← Chapters

မိုးကြိုးမီးလျံစက်လုံး

Vol. 21 Ch. 204

မိုးကြိုးမီးလျံစက်လုံး

Vol. 21 Ch. 204

နှစ်နာရီခန့်အကြာ...

တောက်ပခြင်းအဖွဲ့သည် ကျဆုံးခြင်းသိမ်းငှက်တောင် တောအုပ်အတွင်းရှိ မြစ်ကမ်းတခု၏ ဘေးတွင် စုဝေးမိကြသည်။

"ကြည့်စမ်း ကျူ ပ် ငါးတကောင်ဖမ်းမိပြီကွ"

ယန်ဖုချင်းသည် ဝမ်းဗိုက်ကားကားနှင့် ငါးကြီးတကောင်ကိုကိုင်ပြီး စိတ်လှုပ်ရှားစွာ မြစ်ကမ်းနဖူးတွင် ခုန်ပေါက်နေ၏။ စုချန်းနှင့် ကျန်းရှမှာ ညနေစာအတွက် မီးဖိုနေကြလေသည်။

ကျန်းရှ၏ လက်ဖဝါးများသည် ပုဆိန်ကဲ့သို့ လေထုကို ထိုးခွင်းသွားပြီး တခုနှင့်တခု ယှက်နွယ်လျက်ရှိသော သစ်ကိုင်းများကို ဖြတ်တောက်လိုက်၏။ စုချန်း၏ လက်ဖဝါးမှ တိုးထွက်လာသော မီးတောက်မီးလျံများက သစ်ကိုင်းများအောက်ရှိ မီးမွှေးစာကို မီးစွဲစေလိုက်လေသည်။ ထို့နောက် ယန်ဖုချင်းလက်ထဲရှိ ဗိုက်ကားကားငါးကိုလှမ်းကြည့်ရင်း စုချန်းက ပြောလိုက်သည်။

"အဲဒါ ဥ ဥနေတဲ့ငါးပဲ သူတို့မိတ်ရာသီ မတိုင်ခင်အချိန်မှာပဲ ဒါမျိူ းတွေ့နိုင်တာ ဗိုက်ကိုဖွင့်ရင် သေချာလေး သတိထားဗျ ငါးဥတွေဟာ သိပ်ပြီးအရသာရှိတာ ပျက်စီးသွားရင် နှမြောစရာကောင်းတယ်"

"ခင်ဗျား ဒါတွေ ဘယ်လိုလုပ်သိနေတာလဲ"

ဆွန်းချီစုက မေးလိုက်၏။ သူသည် တုချိန်းအား မျောက်ဝံဘီလူး၏ အသားကို ဖျက်နေသော တုချိန်းအား ဘေးမှဝိုင်းကူလျက်ရှိသည်။ အက်ဒမန်တင်းမျောက်ဝံနှင့် ပျံသန်းခြင်းအဖွဲ့ ပြသနာများအပြီး စုချန်းအပေါ် ကျန်းရှတို့၏ အမြင် များစွာပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သူတို့အကြား ခင်မင်ရင်းနှီးမှုမှာလည်း တရိပ်ရိပ် တိုးပွားလာလျက်ရှိ၏။

"ကျူပ်က စာအုပ်တွေ အများကြီး ဖတ်ထားတယ်လေဗျာ"

လက်စွပ်အတွင်းမှ ဟင်းခတ်အမွှေးအကြိုင်များအား ဆွဲထုတ်ရင်း စုချန်းက ပြောလိုက်၏။

"ဒါပေမဲ့ စာဖတ်ရုံနဲ့ ရှင် အားကောင်းလာမှာမှမဟုတ်တာ"

