← Chapters

စကားဖောင်ဖွဲ့တဲ့ည

Vol. 21 Ch. 205

စကားဖောင်ဖွဲ့တဲ့ည

Vol. 21 Ch. 205

မည်သို့မည်ပုံ သံသယများနေစေကာမူ သူတို့အားလုံးသည် မိမိတို့၏ အိတ်ကပ်များကို ဖွင့်ပြီး စုချန်း၏ မိုးကြိုးမီးလျံစက်လုံးများကို ဝယ်ယူလိုက်ကြလေသည်။

သူတို့အားလုံး၏ စိတ်ထဲတွင်လည်း မိမိတို့၏ ကိုယ်ပိုင်အင်အားကို အထူးတလည် ဆန့်ကျင်ပြောဆိုနေခြင်း မရှိစေကာမူ ဤလက်နက်ကို အသက်ကယ်ဝှက်ဖဲဟု တညီတညွတ်တည်း သတ်မှတ်ထားကြ၏။ မည်သို့ဆိုစေ နောက်ဆုံးတွင် မီးလျံစက်လုံး အလုံး၃၀ထိ စုချန်း ရောင်းချလိုက်ရ၏။ စုချန်းအနေနှင့် ထိုထက်ပိုမို ရောင်းချလိုသည့်တိုင် မည်သူမှ ငွေမပါတော့။

အချိန်ခနလေးအတွင်း စုချန်းတယောက် မူလကျောက်တုံး ၃၀၀၀အထိ ရှာဖွေနိုင်လိုက်၏။

ထိုအချိန်တွင် မျောက်ဝံဘီလူးသားသည် စားသောက်နိုင်သော အခြေအနေသို့ ရောက်ရှိနေခဲ့လေပြီ။ သူတို့အဖွဲ့သည် မီးဖိုဘေးတွင် ဝိုင်းဖွဲ့ထိုင်ကာ မျောက်ဝံဘီလူးသား တကိုက်ကိုက်လိုက်၊ အသင့်ဝယ်လာသော ဝိုင်ကို တငုံသောက်လိုက်နှင့် ဇိမ်ကျနေကြ၏။ စကားပြောသံ၊ ရယ်သံများကြောင့် ပတ်ဝန်းကျင်တခုလုံးလည်း ဆူညံလျက်ရှိလေသည်။

ယခင်တုန်းက သူတို့သည် တယောက်နှင့်တယောက် ယုံကြည်မှုမရှိခဲ့။ သို့သော် ကိစ္စအတော်များများကို လက်တွဲဖြေရှင်းပြီးနောက်တွင်တော့ သူတို့အကြားရှိ ပြသနာအသေးအဖွဲများ၊ မကျေနပ်မှုများ၊ ကွဲပြားခြားနားမှုများသည် တဖြည်းဖြည်း လျော့ပါးပျောက်ဆုံးသွားခဲ့လေပြီ။

ယခုအချိန်ထိ တစောင်းစေးနှင့် မျက်ချေး ဖြစ်နေသူများဟူ၍ တုချိန်းနှင့် တိမ်တိုက်ကျားသစ်တို့သာ ကျန်တော့သည်။ ဤနေရာမျိူ းတွင် အနည်းငယ်မျှ သုံးစားမရသော တိမ်တိုက်ကျားသစ်သည် မိန်းကလေးတယောက်ကို ချော့ရကောင်းမှန်း သိသူမဟုတ်။ ထိုအခါ တုချိန်းသည် တိမ်တိုက်ကျားသစ်အား တချိန်လုံး မျက်စောင်းတခဲခဲနှင့် ဒေါပွလျက်ရှိ၏။

အချိန်မှာ မြန်မြန်ဆန်ဆန်ပင် ကုန်ဆုံးသွား၏။ လူတိုင်း အိပ်စက်အနားယူရန် ပြင်ဆင်နေကြလေပြီ။ ထိုအခိုက်မှာပင် တိမ်တိုက်ကျားသစ်က တစုံတခုကို တွေးတောမိဟန်ဖြင့် ထပြောလိုက်သည်။

