သွေးစွန်းသော တိုက်ပွဲ
Vol. 22 Ch. 216
တုချိန်းကို ကယ်ဆယ်ပြီးနောက် တိမ်တိုက်ကျားသစ်တယောက် မြေကြီးပေါ်သို့ ပြု တ်ကျသွားခဲ့၏။ အန္တရာယ်ပေါ်ပေါက်လာချိန်အထိ သူ မည်သည့်လှုပ်ရှားမှုမှ မပြုလုပ်ရသေး။ တစုံတခု မှားယွင်းနေပြီဖြစ်ကြောင်း ချက်ချင်းသိရှိလိုက်ရာ သူက ဘေးဖက်သို့ အလိုအလျောက် ခုန်ထွက်လိုက်သည်။
ထိုအချိန်တွင် ရွှီခနဲ မြည်သံနှင့်အတူ ပါးလွှာသောအနီရောင်အပ်တချောင်းက သူ့နောက်ကျောမှ ဖြတ်သန်းသွားပြီး သူ့ ကျောတွင် သွေးစီးကြောင်းတခု ဖြစ်ပေါ်လာစေခဲ့သည်။ ဒဏ်ရာမှာ သေးငယ်သယောင် ထင်ရသော်လည်း မီးလောင်သည့်ပမာ နာကျင်လှ၏။ သူ နောက်ကို လှည့်မနေတော့ပဲ လေထဲသို့ ဘေးတစောင်း ခုန်ထွက်လိုက်သည်။
အနီရောင်အပ်သုံးချောင်းက လေချွန်သံများပေးကာ လေထုကို ဖြတ်သန်းပျံသန်းသွား၏။
တချိန်တည်းမှာပင် သွေးကဲ့သို့ နီရဲနေသည့် အရိပ်တရိပ် တိမ်တိုက်ကျားသစ်၏ ရှေ့သို့ ဝုန်းခနဲရောက်လာပြန်၏။ ထိုအရိပ်သည် လက်ကိုမြောက်ကာ တိမ်တိုက်ကျားသစ်အား ရိုက်ချလိုက်သည်။
ထိုအရိပ်မှာ သွေးနတ်ဆိုး ကျူံ းတင်ပေတည်း။
ကျူံ းတင်၏ မျက်နှာပေါ်တွင် သွေးဆာသော အရိပ်အယောင်များ ယှက်သန်းနေသည်။ မဲနက်သော ပုံစံကွက်တခုက သူ့လက်တလျှောက်တွင် ပျံ့နှံ့နေ၏။
အနက်ရောင်မိစ္ဆာလက်ချောင်းများ။
သွေးမောင်းနှင်သူသားရဲမျိူ းနွယ်စု၏ အနက်ရောင်မိစ္ဆာလက်ချောင်းများ မူလစွမ်းရည်သည် ရင်ဆိုင်ရအလွန်ခက်သည့် မူလစွမ်းရည်တမျိူ းဖြစ်သည်။ ၎င်းသည် မည်သည့်အကာအကွယ်မျိူ းကိုမဆို ထွင်းဖောက်ပြီး ပစ်မှတ်ကို တိုက်ရိုက်ထိမှန်နိုင်စေ၏။
အနက်ရောင်နတ်ဆိုးလက်ချောင်းများသည် တိမ်တိုက်ကျားသစ်ကို သေချာပေါက် ထိခိုက်စေလိမ့်မည်ဟု ကျူံ းတင် ယူဆထား၏။ အကြောင်းမှာ တိမ်တိုက်ကျားသစ်၏ အရွတ်များ စုတ်ပြဲနေပြီး အရိုးများ ကျိူ းနေကြောင်း သူ မြင်တွေ့နေရသည် မဟုတ်ပါလား။
ထိုအခိုက်မှာပင် တိမ်တိုက်ကျားသစ်သည် ရုတ်တရက် နောက်သို့လှည့်လာပြီ လက်ချောင်းများကို ချိတ်သဏ္ဍာန်ပြုကာ ကျူံ းတင်၏ လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။
မြွေလက်ဝါး ဖြစ်သည်။ ထိုနှစ်များအတွင်း တိမ်တိုက်ကျားသစ်သည် သာမာန်သိုင်းပညာရှင်ဆရာတယောက်နှင့် လေ့ကျင့်နေခဲ့၏။ ယခု သူထုတ်သုံးလိုက်သည့် အကွက်မှာလည်း မူလစွမ်းရည်ပင်မဟုတ်။ သာမာန် သိုင်းကွက်တကွက်သာ ဖြစ်သည်။ သို့သော် သာမာန်သိုင်းကွက်တကွက်သည်ပင် တိမ်တိုက်ကျားသစ်၏ ထိန်းချူ ပ်မှုအောက်ဝယ် ကြောက်မက်ဖွယ်ရာ အင်အားများ ပါဝင်နေ၏။