လက်ထဲရှိ မျောက်ဝံအသားကို အားသွန်ခွန်စိုက် ဖြတ်တောက်ရင်း တုချိန်းက မေးလိုက်၏။ ဓားပညာ ကျွမ်းကျင်လှသည့်အတိုင်း အသားများ ခုတ်ထစ်တုံးတစ်ခြင်းကိုကား တုချိန်း ကျွမ်းကျင်ပုံမရ။ သူမ လက်ထဲရှိ အသားတုံးသည် ခွေးဆွဲသည့်အမာ အပိုင်းပိုင်း အစစ ဖြစ်သွားလေသည်။

သံမဏိကား ကြာကြာကြည့်နိုင်တော့ပုံမရ။ သူမလက်ထဲရှိ ဓားကိုယူပြီး ပြောလိုက်သည်။

"ဒါကို ကျွန်တော် လုပ်လိုက်ပါမယ် ခင်ဗျားက မီးအားကောင်းလာအောင် သစ်ကိုင်းခြောက်တွေသာ များများသွားရှာလိုက်ပါ"

ထိုစဉ် စုချန်းက သစ်ပင်တပင်ကို ခုတ်လှဲရင်း တုချိန်း၏ မေးခွန်းကို ဖြေလိုက်သည်။

"ဒါက အင်အားကို ခင်ဗျား ဘယ်လို အဓိပ္ပါယ်ဖွင့်သလဲဆိုတဲ့ အပေါ်မှာ မူတည်တယ်"

"ခင်ဗျား ဘာကိုဆိုလိုတာလဲ"

လူတိုင်းလိုလိုက တပြိုင်နက်တည်း မေးခွန်းထုတ်လိုက်၏။

"လူတိုင်း လူတိုင်းဟာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အင်အားကြီးမားလာအောင် ကြိုးစားနေကြတယ် ကျူ ပ်အတွက်ကတော့ အင်အားဆိုတာ တခုနဲ့တခု ပတ်သက်ဆက်နွယ်နေတဲ့ အရာပဲ အက်ဒမန်တင်းမျောက်ဝံဘီလူးဟာ အင်အားမကြီးဘူးလား သိပ်ကြီးတာပေါ့ ခွန်အားစစ်စစ်ချင်းသာ ယှဉ်မယ်ဆိုရင် စုချန်း နှစ်ယောက် သုံးယောက် ပေါင်းတာတောင် သူ့ကိုနိုင်မှာမဟုတ်ဘူး ဒါပေမဲ့ ခုတော့ ကျူ ပ်က သူ့ကို သတ်လိုက်နိုင်တယ် ဒါဘာကြောင့်လဲ ကျူ ပ်ဆီမှာ မူလကိရိယာတွေ ဆေးဝါးတွေ ခွန်အားကို ပြန်လည်ဖြည့်တင်းပေးနိုင်တဲ့ မူလကျောက်တုံးတွေ ပါနေလို့ပဲ ဒီပစ္စည်းတွေမပါရင် ကျူ ပ်က သူ့ကို ဘယ်နိုင်ပါ့မလဲ ကဲ ဒီတော့ ခင်ဗျားတို့ ပြောကြစမ်းပါ အင်အားကို ခင်ဗျားတို့ ဘယ်လို အဓိပ္ပါယ်ဖွင့်မလဲ ဘယ်လိုသတ်မှတ်မလဲ ဗဟုသုတဆိုတာလဲ ဒီသဘောပဲပေါ့ သူဟာ အင်အားရဲ့ အစိတ်အပိုင်းတခု သူက တစုံတယောက်ကို အင်အားကောင်းလာအောင် ကူညီပေးနိုင်တယ်"

ဆွန်းချီစု ရယ်မောလိုက်သည်။

"ခင်ဗျားပြောတာ ဟုတ်မှာပါ ဒါပေမဲ့ ဒါက ကိုယ့်ရဲ့ အင်အားအစစ်မှ မဟုတ်တာ ကျူ ပ်တို့ကတော့ ကိုယ့်အင်အားကိုပဲ ကိုယ်ယုံတယ်ဗျာ အကြွင်းမဲ့ အင်အားကသာလျင် အရာရာကို လွှမ်းမိုးနိုင်မယ်"