"ကျူ ပ်တို့ထဲက တယောက်ကတော့ ကင်းစောင့်သင့်တယ်ထင်တာပဲ"

ကျန်းရှ အံ့သြသွား၏။

"လိုလို့လား ကျူ ပ်တို့မှာ သတိပေးပုံစံကွက် ရှိနေတာပဲဟာ"

သတိပေးပုံစံကွက်ဟူသည်မှာ အချက်ပေးပုံစံ မူလစွမ်းအင်ပုံစံကွက်တမျိူ း ဖြစ်သည်။ မိမိ ပတ်ဝန်းကျင်တွင် မူလစွမ်းအင် လှိုင်းဂယက်များ ပေါ်ပေါက်လာပါက အချက်ပေးနိုင်သော ပုံစံကွက်မျိူ းပင်။ အင်အားကြီးမားသော သတ္တဝါတကောင်ကောင် သူတို့အနီးသို့ ရောက်လာပါက ထိုပုံစံကွက်က ကျယ်လောင်စွာ အချက်ပြပေလိမ့်မည်။ ထိုပစ္စည်းသည် ကျောင်းပြင်ပ လေ့ကျင့်ခန်းဝင်နေသော နဂါးကျောင်းတော်သားတိုင်း မရှိမဖြစ် ရှိထားရမည့် ပစ္စည်းတမျိူ းပင်တည်း။

သားရဲကာကွယ်ဆေးရည်သည် သားရဲသတ္တဝါဆိုးများ အနားကပ်မလာအောင် ကာကွယ်ပေးနိုင်၏။ သို့သော် ဈေးကြီးလှသည်။ ဖြည့်ပြောရလျင် အနှီဆေးရည်သည် သားရဲသတ္တဝါဆိုးများကိုသာ ကာကွယ်နိုင်၏။ လူသားတယောက်ယောက် ပေးလာနိုင်သည့် အန္တရာယ်ကိုကား မကာကွယ်နိုင်ချေ။

တိမ်တိုက်ကျားသစ်က သိပ်မထူးဆန်းသော လေသံနှင့် ပြန်ပြောလိုက်၏။

"တချိူ့ သတ္တဝါတွေဟာ သူတို့ရဲ့ မူလစွမ်းအင်ကို ဖုံးအုပ်ထားနိုင်ပြီး သတိပေးပုံစံကွက်ကို ကျော်လွှားသွားတတ်တယ်"

ကျန်းရှ လေးလေးနက်နက် စဉ်းစားနေ၏။ တိမ်တိုက်ကျားသစ်၏ စကားကို သူလက်ခံသည်။ ထို့ကြောင့် ကင်းချချင်သည်။ သို့သော် မည်သူက ညကြီးအချိန်မတော် ကင်းစောင့်ချင်မည်နည်း။ အမှန်တော့ ကျန်းရှသည် အလွန်တည်ငြိ်မ်သူ ဖြစ်သည်။ သို့သော် ရဲရင့်ခြင်းကားမရှိ။ တခြားလူများ စိတ်ဆိုးမည်ကို စိုး၍ ကင်းချမည့်အရေးကို သူ ချီတုံချတုံ ဖြစ်နေ၏။ နောက်ဆုံးတွင် သူက ဇွတ်မှိတ်၍ ပြောလိုက်သည်။

"ဒီလို သတ္တဝါမျိူ းက ရှားပါတယ်ကွာ ကျူ ပ်တို့ရဲ့ ကံတရားက ဒီလောက်လည်း နုံနဲ့မယ် မထင်ပါဘူး"

ထိုအခါ တိမ်တိုက်ကျားသစ်၏ နှုတ်ခမ်းပေါ်တွင် မခိုးမခန့်နိုင်သော အပြုံးတရပ် ပေါ်လာ၏။ ကျန်းရှသည် သူတို့အားလုံး၏ လုံခြုံရေးကို ကံတရားအပေါ်တွင် ပုံအပ်လိုက်၍ လှောင်ပြောင်သည့် အပြုံးမျိူ း ဖြစ်သည်။ အပြုံးနောက်ကွယ်ရှိ အဓိပ္ပါယ်ကို လူတိုင်း နားလည်သဘောပေါက်လိုက်ကြ၏။ ထိုစဉ် တုချိန်းက စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။