သူ၏ အနက်ရောင်နတ်ဆိုးလက်ချောင်းများသည် မထိရောက်တော့မှန်း ကျူ ံးတင် သဘောပေါက်လိုက်၏။ ဤအတိုင်းသာ ဆက်တိုက်သွားလျင် သူ့လက်တချောင်းလုံး သွင်သွင်ကျိူ းသွားဖွယ်ရာ ရှိသည်။ သူ့အနေနှင့် တိမ်တိုက်ကျားသစ်၏ လက်ချောင်းများကို ထိပ်တိုက် ရင်မဆိုင်ရဲလေရာ လက်ကို နောက်ဆုတ်လိုက်၏။ ထိုအချိန်မှာပင် တိမ်တိုက်ကျားသစ်က ဒူးတဖက်ကို ဆတ်ခနဲ မြောက်လိုက်သည်။
တိမ်တိုက်ကျားသစ်က ကျူံ းတင်ကို ဒူးနှင့်် တိုက်လိုက်ခြင်း ဖြစ်သည်။ ကျူံ းတင်သည် အသက်ကို ပြင်းထန်စွာ ရှုထုတ်လိုက်ပြီး လက်များကို မြောက်ကာ တိမ်တိုက်ကျားသစ်၏ ဒူးတိုက်ချက်ကို တားဆီးလိုက်သည်။ ထိုတိုက်ခိုက်မှုကြောင့် ကျူံ းတင် နောက်သို့ ခြေတလှမ်းဝက်တိတိ နောက်ဆုတ်ပေးလိုက်ရသည်။ သို့သော် တိမ်တိုက်ကျားသစ်၏ နောက်ထပ်တိုက်ခိုက်မှုကို မြင်တွေ့သောအခါ ကျူံ းတင် မအံ့သြပဲ မနေနိုင်တော့။ အကြောင်းမှာ တိမ်တိုက်ကျားသစ်သည် သူ့ဆီသို့ တဟုန်ထိုး ခုန်ဝင်ပြီး သူ့လည်ပင်းကို ခြေထောက်နှင့် လှမ်းကန်လိုက်ခြင်းကြောင့် ဖြစ်သည်။
ကန်ချက်သည် မြန်ဆန်သည်နှင့်အမျှ ကြမ်းတမ်းလှသည်။ ဒူးတိုက်ချက်နှင့် တဆက်တစပ်တည်း ထွက်ပေါ်လာခြင်းပင်။ ကျူံ းတင် ဘာမှ မတတ်နိုင်တော့။ အံ့သြတကြီးနှင့် နောက်ဆုတ်ပေးလိုက်ရပြန်သည်။
သို့သော်...
ဖြောင်းခနဲ မည်သံနှင့်အတူ သူ့ခါးလည်တွင် နာကျင်သော ဝေဒနာတရပ်ကို ကျူံ းတင် ခံစားလိုက်ရသည်။ သူ့ကိုယ်ခန္ဓာသည်လည်း အဝေးသို့ လွင့်စင်သွား၏။
ဘာလဲဟ ...
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ...ဒီကောင် ထပ်ပြီး တိုက်ခိုက်လိုက်တာလား...
ကျူံ းတင်သည် မယုံကြည်နိုင်ဟန်ဖြင့် တိမ်တိုက်ကျားသစ်အား ငေးကြည့်နေမိလေသည်။ ထိုအချိန်တွင် တိမ်တိုက်ကျားသစ်က ထပ်မံ တိုက်ခိုက်လာပြန်သည်။ သူသည် လက်ဖဝါးကို ဓားသဏ္ဍာန်ပြုုပြီး လေထဲသို့ ခုတ်ချလိုက်၏။ မိုးခြိမ်းသံများမှာ နားကွဲမတတ် ဆူညံလာ၏။
သူတို့နှစ်ဦးလုံးသည် တုံ့ပြန်မှု အလွန်မြန်သည့် မူလချီစွမ်းအားပညာရှင်များ ဖြစ်သည်။ နှစ်ဦးလုံး လေ့ကျင့်ထားသည့် မူလစွမ်းရည်များမှာလည်း မြန်ဆန်မှုကို အသားပေးသည့် မူလစွမ်းရည်များ ဖြစ်သည်။ ထို့ကြောင့် သူတို့နှစ်ယောက်သည် မျက်စေ့တမှိတ်အတွင်း ဆယ်ကွက်မျှ တိုက်ခိုက်ခဲ့ပြီး ဖြစ်သည်။ သူတို့၏ လှုပ်ရှားမှုများမှာကား ကွဲကွဲပြားပြား မမြင်နိုင်လောက်အောင် မြန်ဆန်လွန်းလှသည်။
ထိုအချိန်တွင် ရွှံ့ဘီလူး၏ လက်သီးများသည် ကျယ်လောင်စွာ အသံပြုလျက် လေထဲတွင် ဝေ့ယမ်းလာပြန်၏။ သို့သော် မြန်ဆန်လှသည့် မူလချီစွမ်းအားပညာရှင်နှစ်ယောက်၏ တိုက်ခိုက်မှုနှင့် နှိုင်းယှဉ်လျင်ကား ရွှံဘီလူး၏ လှုပ်ရှားမှုသည် အတော်ပင် နှေးကွေးလွန်းနေသည်ဟု ဆိုနိုင်သည်။
