← Chapters

လရောင်အောက်မှ ပုံရိပ်ထင်ဟပ်ခြင်း (၁)

Vol. 9 Ch. 134

လရောင်အောက်မှ ပုံရိပ်ထင်ဟပ်ခြင်း (၁)

Vol. 9 Ch. 134

FH ရပ်ကွက် က အိမ်ပိုင်ရှင်များနဲ့ အချိန်အကြာကြီး အဆင်မပြေဖြစ်ခဲ့ကြရာမှ အိမ်ပိုင်ရှင်ကော်မတီတစ်ရပ် ဖွဲ့စည်းခြင်းကို ဖြစ်ပေါ်စေခဲ့သည်။ ထို့ကြောင့် ရပ်ကွက်၏ လုံခြုံရေးနှင့် သန့်ရှင်းရေး နှစ်ခုစလုံးကို အိမ်ပိုင်ရှင်ကော်မတီက ငှားရမ်းခဲ့သည်။

သို့သော်လည်း ရန်ပုံငွေ မလုံလောက်မှုကြောင့် ငှားရမ်းထားသော ဝန်ထမ်းအရေအတွက်က အလွန်နည်းပါးသောကြောင့် FHရပ်ကွက်၏ သဘာဝပတ်ဝန်းကျင်အရည်အသွေးနှင့် မညီမျှသော ရပ်ကွက်၏ သန့်ရှင်းရေးညံ့ဖျင်းမှုကို ဖြစ်ပေါ်စေခဲ့သည်။

ယန်ကျွင်းဇဲ ပန်းဥယျာဉ်မြို့တော် ထဲသို့ ဝင်ရောက်လာသောအခါ ဂိတ်ဝတွင် လုံခြုံရေးအစောင့်တစ်ဦးတောင် မရှိပေ။ အဘိုးကျန့်နဲ့ ရင်းနှီးတဲ့ လုံခြုံရေးအစောင့်အကိုက စကားပြောဖို့အတွက် ထပ်ထွက်သွားပြန်ပြီလားဟု သူတွေးလိုက်မိသည်။

ရေပန်းရေကန်၏ လိပ်စာက ပန်းဥယျာဉ်မြို့တော် လူနေရပ်ကွက်၏ ဇုန်တစ် အတွင်းရှိ ဥယျာဉ်အတွင်းတွင်ဖြစ်သည်။

ရပ်ကွက်ဇုန်နံပါတ်များကို အတွင်းဘက်မှ အပြင်ဘက်သို့ စတင်ရေတွက်ထားသည်။ ယန်ကျွင်းဇဲ အဓိကဂိတ်မှတစ်ဆင့် ဝင်ရောက်လာသောအခါ ဂိတ်နားရှိ ဇုန်နံပါတ်ကို ရှစ်ဟု အမှတ်အသားပြုထားသည်ကို တွေ့လိုက်ရသည်။ ထို့ကြောင့် ဇုန်တစ်သည် အတောအတွင်းဆုံးနေရာတွင် ဖြစ်ပေလိမ့်မည်။

လမ်းတစ်လျှောက်လုံး လမ်းမီးများရှိနေသောကြောင့် ကျွင်းဇဲက သူ့ဓာတ်မီးကို ဖွင့်မထားပေ။ အဆောက်အအုံများ၏အပြင်ဘက်ရှိ ဇုန်နံပါတ်များကို ကြည့်ပြီး သူက အတွင်းထဲသို့ နက်နက်နဲနဲ ဝင်သွားရာ မကြာခင်တွင် ဇုန်တစ်ဟု အမှတ်အသားပြုထားသော လှေကားထစ်သို့ ရောက်ရှိလာသည်။

"ဥယျာဉ်"

ယန်ကျွင်းဇဲက ပတ်ပတ်လည်ကိုကြည့်ရင်း သူ့ဘာသာသူ ရေရွတ်လိုက်မိသည်။

သူက ဒီနေရာကို တစ်ခါမှ မရောက်ဖူးသေးသောကြောင့် နေရာတွင်ပင် ရှာဖွေရမည်ဖြစ်သည်။

သူ့ခေါင်းအထက်မှ လက လုံးဝန်းပြီး ကြီးမားလှကာ လရောင်က အောက်သို့ ဖြာကျနေသဖြင့် လမ်းမီးမရှိသော်လည်း ပတ်ဝန်းကျင်ရှုခင်းကို ရှင်းလင်းစွာ မြင်နိုင်နေသည်။