စုချန်း ခေါင်းခါလိုက်သည်။

"အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းပါနဲ့ဗျာ ခင်ဗျားပြောတဲ့ အရာရာကို လွှမ်းမိုးနိုင်တဲ့ အကြွင်းမဲ့စွမ်းအားဆိုတာ ဘာလဲ ဘယ်နေရာမှာ သွားရှာမလဲ ကျန်းချန်းအန် အင်အားကြီးမားတာ မှန်တယ် ဒါပေမဲ့ ဂျီဟန်းယင်က သူ့ကို လက်တဖက်တည်းနဲ့ လွင့်ထွက်သွားအောင် လုပ်နိုင်တယ် ဒါပေမဲ့ ဂျီဟန်းယင် ဘယ်လောက် အင်အားကောင်းကောင်း သူဟာ နဂါးအသွင်ပြောင်းခြင်းစာရင်းမှာ အဆင့်လေးနေရာပဲ ရှိတယ် ဒါဟာ သူ့ရှေ့မှာ သူ့ထက် သန်မာတဲ့လူ သုံးယောက် ရှိနေသေးတယ်လို့ ဆိုလိုတာပဲ ဒါဆိုရင် နဂါးအသွင်းပြောင်းခြင်းစာရင်းမှာ နံပတ်တစ်ရထားတဲ့ ကျောင်းသားက အင်အားအကောင်းဆုံး ဖြစ်သွားပြီလား မဟုတ်သေးဘူး သူ့အထက်မှာ ဆဌမ သတ္တမ အဌမနှစ် ကျောင်းသားတွေ ရှိနေသေးတယ် သူတို့အထက်မှာလည်း အထူး နတ်ဆိုးဘုရင်အဆင့် သွေးဗီဇ ပါရမီရှင်တွေ ရှိနေပြန်တယ် သူတို့ဘယ်လောက်ပဲ အင်အားကောင်းကောင်း သူတို့ဟာ ချီစွမ်းအားစုဆောင်းခြင်းနယ်ပယ်မှာပဲ ရှိနေသေးတယ်ဆိုတာ မမေ့ပါနဲ့ လောကကြီးမှာ သူတို့ထက် အင်အားကြီးမားတဲ့လူတွေ ထောင်သောင်းချီပြီး ရှိနေသေးတယ် စကြာဝဋာ တိုက်တစ်သောင်းမှာ အစွမ်းအထက်ဆုံးဆိုတဲ့ လူကလွဲလို့ ငါကတော့ အကြွင်းမဲ့စွမ်းအားရှင်လို့ ဘယ်သူပြောရဲသေးသလဲ"

ဆွန်းချီစု ဘာပြောရမှန်း မသိတော့။ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့လေပြီ။ စုချန်းက စကားဆက်ပြန်သည်။

"အရေးကြီးတာက ခင်ဗျားရဲ့ အမြင့်ဆုံးအင်အားဟာ တခြားလူကို မလွှမ်းမိုးနိုင်ဘူးဆိုရင် ငါ့ရဲ့အင်အားကတော့ မလုံလောက်သေးဘူးလို့ ယူဆလိုက်ဖို့ပဲ အကြွင်းမဲ့ အင်အားဆိုတဲ့ အသုံးအနှုံးကို မေ့ထားလိုက်တာ ပိုကောင်းတယ်ဗျ ကျူ ပ်ပြောခဲ့တဲ့ ယုတ္တဗေဒကို အခြေခံပြီး စဉ်းစားရင် အကြွင်းမဲ့ ဗဟုသုတနဲ့ အရာအားလုံးကို မထိန်းချူ ပ်နိုင်ဘူးလို့ ကျူ ပ် သေသေချာချာ ပြောနိုင်တယ် တကယ်လို့ အရာအားလုံးကို မထိန်းချူ ပ်နိုင်ဘူး ဆိုရင်လည်း ကျူ ပ်လေ့လာထားတဲ့ အသိပညာ ဗဟုသုတတွေဟာ အကြွင်းမဲ့ဆိုတဲ့အဆင့်ကို မရောက်သေးဘူးလို့ တပ်အပ်ဆိုနိုင်ပြန်တယ် ဒီယုတ္တဗေဒဟာ ဘာအဓိပ္ပါယ်လည်းဆိုတာ ခင်ဗျား တွေးမိရဲ့လား"

".........."

