← Chapters

တန်ပြန်တိုက်စစ် ၂

Vol. 21 Ch. 203

တန်ပြန်တိုက်စစ် ၂

Vol. 21 Ch. 203

"ကျွန်မတို့ ဒီလိုမလုပ်သင့်ဘူးထင်တယ် နောင်တချိန် စုချန်းကို ကျွန်မ ဘယ်လို မျက်နှာပြရမလဲ"

မီးဖိုဘေးနားတွင် ထိုင်နေရင်း ချင်းလင်အာက ခေါင်းကို တဗြင်းဗြင်းကုတ်ကာ ပြောလိုက်သည်။ သူမ၏ ပုံစံမှာ စိုးရိမ်သောက ရောက်နေဟန်ရှိ၏။

"လုပ်တောင်လုပ်ပြီးနေပြီ ခုမှ ငြီးငြူ နေလို့ ဘာထူးတော့မှာလဲ"

ကျန်းချန်းအန်က ရယ်မောရင်း ပြောလိုက်သည်။

"သူ့ကို ဘယ်လို မျက်နှာပြရမှန်းမသိရင် သူ့ကို နောက်ထပ် မတွေ့တော့နဲ့ပေါ့"

သွေးနတ်ဆိုးကျူံ းတင်က ဝင်ပြောလိုက်သည်။ ကျူံ းတင်သည် ကျန်းချန်းအန်ထက် အနည်းငယ်ပုပြီး သစ်ပင်အရိပ်များက သူ့ကို လုံခြုံမှုပေးသည့် ဟန်ပန်ဖြင့် အရိပ်ထဲ ဝင်ရပ်နေလေသည်။ သူ့စကားလုံးများမှာကား အရပ်နှင့်မလိုက်အောင် လေလုံးထွားလှသည်။ သူ့စကားကို ကြားသောအခါ ကျန်လူများက ဝိုင်းရယ်လိုက်ကြသည်။

ချင်းလင်အာကား ယခုတိုင် သောကပွေလျက်ရှိလေသည်။

"ရှင်တို့အဖွဲ့နဲ့ ပေါင်းမိတဲ့အတွက် ကျွန်မတော့ နောင်တရစ ပြုလာပြီရှင့်"

နောက်ထပ်လူငယ်တယောက်က ဝင်ပြောလိုက်၏။

"ချင်းလင်အာ ဒီနေ့ လုပ်ခဲ့တဲ့ကိစ္စကို ဘာကြောင့်လုပ်ခဲ့တဟ်ဆိုတာ မင်းခုထိ နားမလည်သေးဘူးလား ဒီနေ့လုပ်ခဲ့တာဟာ မျောက်ဝံကို လိုချင်ရုံသက်သက်လို့ မင်းတကယ် ထင်နေတာလား မင်း ထိန်းချူ ပ်လို့ရအောင် သင့်တင့်လျောက်ပတ်တဲ့ အဆင့်မြင့်သတ္တဝါဆိုးတကောင်ကောင် ဖမ်းဖို့ ကျူ ပ်တို့မှာ အင်အားမလုံလောက်ဘူးလို့ မင်းတကယ်ပဲ ထင်နေတာလား"

ထိုလူငယ်သည် သိမ်းငှက်ပုံ ပန်းထိုးထားသည့် မြက်ပင်အရောင် အစိမ်းတောက်တောက် ဝတ်ရုံကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် အဖြူ ရောင်ဖိနပ်တရံကို စီးထား၏။ သူ၏ ရှည်လျားသော ဆံပင်များကို ကျောပေါ်တွင် ဖြန့်ချထားပြီး ဘယ်ဘက်ရှိ ဆံပင်များကို နားရွက်နောက်တွင် သိမ်းထားလေသည်။ သူ၏ အသားအရေမှာ နှင်းပွင့်ကဲ့သို့ ဆွတ်ဆွတ်ဖြူ နေပြီး နှုတ်ခမ်းများမှာ နှင်းဆီရောင်သမ်းနေ၏။ ရုပ်ရည်အင်မတန်ချောသော လူငယ်လေး ဖြစ်သည်။