ဤဖြစ်ရပ်သည် ယန်ကျွင်းဇဲအတွက် သူ့တာဝန်ကို လုပ်ဆောင်ရန် အလွန်သင့်လျော် နေသည်။

သူက ကွေ့ကောက်နေသောလမ်းအတိုင်း ဆက်သွားရာမှ အကွေ့တစ်နေရာသို့ ရောက်သောအခါ "ဇုန်တစ် ဥယျာဉ်" ဟုရေးထားသော ဆိုင်းဘုတ်တစ်ခုကို တွေ့လိုက်ရသည်။

ဆိုင်းဘုတ်၏ရှေ့တွင် ရပ်ကာ မြှားပြထားသောလမ်းအတိုင်း လိုက်သွားသောအခါ ကျွင်းဇဲက ဥယျာဉ်ဟုခေါ်သောအရာသည် ဇုန်တစ်ရှိ လူနေအဆောက်အအုံများစွာ၏ နောက်တွင်ရှိနေသည်ကို သတိပြုမိလိုက်သည်။

ပထမတစ်ချက်ကြည့်လိုက်သောအခါ လမ်းက အပင်ထူထပ်များစွာဝိုင်းရံထားသော တိတ်ဆိတ်သည့် ဥယျာဉ်တစ်ခုကို ဖြတ်သွားသည်ကို တွေ့ရသည်။

ဒီလမ်းကို လာတဲ့သူ နည်းပါးတာကြောင့် အပင်အချို့က လမ်းကို လုံးဝနီးပါးဖုံးအုပ်ထားသဖြင့် သေချာဂရုမစိုက်လျှင် လမ်းကို မမြင်နိုင်လောက်အောင် ဖြစ်နေသည်။

ဥယျာဉ်၏ အတွင်းပိုင်းကို ကြည့်လိုက်သောအခါ ထိုဧရိယာသည် အလွန်မှောင်မိုက်သွားပြီး မြင်ကွင်းကို ဖုံးကွယ်ထားသည်။

ယန်ကျွင်းဇဲအတွက်မူ ရှေ့တွင် ပုန်းအောင်းနေသော ကြီးမားသည့် သားရဲတစ်ကောင်က ပါးစပ်ကို ဟပြီး အစွယ်များကို ဖော်ပြကာ သူ့ကို စောင့်ဆိုင်းနေသကဲ့သို့ ခံစားမိရလေသည်။

ဆိုင်းဘုတ်တွင်ရပ်ကာ ဇုန်တစ်ဥယျာဉ်သို့ သွားရန် ပြင်ဆင်ရင်း ယန်ကျွင်းဇဲက အချိန်နောက်ပြန်ရစ်ခြင်းကို အသက်သွင်းလိုက်သည်။

သူ့မှာ ရွေးချယ်စရာမရှိပေ၊ လက်ရှိတာဝန်အဆင့်က [ဆံပင်ထောင်မတတ်ကြောက်စရာကောင်း

ခြင်း (အနိမ့်စား)] ဖြစ်ပြီး နောက်ပြန်လှည့်အမျိုးသမီး၏ တာဝန်နှင့် အတူတူပင်ဖြစ်သည်။ သူက သတိအပြည့်အဝရှိပြီး အာရုံစူးစိုက်မှုရှိနေရမည်ဖြစ်သည်။

ထို့အပြင် သူက တာဝန်ညွှန်ကြားချက်များကို လုံးဝလိုက်နာရမည်။ စည်းမျဉ်းများကို လိုက်နာခြင်းမရှိဘဲ အင်အားသုံး၍ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ရန် ကြိုးပမ်းခြင်းက ပြင်းထန်သော အကျိုးဆက်များကို ဖြစ်ပေါ်စေပေလိမ့်မည်။

အချိန်နောက်ပြန်ရစ်ခြင်းကို ဖွင့်ထားသောကြောင့် ယန်ကျွင်းဇဲက ထပ်ပြီးမစဉ်းစားတော့ပေ။ သူက သူ့အင်္ကျီကော်လာကို ကျစ်ကျစ်ဆုပ်ပြီး နောက်ဘက်ရှိ ဥယျာဉ်သို့ ဦးတည်သောလမ်းအတိုင်း အလျင်အမြန် ဆင်းသွားလိုက်သည်။

အပင်ထူထပ်သောနေရာကို ဖြတ်ကျော်သွားရာ လမ်းက ပေါင်းပင်များဖြင့် ဖုံးလွှမ်းနေပြီး နှစ်ပေါင်းများစွာ ဖုံးကွယ်ထားသဖြင့် မြေပြင်သည် အနည်းငယ်ချောနေသည်။