စုချန်း စကားဆက်ပြန်သည်။

"ကျူ ပ်တွေးမိတာကတော့ ခင်ဗျား ကြာနိုင်သမျှ ကြာအောင် သုံးလိုရနေသ၍ ဘယ်ကပဲရသည်ဖြစ်စေ အင်အားဟာ အင်အားပဲ ဗဟုသုတဟာ အင်အားရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတခုလို့ ကျူ ပ် သေသေချာချာ ပြောနိုင်တယ် သူက ကျူ ပ်အတွက် ကောင်းကျိူ းတွေအများကြီး ယူလာပေးတယ် ဥပမာအနေနဲ့...."

စကားကိုဆုံးအောင်မပြောပဲ စုချန်းက အနက်ရောင်သတ္တုစက်လုံးငယ် တလုံးကို ဆွဲထုတ်လိုက်သည်။

"အဲဒါ ဘာကြီးတုန်း"

ဝမ်တောက်ရှန်း၏ အမေး။

"အစ်ကိုကြီးဝမ် ခင်ဗျား ဝိုင်ကရားတွေကို မှတ်မိတယ်မလား"

စုချန်းက ထပ်ဆင့်မေးခွန်း ဖြစ်သည်။ ဝမ်တောက်ရှန်း မျက်လုံးပြူ းသွား၏။

"အဲဒါလေးက ဝိုင်ကရားကို ပိုကောင်းလာအောင် ပြုုပြင်ထားတာလား ဘာကြောင့် အရွယ်ပိုသေးသွားတာတုန်း"

"ဒါကိုမှ ပိုကောင်းအောင် ပြုပြင်ထားတယ်လို့ မပြောရင် တခြားဘယ်ဟာမှ ပြောလို့ရတော့မှာမဟုတ်ဘူး အစ်ကိုကြီးဝမ်"

စုချန်းက ဖြေလိုက်၏။

"ကျူ ပ်က ဝိုင်ကရားထဲမှာ ပါဝင်တဲ့ ပစ္စည်းတွေကို ဖိနှိပ်ပြီးတော့ ချူံ့ပစ်လိုက်တယ် အရွယ်ငယ်ပေမဲ့လို့ အထင်တော့မသေးနဲ့ သူက ဝိုင်ကရားထက် ပိုပြင်းတယ်ဗျ ကျူ ပ်ကတော့ ဒါလေးကို မိုးကြိုးမီးလျံစက်လုံးလို့ နာမည်ပေးထားတယ်"

လူတိုင်းလိုလိုသည် စိတ်ဝင်စားလာကြ၏။

"နည်းနည်းစမ်းကြည့်ပါလားကွ"

ဝမ်တောက်ရှန်းက စိတ်လှုပ်ရှားသံကြီးနှင့် ပြောလိုက်သည်။

"ခင်ဗျားတို့အားလုံးကော ဘယ်လိုသဘောရသလဲ"

စုချန်းက ကျန်အဖွဲ့သားများကို လှည့်ကြည့်ရင်း မေးမြန်းလိုက်သည်။ သူတို့အားလုံး ခေါင်းညိတ်ပြလိုက်ကြ၏။ အသိပညာ ဗဟုသုတမှ မည်သို့သော အင်အားမျိူ း ပေါ်ထွက်လာမည်မှန်း သူတို့အားလုံး သိရှိလိုနေကြသည် မဟုတ်ပါလား။