"ရှင်ဟာ ဘယ့်နှယ်ကြောင့် တလမ်းလုံး ခွတိုက်နေရတာတုန်း ဒီလောက်ထိအောင် အသေးစိတ်ကြောက်လန့်နေမှတော့ ကျဆုံးခြင်းသိမ်းငှက်တောင်က ပြန်လာတဲ့ သမ္ဘာကြီးပါလို့ ဘယ်လိုလုပ် ဝင့်ကြွားနိုင်တော့မတုန်း"

တိမ်တိုက်ကျားသစ်က ခံစားချက်မရှိသော ဟန်ပန်နှင့် ပြောလိုက်ပြန်သည်။

"တကယ့် ကျွမ်းကျင်သူတွေဟာ ဘာကိုမှ ကြောက်လန့်နေလေ့မရှိဘူးဗျ ဒါပေမဲ့ အဆင့်တိုင်းကိုတော့ သတိကြီးကြီးနဲ့ ဖြတ်သန်းလေ့ရှိတယ်"

တိမ်တိုက်ကျားသစ်၏ ဤစကားကတော့ လူတိုင်းလိုလို၏ နှလုံးသားကို လှုပ်နှိုးလိုက်သကဲ့သို့ ရှိသည်။ သူတို့ အနေနှင့် အသေးစိတ် မေးမြန်းလိုကြ၏။ သို့သော် တိမ်တိုက်ကျားသစ်က စကားအစမခံတော့။ သူက ခပ်ပြတ်ပြတ်ပင် ပြောလိုက်သည်။

"ခင်ဗျားတို့ ကင်းသမားရွေးရ သိပ်ခက်နေရင် ဒီအကြံက ကျူ ပ်အကြံဆိုတော့ ကျူ ပ်ပဲ ဒီတာဝန်ကို ယူလိုက်မယ်"

တိ်မ်တိုက်ကျားသစ် ကင်းစောင့်မည်ဆို၍ ကျန်းရှ ဘဝင်ကျသွား၏။ အထူးတလည် ပြောဆိုနေခြင်း မရှိတော့။ အချိန်ကလည်း မစောလှပြီ ဖြစ်လေရာ လူတိုင်းလိုလို အိပ်ယာဝင်ရန် ပြင်ဆင်လိုက်ကြသည်။

တိမ်တိုက်ကျားသစ်ကား သစ်ပင်အောက်တွင် တယောက်တည်းထိုင်ရင်း အဝေးကို လှမ်းမျှော်ကြည့်ရှုလျက်ရှိသည်။ အချိန်မည်မျှ ကြာသွားသည်မသိ။ သူ့နောက်ကျောမှ အသံတချိူ့ကို တိ်မ်တိုက်ကျားသစ် ကြားလိုက်ရ၏။

"ဟေ့ ဘယ်သူလဲ"

သူက အော်ဟစ်မေးမြန်းလိုက်သည်။

"ငါပါကွ"

ထိုလူမှာ တခြားလူမဟုတ်။ စုချန်းပေတည်း။ စုချန်းသည် လေထဲမှ ပျံသန်းလာပြီး သစ်ပင်ထိပ်ဖျားသို့ ရောက်လာ၏။ ထို့နောက် သူက တိမ်တိုက်ကျားသစ်၏ ဘေးတွင် လာထိုင်လိုက်လေသည်။

"မင်းက ဒီကို ဘာလာလုပ်တာတုန်း"

တိမ်တိုက်ကျားသစ်က စုချန်းကို မျက်လုံးပြူ းကာ မေးလိုက်သည်။

"ငါ အိပ်မပျော်လို့ မင်းနဲ့ စကားလာပြောတာ"