ထိုလူငယ်၏ နာမည်မှာ ခွန်ရှန်းယင်ဖြစ်ပြီး သူသည်လည်း တောင်သုံးလုံးနယ်မြေမှ လာသူဖြစ်သည်။

အချက်အလက်အရ ပြောရလျင် သူတို့တဖွဲ့လုံးကို တောင်သုံးလုံးနယ်မြေမှ လာသူများနှင့် ဖွဲ့စည်းထားသည်ဟု ဆိုနိုင်သည်။ ထို့ကြောင့် တည်နေရာကို အသင်းတသင်း ဖွဲ့စည်းရန် ဖြစ်နိုင်ချေ ညွှန်းကိန်းဟုပင် သတ်မှတ်နိင်၏။နဂါးကျောင်းတော်အတွင်းရှိ တော်ဝင်မျိူ းနွယ်စုဝင် ကျောင်းသားများသည် ၎င်းတို့၏ မွေးရပ်မြေကို အခြေခံ၍ အသင်းများ ဖွဲ့စည်းလေ့ရှိကြသည်။

ပျံသန်းခြင်းအသင်းသည်လည်း ထိုအခြေခံနှင့် ကင်းလွတ်သည်မဟုတ်။ ကျန်းချန်းအန်သည် တောင်သုံးလုံးနယ်မြေအတွင်းရှိ ထိပ်တန်းကျောင်းသားများကို စုစည်းပြီး သူ့အသင်းကို ဖွဲ့စည်းထားခြင်းပင်။ မည်သို့ဆိုစေ သူတို့အသင်းသည် ယခုနှစ် အင်အားအကြီးမားဆုံး အသင်းများအနက်မှ တသင်းတော့ အမှန်ပေတည်း (စုချန်းတို့၏ အသင်းကို တောက်ပခြင်း အဖွဲ့ဟု ခေါ်သည်။ ရှေ့အပိုင်းများတွင် မပါခဲ့သော်လည်း နောက်အပိုင်းများတွင် စုချန်းတို့အသင်းကို တောက်ပခြင်းအဖွဲ့ဟု အလျင်းသင့်သလို သုံးနှုံးသွားပါမည်...ပုံ စာရေးသူ) ။

တော်ပေ့ချွန်ပေ့ဟူသော လူများကို သူအလွယ်တကူ စုစည်းနိုင်ခဲ့သော်လည်း ဂျီဟန်းယင်ကတော့ သူ့ကမ်းလှမ်းချက်ကို ပယ်ချလိုက်၏။ သူမ၏ အကြောင်းပြချက်မှာကား သူသည် အဖွဲ့တဖွဲ့ကို ခေါင်းဆောင်ဖွဲ့စည်းရန်မှာ ကျန်းချန်းအန်အနေနှင့် အားနည်းလွန်းသည် ဟူသတတ်။ ထို့ကြောင့် သူမဘာသာ အဖွဲ့တဖွဲ့ သီးသန့်ဖွဲ့စည်းမည်ဟု ကျန်းချန်းအန်အား ပြောလွှတ်လိုက်လေသည်။ ခံရခက်လိုက်ပါဘိ။

ခွန်ရှန်းယင်၏ စကားကိုကြားသောအခါ ချင်းလင်အာ မျက်လုံးပြူ းသွား၏။ ထို့နောက် သူမက မေးလိုက်သည်။

"ရှင်ပြောချင်တာ ဒီလို ဖြစ်ရတာ ကျွန်မကြောင့်ပေါ့ ဟုတ်လား"

"သိပ်မှန်တာပေါ့ ဒါ မင်းကြောင့်ပဲလေ"