"ကောင်းပြီ"

ထို့နောက် သူက တိမ်တိုက်ကျားသစ်အား လှည့်ကာ ပြောလိုက်သည်။

"တိမ်တိုက်ကျားသစ် ငါတို့လာခဲ့တဲ့ လမ်းမှာ ဆူးပျားကောင် အုပ်လိုက်ကြီး တွေ့ခဲ့တာ မှတ်မိသေးလား"

"မှတ်မိသားပဲ"

"ကောင်းပြီ ကျူ ပ်တို့ရဲ့ ညစာ မျောက်ဝံကြီးအသားကို ပျားရည်နဲ့ သုတ်ပြီး ကင်လိုက်မယ်ဆိုရင် အတော်ကောင်းမှာပဲ ဘယ်လိုသဘောရသလဲ"

"သိပ်ကောင်းတာပေါ့ကွာ"

တိမ်တိုက်ကျားသစ်က ရယ်မောရင်း ပြောလိုက်သည်။ စကားဆုံးသည်နှင့် သူသည် ထိုနေရာမှ လှစ်ခနဲ ထွက်ပြေးသွားလေသည်။ သိပ်မကြာမီ သူပြန်ရောက်လာ၏။ လက်ထဲတွင်လည်း ကြီးမားလှသော ပျားအုံကြီးကို ကိုင်လျက်သား။ သူ့နောက်တွင်တော့ များပြားလှသော ပျားအုပ်ကြီးက တဝီဝီအသံပြုလျက် လိုက်ပါလာကြလေသည်။ ပျားတကောင်ချင်းစီ၏ အရွယ်အစားမှာကား မသေးလှ။ အငယ်ဆုံးကောင်သည် လူကြီး လက်သီးဆုပ်ခန့်ရှိပြီး အကြီးဆုံးပျားများသည် လူကြီးမျက်နှာခန့်ပင် ကြီးမားလေသည်။ ကြောက်မက်ဖွယ်ရာ ပျားများကို မြင်တွေ့သောအခါ ကျန်းရှတို့လူစု ထိတ်လန့်ကုန်ကြ၏။

အနှီပျားများသည် ရုတ်တရက်ကြည့်လျင် ဝိညာဉ်မြှုပ်နှံခြင်းတံခါးပေါက်အတွင်းရှိ အရိပ်မြွေများနှင့် တူလှသည်။ ထို့အတူ စွမ်းအားချင်းကလည်း မတိမ်းမယိမ်းပင်။ အကောင်ရေများသလောက် အဆိပ်ပြင်းထန်လှ၍ အတော်လေး အန္တရာယ်များသော သတ္တဝါများပင်။ ကျန်းရှတို့အနေနှင့် နောက်ထပ် မျောက်ဝံနှစ်ကောင်နှင့်သာ တွေ့လိုသည်။ အနှီပျားများနှင့်တော့ ရင်မဆိုင်လို။

ထိုအခါ ပျားအုံကြီးကို ကိုင်လျက်ပြေးလာသော တိမ်တိုက်ကျားသစ်ကို မြင်သောအခါ သူတို့အားလုံး ထခုန်မိကြတော့သည်။

"ဟေ့ ဟေ့ မင်းရူးနေတာလား ဒီကောင်တွေကို ဒီနေရာကိုမှ မျှားခေါ်လာရသလား"

ယန်ဖုချင်းက ထိတ်လန့်တကြားနှင့် အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် ကျန်းရှနှင့် တခြားလူများသည် တိုက်ခိုက်မှုကို စတင်ခဲ့လေပြီ။ ပျာတချိူ့သည် ၎င်းတို့၏ မူလစွမ်းရည်များကြောင့် သေဆုံးကုန်ကြ၏။ သို့သော် ပျားအုပ်မှာ လျော့မသွားသည့်အပြင် တိုက်ခိုက်မှုမှာလည်း ပို၍ ပြင်းထန်လာတော့သည်။ ပျားများ၏ အရေခွံမှာ မာကျောလှပေရာ ကျန်းရှတို့၏ တိုက်ခိုက်မှုမှာ ထင်တိုင်းမပေါက်လှပေ။ ထိုအခါ သူတို့က မိမိတို့၏ အကာအကွယ် မူလစွမ်းရည်များကိုပါ ဆက်တိုက်နှိုးဆွထားရလေသည်။

