← Chapters

ရွှံ့ဘီလူး ၂

Vol. 22 Ch. 213

ရွှံ့ဘီလူး ၂

Vol. 22 Ch. 213

သေစမ်း!!! သေစမ်း!!!

ကျန်းချန်းအန် ဒေါသတကြီးနှင့် ကျိန်ဆဲနေ၏။

သူတို့ ကံဆိုးလှချေသည်တကား။

သူတို့အဖွဲ့ ဥမင်မြက်ပင် ရှာဖွေနေစဉ် ဤဘေးဆိုး ကျရောက်လာခြင်း ဖြစ်သည်။

ဥမင်မြက်ပင်ဟူသည် ဝိညာဉ်စွမ်းအားများ အမြောက်အများ ပါဝင်နေသည့် မြက်ပင်တမျိူ း ဖြစ်သည်။ ၎င်းတို့သည် မြေအောက်တွင် ကိုယ်ပိုင်လမ်းကြောင်းများ ဖောက်လုပ်ထားတတ်ပြီး အန္တရာယ်တစုံတရာ ကြုံတွေ့ကာ ရုတ်တရက် လမ်းကြောင်းပြောင်းကာ သူတို့ ဖောက်ထားသည် ဥမင်အတွင်းဝယ် ပုန်းခိုနေတတ်၏။

ထို့ကြောင့် ဥမင်မြက်ပင်ဟူသည် အလွန် ခူးရက်ခက်သော အပင်တမျိူ းပင်။ ဥမင်မြက်အမြစ်မှ ထွက်သည့်အရည်သည် မူလကိရိယာများ ပြုလုပ်ရန် အလွန်ကောင်းသည့် ကုန်ကြမ်းတမျိူ း ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့သည် ပြင်ပကမ္ဘာတွင် အလွန် ဈေးကြီးလှပေသည်။

ကျန်းချန်းအန်နှင့် သူ့အဖော်များသည် အမှားတချက်ပြုလုပ်မိ၍ ဥမင်မြက်သည် မြေကြီးအောက်မှ ထွက်ပြေးသွား၏။ ကျေးဇူးတင်စရာကောင်းသည်မှာ သူတို့အဖွဲ့သည် ပစ်မှတ်ကို အထူးတလည် အာရုံစိုက်တတ်သူများ ဖြစ်နေသည်။ ထိုအခါ ထွက်ပြေးသွားသော ဥမင်မြက်ပင်နောက်သို့ လိုက်လာရင်း သူတို့အားလုံး ရွှံ့ဘီလူးနယ်မြေသို့ မတော်တဆ ဝင်ရောက်မိသွားတော့သည်။

သူတို့၏ အစီအစဉ်မှာ မြက်ပင်ကို မြန်မြန်ဆန်ဆန် ခူးယူပြီး ထိုနေရာမှ အမြန်ဆုံး ထွက်ခွာသွားရန်ပင် ဖြစ်သည်။ သို့သော် ရုတ်တရက်ဆိုသလို ရွှံ့ဘီလူးကြီးသည် ရူးသွပ်သွားသကဲ့သို့ သူတို့ရှိရာသို့ တဟုန်ထိုး ပြေးဝင်လာ၏။ ကျန်းချန်းအန်တို့အဖွဲ့သည် ရွှံ့ဘီလူးကို ရင်မဆိုင်ဝံ့လေရာ နောက်ကျတဲ့ခြေထောက် သစ္စာဖောက်ဟု သဘောထားကာ ခြေကုန်သုတ်ရတော့သည်။

ပုံမှန်ဆိုလျင် ရွှံ့ဘီလူးသည် ကျူ းကျော်ဝင်ရောက်သူများကို သူ့နယ်မြေအတွင်းမှ မောင်းထုတ်ပြီးသည်နှင့် ဆက်မလိုက်တော့ပေ။ ယခုတော့ ဘာကြောင့်မှန်းမသိ ကျန်းချန်းအန်တို့နောက်သို့ အရူးပမာ ပြေးလိုက်နေ၏။ ရွှံဘီလူးသည် မြန်ဆန်သူမဟုတ်။ သို့သော် ခြေလှမ်းကား ကျဲလှ၏။ သူ့ ခြေတလှမ်းစာသည် ကျန်းချန်းအန်တို့ ခြေငါးလှမ်းစာမျှ ရှိလေသည်။ သူ့ခြေထောက်အောက်ရှိ မြေကြီးမှာကား ငလျင်လှုပ်သည့်ပမာ တုန်ခါနေ၏။