နောက်ထပ် လူငယ်တယောက်က ဝင်ပြောလိုက်ပြန်သည်။

ထိုလူငယ်သည် သားရဲသတ္တဝါဆိုးများ ပုံစံ ပန်းထိုးထားသည့် မိုးပြာရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် သားရဲသတ္တဝါဆိုး သွားများနှင့် ပြုလုပ်ထားသည့် ခါးပတ်ကို ဝတ်ဆင်ထား၏။ သူ့ခြေထောက်တွင်တော့ အဌဂံပုံ ဖိနပ်တရပ်ကို ဝတ်ဆင်ထားလေသည်။ ဆံပင်ကို စည်းထားပြီး မျက်ခုံးထူထူ နှုတ်ခမ်းထူထူ မျက်နှာလေးထောင့်ပုံနှင့်် ထူးခြားသော ရုပ်ရည်လက္ခဏာပိုင်ရှင်မျိူ းပေတည်း။ သူ၏ ကြီးမားသော လက်များက စိတ်အာရုံကို အထူးပင် ဖမ်းစားနိုင်ကြောင်း တွေ့ရသည်။ သို့သော် သူ့လက်ချောင်းများမှာကား တိုတိုတုတ်တုတ်သာ ဖြစ်သည်။

ထိုလူငယ်မှာ မိုးခေါင်သောနဂါး ကျန်းယင်ပေတည်း။ ကျန်းယင်က ပြောလိုက်သည်။

"မင်းဟာ သွေးဗီဇမပါတဲ့ သာမာန်လူတွေနဲ့ သိပ်ပြီး ရင်းနှီးလွန်းနေတယ် ချင်းလင်အာ နဂါးဟာ မြွေတွေနဲ့ အရောမဝင်ဘူး ဖီးနစ်ငှက်ဟာ လောက်တွေကို အရေးမစိုက်ဘူးသူငယ်ချင်း မရွေးတတ်သူဟာ အနဂါတ်အလားအလာကောင်းတွေကို ဘယ်တော့မှ ပိုင်ဆိုင်ရမှာ မဟုတ်ဘူးလို့ ကျန်းချန်းအန် အစောကြီးကတည်းက မင်းကို သတိပေးခဲ့သားပဲ ဒါပေမဲ့ မင်းက ဒီစကားတွေကို နှလုံးသားထဲမှာ သိမ်းမထားဘူးပဲ"

"သူနဲ့ကျွန်မက သူငယ်ချင်းတွေရှင့်"

ချင်းလင်အာက ပြန်ပြောလိုက်သည်။

"ခင်မင်မှုကို မင်း တန်ဖိုးထားတာ သိပ်များလွန်းနေတယ်ကွ"

နောက်လူငယ်တယောက်က ဝင်ပြောလိုက်ပြန်သည်။ ထိုလူငယ်မှာ အရပ်ပုပြီး ဝံပုလွေခေါင်းပန်းထိုး ရွှေရောင်ဝတ်ရုံကို ခြုံထားသည်။ ခါးတွင် ကြည်လင်သော ကျားခါးပတ်ကို ဝတ်ဆင်ထားပြီး ခြေထောက်တွင် သားမင်ရေဖိနပ်ကို စီးထား၏။ သူ့ဆံပင်မှာကားဟသရဖူဆောင်းထားသည်နှင့်ပင် တူနေသေးသည်။ သူ့မျက်နှာမှာ အနီရောင်သမ်းနေပြီး စကားပြောလိုက်တိုင်း မျက်လုံးက အရောင်တောက်လာလေ့ရှိသည်။