ပျားများသည် အကာအကွယ်များပေါ်သို့ တဝုန်းဝုန်းနှင့် ထိုးဆင်းရင်း ဝင်ရောက်တိုက်ခိုက်ကြလေရာ ပတ်ဝန်းကျင်တခုလုံး အလင်ရောင်များ ပြိုးပျက်ဝင်းလက်နေတော့သည်။ ထိုအချိန်တွင် ပျားများက တိုက်ခိုက်မှုပုံစံကို ပြောင်းလဲလိုက်၏။ အနီးကပ်ဝင်ရောက်ကိုက်ခဲခြင်းမျိူ းမဟုတ်တော့ပဲ ဆူးပျား ဟူသောနာမည်နှင့်လိုက်အောင် ဆူးချွန်များနှင့် ပစ်လွှတ်တိုက်ခိုက်ခြင်း ဖြစ်သည်။

အဆိပ်ဆူးချွန်များကား မိုးသီးမိုးပေါက်ပမာ ပျံ့လွင့်လာခဲ့လေပြီ။

"ဟေ့ စုချန်း ခုချိန်ထိ ဘာမှမလုပ်သေးပဲ ရပ်ကြည့်နေရသလား"

တိမ်တိုက်ကျားသစ်က လှမ်းအော်လိုက်၏။ လူအုပ်ထဲတွင် သူ့အခြေအနေမှာ အဆိုးဆုံးဖြစ်၏။ အကြိမ်ပေါင်းများစွာ အကိုက်ခံထားရခြင်းကြောင့် သူ့တကိုယ်လုံး ရောင်ကိုင်းပြီး အညိုအမဲ စွဲလျက်ရှိလေသည်။

"နှိုင်းယှဉ်ပြဖို့ လိုအပ်သေးတယ်လေကွာ"

စုချန်းက ရယ်မောရင်း ပြောလိုက်၏။

ထိုအချိန်တွင် ကျန်းရှတို့အုပ်စုမှာလည်း မသက်သာလှ။ မူလစွမ်းရည်များကြောင့် ပျားတချိူ့သေဆုံးသွားသလို အဆိပ်ဆူးချွန်များကြောင့် သူတို့အားလုံး နာကျင်လျက်ရှိလေပြီ။

ထိုအခိုက်မှာပင် စုချန်းက သတ္တုစက်လုံးငယ်မှ ဖုထွက်နေသော အရာလေးကို နှိပ်လိုက်ပြီး ပျားကောင်အုပ်ကြီး ရှိရာသို့ ပစ်ပေါက်လိုက်၏။ ပါးစပ်မှလည်း ကျယ်လောင်စွာ အော်ဟစ်သတိပေးလိုက်သည်။

"လူတိုင်း ဝပ်ထားကြ"

လူတိုင်းလိုလို စုချန်း၏ သတိပေးစကားအတိုင်း တသွေမတိမ်းပြုလုပ်လိုက်ကြ၏။ သတ္တုစက်လုံးငယ်သည် ပျားအုပ်ကြီးရှိရာသို့ ပျံသန်းသွားပြီး ဝုန်းခနဲ ပေါက်ကွဲသွားတော့သည်။ စက်လုံး ပေါက်ကွဲသွားသည်နှင့် တပြိုင်နက် သတ္တုအပိုင်းအစများသို့ အရပ်ရှစ်မျက်နှာသို့ ပေတရာတိုင်အောင် ပျံ့လွင့်သွား၏။ အနီးအနားရှိ သစ်ပင်များမှာ တဝုန်းဝုန်းနှင့် ကျိူ းပဲ့ကုန်ကြလေသည်။