ရွှံံ့ဘီလူးသည် ကြောက်မက်ဖွယ် အရှိန်အဟုန်နှင့် ရှေ့သို့ တဟုန်ထိုး ပြေးလိုက်နေ၏။ ပထမဆုံး ဒုက္ခရောက်သွားသူမှာ သူတို့အဖွဲ့မှ အနှေးဆုံးသူ ကျန်းယင်ဖြစ်သည်။ ကျန်းယင်ကို မှီလာသည်နှင့် ရွှံ့ဘီလူးက လက်နှင့်လှမ်းရိုက်လိုက်၏။ ကြီးမားသော လက်ချောင်းကြီးများမှ ထွက်ပေါ်လာသော လေအဟုန်မှာကား မုန်တိုင်းကျသကဲ့သို့ ရှိလေသည်။

သူ့အတွက် အခြေအနေမကောင်းတော့မှန်း ကျန်းယင် ချက်ချင်းသိလိုက်သည်။ သူက ချက်ချင်းပင် လက်နှစ်ဖက်ဖြင့် ရှေ့ကို တွန်းထုတ်လိုက်ပြီး ပါးစပ်မှလည်း အော်ဟစ်လိုက်၏။

"မြင့်တက်စမ်း"

ကျန်းယင်၏ တွန်းထုတ်မှုကြောင့် မြေသားနံရံကြီးတခု ရွှံ့ဘီလူး၏ ရှေ့တွင် ဝုန်းခနဲ ပေါ်ပေါက်လာသည်။ သို့သော်ငြားလည်း အနှိုင်းမဲ့ အင်အားမျိူ နှင့် ရင်ဆိုင်ရသည့်အခါ ထိုအကာအကွယ်မျိူ းက အဘယ်မှာ ထိရောက်ပေအံ့နည်း။ ရွှံ့ဘီလူး၏ ကြီးမားသော လက်ချောင်းကြီးက မြေသားနံရံကို စက္ကူ စုတ်ပမာ အစိတ်စိတ် အမွှာမွှာ ဆုတ်ဖြဲပစ်လေသည်။

ရွှံ့ဘီလူး၏ လက်သည် မြေသားနံရံကို ဖျက်ဆီးပြီး ကျန်းယင်ထံသို့ တိုးဝင်လာ၏။ ကျန်းယင် ရှောင်တိမ်းချိန် မရတော့။ သူ့ကိုယ်ခန္ဓာသည် ကြိုးပြတ်သွားသည့် စွန်ပမာ နောက်သို့ လွင့်စင်သွားတော့သည်။ကျန်းယင် သေသလာ ရှင်သလား မည်သူမှ မသိနိုင်တော့။

ရွှံံ့ဘီလူးကား သူတို့နောက်သို့ ဆက်လိုက်လာ၏။ ဤတကြိမ် ဒုက္ခရောက်မည့်သူကတော့ ကျန့်ခွမ်းပင်။ ရွှံ့ဘီလူးသည် မီလုမီခင်မှာပင် ကျန့်ခွမ်းကို ခြေထောက်နှင့် လှမ်းနင်းလိုက်၏။ ကျန့်ခွမ်းကား ရွှံ့ဘီလူး၏ ဖိနောင့်ကြောင့် အမှုန့်ကြိတ်ခံရတော့မည်ကဲ့သို့ ရှိလေသည်။ ထိုအချိန်မှာပင် ဒေါသတကြီး အော်သံတချက် ထွက်ပေါ်လာပြီး အရိပ်တရိပ်သည် ရွှံ့ဘီလူး၏ ခြေထောက်ကို လမ်းခုလတ်မှာပင် တားဆီးလိုက်၏။