ရွှေရောင်ပုစဉ်းရင်ကွဲ ဟွမ်းဝုပေတည်း။

ဟွမ်းဝု၏ အသံက အနည်းငယ် ကြမ်းရှရှနိုင်လေသည်။

"မင်းကတော့ သူကို အမြဲတမ်း သူငယ်ချင်းလို သဘောထားတယ် သူကျတော့ မင်းကို သူငယ်ချင်းလို သဘောထားရဲ့လား ပြန်စဉ်းစားစမ်း ကျူ ပ်တို့က သူတို့ကို မင်းအတွက် မျောက်ဝံဘီလူးတကောင်လိုတယ်လို့ အရင်ပြောခဲ့တာလေကွာ သူတို့သာ မင်းကို သူငယ်ချင်းလို သဘောထားရိုးမှန်ရင် မျောက်ဝံဘီလူးလောက်ကိုတော့ အလကား ပေးလိုက်သင့်တာပေါ့ ဒါပေမဲ့ ဘာဆက်ဖြစ်သလဲဆိုတာ မင်းအသိဆုံး ဒီလိုမဖြစ်ရအောင် ကျူ ပ်တို့က သူတို့က အတန်တန် သတိပေးခဲ့သေးတယ်လေကွ နောက်ဆုံးတော့ မင်းကသာ သူတို့ကို သူငယ်ချင်းလို သဘောထာူပေမဲ့ သူတို့ကတော့ မင်းကို သူငယ်ချင်းလို သဘောမထားမှန်း သိသာနေပြီ ချင်းလင်အာ"

"ဘယ်လောက်တော်တယ်ပြောပြော နောက်ဆုံးမှာတော့ သွေးဗီဇမပါသူတွေရဲ့ အောင်မြင်မှုဟာ ကန့်သတ်ချက်ကိုယ်စီနဲ့ပဲ ချင်းလင်အာ ဒီတော့ မင်းနဲ့ သူ့ရဲ့ကြားက ခင်မင်မှုကို ဘာကြောင့်ဆက်ပြီး ထိန်းသိမ်းနေမလဲ"

ဤတကြိမ် ဝင်ပြောလိုက်သူမှာ အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ဗလတောင့်တောင့် လူငယ်လေး ဖြစ်သည်။ သူသည် ဒူးထိအောင်ရှည်သော ဖိနပ်တရံကို ဝတ်ဆင်ထားပြီး ဆံပင်ကို သပ်ရပ်စွာ ဖြီးသင်ထား၏။ အသားအရေမှာ နက်မှောင်လှပြီး မျက်လုံးအစုံမှာ ကြေးနီရောင်ခေါင်းလောင်းအရွယ်အစားမျှသာ ရှိလေသည်။ မျက်နှာ၏ ညာဖက်ခြမ်းတွင်တော့ ကနုတ်များဖော်ထား၏။ သူ၏ လက်နက်မှာ လေးလံသော လံှတံကြီးဖြစ်ပြီး ကြည့်ရသည်မှာ ခန့်ညားလှ၏။

ထိုလူငယ်မှာ တောင်သုံးလုံးပြိုင်ပွဲတွင် ဝမ်တောက်ရှန်းအား လံှဖြင့်ထိုးလိုက်သည့် ကြံ့ဓား ကျန့်ခွမ်းပေတည်း။

အားလုံး တယောက်တပေါက်စီ ပြောဆိုပြီးနောက် ကျန်းချန်းအန်က ဖြည့်စွက်ပြောလိုက်သည်။

"တော်ဝင်မျိူ းနွယ်စုတွေဟာ ကိုယ်ပိုင်အဆင့်အတန်းကိုယ်စီရှိပြီး အချင်းချင်း လေးစားမှုရှိကြတယ် ဒီတော့ ချင်းလင်အာ ကျူ ပ်တို့အနေနဲ့ ရက်ရောမှုနဲ့ သည်းခံစိတ်ကို ပြသဖို့ သွေးဗီဇမပါသူတွေနဲ့ သူငယ်ချင်းလုပ်လို့ရတယ် ဒါပေမဲ့ ကိုယ့်ရဲ့ မြင့်မားတဲ့ အဆင့်အတန်းကိုတော့ ထိမ်းသိမ်းထားဖို့ လိုအပ်တယ် ဒီကောင်တွေနဲ့ လိုအပ်တာထက်ပိုပြီး အရောဝင်မိရင် သူတို့မင်းကို ကြောက်တော့မှမဟုတ်ဘူး မင်းစကားကိုလည်း နားထောင်တော့မှာ မဟုတ်ဘူး နောက်ဆုံး သူတို့က မင်းကို အသုံးချဖို့ပါ ကြိုးစားလာလိမ့်မယ် စုချန်းဟာ ရှီကိုင်းဟွမ်ရဲ့ တပည့်ဖြစ်တယ်ဆိုတာ ငါတို့အားလုံး သိပြီးသား ရှီကိုင်းဟွမ် ဘယ်လိုလူစားမျိူ းဆိုတာ မင်းသိတယ်မလား"