ထိုအခိုက်မှာပင် ကျယ်လောင်သော ပေါက်ကွဲသံနှစ်ချက် ထွက်ပေါ်လာပြီး အသည်းအသန် သန်ပုတ်နေသူနှစ်ယောက် လူချင်းကွဲသွားပြန်၏။ ဤတကြိမ်တွင်တော့ ကျူံ းတင်၏ ရင်ဘတ်တွင် တိမ်တိုက်ကျားသစ်၏ လက်သီးစာမိသွားပြီး မျက်နှာကိုလည်း ခြေထောက်နှင့် အကန်ခံလိုက်ရရှာသည်။
"ခွေးမသား"
ကျူံ းတင် ဒေါသတကြီးနှင့် အော်ဟစ်ဆဲဆိုလိုက်သည်။ ထိုစဉ် တိမ်တိုက်ကျားသစ်က သွေးဆာနေသော ကျားသစ်တကောင်ပမာ သူ့ရန်သူဆီသို့ တဟုန်ထိုး ခုန်ဝင်လိုက်ပြန်သည်။
"တော်ဝင်မျိူ းနွယ်စုဝင်တယောက်ကို အနိုင်ရမယ်လို့ ထင်နေတာပေါ့ဟုတ်လား အိပ်မက်မက်မနေနဲ့ကွ"
ပြောပြောဆိုဆို သူက လက်ကောက်ဝတ်ကို အနည်းငယ် လှီးဖြတ်လိုက်ရာ သွေးများ ပွက်ခနဲ ထွက်လာ၏။ အံ့သြစရာ ကောင်းသည်မှာ ထိုသွေးများသည် မြေကြီးပေါ်သို့ ပြုတ်ကျမသွားပဲ လေထဲတွင် ငွေ့ရည်ဖွဲ့ကာ သွေးသဏ္ဍာန် အရိပ်တရိပ် ဖြစ်ပေါ်လာစေခြင်း ဖြစ်သည်။
၎င်းမှာ ကျူံ းတင်၏ သွေးပုံတူပင် ဖြစ်သည်။ သွေးမောင်းနှင်သူသားရဲမျိူ းနွယ်စုများသည် ၎င်းတို့၏ ကိုယ်ပိုင်သွေးကို အသုံးပြု၍ သွေးပုံတူ တည်ဆောက်နိုင်၏။ ၎င်းသည် စိတ်လှည့်စားခြင်း နည်းစနစ်မဟုတ်ပေ။ အမှန်တကယ် တိုက်ခိုက်နိုင်သည့် ပုံတူဖြစ်သည်။ ကိုယ်ခန္ဓာအစစ်သည် ပုံတူများအကြား ကြိုက်သလို ခုန်ပျံကျော်လွှား သွားလာနိုင်သဖြင့် အသုံးပြုသူ၏ လှုပ်ရှားမှုကို မှန်းဆရန် ခဲယဉ်းစေ၏။ ထို့ကြောင့် ဤစွမ်းရည်ကို သွေးမောင်းနှင်သူသားရဲမျိူ းနွယ်စုများ၏ အဓိက မူလစွမ်းရည်ဟု ဆိုနိုင်သည်။ ၎င်းတွင် အားနည်းချက်ဟူ၍ တခုသာရှိ၏။ ထိုအားနည်းချက်မှာ ပုံတူသည် ကိုယ်ခန္ဓာအစစ်နှင့် ပုံသဏ္ဍာန် တူညီသည်ဆိုသော်ငြား ကွဲပြားချက် အတော်ပင် များပြားနေသဖြင့် ရန်သူကို လှည့်စားနိုင်စွမ်းတော့ မရှိပေ။
ကျူံ းတင်သည် သူ၏ သွေးပုံတူကို ဖန်တီးပြီးသည်နှင့် တိမ်တိုက်ကျားသစ်ကို စတင် တိုက်စစ်ဆင်တော့သည်။
တိမ်တိုက်ကျားသစ်ကား အံ့သြစရာပင်။ ကျူံ းတင်နှင့် သွေးပုံတူ၏ တိုက်ခိုက်မှုကို အနည်းငယ်မျှ ရှောင်တိမ်းရန် မကြိုးစား။ လက်သီးများကို ဆန့်ထုတ်ပြီး ၎င်းတို့နှစ်ဦးလုံးကို ပြန်လည်တိုက်ခိုက်တော့သည်။ သူတို့သည် မျက်စေ့တမှိတ်အတွင်း အကွက်ပေါင်းများစွာ တိုက်ခိုက်မိကြ၏။ သူတို့၏ လှုပ်ရှားမှုများမှာ မြန်ဆန်လှပေရာ စဉ်းစားနေရန် အချိန်မရှိ။ တဖက်ရန်သူ၏ တိုက်ခိုက်မှုအပေါ် မူတည်ပြီး မြန်နိုင်သမျှ မြန်အောင် တိုက်ခိုက်ရန်သာ ရှိလေသည်။ တိုက်ခိုက်သံ၊ မာန်သွင်းသံများ ဆူညံနေပြီး အတန်ကြာသော် သုံးဦးသား လူချင်းကွဲသွားတော့သည်။
တိမ်တိုက်ကျားသစ်၏ ရင်ဘတ်တွင် အနက်ရောင်နတ်ဆိုးလက်ချောင်းများဒဏ်ကို ခံလိုက်ရပြီး ကျူံ းတင်နှင့် သွေးပုံတူသည်လည်း တိမ်တိုက်ကျားသစ်၏ လက်သီးစာ အသီးသီး မိသွားကြကုန်၏။ တိမ်တိုက်ကျားသစ်၏ ကိုယ်ခန္ဓာသည် မသိမသာ ယိမ်းယိုင်နေ၏။ ကျူံ းတင်၏ နှုတ်ခမ်းထောင့်မှလည်း သွေးများ စီးကျလျက်ရှိသည်။