ရွေးချယ်စရာမရှိသဖြင့် ကျွင်းဇဲက သူ့ခြေလှမ်းများကို မြင်ရရန် ဓာတ်မီးတစ်လက်ကို ဖွင့်လိုက်ပြီး ရင်ပြင်ကျယ်သို့ ရောက်ရှိရန် တစ်မိနစ်ကျော်ကျော်သာ အချိန်ယူခဲ့ရသည်။

ဒီနေရာက ဇုန်တစ်ဥယျာဉ်ဖြစ်ပြီး ကျောက်တုံးများဖြင့် တည်ဆောက်ထားကာ မြေပြင်ကိုပင် သေသပ်စွာ ဖြတ်တောက်ထားသော ကျောက်အုတ်များဖြင့် ခင်းထားသည်။ အလယ်တွင် ကျောက်ရေပန်းတစ်ခုရှိပြီး ဘေးပတ်လည် ရှစ်ဖက်တွင် ကျောက်ခုံများ တပ်ဆင်ထားသည်။

၎င်းတို့က ရေပန်းကို အဝိုင်းပုံသဏ္ဌာန် အပြည့်အစုံဖွဲ့စည်းထားသည်။

သို့သော်လည်း နှစ်ပေါင်းများစွာ ပစ်ပယ်ထားခြင်းကြောင့် ထိုနေရာက ညစ်ပတ်နေပြီး လေထဲတွင် နံစော်သောအနံ့အသက်က ပျံ့နှံနေသည်။

ဥယျာဉ်ကို ဝန်းရံထားသောသစ်ပင်များက အလျင်အမြန်ကြီးထွားလာကာ ဧရိယာကို လွှမ်းခြုံထားပြီး ပတ်ဝန်းကျင်ခုံတန်းများအထက်ရှိ နေရာကို လုံးဝနီးပါး ဖုံးအုပ်ထားသည်။

ကံကောင်းထောက်မစွာဖြင့် အလယ်ရှိ ရေပန်း၏ ဦးတည်ရာက လရောင်အောက်တွင် ရှိနေသေးသဖြင့် ရှင်းလင်းစွာမြင်နိုင်စွမ်းကို ပေးစွမ်းသည်။

ယန်ကျွင်းဇဲက ပတ်ဝန်းကျင်ကို ဦးစွာစူးစမ်းကြည့်ရှုပြီး ရေပန်းပေါ်တွင် စက္ကန့်အနည်းငယ်ကြာအောင် စိုက်ကြည့်နေလိုက်သည်။ ထို့နောက် သူက ကျောပိုးအိတ်ကို ချွတ်ပြီး အိတ်ဆောင်ကင်မရာကို ထုတ်ကာ အကောင်းဆုံးရိုက်ကူးရေးထောင့်ကို ရှာပြီး ကျောက်ခုံတစ်ခုပေါ်တွင် တင်လိုက်သည်။

မှန်ဘီလူးက ရေပန်းဘက်သို့ ဦးတည်ထားပြီး သူက သူ့ရင်ဘတ်ပေါ်တွင် အိတ်ဆောင်ကင်မရာကို ဝတ်ဆင်ကာ စမ်းသပ်ရန် ဖွင့်လိုက်သည်။

ယခုအချိန်အထိ ယန်ကျွင်းဇဲက ရေပန်းရေကန်ကို မချဉ်းကပ်ခဲ့သေးပေ၊ အဘယ်ကြောင့်ဆိုသော် ပို၍နီးကပ်လာပါက တာဝန်ကို အစပျိုးသွားမည်ကို သူစိုးရိမ်မိသောကြောင့်ဖြစ်သည်။

ပြင်ဆင်မှုအားလုံး အဆင်သင့်ဖြစ်သောအခါ ယန်ကျွင်းဇဲက ရေပန်းရေကန်ဘက်သို့ ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူလိုက်သည်။

ကျောက်ခုံပေါ်ရှိ ကင်မရာကိုဖွင့်ကာ ထိုင်ချလိုက်ပြီး ကင်မရာကို ပြောလိုက်သည်မှာ "ဒီလျှပ်စစ်ရေပန်းက တစ်ချိန်က ချိန်းဆိုထားတဲ့လူတစ်ယောက်ကို စောင့်ဆိုင်းနေတယ်လို့ဆိုတဲ့ အရွယ်ကောင်းလှပတဲ့အမျိုးသမီးငယ်လေး

