← Chapters

စိတ္တဇအရူး

Vol. 126 Ch. 1627

စိတ္တဇအရူး

Vol. 126 Ch. 1627

“သိမ်းမယ်တဲ့လား”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လူ၀င်စားက မျက်မှောင်ကြုတ်လိုက်သည်။ ဤလူ၏ လေသံအနေထားက ရိုင်းပျသဖြင့် သဘောမကျပေ။ ကောင်းကင်နတ်ဧကရာဇ်ဟောင်သည် မာနကြီးသူ ဖြစ်သော်လည်း ရိုင်းစိုင်းပြီး ရိုသေလေးစားမှု မရှိတတ်သူ မဟုတ်ချေ။ အလွန်တရာ ရိုကျိုးတတ်သူလည်း မဟုတ်။

သို့သော် မည်သည့်နေရာကမှန်းမသိ ပေါ်လာခဲ့သော ဤလူငယ်က စကားလုံးတစ်လုံးတည်းဖြင့် အခြားသူများကို အသက်ရှူကြပ်သွားစေနိုင်သည်။ သူ့လေသံက သာမန်သာ ဖြစ်သော်လည်း မောက်မာနေသလို ခံစားရစေ၏။

သူ၏ ပုံပန်းသွင်ပြင်မှာ ယခင်တုန်းက ကောင်းကင်နတ်အရှင်ယွီအတိုင်းပင်။ တချက်မျှကြည့်ရုံနှင့် သူသည် ဖန်ဆင်းခြင်းကောင်းကင်လက်နက်မှ ဖန်တီးထားသော ကောင်းကင်နတ်အရှင်ယွီ ဖြစ်မှန်း သိနိုင်ပေသည်။ ဖန်းဆင်းခြင်းကောင်းကင်လက်နက်ဖြင့် ကောင်းကင်နတ်အရှင်ယွီအား ဖန်ဆင်းရာတွင် အောင်မြင်ခဲ့ပြီးနောက် ကောင်းကင်နတ်အရှင်ဆယ်ပါးသည် ပထမအသုတ်ဖြင့် ကမ္ဘာလောကကြီးထဲသို့ ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း အများစုမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် သေဆုံးခဲ့ကြရသည်။

ဤပုဂ္ဂိုလ် ရရှိခဲ့သည့် ကောင်းကင်နတ်အရှင်ယွီမှာ ထိုအသုတ်ထဲမှ ဖြစ်ပေလိမ့်မည်။

“ငါက ကောင်းကင်နတ်ဧကရာဇ်ဟောင်ပဲ” ကောင်းကင်နတ်ဧကရာဇ်ဟောင်က ပြုံးလိုက်၏။

ရှင်းအန်းက ခေါင်းညိတ်သည်။ “မင်းက ရင်ဆိုင်ဖို့ မလွယ်တဲ့သူတစ်ယောက်ပဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က အသက်တစ်ရှိုက် ရှူသွင်းလိုက်ပြီး စိတ်ထဲမှ တွေးလိုက်၏။ ‘သူ့ဆီက စကားလေးတစ်ခွန်းက လူတစ်ယောက်ကို ဒေါသပေါက်ကွဲစေနိုင်တယ်…. သူ အခုအချိန်အထိ ဘယ်လိုများ အသက်ရှင်နေသေးတာလဲ’

ရှင်းအန်းကို သတ်ချင်သူများစွာ ရှိသည်ကိုတော့ သူ မသိပေ။ ချင်မူပင်လျှင် အရင်တုန်းက ရှင်းအန်းကို သတ်ချင်ခဲ့သော်လည်း ဖယ်ရှားသတ်ဖြတ်နိုင်စွမ်း မရှိခဲ့။

“မင်းနဲ့ ကောင်းကင်နတ်‌အရှင်ဟွေ့ လူဝင်စားရဲ့ တိုက်ပွဲအငွေ့အသက်တွေအရ မင်းက ထိုက်ချူလမ်းစဉ်ရဲ့ တခြားတစ်ဖက်ခြမ်းဖြစ်တဲ့ မွေးရာပါချီမှာ ကျွမ်းကျင်တာ တွေ့ရတယ်”