"ဒါနဲ့ မလုံလောက်သေးဘူးပေါ့ နောက်တကောင် ပေါ်လာစမ်း"
ကျူံ းတင်က အသံအုပ်၍ အော်လိုက်၏။ တဆက်တည်းမှာပင် သူက လက်ကောက်ဝတ်ကို ထပ်မံလှီးဖြတ်လိုက်ရာ နောက်ထပ် သွေးပုံတူ တကောင် ထပ်မံပေါ်ထွက်လာပြန်၏။
"ဒီတခေါက် မင်း ဘာလုပ်နိုင်မလဲ ငါ ကြည့်အုံးမယ်"
ကျူံ းတင် ရက်စက်ကြမ်းကြုတ်သော လေသံနှင့် ပြောပြီး ရယ်မောလိုက်သည်။
သွေးပုံတူနှစ်ကောင်သည် ကျူံ းတင်နှင့်အတူ တိမ်တိုက်ကျားသစ်ဆီသို့ တဟုန်ထိုး ပြေးဝင်လာ၏။ တိမ်တိုက်ကျားသစ်သည် တဟုန်ထိုး ဝင်လာသည့် ကျူံ းတင်တို့ကို အကြောက်အလန့်မရှိသည့်ဟန်ဖြင့် စိုက်ကြည့်နေ၏။ သူ့မျက်လုံးထဲတွင် ကြီးမားသော တိုက်ပွဲတပွဲ ဆင်နွဲရန် အလွန် တောင့်တနေသည့် ဆန္ဒများ ထင်ဟပ်နေလေသည်။
ကျူံ းတင်နှင့် သွေးပုံတူ နှစ်ကောင်၏ လက်သီးခြောက်ဖက်ကား တိမ်တိုက်ကျားသစ်၏ ကိုယ်ပေါ်သို့ ကျရောက်လာခဲ့လေပြီ။ ထိုအခါ တိမ်တိုက်ကျားသစ်က ခေါင်းကိုမော့ပြီး လက်များကို ဆန့်တန်းကာ ပြန်လည်တိုက်ခိုက်လိုက်၏။ သူတို့၏ ကိုယ်ခန္ဓာလေးခုသည် တဖန်ပြန်လည် ပူးကပ်သွားပြန်သည် ။ ကျူံ းတင်နှင့် သွေးပုံတူနှစ်ကောင်၏ လက်သီးချက်၊ ခြေကန်ချက်များသည် တိမ်တိုက်ကျားသစ်၏ ကိုယ်ပေါ်သို့ အဆက်မပြတ် ကျရောက်နေ၏။ တိုက်ခိုက်မှု တခုချင်းစီသည် ကြောက်မက်ဖွယ်ရာ အင်အားပြင်းထန်လှသည်။ ထိုအထဲတွင်မှ သွေးပုံတူတကောင်သည် သူ့လက်ချောင်းများကို သွေးနတ်ဆိုးအပ်များအဖြစ် ပြောင်းလဲကာ အဆိပ်အပ်များဖြင့် တိမ်တိုက်ကျားသစ်ကို ပစ်လွှတ်တိုက်ခိုက်နေ၏။
တိမ်တိုက်ကျားသစ်သည် လေထဲတွင် အပေါ်တက်လိုက်၊ အောက်ဆင်းလိုက်၊ တခါတရံတွင် ကိုယ်ခန္ဓာကို တွန့်လိန်ပျံသန်းလိုက်နှင့် ရှောင်တိမ်းရင်း ကျူံ းတင်၏ တိုက်ခိုက်မှုတိုင်းကို အချက်ကျကျ ပြန်လည် တိုက်ခိုက်နေလေသည်။ သူ၏ တိုက်ခိုက်မှုမှာ ရိုးစင်းလှသည်။ အမှန်တော့ တိမ်တိုက်ကျားသစ်အနေနှင့် မြွေလက်ဝါးနှင့် မိုးကြိုးဓားမှလွဲ၍ တခြား မည်သည့် နည်းစနစ်ကိုမှ တတ်ကျွမ်းသည်မဟုတ်။ သို့သော် သူ၏ ရိုးစင်းသော နည်းစနစ်နှစ်ရပ်သည်ပင် ကျူံ းတင်ကို အကြီးအကျယ် အခက်တွေ့စေ၏။
စုချန်း၏ မိုးကြိုးဓားသည် ကြောက်မက်ဖွယ်ရာ မိုးခြိမ်းသံများ ထွက်ပေါ်လာစေသည်နှင့်အမျှ အလွန်တရာ အင်အားကြီး၏။ တနည်းအားဖြင့် ၎င်းသည် ရန်သူကို နောက်ဆုတ်သွားစေကာ ထောင်ချောက်အတွင်း ကျရောက်သွားစေခြင်းနှင့် အနိုင်ယူတတ်သည့် သူ၏ ကိုယ်ရည်ကိုယ်သွေးကို ထပ်ဟပ်စေလေသည်။ သို့သော် တိမ်တိုက်ကျားသစ်၏ မိုးကြိုးဓားကတော့ များစွာ ကွဲပြားခြားနားသွား၏။ သူသည် မိုးကြိုးဓား၏ အင်အားကို မယူပဲ လျင်မြန်မှုကိုသာ အဓိက ယူခဲ့၏။