တစ်ဦးကို ဓာတ်လိုက်စေခဲ့ဖူးပါတယ်။ ဒီနေ့ ကျွန်တော်တို့ရဲ့ ဝိဉာဉ်စူးစမ်းရှာဖွေမှုက ဒီနေရာမှာပဲ၊ ကျွန်တော်ကတော့ ညခရီးသည်ခွေးပေါက်လေးပါ"

ထိုစကားများဖြင့် ယန်ကျွင်းဇဲက မတ်တတ်ရပ်ကာ ရေပန်းရေကန်ဘက်သို့ လျှောက်သွားလိုက်သည်။

လရောင်က ငွေရောင်ကဲ့သို့ သူ့အပေါ်သို့ ဖြာကျနေသကဲ့သို့ သူ့ရှေ့ရှိ ရေပန်းရေကန်ထဲမှ ရေပေါ်သို့လည်း ဖြာကျနေသည်။

ရေကန်၏အစွန်းတွင် ရပ်ရင်း ယန်ကျွင်းဇဲက သူ့ခေါင်းကို အနည်းငယ်ငုံ့ကာ ရေထဲသို့ ကြည့်လိုက်သည်။

တစ်စုံတစ်ယောက်သေဆုံးပြီးနောက် ရေကန်ထဲမှ ရေများကိုထုတ်ပစ်ခဲ့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ရေကန်တွင် ရေအများအပြား ပြန်လည်ရှိနေပြီး လူကြီးတ ခါးလောက်အထိရှိနေသည်။

ဟုတ်ပေသည်။ ရေမျက်နှာပြင်ပေါ်မှာ ရွက်ကြွေများ၊ အမှိုက်အိတ်များ၊ မုန့်ထုပ်များနှင့် အခြားအရာများလည်း ရှိနေသည်။

"ဟာကွာ... စားစရာထုပ်တွေ" ဟု ယန်ကျွင်းဇဲက ရေရွတ်လိုက်မိသည်။

သူ့စိတ်ထဲတွင် အမှိုက်ရှိရာတိုင်း၌ အမျိုးမျိုးသော စားစရာထုပ်များ ရှိနေသည်မှာ အမှန်ပင်။

ရေကန်အစွန်းတွင် ရပ်ကာ ရေထဲသို့ ကြည့်လိုက်ရာ အမှိုက်အများအပြားနှင့် ရွက်ကြွေများက အမြင်အာရုံကို ကာဆီးနေသောကြောင့် သူဘာမှမမြင်ရပေ။

ယန်ကျွင်းဇဲက တာဝန်ညွှန်ကြားချက်ကို ပြန်စဉ်းစားကြည်းလိုက်သည်၊ ဖန်နင်က ထိုချိန်းဆိုမှုကို စောင့်ဆိုင်းနေဆဲဖြစ်ပြီး တစ်စုံတစ်ယောက်ကသာ သူမနှင့် ကျောချင်းကပ်၊ လက်ချင်းတွဲပြီး လရောင်အောက်တွင် ထာဝရကို ကတိပေးလိုနေသရွေ့ပေါ့။

ဒါဆို သူက အခုစောင့်ဆိုင်းရမလား၊ ဒါမှမဟုတ် ရေပန်းရေကန်ထဲကို တန်းပြီးပြေးဝင်ရမလား။

သူက ရေထဲကို ပြေးဝင်သွားမယ်ဆိုရင် ဘယ်လိုလုပ် ကျောချင်းကပ်နိုင်ပြီး လက်ချင်းတွဲနိုင်မှာလဲ။

မဖြစ်နိုင်ပုံရသည်။

ယန်ကျွင်းဇဲက ရေကန်ဘေးမှာ ရပ်နေပြီး လကို မော့ကြည့်နေလိုက်သည်။

ခဏအကြာတွင် သူက အသံထွက်ရွတ်လိုက်သည်၊ "ဒီလောက်ကြီးတဲ့လ၊ ဒီလောက်များပြားတဲ့ လရောင်က ညသာသာနဲ့ လပြည့်ညမှာ ဖြာဆင်းနေတာပဲ၊ ထွက်လာဖို့ ရှက်နေမှာတော့ မဟုတ်ပါဘူးနော်"

စကားပြောပြီးနောက် သူက ရေပန်းရေကန်၏ဘေးတွင် တစ်ဖက်သို့လှည့်ပြီး ရပ်နေကာ လကိုကြည့်ရင်း သက်ပြင်းချလိုက်မိသည်။