ရှင်းအန်းက ပတ်ဝန်းကျင်အား ကြည့်ပြီးနောက် လက်ကို အသာအယာ မြှောက်လိုက်သည်။ ကောင်းကင်နတ်အရှင်ဟွေ့ လူဝင်စား၏ အလောင်းက အပေါ်သို့ မြောက်တက်လာပြီး ဝှစ်ခနဲ တစ်စစီ ပိုင်းပြတ်သွား၏။ သူ၏နှလုံးသား၊ အသည်း၊ သည်းချေ၊ အဆုတ်၊ ကျောက်ကပ်၊ အရိုးနုများ၊ အရေပြားများနှင့် ကြွက်သားတို့မှာ တစ်ခုချင်းစီ စီစီရီရီ ခွဲခြားခံလိုက်ရသည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ၎င်းကို မြင်လျှင် အတော်လေး ထူးဆန်းသလို ခံစားမိကာ တုန်လှုပ်နေမိ၏။

ရှင်းအန်း၏ လှုပ်ရှားမှုက နတ်ဘုရားတစ်ပါး၏ ခန္ဓာကိုယ်တည်ဆောက်ပုံကို ရှင်းလင်းပြတ်သားစွာ ပိုင်းဖြတ်ပြသခဲ့ပြီး အနုစိတ်တည်ဆောက်ပုံကအစ မြင်နေရစေသည်။ ရိုးတွင်းခြင်ဆီ၏ သေးငယ်လှသော ဖွဲ့စည်းတည်ဆောက်ပုံအထိ ထွက်ပေါ်လာခဲ့ပြီး မည်သည့်လျှို့ဝှက်ချက်မှ ကျန်ရစ်မနေပေ။

ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်ထဲရှိ ကောင်းကင်ရတနာများနှင့် ကောင်းကင်နန်းဆောင်အမျိုးအစား မှန်သမျှမှာ ပြန့်ကားထွက်လာကြပြီး ဒဏ်ရာများကိုလည်း တစ်ချက်တည်းကြည့်ရုံဖြင့် မြင်နိုင်နေသည်။

ဤလှုပ်ရှားမှုက ကောင်းကင်နတ်ဧကရာဇ်ဟောင်အား ကြက်သီးမွေးညှင်းများ ထသွားစေသည်။ “ဒီပုဂ္ဂိုလ်က နတ်ဘုရားမိစ္ဆာတွေရဲ့ ခန္ဓာကိုယ်တည်ဆောက်ပုံကို အတော်လေး ရင်းနှီးနေတာပဲ…. သူက သားသတ်သမားများလား..”

“ကြောက်စရာ အားတစ်ခုကြောင့် ကောင်းကင်နတ်အရှင်ဟွေ့ လူ၀င်စားရဲ့ ရုပ်ရည်သွင်ပြင်ကစလို့ သူ့ရဲ့ ဝိညာဉ်အထိ ပုံပျက်သွားခဲ့ပြီး ကောင်းကင်နန်းဆောင်တွေနဲ့ ကောင်းကင်ရတနာတွေဟာလည်း ‌လေ၀ဲတွေ ဖြစ်သွားကြတယ်…” ရှင်းအန်းက ပြောသည်။ “မင်း ကျွမ်းကျင်တဲ့ နောက်လမ်းစဉ်တစ်ခုက အဆုံးသတ်မြို့ပျက်လမ်းစဉ်ကို အခြေခံထားတာပဲ ဖြစ်ရမယ်”