ထူးခြားသော အမြန်နှုန်းကြောင့် တိမ်တိုက်ကျားသစ်၏ တိုက်ခိုက်မှုတိုင်းတွင် ဖောက်ထွင်းနိုင်စွမ်းအားမှာ ပို၍ များပြားလာခဲ့သည်ဟု ဆိုရမည်။ ထိုအနေအထားထိ ရောက်လာအောင်လည်း တိမ်တိုက်ကျားသစ်တယောက် ပြင်းပြင်းထန်ထန် လေ့ကျင့်ခဲ့ရသည်။ စုချန်းသည် သူ အင်အားကြီးမားလာစေမည့် နည်းလမ်းကို သုတေသနလုပ်ငန်းများတွင် ရှာဖွေခဲ့သည်။ သို့သော် တိမ်တိုက်ကျားသစ်ကတော့ ပို၍ ရိုးရှင်းပြီး ပို၍ လွယ်ကူသော နည်းလမ်းကို ရွေးချယ်ခဲ့လေသည်။
ကျူံ းတင်၏ စိတ်ထဲတွင်တော့ တိမ်တိုက်ကျားသစ်၏ တိုက်ခိုက်မှုကို အလွန်တရာ ထက်မြက်လှသည့် ဓားပါးလေးများနှင့် ပစ်ပေါက်နေသကဲ့သို့ ခံစားနေရသည်။ တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိသည် ဆိုစေအုံး၊ အရိုးကို လှီးဖြတ်နေသကဲ့သို့ နာကျင်မှုကတော့ ခံရခက်လှသည်။ အမှန်ဆိုလျင် အနက်ရောင်နတ်ဆိုးလက်ချောင်းများကသာလျင် အကောင်းဆုံး ဖောက်ထွင်းနိုင်သည့် စွမ်းရည်ဖြစ်သင့်သည်။ ယခုတော့ တိမ်တိုက်ကျားသစ် ထုတ်သုံးနေသည့် စွမ်းရည်က သူ့ထက်ပို၍ ထက်မြက်နေ၏။ အဘယ်ကြောင့်ပေနည်း။
တိမ်တိုက်ကျားသစ်နှင့် တိုက်ခိုက်နေရင်း ကျူံ းတင်တယောက် ပို၍ သွေးပျက်လာသည်ကတော့ အမှန်ပင်။
ထိုအချိန်တွင် ရွှံ့ဘီလူးကြီး၏ နှောင့်ယှက်မှုကြောင့် သူတို့နှစ်ယောက် လူချင်းကွဲသွားပြန်သည်။ ၎င်းကို အခွင့်အရေးယူပြီး ကျူံ းတင်က လက်ကောက်ဝတ်ကို လှီးဖြတ်ကာ နောက်ထပ် သွေးပုံတူတကောင်ကို ထပ်မံ ဖန်တီးလိုက်၏။
"မင်းကို မသတ်နိုင်ဘူးဆိုတာ ငါ မယုံဘူးကွ"
ကျူံ းတင် ကြုံ းဝါးလိုက်၏။
သွေးပုံတူသုံးကောင်နှင့် ကျူံ းတင်သည် တိ်မ်တိုက်ကျားသစ်ဆီသို့ နောက်တကြိမ် ခုန်ဝင်လာပြန်၏။ လက်ရှစ်ဖက်၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် လက်သီးပိုက်ကွန်ကြီးတခု ပေါ်ပေါက်လာသကဲ့သို့ ထင်ရသည်။
သို့သော် တိမ်တိုက်ကျားသစ်ကား ယခင်အတိုင်း အေးဆေးတည်ငြိမ်လျက်သာ ရှိနေသည်။ သူ့အတွက် ရန်သူတယောက်နှင့် တိုက်ရသည်ဖြစ်စေ၊ အများနှင့် တိုက်ရသည်ဖြစ်စေ ဘာမှမထူး။ သူသည် လမ်းများပေါ်တွင် ကြီးပြင်းလာသူ ဖြစ်သည်။ လမ်များပေါ်ရှိ တိုက်ပွဲများတွင် တရားမျှတမှုဟူသည် မီးခွက်ထွန်း၍ ရှာလျင်ပင် တွေ့လိမ့်မည်မဟုတ်။ ထိုအခြေအနေမျိူ းတွင် တောင်းပန်ခြင်း၊ ဖြေရှင်းရန် ကြိုးစားခြင်းတို့မှာ အသုံးမဝင်တော့။ သင့်အနေနှင့် အသက်ရှင်သန်နိုင်ရန် နည်းလမ်းမျိူ းစုံသုံး၍ ကြိုးစားရတော့မည် ဖြစ်သည်။