ထိုအရိပ်မှာကား အက်ဒမန်တင်းမျောက်ဝံဘီလူးပေတည်း။ အက်ဒမန်တင်းမျောက်ဝံ၏ ကိုယ်ခန္ဓာသည် ရွှံ့ဘီလူးကဲ့သို့ပင် တောင့်တင်း၏။ သန်မာ၏။ ထူထဲ၏။ သို့သော် အရပ်မှာကား ရွှံ့ဘီလူးနှင့် ယှဉ်လျင် အတော်ပင် ပုနေသည်။ ဒေါသထွက်နေ၍သာ ခြေထောက်ကို လမ်းခုလတ်တွင် တားဆီးထားနိုင်ခြင်း ဖြစ်သည်။

မည်သို့ဆိုစေ ကျန့်ခွမ်းကား အသက်အန္တရာယ်မှ လက်မတင်လေး လွတ်မြောက်သွား၏။ ထိုအခိုက်မှာပင် ချင်းလင်အာ၏ သတိပေးသံ ထွက်ပေါ်လာသည်။

"မြန်မြန်ပြေးပေတော့ မျောက်ဝံကြီး သိပ်ကြာကြာခံမှာ မဟုတ်ဘူး"

အဆင့်မြင့်သားရဲသတ္တဝါဆိုးများသည် ထိပ်ဆုံးအဆင့် သတ္တဝါဆိုးများထက် အင်အားနိမ့်၏။ ထိပ်ဆုံးအဆင့်တွင်မှ ရွှံ့ဘီလူးဟူသည် ဗိုလ်တကာ့ဗိုလ်ဟု သတ်မှတ်နိုင်သော သတ္တဝါကြီးဖြစ်လေရာ မျောက်ဝံကြီး မခံနိုင်သည်မှာလည်း သိပ်တော့မဆန်း။

ရွှံ့ဘီလူး၏ သဲကြီးမဲကြီး တိုက်ခိုက်မှုကြောင့် အချိန်အနည်းငယ်အတွင်း မျောက်ဝံကြီးခမျာ ဒဏ်ရာဗလပွနှင့် ဖြစ်ကုန်၏။ မြင်ကွင်းမှာ ထိတ်လန့်ကြောက်လန့်စရာ ကောင်းလှသည်။ ထိုအခိုက်မှာပင် ချင်းလင်အာက ရုတ်တရက် ထငိုလိုက်သည်။ သူမ၏ ပါးစပ်မှလည်း

"သေပြီ မျောက်ဝံကြီး သေပြီရှင့်"

ဟု တတွတ်တွတ်နှင့် ရေရွတ်နေရှာသည်။ အမှန်တကယ်လည်း အက်ဒမန်တင်းမျောက်ဝံ သေသွားရှာလေပြီ။ သေသည်မှ ရိုးရိုးသေသည်မဟုတ်။ ရွှံ့ဘီလူး၏ ထုထောင်းရိုက်ပုတ်မှုကြောင့် အသားပုံကြီးပမာ တစစီဖြစ်ကာ သေသွားခြင်းဖြစ်သည်။ အဆင့်မြင့် သားရဲသတ္တဝါဆိုး အုပ်စုဝင်ဖြစ်သည် အက်ဒမန်တင်းမျောက်ဝံဘီလူးသည်ပင် ရွှံံ့ဘီလူးနှင့် တွေ့သောအခါ တင်္ဒဂအတွင်း အသက်ပျောက်သွားရရှာလေပြီ။

ထိတ်လန့်စရာ မြင်ကွင်းကြောင့် သူတို့၏ ဝိညာဉ် သူတို့ကိုယ်ခန္ဓာမှ ခွဲခွာသွားသလို ကျန်းချန်းအန်တို့ ခံစားလိုက်ရသည်။ ထိုအခါ သူတို့အားလုံး ပို၍ လျင်မြင်စွာ ထွက်ပြေးကြလေသည်။