စုချန်းက ပြန်ဖြေလိုက်သည်။ ချီစွမ်းအားပညာရှင်များအဖို့ ညဘက်တွင် အချိန်များများ အိပ်စက်ရန် မလိုတော့။ အမှန်တော့ သူတို့၏ အိပ်စက်ခြင်းနှင့် လေ့ကျင့်စဉ် အတော်များများသည် ကျင့်ကြံခြင်းလမ်းကြောင်းပေါ်တွင်သာ တည်နေကြလေသည်။ ၎င်းကို ရှေးဟောင်းအာကင်နာ နည်းစနစ်များတွင် တရားထိုင်ခြင်းဟုခေါ်ပြီး ခေတ်သစ်ကျင့်စဉ်များတွင်တော့ အသက်ရှုလေ့ကျင့်ခန်းများဟု ခေါ်ဆိုကြလေသည်။ စုချန်း၏ မျက်လုံးများသည် မူလစွမ်းအင်ကို မြင်တွေ့နိုင်၏။ သူ့အနေနှင့် မည်သည့်် မူလစွမ်းအင်ကိုမဆို တိုက်ရိုက် စုပ်ယူနိုင်စွမ်းရှိလေသည်။ ထို့ကြောင့် သူ့အနေနှင့် တခြားလူများကဲ့သို့ ညအိပ်ချိန်တွင် အထူးတလည် လေ့ကျင့်နေရန် မလိုလှ။

"မင်းက ဘာပြောချင်တာတုန်း"

တိ်မ်တိုက်ကျားသစ်က မေးလိုက်၏။

"မင်းပြောချင်ရာ ပြောပေါ့ကွာ စကားပြောတယ်ဆိုတာ အလာပသလာပလည်း ပြောလို့ရတာပဲ သီးသန့်ခေါင်းစဉ်ရယ်လ်ု့ိ ထားဖို့မှမလိုတာ"

စုချန်းက သူ့ရှေ့ရှိ သစ်ပင်ကို ခြေကန်ကာ သူ့ကိုယ်ခန္ဓာကို နေသားကျအောင် ပြုပြင်ရင်း ပြောလိုက်၏။ ထိုအခါ တိ်မ်တိုက်ကျားသစ်က ခေတ္တ စဉ်းစားရင်း ပြောလိုက်၏။

"ငါ နားမလည်တာ တခုတော့ရှိတယ်ကွ"

"ငါတို့အဆင့် မင်းရဲ့တောကျွမ်းမှုနဲ့ ဒီနေရာကို ကိုယ့်ဖာသာ လာလို့ရတယ် ဘာကြောင့် သူများနဲ့ သွားပေါင်းသလဲလို့ မင်းတွေးနေတာမလား"

တိမ်တိုက်ကျားသစ်က ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်တယ် ဒီကိစ္စကို ငါစဉ်းစားနေတာ ကြာပြီ ဒါပေမဲ့ နားကိုမလည်နိုင်ဘူး ဖြစ်နေတယ်"

"ဘာကြောင့်လဲဆိုတော့ ငါ့အနေနဲ့ သူငယ်ချင်း နည်းနည်းပါးပါး လိုချင်လို့ပေါ့ကွ"

စုချန်း၏ စကားကြောင့် တိ်မ်တိုက်ကျားသစ် အံ့သြသွား၏။ စုချန်းက စကားဆက်ပြန်သည်။

"ငါ ဒီမှာလေးနှစ်ရှိသွားပြီကွ ဒါပေမဲ့ သူငယ်ချင်းနည်းနည်းပါးပါး ရှာဖို့တောင် အချိန်မရခဲ့ဘူး ဘာပဲဖြစ်ဖြစ် သူငယ်ချင်း တိုးလာတာ ကောင်းတဲ့ကိစ္စပဲလေကွာ"

"ဟမ် ဒါပေမဲ့ ဒီလိုကောင်တွေလား"