ချင်းလင်အာသည် အနည်းငယ် တုန်လှုပ်စပြုလာ၏။ ကျန်းချန်းအန်က စကားဆက်ပြန်သည်။

"သွေးဗီဇကန့်သတ်ချက်ကို ချိူ းဖျက်ဖို့ကြိုးစားတာဟာ ကျူပ်တို့ကို ရန်လုပ်တာပဲ ကျူ ပ်တို့အနေနဲ့ သူတို့ကို မသတ်တာနဲ့တင် ကျေးဇူးတင်ဖို့ကောင်းနေပြီ ဒီဖြစ်ရပ်ဟာ သူ့ကို နည်းနည်းပါးပါးတော့ သင်ခန်းစာရသွားစေမယ်လို့ မျှော်လင့်ရတာပဲ"

ကျန်းချန်းအန်က စကားကို အဆုံးသတ်လိုက်၏။ ချင်းလင်အာအဖို့ကား ပြောစရာမရှိတော့။ သူမသည် တစုံတရာကို လေးလေးနက်နက် စဉ်းစားတွေးတောလျက် ရှိလေသည်။

ထိုအခိုက်မှာပင် ရွှေရောင်ပုစဉ်းရင်ကွဲ ဟွမ်းဝုက နောက်ကိုလှည့်ပြီး ထအော်လိုက်သည်။

"ဟေ့ ဘယ်သူလဲ"

လူတယောက် တောအုပ်အတွင်းမှ အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာ၏။ သူ့ခြေလှမ်းများမှာကား အထူးပင် ညင်သာလှသည်။

"စုချန်း"

ချင်းလင်အာ မျက်လုံးပြူ းသွား၏။ တောအုပ်အတွင်းမှ ထွက်လာသူမှာ စုချန်းဖြစ်သည်။ စုချန်းကား အေးအေးဆေးဆေးပင် လမ်းဆက်လျှောက်လာသည်။ အနီးသို့ရောက်သည်နှင့် သူက ပြုံးရင်းပြောလိုက်သည်။

"လင်အာ လက်စသတ်တော့ မင်းက ဒီမှာကိုး လိုက်ရှာလိုက်ရတာကွာ"

ကျူံ းတင်နှင့် တခြားလူများက စုချန်းအား မနှစ်မြို့သော ပုံစံနှင့် ဝိုင်းဝန်းကြည့်ရှု့နေကြလေသည်။ စုချန်း၏ နွေးထွေးမှုကြောင့် ချင်းလင်အာ အငိုက်မိသလို ဖြစ်သွားသည်။ ထို့နောက် သူမက ပြောလိုက်၏။

"ရှင်ဘာလို့ ကျွန်မကို လိုက်ရှာနေတာလဲ အက်ဒမန်တင်းမျောက်ဝံကို ပြန်လိုချင်လို့လား ဖြစ်ပျက်ခဲ့သမျှကို ကျွန်မ တောင်းပန်ပါ........"

