရမ်းကောင်းနေပြီး ဘော့စ်အောက်ရဲ့ လေးထောင့်ကျကျမျက်နှာကို လူငယ်က ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။
"ထူးဆန်းမှုနှစ်ခု တိုက်ခိုက်နေတဲ့ ဗီဒီယိုက အဆင်ပြေတယ် မဟုတ်လား" လို့ ဘော့စ်အောက်က ပြုံးပြီး ပြောလိုက်သည်။
"ဘော့စ်အောက်က အဲဒါကို ရယူဖို့အတွက် ဈေးကြီးပေးချေပြီး ကျွန်တော့် ပျော်ရွင်ဖို့အတွက် အခမဲ့ ပေးချင်တာဆိုတော့ သေချာပေါက် အဆင်ပြေတာပေါ့" လို့ လူငယ်က ပြုံးပြီး ပြောလိုက်သည်။
"အဲဒါကြားရတာ ဝမ်းသာပါတယ်" လို့ ဘော့စ်အောက်က ပြန်ပြောလိုက်သည်။
"ဘော့စ်ထျန်းနဲ့ ဘော့စ်ဇူတို့နဲ့အတူ မကြာသေးမီက ကျွန်တော် ရန်ပုံငွေထောက်ပံ့ပေးထားတဲ့ ဝိဉာဉ်စူးစမ်းရေးအဖွဲ့နှစ်ခုက ဘယ်လိုလဲ" လို့ ပြောလိုက်သည်။
"မဆိုးပါဘူး၊ ကျွန်တော့်ရဲ့အစီအစဉ်အတိုင်းပဲ၊ ဂူဟွီ ရွာ အလောင်းအိမ်၊ တူန်လမ်းက အနက်ရောင်အဝတ်အစားနဲ့မိန်းကလေးနဲ့ ရှော်ယွီ အပြည်ပြည်ဆိုင်ရာဆေးရုံလိုမျိုး ထူးဆန်းတဲ့ဖြစ်ရပ်တချို့ကို ဖြေရှင်းပေးနိုင်ခဲ့တယ်။ ရိုက်ယူထားတဲ့ ဗီဒီယိုတွေက ကြည့်ရတာ အလွန်စိတ်ဝင်စားစရာကောင်းတယ်" လို့ လူငယ်က ပြုံးပြီး ပြောလိုက်သည်၊ "ကျွန်တော် ဗီဒီယိုတွေကို ပြုပြင်ပြီးတာနဲ့ ဘော့စ်ဆီကို ပို့ပေးနိုင်ပါတယ်။
ပြီးတော့ ဘော့စ်က အဲဒါတွေကို လူတိုင်းခံစားဖို့အတွက် အွန်လိုင်းပေါ်မှာ တင်မလား၊ ဒါမှမဟုတ် ကိုယ်တိုင်ကြည့်ရှုဖို့အတွက် ထားမလားဆိုတာ ဘော့စ်အောက်ရဲ့သဘောပါ" လို့ ပြောလိုက်သည်။
"ကိစ္စမရှိပါဘူး" လို့ ဘော့စ်အောက်က ခေါင်းညိတ်လိုက်သည်၊ ဒါပေမဲ့ သူ့ရဲ့မျက်နှာအမူအရာက ရှုပ်ထွေးသွားပြီး သူက "ဘော့စ်ထျန်းက အဓိကရန်ပုံငွေထောက်ပံ့ထားတဲ့အဖွဲ့က အန္တရာယ်တစ်ခုနဲ့ ရင်ဆိုင်ခဲ့ရတယ်လို့ ငါကြားခဲ့ရတယ်" လို့ မေးလိုက်သည်။