တိမ်တိုက်ကျားသစ်က မနှစ်မြို့ဟန်နှင့် ပြောလိုက်သည်။

"သူတို့ရဲ့ တန်ဖိုးကို အရင်တွက်ချက်ပြီးမှ သူငယ်ချင်းလုပ်မယ်ဆိုတဲ့ အတွေးမျိူ း မင်း ဘယ်တုန်းက စတွေးမိသွားတာလဲ"

စုချန်း၏ တန်ပြန်မေးခွန်းကြောင့် တိမ်တိုက်ကျားသစ် ပါးစပ်ပြဲသွား၏။ စုချန်း စကားဆက်လိုက်သည်။

"ပြီးတော့ အတွေ့အကြုံ နည်းတာကလွဲလို့ သူတို့လည်း သိပ်မဆိုးပါဘူး ခင်မင်ရင်းနှီးမှုဆိုတာ အချက်တချက်တည်းနဲ့ ဆုံးဖြတ်လို့ရတဲ့ ကိစ္စမျိူ း မဟုတ်ဘူးလေကွာ တခြားလူတွေနဲ့ စကားပြောရမဲ့ အခွင့်အရေးတိုင်းကို မင်းက လွှင့်ပစ်နေမှတော့ ဘယ်ကလာ သူငယ်ချင်းအသစ် ရပါအုံးမလား"

တိမ်တိုက်ကျားသစ်ကား စုချန်းကို မယုံနိုင်ဟန်ဖြင့် စိုက်ကြည့်နေ၏။ ထိုအခါ စုချန်းက

"ဘာလဲ မင်းက ငါ့ကို မယုံဘူးလား"

"ငါ သေသေချာချာတော့ မပြောတတ်ဘူး ဒါပေမဲ့ ဒီစကားက တမျိူ းကြီးတော့ တမျိူ းကြီးပဲ ခါတိုင်း မင်းပြောနေကျပုံစံ မဟုတ်ဘူး"

"မင်းက ဒါကို သဘောမပေါက်ဘူး ဖြစ်နေတာကိုး"

စုချန်းက ကောင်းကင်ကို မော့ကြည့်ရင်း ပြောလိုက်သည်။ အတန်ကြာအောင် တိတ်ဆိတ်နေပြီးမှ သူက စကားဆက်၏။

"မင်းကိုငါ တခုပြောပြမယ် ငါဟာ အလွန်တရာ တန်ဖိုးကြီးမားတဲ့ အရာတခုကို ရှာဖွေနေတာကွ ဒီသတင်းကို လူထုကြား ဖြန့်ပေးဖို့ ငါ့မှာ လူတချိူ့လိုနေတယ် ကဲ မင်းဘယ်လို သဘောရသလဲ"

"အော် မင်းဆိုလိုတာ မီးလျံစက်လုံးတို့ ဆေးဝါးတို့လ်ို ပစ္စည်းမျိူ းကို ဆိုလိုတာလား"

ထိုအခါကျမှ တိမ်တိုက်ကျားသစ်က သဘောပေါက်သွားဟန်ရှိသည်။ ထို့နောက် သူက အာလုတ်သံကြီးနှင့် ပြောလိုက်၏။

"ဒါကမှ စုချန်းက ဒီလိုမှ မင်းရဲ့ ပင်ကိုယ်ဗီဇနဲ့ တထပ်တည်းကျမှာပေါ့"

စုချန်းက သက်ပြင်းချရင်း ပြောလိုက်ပြန်သည်။

"ငါက သိပ်ပြီး ကြင်နာတတ်တဲ့ ပရဟိတသမားပါကွ ဘယ့်နှယ်ကြောင့် ကလိန်ကကျစ်လုပ်တတ်တဲ့ စီးပွားရေးသမားလို့ မင်းက ငါ့ကို မြင်နေတာတုန်း"

"ဟင် မင်းက မိုးကြိုးမီးလျံစက်လုံးတွေကို ဈေးတင် လက်သိပ်ထိုး ရောင်းနေတာကို ငါ မြင်နေရတဲ့ ဥစ္စာ ဒါကို ပရဟိတသမားကြီးပါ ပြောတိုင်း ငါက ယုံရမှာလားကွ"