စုချန်းက ကြားဖြတ်ပြောလိုက်၏။

"အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းပါနဲ့ကွာ မင်းနဲ့ ကျူ ပ်က သူငယ်ချင်းတွေပဲဟာကို မင်းလိုချင်တယ်ဆိုရင် ကျူ ပ် ဘာကြောင့် တွန့်တိုနေရမှာလဲ"

စုချန်းက ချင်းလင်အာအနီးသို့ ရင်းရင်းနှီးနှီပင် တိုးကပ်ရင်း ရယ်ကာမောကာနှင့် ပြောလိုက်သည်။

"မင်း ဒါကို လုပ်နိုင်ပြီလို့ ကြားရတော့ ကျူ ပ် အတော်လေး ဝမ်းသာသွားတယ် ဒါကြောင့် ကျူ ပ်က စကားပြောချင်လို့ လိုက်လာခဲ့တာ"

ကျန်းချန်းအန်တို့လူသိုက်ကား စုချန်းကို စူးစူးဝါးဝါးပင် စိုက်ကြည့်နေကြ၏။ စုချန်းကဲ့သို့ သွေးဗီဇမပါသူတဦးက သူတို့အဖွဲ့ဝင်တဦးနှင့် ရင်းရင်းနှီးနှီး စကားပြောနေခြင်းသည် သူတို့ကို တိုက်ရိုက်စော်ကားနေသလို ခံစားနေရ၏။ သို့သော် စုချန်းကိုယ်တိုင်က မျောက်ဝံဘီလူးအား လိုလိုချင်ချင် ပေးပါသည်၊ ချင်းလင်အာနှင့် စကားပြောလို၍သာ လိုက်လာခဲ့ပါသည်ဟု ပြောနေခဲ့ပြီဖြစ်လေရာ ဤအခြေအနေတွင် သူ့ကို မောင်းထုတ်ခြင်း၊ တိုက်ခိုက်ခြင်း ပြုလုပ်ပါက သူတို့ဖက်မှ လွန်ရာကျသွားပေလိမ့်မည်။

အမှန်တော့ တော်ဝင်မျိူ းနွယ်စုဝင်တိုင်းလိုလိုသည် တရားလက်လွတ် ပြုလုပ်တတ်သူများချည်းသာ။ သို့သော် ထိုသို့ လုပ်ဆောင်ရန်မှာလည်း ခိုင်လုံသော အကြောင်းပြချက်တော့ လိုနေသေး၏။

ထိုအခါ စုချန်းနှင့် ချင်းလင်အာတို့ ရယ်ရယ်မောမော စကားပြောနေသည်ကို မြင်သောအခါ သူတို့ ဘာလုပ်ရမှန်း မသိတော့။ တော်သေး၏။ စုချန်းကား အလွန်အကင်းပါးသည်။ ချင်းလင်အာနှင့် စကားအနည်းငယ်သာပြောပြီး ထိုနေရာမှ ထွက်ခွာသွားလေသည်။ ကျန်းချန်းအန်တို့ လူသိုက်မှာ ဘာမှမတတ်နိုင်ပဲ စုချန်း ထွက်ခွာသွားသည်ကို လက်ပိုက်ကြည့်နေကြရရှာ၏။

နောက်ဆုံးတွင် ကျန်းချန်းအန်က ချောင်းတချက်ဟန့်ရင်း ပြောလိုက်သည်။

"ဘာပဲဖြစ်ဖြစ် ဒီကောင်စုချန်းဟာ သူရဲဘောကြောင်ပေမဲ့ ညဏ်တော့ ရှိသေးတယ်လို့ ဆိုရမယ် ဒီလိုသာ အမြဲတမ်း လိမ်လိမ်မာမာ နေလို့ရှိရင် ကျူ ပ်တို့ကလည်း သူ့ကို ဘာမှ ဒုက္ခပေးနေစရာ မလိုတော့ဘူးပေါ့ ဒါပေမဲ့ ချင်းလင်အာ ကျူ ပ်ရဲ့ သတိပေးစကားကိုတော့ မမေ့နဲ့အုံး ဒီလိုလူမျိူ းနဲ့ သိကျွမ်းခင်မင်လို့ရတယ် ဒါပေမဲ့ သိပ်တော့အရောမဝင်နဲ့"