လူငယ်က ရယ်လိုက်ပြီး "အန္တရာယ်ထက်ကို ပိုပါတယ်၊ သူတို့တွေ အသတ်ခံရလုနီးပါး ဖြစ်ခဲ့တယ်။ ဒါပေမဲ့ စိတ်မပူပါနဲ့၊ ကျွန်တော် အဲဒါကို ဖြေရှင်းပေးခဲ့ပြီးပြီ။ အဲဒီမှာရှိတဲ့ နောက်ဆုံးအကြမ်းဆုံးထူးဆန်းမှုက သူ့ရဲ့အာရုံကို ကျွန်တော့်ဆီကို ပြောင်းသွားခဲ့ပြီ။ အဖွဲ့ထဲက အသက်ရှင်ကျန်ရစ်သူနှစ်ယောက်က စိုးရိမ်စရာဘာပြဿနာမှ မရှိတော့ဘူး။"
"ဘာ?!" ခုနကမှ စိတ်အေးသွားတဲ့ ဘော့စ်အောက်ဟာ အခုတော့ သူ့မျက်လုံးတွေ အံ့ဩတုန်လှုပ်စွာနဲ့ ပြူးကျယ်သွားပြီး၊ "နောက်ဆုံးထူးဆန်းမှုက မင်းကို ပစ်မှတ်ထားနေပြီလို့ မင်းဆိုလိုတာလား" လို့ မေးလိုက်သည်။
"အင်း" လူငယ်က သူ့ရဲ့ထိုင်ခုံကို ကွန်ပြူတာနဲ့ အနည်းငယ် ခွာလိုက်ပြီး သူ့ရဲ့နောက်မှာရှိတဲ့ လိုက်ကာကာထားတဲ့ ပြတင်းပေါက်ကို ပြလိုက်သည်။
ဤအချိန်မှာ ဆွဲထားတဲ့လိုက်ကာတွေရဲ့နောက်မှာ နံရံထောင့်နဲ့ နီးကပ်စွာမှာ ဆံပင်ဖရိုဖရဲနဲ့ အဖြူရောင်ညဝတ်အင်္ကျီဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက် ရပ်နေတာကို မှုန်ဝါးဝါး မြင်နိုင်သည်။ သူမရဲ့မျက်လုံးတွေက ပြူးကျယ်နေပြီး မျက်လုံးအတွင်းသားတွေက သွေးမျှင်တွေပြည့်နေကာ သူမမှာ မျက်ခွံမရှိသလိုပဲ ကွန်ပြူတာရှေ့မှာ ထိုင်နေတဲ့ လူငယ်ရဲ့ကျောဘက်ကို စိုက်ကြည့်နေသည်။
"သေစမ်း၊ မင်းမကြောက်ဘူးလား!" ဘော့စ်အောက်ဟာ တစ်ချက်ကြည့်လိုက်ရုံနဲ့ တုန်လှုပ်သွားခဲ့သည်။
"သူမက ကျွန်တော့်ကို တစ်ပတ်လုံး ကြည့်နေတာပဲ၊ ဒါပေမဲ့ သူမက ဒီအချိန်မှာ ကျွန်တော့်ကို ဘာမှလုပ်လို့မရသေးဘူး" လို့ လူငယ်က ပြောလိုက်သည်၊ ပြီးတော့ သူ့ထိုင်ခုံကို ပြန်နေရာချပြီး ပြန်ထိုင်လိုက်သည်။ "ဒီရက်ပိုင်းအတွင်းမှာ ကျွန်တော်က ဝိဉာဉ်ကျင်ကြံခြင်းနည်းစနစ်အသစ်တွေကို သုတေသနလုပ်နေတယ်။ အချိန်တန်တဲ့အခါ ကျွန်တော်က သူမကို အဲဒီရလဒ်တွေကို စမ်းသပ်ဖို့ အသုံးပြုလိမ့်မယ်။"
ဘော့စ်အောက်က လူငယ်ရဲ့ပခုံးပေါ်ကို မတော်တဆ ထပ်ကြည့်လိုက်ပြီး သူ့လက်ကို ဝှေ့ယမ်းလိုက်သည်၊ "မင်းမကြောက်ပေမဲ့ ငါကတော့ ကြောက်တယ်။ ငါက အဲဒီအကြောင်းကို တွေးရုံနဲ့ ကြက်သီးထတယ်။ ငါ အခု log off လိုက်ပြီ၊ တခြားနေ့မှ စကားပြောကြတာပေါ့။"