လမ်းမပေါ်ရှိ တိုက်ပွဲများတွင် တခါတလေ နည်းဗျူ ဟာမှာလည်း အရေးပါလာတတ်၏။ သင့်အနေနှင့် အများနှင့်တယောက် တိုက်ခိုက်ရသော အခြေအနေတွင် တဦးချင်းစီကို အနိုင်ယူရန် ခဲယဉ်းနေပေလိ်မ့်မည်။ သို့သော် ပြသနာမရှိ။ ရန်သူ အုပ်စုအတွင်းမှ အရေးအပါဆုံးလူ သို့မဟုတ် ခေါင်းဆောင်ကို ရှင်းလင်းနိုင်လျင် တိုက်ပွဲမှ မြန်မြန်ဆန်ဆန်ပင် အဆုံးသတ်သွားတတ်သည်။
တိမ်တိုက်ကျားသစ်သည် ဘဝတလျှောက်လုံး အများနှင့်တယောက် တိုက်ခိုက်ရသော တိုက်ပွဲမျိူ းကို များစွာ ကြုံဖူးလေရာ ယခု ကျူံ းတင်နှင့် သွေပုံတူသုံးကောင် အပါအဝင် လေးယောက်တယောက် တိုက်ရသော်လည်း အနည်းငယ်မျှ ကြောက်ရွံ့ခြင်းမရှိ။
ယခု ကျူံ းတင်နှင့် သွေးပုံတူသုံးကောင် ခုန်ဝင်လာသောအချိန်တွင် တိမ်တိုက်ကျားသစ်က ကျူံ းတင်တဦးတည်းကိုသာ အာရုံစိုက်တော့၏။ တိမ်တိုက်ကျားသစ်၏ တိုက်ခိုက်နည်းဗျူ ဟာ ပြောင်းလဲသွားခဲ့လေပြီ။ သူသည် သွေးပုံတူများ၏ တိုက်ခိုက်မှုကို လုံးဝ ဂရုမစိုက်တော့ပဲ ရှေ့သို့ ခုန်ဝင်ကာ ကျူံ းတင်၏ မျက်နှာကို လက်သီးနှင့် ထိုးချလိုက်၏။
ကျူံ းတင်၏ မျက်လုံးထဲတွင် တိမ်တိုက်ကျားသစ်၏ လက်သီးက ကြီးသည်ထက် ကြီးလာသလို မြင်တွေ့လိုက်ရသည်။ မျက်စေ့တမှိတ်အတွင်း လက်သီးဒဏ်ကြောင့် သူ နောက်ကိုလွင့်ထွက်သွား၏။ နာလည်းအတော်နာသွားသည်။ ရန်သူ၏ လက်သီးချက်ကြောင့် သူ့နှာခေါင်းရိုး ကျိူ းသွားပြီဟု ကျူံ းတင် ခံစားလိုက်ရသည်။ ထိုအချိန်တွင် သွေးပုံတူများ၏ တိုက်ခိုက်မှုမှာလည်း တိမ်တိုက်ကျားသစ်ကို ထိမှန်သွားသည်သာ။ သို့သော် တိမ်တိုက်ကျားသစ်ကား သွေးပုံတူများ၏ တိုက်ခိုက်မှုကို အနည်းငယ်မျှပင် ဂရုမစိုက်ပဲ ကျူံ းတင်ကိုသာ သဲကြီးမဲကြီး လိုက်လံတိုက်ခိုက်နေလေသည်။
ကျူံ းတင်သည် ကြောက်လန့်တကြားနှင့် နောက်သို့ ဆုတ်ပေးနေရ၏။ သို့သော် တိမ်တိုက်ကျားသစ်ကား အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိ။ ကျူံ းတင်နောက်မှ ထပ်ချပ်မကွာ လိုက်ပါရင်း လက်သီးများဖြင့် လိုက်လံထိုးနှက်နေ၏။ ထိုအခါ ကျူံ းတင်က နတ်ဆိုးအပ်ဖြင့် ပြန်လည်တိုက်ခိုက်လိုက်၏။ တိမ်တိုက်ကျားသစ်သည် နတ်ဆိုးအပ်ကို အနည်းငယ်မျှပင် ဂရုမစိုက်။ ကျူံ းတင်ကိုသာ မဲ၍ လိုက်နေ၏။ နတ်ဆိုးအပ်သည် ၎င်း၏ ကိုယ်ခန္ဓာအတွင်းသို့ ဖောက်ဝင်သွားသည်။ ထိုအချိန်တွင် တိမ်တိုက်ကျားသစ်၏ လက်သီးကလည်း ကျူံ းတင်ကို ထိုးမိသွားတော့သည်။
"အား"
ကျူံ းတင် နာကျင်စွာ အော်ဟစ်လိုက်သည်။ တိမ်တိုက်ကျားသစ်၏ ဤတကြိမ်လက်သီးက ယခင်အကြိမ်များထက် အဆပေါင်းများစွာ ပြင်းထန်၏။ ဒဏ်ရာရထားသော်လည်း တိမ်တိုက်ကျားသစ်၏ အင်အားသည် အနည်းငယ်မှ လျော့ပါးသွားဟန်မရှိ။ နှိုင်းယှဉ်လိုက်လျင် ပို၍ပင် ပြင်းထန်နေသေး၏။
ဒီခွေးမသားဟာ ကိုယ့်ကိုယ်ကို နှိုးဆွဖို့ တမင် ဒဏ်ရာအရခံနေသလား မသိဘူး....