ထိုအခိုက်မှာပင် ကျန်းချန်းအန်၏ မျက်လုံးထောင့်ထဲတွင် လူတစုကို မြင်တွေ့လိုက်ရသည်။ သူတို့၏ အဖြစ်ကို စပ်စုဟန်ဖြင့် စူးစမ်းနေသည့် လူတစု။ ကျန်းချန်းအန်သည် အမြင်အာရုံ ကောင်းမွန်ရန် အထူးလိုအပ်သည့် လေးပစ်ခြင်းနည်းစနစ်ကို လေ့ကျင့်ထားသူ ဖြစ်လေရာ သေရေးရရေးအခြေအနေနှင့် ပြေးလွှားနေသော်လည်း ထိုလူစုကို မြင်ဖြစ်အောင် မြင်လိုက်သေးသည်။ ထိုလူစုထဲတွင် သူမှတ်မိနေသည့် မျက်နှာတချိူ့ကို မြင်လိုက်သည်နှင့် ကျန်းချန်းအန်၏ စိတ်ထဲတွင် လူသတ်လိူစိတ်များ ပေါ်ပေါက်လာတော့သည်။

"ဒီဘက်ကို ပြေးကြဟေ့"

ထိုလူစုရှိရာသို့ လက်ညိုးပြပြီး သူ့လူများကို ကျန်းချန်းအန် အမိန့်ပေး၍ သူကိုယ်တိုင်လည်း လမ်းကြောင်းပြောင်းကာ ပြေးလွှားသွားလိုက်၏။

အကယ်၍ လမ်းကြောင်းသာမပြောင်းခဲ့လျင် သူတို့အားလုံး တောက်ပခြင်းအသင်း၏ ညာဖက်မှ ဖြတ်ကျော်သွားမည် ဖြစ်သည်။ ယခုတော့ ကျန်းချန်းအန်သည် လမ်းကြောင်းပြောင်းကာ စုချန်းတို့ဆီသို့ ဦးတည်ပြေးလွှားလာခဲ့လေပြီ။

၎င်းကိုကြည့်ရင်း ဝမ်တောက်ရှန်းက အော်ဟစ်ဆဲဆိုလိုက်၏။

"ကျန်းချန်းအန် ခွေးမသား"

တဆက်တည်းမှာပင် သူ့အဖွဲ့ဝင်များကိုပါ အော်ဟစ်နှိုးဆော်လိုက်သည်။

"ပြေးကြဟေ့ ပြေးကြ"

အားလုံး သတိဝင်လာပြီး ဝရုန်းသုန်းကားနှင့် ပြေးလွှားကြတော့သည်။

သို့သော် သူတို့အား တည်ကြက်အဖြစ် အသုံးပြုရန် ကျန်းချန်းအန်က တွေးထားလေရာ အဘယ်မှာ အလွယ်တကူ သွားခွင့်ပြုပါမည်နည်း။ သူ့တည်ကြက်များ ထွက်ပြေးသည်ကို မြင်သည်နှင့် ကျန်းချန်းအန်က ရက်စက်ကြမ်းကြုတ်စွာ ရယ်မောလိုက်ပြီး သူ့ကျောရှိ လေးကို ယူလိုက်၏။ ထို့နောက် ညာလက်နှင့် လေးညှို့ကို ဆုပ်ကိုင်ပြီး ပြင်းထန်စွာ ဆွဲလိုက်တော့သည်။

သစ်ပင်နတ်ဆိုးလေးညှို့ ဟူသည် သစ်ပင်နတ်ဆိုး၏ ဆံပင်နှင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ လေးညှို့ကို ဆွဲလိုက်သည်နှင့် နတ်ဆိုးအော်သံများ ထွက်ပေါ်လာတော့သည်။ အော်သံနှင့် တဆက်တည်းမှာပင် လေးညှို့ကို ရစ်ခွေထားသော အနက်ရောင်ချီအငွေ့အသက်တခု ပေါ်ပေါက်လာပြီး နောက်ဆုံးတွင် ရှည်လျားမဲနက်သည့် မြားတချောင်းအဖြစ် ပြောင်းလဲသွားတော့သည်။