လူငယ်က ခေါင်းညိတ်လိုက်ပြီး မောက်စ်ကို ကိုင်ကာ ခေါ်ဆိုမှုကို အဆုံးသတ်ဖို့ ကလစ်လိုက်သည်။
နောက်တစ်ကြိမ် ကွန်ပြူတာမျက်နှာပြင်ရဲ့ ညာဘက်အောက်ထောင့်မှာ စာကြောင်းတစ်ကြောင်း ပေါ်လာသည်- ကုဒ်ဝှက်ထားသော ဗီဒီယိုချန်နယ် ၂ ကို ပိတ်လိုက်သည်။
သူက မောက်စ်ကို ရွှေ့ပြီး “ အများပြည်သူ ဗီဒီယိုချန်နယ် ၇” အညွှန်းတပ်ထားတဲ့ ခလုတ်ကို ကလစ်လိုက်သည်။
အဲဒီမတိုင်ခင်မှာ လူငယ်က သူ့ဘေးမှာရှိတဲ့ စားပွဲတင်မီးအိမ်ကို ဖွင့်ထားပြီး တောက်ပတဲ့အလင်းရောင်က ကွန်ပြူတာရှေ့မှာရှိတဲ့ သူ့ကို အပြည့်အဝ လင်းစေကာ နေရောင်ခြည်လို တောက်ပပြီး ချောမောတဲ့မျက်နှာကို ဖော်ပြနေသည်။
အလင်းရောင်ပေါ်လာတဲ့အခိုက်အတန့်မှာ သူ့ရဲ့နောက်က ထောင့်မှာ ရပ်နေတဲ့ အမျိုးသမီးပုံရိပ်က ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။
ဟုတ်ပေသည်၊ လူငယ်က အလင်းရောင်ပိတ်လိုက်တာနဲ့ အဲဒီအမျိုးသမီးက ပြန်ပေါ်လာလိမ့်မည်ဆိုတာကို ကောင်းကောင်းသိနေခဲ့သည်။
ဒီအချိန်မှာ ဗီဒီယိုချန်နယ်က ကြောက်စရာကောင်းတဲ့ ဗီဒီယိုတစ်ခုကို ဖွင့်ပြီးစတဲ့ အခန်းတစ်ခုကို ပြသနေပြီး အဲဒါက ကြည့်ရှုသူတော်တော်များများကို ဆွဲဆောင်ထားကာ သူတို့အားလုံးက တစ်စုတစ်ဝေးတည်း မှတ်ချက်တွေပေးနေကြသည်။
မက်ဆေ့ချ်တွေက အောက်ခြေမှာ အဆက်မပြတ် ပေါ်လာနေသည်။
လူငယ်က အသံခေါ်ဆိုမှုကို ဖွင့်ပြီး ပြုံးကာ၊ "ဒီဗီဒီယိုကို ညကျောင်းဆရာတစ်ယောက်က သူတို့ရဲ့ ဖုန်းနဲ့ မှတ်တမ်းတင်ထားတာ။ ကြောက်စရာကောင်းတယ် မဟုတ်လား။
ဒါပေမဲ့ ‘ထူးဆန်းမှု’ ကိုတော့ နတ်ဆိုးနှိမ်နင်းသူက ဖြေရှင်းပြီးသွားပါပြီ။ ဗီဒီယိုက ‘အမြင်ပွင့်’ ပလက်ဖောင်းမှာ ရေပန်းစားနေတုန်းပဲ၊ ဒါပေမဲ့ မင်းက အဲဒါကိုကြည့်ဖို့ ပိုက်ဆံပေးရတယ်။