"ကျွန်မ သိပါတယ်"

ချင်းလင်အာက ခေါင်းငုံ့ရင်း ပြောလိုက်သည်။

သူမ ဘာတွေ စဉ်းစားနေသနည်း။

___________×××___________×××___________

ချင်းလင်အာနှင့် လမ်းခွဲခဲ့ပြီးနောက် စုချန်းတယောက် တောက်ပခြင်းအဖွဲ့သို့ ပြန်လာခဲ့၏။ စုချန်း ပြန်ရောက်လာသည်ကို မြင်သည်နှင် ကျန်းရှတို့ ဝမ်းသာသွားကြသည်။

စုချန်းကို မြင်သည်နှင့် တုချိန်းက အော်ဟစ်မေးမြန်းလိုက်သည်။

"စုချန်း ရှင် အဆင်ပြေရဲ့လား"

စုချန်း ရယ်မောလိုက်၏။

"ကျူ ပ်ပုံစံက အဆင်မပြေတဲ့ပုံ ပေါက်နေလို့လား"

ထိုအခါကျမှ လူတိုင်းလိုလိုသည် စိတ်သက်သာရသွားပြီး သက်ပြင်းချမိကြသည်။

"ချင်းလင်အာတို့အဖွဲ့နဲ့ တွေ့ခဲ့ရလား"

ဝမ်တောက်ရှန်းက မေးမြန်းလိုက်ခြင်းဖြစ်သည်။

"တွေ့ရုံတင်မကဘူး စကားပါပြောခဲ့သေးတယ်"

စုချန်းက ပြန်ဖြေလိုက်၏။

"ဟင် မင်းလုပ်ခဲ့တာ ဒါပဲလား"

စုချန်းလို လူစားမျိူ းက တိမ်တိုက်ကျားသစ်ကို ပြန်ခေါ်ရန်နှင့် ချင်းလင်အာကို စကားပြောရုံမျှနှင့် ဤကဲ့သို့ သုတ်ခြေတင်သွားသတဲ့လား။

ထိုအခါ စုချန်းက

"ဒါပဲတော့ ဘယ်ဟုတ်မလဲ ကျူ ပ်က သူတို့အတွက် လက်ဆောင် နည်းနည်းပါးပါး ထားခဲ့တယ်"

"ဘာလက်ဆောင်တုန်း"

"သားရဲညိုှု့ငင်ဆေးရည်ကနေ ဖော်စပ်ထားတဲ့ သီးခြားဆေးမှုန့်တမျိူ းပဲဆိုပါတော့ သူ့အစွမ်းကတော့ ထိပ်သီး သားရဲသတ္တဝါဆိုးတွေရဲ့ ရနံ့မျိူ းကို ထွက်ပေါ်စေတယ် အကျိူ းဆက်အနေနဲ့ ဘယ်အဆင့်နိမ့် အလယ်အလတ် သတ္တဝါဆိုးမှ သူ့တိုအနား လာဝံ့ကြတော့မှာ မဟုတ်ဘူး ဆေးမှုန့် အနည်းအကျင်း ထိမိရုံနဲ့ အချိန်အကြာပြီး အစွမ်းပြနေလိမ့်မယ်"

ထိုစဉ် တိမ်တိုက်ကျားသစ်က မျက်လုံးပြူ းကာ မေးလိုက်သည်။

"အချိန် ဘယ်လောက်ထိ ကြာအောင် အစွမ်းပြမှာတုန်း"

စုချန်း ပြုံးလိုက်၏။

"မပူပါနဲ့ကွာ သူတို့အားလုံး ရူးချင်စိတ်ပေါက်သွားတဲ့အထိတော့ လုံလောက်ပါတယ်"

All Chapters