အချိန်က သတိမထားမိဘဲ ကုန်ဆုံးသွားပြီး ခုနစ်မိနစ် သို့မဟုတ် ရှစ်မိနစ်ခန့်ကြာသောအခါ ရေပန်းရေကန်ထဲရှိ ရေက အနည်းငယ်လှိုင်းထသွားပြီး အသံသဲ့သဲ့လေး ထွက်လာသည်။

ယန်ကျွင်းဇဲက သူ့ပတ်ဝန်းကျင်ကို အနီးကပ်ကြည့်ရှုနေခဲ့ပြီး ထိုအသံကိုကြားသောအခါ သူက သူ့အာရုံကို ချက်ချင်းဘေးဘက်သို့ စူးစိုက်လိုက်သော်လည်း သူက လှည့်မကြည့်ခဲ့ပေ။

တာဝန်က ထိုအမျိုးသမီးက သူမ၏ချစ်သူဟောင်းကို မှတ်မိသေးလားဆိုတာကို ဖော်ပြထားခြင်းမရှိပေ။ သူမမှတ်မိလျှင် အကောင်းဆုံးဖြစ်သော်လည်း သူမက ထိုလူ၏ပုံသဏ္ဌာန်အပေါ် အလွန်စွဲလမ်းနေပါက သူလှည့်ကြည့်လိုက်ခြင်းက သူ့ကို အန္တရာယ်ဖြစ်စေနိုင်သည်ဟု သူစိုးရိမ်သည်။

ဒါကြောင့် လုံခြုံစေရန်အတွက် သူမကို မကြည့်ရန်၊ သူမကို မျက်နှာချင်းမဆိုင်ဘဲ၊ ဖြစ်နိုင်လျှင် ကျောချင်းကပ်ထားရန်က အကောင်းဆုံးဟု သူဆုံးဖြတ်လိုက်သည်။

သို့သော်လည်း တာဝန်က သတ်သတ်မှတ်မှတ်မပြောထားသောကြောင့် ယန်ကျွင်းဇဲက ဖန်နင်၏စွဲလမ်းမှုက ချိန်းဆိုမှုကို ဖြည့်ဆည်းရန်သာဖြစ်ပြီး မည်သူနှင့်ဖြစ်သည်က အရေးမကြီးနိုင်ဘူးဟု ခန့်မှန်းလိုက်သည်။

နောက်ထပ်ရေလှိုင်းတစ်ခု ထပ်ဖြစ်ပေါ်လာပြီး ဒီတစ်ကြိမ်က အရင်ကထက် ပို၍ရှင်းလင်းသည်။ ယန်ကျွင်းဇဲက လှည့်မကြည့်ဘဲ သူက ရေပန်းရေကန်ထဲမှ လှုပ်ရှားမှုများကို သူ့မျက်လုံးထောင့်မှနေ၍ စောင့်ကြည့်နေလိုက်သည်။

ရေလှိုင်းထပြီး မကြာခင်တွင် အရွက်များစွာဖြင့် ဖုံးအုပ်ထားသော မျက်နှာပြင်ပေါ်တွင် ပုံသဏ္ဌာန်တစ်ခုက အနည်းငယ်ကွေးညွတ်တက်လာပြီး အရွက်များကပါ ကွေးညွတ်တက်လာကာ ရေများက နှစ်ဖက်စလုံးသို့ စီးဆင်းသွားသည်ကို သူက ဝါးဝါးလေးမြင်နိုင်သည်။

ရေထဲမှ ပုံသဏ္ဌာန်က ဖြည်းဖြည်းချင်းတက်လာသည်နှင့်အမျှ ရေဖိတ်စင်သောအသံက ပြင်းထန်စွာ ပေါ်ထွက်လာပြီး ယန်ကျွင်းဇဲ၏နားထဲသို့ ရောက်ရှိလာသည်။

တစ်ချိန်တည်းမှာပင် မကောင်းသည့်အနံ့ဆိုးတစ်မျိုးက သူ့နှာခေါင်းထဲသို့ သင်းပျံ့လာသည်။

"မင်း... လာပြီ... ပဲ" ဟူသော ထူးဆန်းသည့်အသံက ရုတ်တရက် ထွက်ပေါ်လာလေသည်။

ဒီအသံက အလွန်ကြမ်းတမ်းနေပြီး စကားပြောသူ၏ အသံကြိုးများက စုတ်ပြဲသွားသကဲ့သို့ ဖြစ်နေကာ အမျိုးသား သို့မဟုတ် အမျိုးသမီးဟု ခွဲခြားမရတော့ပေ။

All Chapters