တိမ်တိုက်ကျားသစ်၏ မူလစွမ်းရည်သည် ဒဏ်ရာရရှိလေလေ ပိုမိုပြင်းထန်လာလေမှန်း ကျူံ းတင် ရုတ်ချည်းသဘောပေါက်လာ၏။
ဒဏ်ရာရလေလေ ပိုအားကောင်းလာလေလေ။
ဤအတိုင်းသာဆိုလျင် သူ့ပြိုင်ဘက်သည် ဒဏ်ရာများကို ဖိတ်ခေါ်သည့်ပုံစံနှင့် တိုက်ခိုက်နေခြင်းမှာ အံ့သြစရာ မဟုတ်တော့။ အလွန်ရက်စက်ကြမ်းကြုတ်သော လူစားမျိူ းသာလျင် အနှီ မူလစွမ်းရည်မျိူ းကို လေ့လာသင်ကြားလေ့ရှိကြသည်။
ဒဏ်ရာတခုအတွက် ဒဏ်ရာတခု။
အသက်တချောင်းအတွက် အသက်တချောင်း။
သွေးအတွက်သွေ။
ဤသည်မှာ တိမ်တိုက်ကျားသစ်၏ တိုက်ခိုက်မှုပုံစံ ဖြစ်သည်။
အမှန်ဆိုလျင် ကျူံ းတင်အနေနှင့် သွေးပုံတူ လေးကောင်အထိ ဖန်တီးနိုင်စွမ်း ရှိ၏။ သို့သော် ဒဏ်ရာရမည်ကို ကြောက်ရွံ့ခြင်းမရှိပဲ သူ့ကိုယ်ခန္ဓာအစစ်ကိုသာ လိုက်လံတိုက်ခိုက်နေသည့် ရန်သူမျိူ းနှင့် ဆုံရသောအခါ သူ ဘာလုပ်ရမှန်း မသိတော့။
"မင်းက တကယ်အရူးပဲ"
ကျူံ းတင် အော်ဟစ်လိုက်သည်။ ထိုအချိန်တွင် တိမ်တိုက်ကျားသစ်က ထပ်မံခုန်ဝင်လာပြန်၏။ ထိုအချိန်မှာပင် သူ့ကိုယ်ခန္ဓာသည် ဖြတ်ခနဲ ပျောက်ကွယ်သွား၏။ သူ့နေရာတွင်လည်း သွေးပုံတူတကောင် အစားထိုး ပေါ်ပေါက်လာလေသည်။
ဤတကွက်မှာ ကျူံ းတင်၏ လျှိူ့ဝှက်ပုံတူ နည်းစနစ် ဖြစ်သည်။ ဤနည်းစနစ်ကို အသုံးပြုလိုက်ခြင်းအားဖြင့် ကျူံ းတင်အနေနှင့် သူ့အလိုရှိရာနေရာကို သွေးပုံတူများနှင့် ဖလှယ်၍ နေရာပြောင်းလဲနိုင်၏။ သို့သော် မူလစွမ်းအင်တော့ အလွန်ကုန်သည်။ ထ်ု့ိကြောင့် ဤနည်းစနစ်ကို ကျူံ းတင်တခါမှ ပေါ့ပေါ့တန်တန် အသုံးပြုလေ့မရှိ။ ယခုတော့ ဒဏ်ရာရမည်ကို မကြောက်သည့်အပြင် ထိုဒဏ်ရာများကို ဖိတ်ခေါ်သကဲ့သို့ တိုက်ခိုက်နေသော ဤအရူးနှင့်ကျမှ မတတ်သာပဲ ထုတ်သုံးလိုက်ရခြင်း ဖြစ်သည်။
ကျူံ းတင်၏ ကိုယ်ခန္ဓာသည် တိမ်တိုက်ကျားသစ်၏ နောက်တွင် ပြန်ပေါ်လာ၏။ ထိုအခါ သူက နောက်ကျောမှနေ၍ တိမ်တိုက်ကျားသစ်ကို အပိုင်တိုက်ခိုက်ရန် ဟန်ပြင်လိုက်သည်။ သို့သော် တိမ်တိုက်ကျားသစ်သည် နောက်ကို တရှိန်ထိုး ခုန်ဆုတ်ပြီး သူ့ကိုယ်ခန္ဓာကိုယ်ကို အသုံးပြု၍ ကျူံ းတင်ကို ဝင်တိုက်လိုက်တော့သည်။