"ဟေ့ ဟေ့ မင်းကတော့ ငါ့ကို မှားယွင်းစွပ်စွဲနေတာပဲ ငါဟာ ကိုင်းဟွမ်ကောင်းကင်ဘုံလို နည်းစနစ်မျိူ းကိုတောင် လူသားမျိူ းနွယ်အတွက် အလကား စွန့်ကြဲဖို့ ကြံစည်နေတဲ့ ကောင်ပါဟ"

စုချန်းက အမှန်တကယ် ခံစားရဟန်ဖြင့် ပြောလိုက်သည်။ စုချန်း၏ ပုံစံကိုကြည့်ရင်း တိမ်တိုက်ကျားသစ်က မရယ်စဖူး ရယ်လိုက်သည်။

"မင်းရဲ့ ပေးကမ်းစွန်ကြဲမဲ့ နည်းလမ်းကိုတော့ ငါ ကြည့်အုံးမယ်လေ အဲဒီအပေါ်မူတည်ပြီး မင်းအပေါ် ငါ့အမြင်တွေ ပြောင်းလဲကောင်းပြောင်းလဲလာမှာပေါ့"

"ဟေ့ ဒါတော့ မဟုတ်သေးဘူးလေကွာ အကုန်လုံး အလကားပေးလိုက်လို့တော့ ရမလားကွ အခြေခံကုန်ကျစရိတ်လေး ကာမိအောင်တော့ ပြန်တောင်းအုံးမှပေါ့"

စုချန်းက ရယ်မောရင်း ပြောလိုက်၏။

"ပြီးတော့ လူတွေဟာ အလကားရရင် တန်ဖိုးမထားကြဘူးကွ ဒီတော့ တောင်းသင့်သလောက်တော့ တောင်းအုံးမှ ပြီးတော့ ငါတောင်းတဲ့ဈေးနှုန်းက သင့်ပါတယ် တော်ပြီလေကွာ ဒီလောက်ဆိုရင် ထိုက်သင့်သလောက် ရက်ရောထားပြီးပြီပဲဟာကို"

ထိုအခါ တိမ်တိုက်ကျားသစ်က ပြောင်စပ်စပ်နှင့် ပြောလိုက်သည်။

"တယ်လဲ မြင့်မြတ်တဲ့ကောင်ပါလား ဆရာတော့ သေချာပေါက် စိတ်ဆိုးတော့မှာပဲ"

စုချန်း ခေါင်းမော့ရင်း အားရပါးရ ရယ်မောလိုက်၏။ ပတ်ဝန်းကျင်တခုလုံး ရယ်မောသံများနှင့် ဆူညံသွားလေသတည်း။

___________×××___________×××__________

အိပ်မက်နယ်ပယ်အတွင်းတွင် ဖြစ်သည်။

ဗဟုသုတ ခန်းမ၏ နံရံပေါ်တွင် ကြေညာချက်အသစ်တခုကို ပြသထား၏။

ထိုကြေညာချက်မှာ အောက်ပါအတိုင်း ဖြစ်သည်။

"ရောင်းရန်: သွေးဗီဇအထောက်အပံ့မလိုပဲ သွေးဆူပွက်ခြင်း နယ်ပယ်အတွင်းသို့ ဝင်ရောက်နိုင်မည့် နည်းစနစ်သစ် ရောင်းရန်ရှိသည်။ ဈေးနှုန်းမှာ အိပ်မက်အမှုန် ၁၀၀ ဖြစ်သည်။

ရောင်းချမည့်သူ: တိ်မ်တိုက်လင်းနို့

နည်းစနစ်အား ရောင်းချသူကိုယ်တိုင် ဖန်တီးထားခြင်း ဖြစ်သည်။ နည်းစနစ်၏ တိကျမှန်ကန်မှုကို အိပ်မက်သခင်ကိုယ်တိုင် အတည်ပြု ပြီးဖြစ်သည်။ ခိုးယူသူများအနေနှင့် စုံစမ်းစစ်ဆေးခြင်း ခံရမည်ဖြစ်သည်"

All Chapters