အနက်ရောင်မြားသည် လေဟုန်ကိုခွင်း၍ ပျံသန်းလာစဉ်မှာပင် မရေမတွက်နိုင်သော အနက်ရောင်မီးခိုးငွေ့များအဖြစ် ပြောင်းလဲသွားပြီး မြေကြီးပေါ်သို့ စိုက်ဝင်သွား၏။ အနှီ အနက်ရောင် မီးခိုးငွေ့များသည် မြွေဆိုးများပမာ လှုပ်ကာယမ်းကာနှင့် စုချန်းတို့လူစု ရှေ့ဆက်ပြေးမရအောင် တားဆီးနေတော့သည်။

"ကျန်းချန်းအန် ခွေးမသား"

"မင်း အစွမ်းသိပ်ကောင်းနေရင် ဒီသောက်သုံးမကျတဲ့ မြားတွေကို ရွှံ့ဘီလူး တားဆီးတဲ့နေရာမှာ သုံးပါလား ဘာဖြစ်လို့ ငါတို့ကို လာတားနေတာတုန်း"

လူတိုင်းက ကျန်းချန်းအန်ကို တယောက်တပေါက်နှင့် ကျိန်ဆဲနေကြလေသည်။ သို့သော် ပြောသာပြောရသည်။ အနှီမြားကို ကျန်းချန်းအန် အသုံးပြုခဲ့ပြီးဖြစ်ကြောင်း သူတို့ကောင်းကောင်းသိ၏။

ကျန်းချန်းအန်က ရက်စက်ကြမ်းကြုတ်စွာ ရယ်မောပြီး ပြောလိုက်သည်။

"မင်းတို့က သွေးဗီဇမပါတဲ့ အလကားကောင်တွေပဲဟာ မင်းတို့သေသွားလို့ ဘယ်သူအရေးစိုက်မှာလဲ မင်းတို့ရဲ့ တာဝန်က ငါတို့လို့ သူရဲကောင်းတွေကို ကာကွယ်ပေးဖို့ပဲ မဟုတ်ဘူးလား"

အကယ်၍ သူတို့အကြား ရန်ညိုးမရှိခဲ့လျင်ပင် ကျန်းချန်းအန်အနေနှင့် သူတို့၏ အသက်ရှင်သန်ရေးအတွက် ယခုကဲ့သို့ တကိုယ်ကောင်းဆန်သည့် လုပ်ရပ်မျိူ းကို ပြုလုပ်ရန် ဝန်လေးမည်မဟုတ်ကြောင်း သူ့စကားများက ဖော်ပြနေ၏။

သူ့စကားအတိုင်းပင် ကျန်းချန်းအန်သည် စုချန်းတို့အဖွဲ့ကို ကျော်ဖြတ်ပြေးလွှားလိုက်၏။ သူ့ဆန္ဒမှာကား တောက်ပခြင်းအသင်းကို သူတို့နောက်တွင် ချန်ထားခဲ့ရန် ဖြစ်သည်။ သို့မှသာ တောက်ပခြင်းအသင်းနှင့် ရွှံ့ဘီလူးတို့ ထိပ်တိုက်ရင်ဆိုင်တိုးမည် မဟုတ်ပါလား။

ချင်းလင်အာ၊ ကျူံ းတင်နှင့် တခြားလူများလည်း သူ့နောက်မှ ထပ်ချပ်မကွာ လိုက်ပါလာကြလေသည်။ ထိုခနဝယ် ချင်းလင်အာနှင့် စုချန်းတို့ အကြည့်ချင်း ဆုံသွား၏။

ချင်းလင်အာ၏ နှလုံးသား ဆတ်ခနဲ တုန်လှုပ်သွား၏။ ထို့နောက် သူမက ပြောလိုက်သည်။

"ချန်းအန်...စုချန်းနဲ့ ဝမ်တောက်ရှန်းတို့ကို လွှတ်ပေးလိုက်ပါ သူတို့ သွားပါစေ"