ဒါပေမဲ့ မင်းတို့က မတူပါဘူး၊ မင်းတို့က ဒီအခန်းထဲကို ဝင်ဖို့အတွက် အသင်းဝင်ကြေးပေးထားပြီးသားဖြစ်လို့ ဒီမှာရှိတဲ့ အခပေးဗီဒီယိုတွေကို အခမဲ့ကြည့်ရှုနိုင်တယ်" လို့ ပြောလိုက်သည်။
သူက ခဏရပ်လိုက်ပြီး၊ "ကျွန်တော်က လူတိုင်းကို ဒီဟာကို ပိုပြီးမြှင့်တင်ပေးဖို့ လိုပါတယ်၊ နောက်ဆုံးတော့ ဒါက ကျွန်တော် ပလက်ဖောင်းပေါ်မှာ အသက်မွေးဝမ်းကျောင်းပြုတဲ့ နည်းလမ်းဖြစ်ပြီး ကျွန်တော့်မှာ ထောက်ပံ့ပေးရမယ့် မိသားစုလည်း ရှိသေးတယ်။ ကျေးဇူးပြုပြီး ကျွန်တော့်ရဲ့နာမည်အရင်းကို ရှာဖွေပေးပါ၊ ကျွန်တော်က မင်းတို့ရဲ့အာရုံစိုက်မှုကို မျှော်လင့်နေပါတယ်။ ကျွန်တော့်နာမည်က... ချန်ကျင်းထင်" လို့ ထပ်ပြောလိုက်သည်။
နှစ်ပတ်က မျက်စိတစ်မှိတ်အတွင်းမှာ ကုန်ဆုံးသွားခဲ့သည်။
တက္ကသိုလ်ဝင်စာမေးပွဲတွေ ရောက်လာခဲ့သည်။
အဲဒီအချိန်အတွင်းမှာ ယန်ကျွင်းဇဲဟာ အန်တီမေဆီကို နှစ်ကြိမ်သွားခဲ့ပြီး တစ်ကြိမ်ချင်းစီမှာ အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေ ယူသွားပေမဲ့ အန်တီမေစားတာကိုတော့ သူ့မျက်စိနဲ့ မမြင်ခဲ့ရသေးပေ။
ပုံမှန်အားဖြင့် သူက လက်ဆောင်တွေ ပို့ပြီးပြီးချင်း အိမ်ထဲက ထူးဆန်းတဲ့ကလေးငယ်တွေရဲ့ လောဘတကြီးစားနေတဲ့အသံတွေကို ကြားရသည်။
ဒုတိယအကြိမ် သူသွားတဲ့အခါ အန်တီမေအတွက် တစ်စုံတစ်ရာ ကျန်နေခဲ့မလားဆိုတာ မသေချာတဲ့အတွက် ယန်ကျွင်းဇဲက ပိုပြီးဝယ်သွားခဲ့သည်။
တစ်ကြိမ်ချင်းစီမှာ အန်တီမေက ဘာစကားမှမပြောဘဲ (သို့) တခြားအမူအရာမပြုလုပ်ဘဲ သူ့ကို ပြုံးပြုံးလေးပဲ ကြည့်နေခဲ့သည်။
သူက အန်တီမေရဲ့စိတ်နေစိတ်ထားကို မဆုံးဖြတ်နိုင်ခဲ့တာကြောင့် ယန်ကျွင်းဇဲဟာ ဘာစကားမှ မပြောရဲဘဲ အမြင်ကောင်းရဖို့အတွက် အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေပဲ ပေးခဲ့သည်။