အတန်ကြာမှာ သူတို့အားလုံး ခေါင်းမော့ကြည့်ဝံ့ကြသည်။ မီးတောက်မီးလျံများကား ပျောက်ကွယ်သွားခဲ့လေပြီ။ ထိုနည်းတူစွာ ပျားအုပ်ကြီးမှာလည်း တကောင်တမြီးမျှပင် မကျန်အောင် မျိူ းပြုသွားခဲ့လေပြီ။ သူတို့ကား အံ့သြသင့်၍ မဆုံးတော့။

ချီစွမ်းအားပညာရှင် ၇ယောက် ၈ယောက်မျှကို ဒုက္ခပေးနိုင်သည့် ပျားအုပ်ကြီးကို အနှီ သတ္တုစက်လုံးလေး တလုံးနှင့် အဆုံးသတ်လိုက်နိုင်သတဲ့လား။ လူတိုင်းလိုလိုသည် စုချန်းကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေကြ၏ ဤလူငယ်လေး၏ လက်မောင်းအိုးအတွင်းဝယ် ဤမျှ စွမ်းအားပြင်းထန်သည့် လက်နက်မျိူ း ပါလာမည်ဟု မည်သူထင်မည်နည်း။

"အစ်ကိုကြီးဝမ် ကျူ ပ် ရေလိုတယ်ဗျ မဟုတ်ရင် ဒီတောက်တတောင်လုံး မီးလောင်သွားလိမ့်မယ်"

ဝမ်တောက်ရှန်းက လက်နှစ်ဖက်ကို ကပျာကယာ လှုပ်ယမ်းလိုက်ရာ ဆီးနှင်းများ တဖွဲဖွဲကျဆင်းလာပြီး မီးငြိမ်းသွားလေသည်။ လူတိုင်းသည် မီးလောင်ပြင်ကို လမ်းလျှောက်ကြည့်နေကြ၏။ အတုံးအရုံး လဲကျသေဆုံးနေသော ဆူးပျားကောင်များကို မြင်တွေ့ရသောအခါ သူတို့အားလုံး တယောက်မျက်နှာကို တယောက် ကြည့်မိကြ၏။

စုချန်းသည် ပေါက်ကွဲစေတတ်သော ဆေးရည်ကို အဆင့်မြှင့်ခဲ့ပြီး ဝိုင်ကရားများအစား သတ္တုစက်လုံးများကို အစားထိုးအသုံးပြုခဲ့၏။ ထိုအခါ ဆေးရည်၏ ပြင်းအားကလည်း ယခင်ကထက် အဆပေါင်းများစွာ ပိုလာခဲ့ပြီး ထိန်းချူ ပ်ရေးနည်းစနစ်ကလည်း ပို၍ တိကျလာခဲ့လေသည်။ အကြမ်းဖျင်းပြောရလျင် စုချန်းသည် သတ္တုစက်လုံးတွင် ခလုတ် ခုနှစ်မျိူ းအထိ တပ်ဆင်ထား၏။ ခလုတ်များကို အမျိူ းမျိူ းအဖုံဖုံ ပေါင်းစပ်အသုံးပြုပြီး ယခင်ကဲ့သို့ ပေါက်ကွဲချိန်ကို မှန်းဆနေရ မလိုတော့ပဲ တိတိကျကျ တွက်ချက်လာနိုင်ခဲ့ပြီ ဖြစ်သည်။ စက်လုံးကို သတ္တုများနှင့် ဖန်တီးထားခြင်းကြောင့် ပေါက်ကွဲချိန်တွင် သတ္တုအပိုင်းအစများ လွင့်ပျံထွက်လာစေပြီး ပေါက်ကွဲအား ပိုမိုပြင်းထန်လာသည့်အပြင် သက်ရောက်မှု ဧရိယာမှာလည်း များစွာ ကျယ်ပြန့်လာစေခဲ့လေသည်။