မမျှော်လင့်သော ဖြစ်ရပ်ကြောင့် ကျူံ းတင် မျက်လုံးပြူ းသွား၏။ သူ့အနေနှင့် သွေးပုံတူများကို အသုံးပြု၍ နေရာပြောင်းလဲနိုင်စွမ်းရှိသည်ကို တိမ်တိုက်ကျားသစ် သိသည်ဟုဆိုလျင် ထိုကိစ္စမှာ သိပ်တော့မဆန်း။ အကြောင်းမှာ သွေးမောင်းနှင်သူသားရဲမျိူ းနွယ်စု ပေါ်ပေါက်လာခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်၍ သူတို့၏ မူလစွမ်းရည်များမှာ လျှိူ့ဝှက်ချက်မဟုတ်တော့။ သို့သော် မည်သည့်ပုံတူမှ သူပေါ်ထွက်လာမည်မှန်း တိမ်တိုက်ကျားသစ် ဘယ်လိုကြိုသိနေသနည်း။
တိမ်တိုက်ကျားသစ်၏ ဝင်ဆောင့်မှုကြောင့် ကျူံ းတင် နောက်သို့ လွင့်စင်သွား၏။ နံရိုးများလည်း ဖျောင်းခနဲ ကျိူ းသွားရှာသည်။ တိမ်တိုက်ကျားသစ် ကိုယ်တိုင်လည်း မသက်သာလှ။ သွေးပုံတူသုံးကောင်၏ လက်သည်းဒဏ်ကြောင့် အသားတုံးများ ပဲ့ထွက်သွားပြီး ဒဏ်ရာမှ သွေးများ တသွင်သွင် စီးကျနေ၏။ သို့သော် တိမ်တိုက်ကျားသစ်ကား သွေးပုံတူများကို ဂရုမစိုက်သလို ဒဏ်ရာကိုလည်း မှုပုံမရ။ သူ့မျက်လုံးအစုံကို ကျူံ းတင်အပေါ်၌သာ အာရုံစိုက်ထားလေသည်။
တိမ်တိုက်ကျားသစ် နောက်တကြိမ် ခုန်ဝင်လာပြန်၏။ ကျူံ းတင် ကြောက်လန့်တကြားနှင့် အော်ဟစ်လိုက်ပြီး ချက်ချင်းပင် သွေးပုံတူတကောင်နှင့် နေရာ ဖလှယ်လိုက်သည်။ ထိုအချိန်မှာပင် တိမ်တိုက်ကျားသစ်သည် လေထဲမှာပင် နေရာပြောင်းလဲပြီး ကျူံ းတင်နောက်သို့ ထပ်ချပ်မကွာ လိုက်ပါလာ၏။ ကျူံ းတင် ဘာမှမတတ်နိုင်တော့။ သူ့တွင် လုပ်စရာဟူ၍ တိမ်တိုက်ကျားသစ် နောက်ကျောရှိ သွေးပုံတူနှစ်ကောင်းအား တိမ်တိုက်ကျားသစ်ကို ဝင်တိုက်ရန် အမိန့်ပေးရုံသာ ရှိတော့သည်။
သွေးပုံတူနှစ်ကောင်၏ တိုက်ခိုက်မှုက တိမ်တိုက်ကျားသစ်ကို ကျကျနနပင် ထိမှန်သွား၏။ သူ့ပါးစပ်မှလည်း သွေးများကို ပွက်ခနဲ အန်ထုတ်လိုက်သည်။ သို့သော် ထိုဒဏ်ရာများကို သူ အနည်းငယ်မျှ ဂရုမစိုက်။ ရှေ့သို့သာ ဆက်လက်ခုန်ဝင်လာခဲ့လေသည်။
တိမ်တိုက်ကျားသစ်၏ လက်သည် ဓားတချောင်းပမာ ကျူံ းတင်ကို ထိုးစိုက်မိသွား၏။ လှိုင်းတံပိုးများပမာ တလိမ့်လိမ့်တက်လာသော စွမ်းအင်လှိုင်းများက ကျူံ းတင်၏ ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်သွားလေသည်။
ထို့နောက် သူတို့၏ ကိုယ်ခန္ဓာအသီးသီးသည် မြေကြီးပေါ်သို့ ဝုန်းခနဲ ပြုတ်ကျသွားတော့သည်။
"မင်း....မင်း....ငါ ဘယ်မှာရှိတယ်ဆိုတာ ..မင်း ဘယ်လိုလုပ်သိသလဲ"
ကျူံ းတင်က မေးလိုက်သည်။ သူ့အသံမှာ တုန်ယင်နေ၏။
"ဗီဇအသိပေါ့ကွာ"
တိုက်ပွဲတလျှောက်လုံး တိမ်တိုက်ကျားသစ်၏ ပထမဆုံး စကား ဖြစ်သည်။
စကားဆုံးသည်နှင့် သူက အားပါပြင်းထန်လှသော လက်သီးနှင့် ကျူံ းတင်၏ ခေါင်းကို ထိုးချလိုက်တော့သည်။