ဒါပေမဲ့ အဲဒါက အကျိုးသက်ရောက်မှုအချို့ ရှိခဲ့ပုံရသည်။ တက္ကသိုလ်ဝင်စာမေးပွဲမတိုင်ခင် ညနေခင်းမှာ သူက မြေအောက်ကားပါကင်ကို နောက်တစ်ကြိမ် ထပ်သွားခဲ့သည်။
ဒီတစ်ခါမှာတော့ အန်တီမေက အတွင်းခန်းကနေ ကြိုပြီးထွက်လာခဲ့ပြီး အမွှေးတိုင်နဲ့ ဖယောင်းတိုင်တွေကို လာယူဖို့အတွက် ထူးဆန်းတဲ့ကလေးငယ်တွေ မလွတ်တော့ဘဲ သူမကိုယ်တိုင် လာယူခဲ့သည်။
ဟုတ်ပေသည်၊ သူမရဲ့လက်ထဲမှာ ရောက်နေတဲ့အခါ ထူးဆန်းတဲ့ကလေးငယ်တွေက အဲဒါတွေကို လုယူဖို့ မရဲဘဲ အကွာအဝေးတစ်ခုမှာ နေခဲ့ကြသည်။
ယန်ကျွင်းဇဲဟာ သူမကို စကားအနည်းငယ်ပြောလိုက်ပေမဲ့ ဘာတုံ့ပြန်မှုမှ မရခဲ့တဲ့အတွက် အမြန်ပြန်လာခဲ့သည်။
ပွင့်ပွင့်လင်းပြောရရင် အန်တီမေရဲ့အပြုံးက သူကြည့်လေလေ ကြောက်စရာကောင်းလေလေ ဖြစ်လာခဲ့သည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ ယန်ကျွင်းဇဲဟာ အဲဒီအကြောင်းကို အကြိမ်များစွာ အိပ်မက်မက်ခဲ့သည်။ အဲဒီ ကြင်နာသနားဟန်ရှိတဲ့အပြုံးမှာ မြင်လိုက်တာနဲ့ မမေ့နိုင်အောင် ထူးဆန်းတဲ့မှော်ဆန်မှုတစ်ခု ပါဝင်နေခဲ့သည်။
"သူမက ဘယ်အဆင့်မှာလဲ။ ရုပ်ထိဝိညာဉ်အဆင့်ထက် မမြင့်နိုင်ဘူး မဟုတ်လား။ အရမ်းကြောက်စရာကောင်းတာပဲ! ဒါက သေချာပေါက် ရှောင်လင်ကျောင်းက ဘုန်းကြီးတစ်ပါးပဲ!"
ယန်ကျွင်းဇဲက သိချင်စိတ်ပြင်းပြနေပေမဲ့ နတ်ဆိုးနှိမ်နင်းသူ ကျန်းရှောင်မို့ကိုတော့ မပြောရဲပေ။ သူဘယ်လောက်ပဲ သိချင်စိတ်ပြင်းပြနေပါစေ သူ့ကိုယ်သူ ထိန်းထားရလိမ့်မည်။
တက္ကသိုလ်ဝင်စာမေးပွဲတွေမတိုင်ခင် ထူးဆန်းတဲ့ဖြစ်ရပ်တွေ ဆက်တိုက်ဖြစ်ပျက်နေပေမဲ့ ယန်ကျွင်းဇဲရဲ့ အခြေခံ ရှိပြီးသားဖြစ်ပြီး စိတ်ဖိအားမရှိတဲ့အတွက် သူက စာမေးပွဲရက်တွေကို လွယ်လွယ်ကူကူ ဖြတ်သန်းနိုင်ခဲ့သည်။
ဒါပေမဲ့ ကျိုးတာ့လီကတော့ မဟုတ်ပေ။ စုပေါင်းတက္ကသိုလ်ဝင်စာမေးပွဲအပြီးမှာ သူက တစ်လခွဲအကြာမှာ ဖြေရမယ့် ကာယစွမ်းရည်စာမေးပွဲအတွက် လေ့ကျင့်ရမှာဖြစ်ပြီး သူ့ရဲ့အာရုံစိုက်မှုတွေက လုံးဝလျော့ရဲမသွားခဲ့ပေ။