ထိုအခါ ဝမ်တောက်ရှန်းက

"မင်းပစ္စည်းက အတော်လေး ဈေးကြီးမဲ့ပုံပဲ ဘာကြောင့် မျောက်ဝံဘီလူးနဲ့ ရင်ဆိုင်ချိန်မှာ ဒီပစ္စည်းကို မသုံးတာလဲလို့ ကျူ ပ်က မေးမယ်ဆိုရင်ကော"

"မိုးကြိုးမီးလျံစက်လုံးက တဦးချင်းတိုက်ပွဲတွေနဲ့ မသင့်လျော်လှဘူးဗျ သူက အားနည်းပြီး အကောင်ရေများတဲ့ သတ္တဝါမျိူ းတွေနဲ့ ရင်ဆိုင်ရမှ ထုတ်သုံးသင့်တဲ့ လက်နက်မျိူ း ပြီးတော့ ဒီစက်လုံးတွေက သိပ်ပြီးဈေးကြီးတာ တခုကို မူလကျောက်တုံး ၁၂၀လောက် တန်တယ် မျောက်ဝံဘီလူး တကောင်မှ မူလကျောက်တုံး ၅၀၀ပဲ တန်တာ စက်လုံး၁၀လုံး ထုတ်သုံးလို့မှ ဒီကောင်ကြီး မသေရင် ကျူ ပ်မှာ မူလကျောက်တုံး ၇၀၀ အလကား မရှုံးပေဘူးလား ခု စက်လုံး တလုံး ထုတ်သုံးတယ်ဆိုတာက ခင်ဗျားတို့ကို သရုပ်ပြဖို့ သုံးတာ တန်ဖိုးကို ခင်ဗျားတို့အားလုံး မျှခံရမယ်"

"............"

လူတိုင်းလိုလိုသည် ဘာပြောရမှန်းမသိတော့ပဲ ပါးစပ်ပိတ်ကုန်ကြ၏။

ကျန်းရှ၏ စိတ်ထဲတွင်ကား စုချန်းအပေါ် သူ၏ ကနဦးခန့်မှန်းချက် မှန်သည်ဟု ယူဆလိုက်သည်။ စုချန်းသည် လောဘကြီးသူပေတကား။

အတန်ကြာသော် တုချိန်းက ရုတ်တရက် မေးမြန်းလိုက်သည်။

"အစ်ကိုကြီးစုချန်း ရှင့်မှာ ဒီပစ္စည်း အများကြီးပဲ ရှိသလား"

စုချန်း ပြုံးစေ့စေ့နှင့် ပြောလိုက်သည်။

"ရှိတာပေါ့ သိပ်အများကြီးတော့မဟုတ်ဘူး နည်းနည်းပါးပါးပါပဲ ဘာလဲ မင်းက လိုချင်လို့လား ကျူ ပ်တို့က သူငယ်ချင်းတွေဆိုတော့ အများပြီးမတောင်းပါဘူး မူလကျောက်တုံး ၁၀၀ပဲ ယူလိုက်မယ် ဘယ့်နှယ့်လဲ"

စုချန်း၏ စကားကိုကြားလိုက်ရသောအခါ ကျန်းရှ၏ ဦးနှောက်ထဲတွင် စိတ်ကူးတခု ပေါ်ပေါက်လာ၏။

အဖွဲ့ကို ဦးဆောင်လို၍များ စုချန်း ဤသို့ပြောလေသလား...

သို့တည်းမဟုတ် သူ၏ မီးလျံစက်လုံးများ ရောင်းကောင်းစေရန် ရိုးရှင်းသော စိတ်ရင်းနှင့် ဤသ်ု့ိပြောလေသဘော။

All Chapters