"ဘယ်ဖြစ်မလဲ မင်း ဒီလမ်းကို လျှောက်မှာဖြင့်ဆိုရင် ရဲရဲသာ လျှောက်ပေတော့ သူတို့ထဲက တယောက်ယောကထ လွတ်သွားရင် နောင်အနာဂါတ်မှာ ကျူ ပ်တို့ကို ဒုက္ခပေးလာလိမ့်မယ်"

ချင်းလင်အာ၏ တောင်းဆိုမှုကို ကျန်းချန်းအန် ငြင်းပယ်လိုက်၏။ မျောက်သားစားလိုက မျောက်မျက်နှာ ကြည့်၍မရပေ။ ကျန်းချန်းအန်သည် တဝက်တပျက် လုပ်ရပ်မျိူ းကို နှစ်သက်သူမဟုတ်။

ထိုအခိုက်မှာပင် စုချန်းက ရုတ်တရက် ပြောလိုက်သည်။

"ငါ့ကို လွှတ်ပေးပါလို့ မင်းကိုငါ ပြောမိလို့လား"

ဘာလဲဟ.....

စုချန်း၏ မမျှော်လင့်သောစကားကြောင့် ကျန်းချန်းအန် မှင်သက်သွား၏။

ထိုအချိန်တွင် စုချန်းက လက်တဖက်ကို ရိပ်ခနဲ လှုပ်ရှားလိုက်ရာ သူ့လက်ထဲသို့ ဓားရှည်တချောင်း ရောက်လာ၏။

လမင်းဝါးမြိုကောင်းကင်ဝံပုလွေဓားပေတည်း။

ထို့နောက် စုချန်းက ဓားကို ဝေ့ယမ်းလိုက်ရာ သူတို့အား တားဆီးနေသည့် အနက်ရောင်မီးခိုးမျှင်များသည် အပိုင်းပိုင်း ပြတ်တောက်ကုန်၏။ သူ၏ လှုပ်ရှားမှုမှာ ဤမျှနှင့် မရပ်တန့်သေး။ ဒုတိယဓားချက်ကို တဆက်တည်း ထုတ်လိုက်ပြန်၏။ ဤတကြိမ်တွင်တော့ သူ့ဓားချက်သည် ကျန်းချန်းအန်ဆီသို့ ဦးတည်နေ၏။

အာဝူး!!!

သံမဏိ၏ ကြောက်မက်ဖွယ်ရာ အော်သံဖြစ်သည်။ စုချန်း၏ လှုပ်ရှားမှုကို မြင်သည်နှင့် သူသည် တကိုယ်လုံးရှိ ကြွက်သားများကို ညှစ်ထုတ်ကာ အားကုန်ရုန်းကန်လိုက်သည်။ ကြီးမားသော လက်နှစ်ချောင်းကို သံထိုးဝါးကြီးများပမာ အပြင်သို့ ဆန့်ထုတ်လိုက်သည်။ ကြောက်မက်ဖွယ်ရာ ရုန်းအားကြောင့် ကျန်းချန်းအန်၏ အနက်ရောင်မီးခိုးမျှင်များ အပိုင်းပိုင်း ပြတ်တောက်ကုန်၏။ ထိုအချိန်မှာပင် သံမဏိသည် မူလစွမ်းအင်အကာအကွယ်တခုကို ဖန်တီးပြီး ကျန်းချန်းအန်ဆီသို့ တဟုန်ထိုး ခုန်ဝင်လိုက်တော့သည်။

တိမ်တိုက်ကျားသစ်ကလည်း ငြိမ်နေသည်တော့မဟုတ်။ သူ့ကိုယ်ခန္ဓာသည် အနက်ရောင်မီးခိုးမျှင်များကြားမှ လှစ်ခနဲ ပျောက်ကွယ်သွားပြီး အလင်းတန်းပမာ ကျန်းချန်းအန်ဆီသို့ ခုန်ဝင်လိုက်သည်။

သူတို့သုံးယောက်သည် ကျန်းချန်းအန်ကို သုံးဘက်သုံးတန်မှ ပြိုင်တူ တိုက်ခိုက်လိုက်ကြ၏။

All Chapters