သူ၏မျက်နှာအမူအရာက အသိအမှတ်ပြုသည့်ပုံစံသို့ ပြောင်းလဲသွားသည်။ “မင်းက မဟာတာအိုနှစ်ခုကို ပေါင်းစည်းပြီး မွေးရာပါချီရဲ့ တာအိုအဆင့်ကို ကောင်းကင်ဘုံ ၁၃ ဘုံအထိ မြှင့်တင်နိုင်ခဲ့တာပဲ… အဲဒီလိုအဆင့်အထိ ကျင့်ကြံနိုင်ဖို့က သိပ်ကို ရှားပါးတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လူဝင်စားမှာ ပို၍ပင် အံ့ဩမင်သက်နေမိသည်။ သူက သူကိုယ်တိုင်၏ ပါရမီကိုပင် သနားမိသွားပြီး မေးလိုက်မိသည်။ “မင်း သိနိုင်တယ်ပေါ့”

“ကောင်းကင်နတ်အရှင်မူကလည်း အဆုံးသတ်မြို့ပျက်တာအိုနဲ့ မွေးရာပါချီမှာ ကျွမ်းကျင်တယ်လေ… ဒါပေါ့… ငါ သိတာပေါ့”

ရှင်းအန်းက ကောင်းကင်နတ်သိုင်း၏ ကျန်ရစ်သော အရာများကို ကြည့်နေရင်း ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်ကို စစ်ဆေးအဖြေထုတ်နေသည်။ “မင်းရဲ့ ကောင်းကင်နန်းဆောင်တွေက အတော်လေးကို များတာပဲ…. မဟာကောင်းကင်နတ်ဘုံရဲ့ ကျင့်စဉ်တစ်ခုက ပြီးပြည့်စုံတဲ့အဆင့်ကို ရောက်ပြီးတော့ ကောင်းကင်နန်းဆောင် ၃၆ ဆောင်အထိ ရှိနေပြီ…. ကောင်းကင်နတ်အရှင်ဟွေ့က မင်းရဲ့ ဒီကျင့်စဉ်ကို သိထားပေမယ့် မင်းရဲ့ တခြားကျင့်စဉ်က အဆုံးသတ်မြို့ပျက်တာအိုအပေါ် အခြေခံထားတဲ့အတွက် သူ မခုခံနိုင်ခဲ့တာပဲ… သူ့ရဲ့ တာအိုမီးတောက်က မင်းရဲ့ ဒီကျင့်စဉ်ကြောင့် ထိန်းချုပ်ခံခဲ့ရပြီး မင်းရဲ့ ကောင်းကင်နတ်သိုင်း သူ့ခန္ဓာကိုယ်ထဲ ဝင်ရောက်လို့ ကောင်းကင်ရတနာနဲ့ ကောင်းကင်နန်းဆောင်တွေကို ပုံပျက်စေပြီး ဝိညာဉ်ကို ဖိနှိပ်ချေမှုန်းနိုင်စေခဲ့တာ”

သူက ပတ်ပတ်လည်ရှိ တိုက်ပွဲအကြွင်းအကျန်များကို ကြည့်နေရင်း ဆက်ပြောသည်။ “ဒါပေမဲ့ ဒီကျင့်စဉ်အတွက် ကောင်းကင်နန်းဆောင်အရေအတွက်က မပြည့်စုံသေးဘူး… ၃၅ ဆောင်ပဲ ရှိတာ ဖြစ်လိမ့်မယ်”

သူက ကောင်းကင်နတ်အရှင်ဟွေ့လူဝင်စား၏ ကောင်းကင်နန်းဆောင် အကြွင်းအကျန်များကို ကြည့်လိုက်ပြီး ကောင်းကင်နန်းဆောင်အမျိုးအစားများကို စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် ပြော၏။ “မင်းရဲ့ ကောင်းကင်နန်းဆောင် ၃၅ ဆောင်နဲ့ ကျန်တဲ့ ၃၆ ဆောင်က များသောအားဖြင့် တူနေတာတွေချည်းပဲ… ဒါပေမဲ့ အစီအစဉ်နဲ့ အရေးပါတာကတော့ မတူဘူး… ဒါကြောင့် ကျင့်စဉ်ရဲ့ သက်ရောက်မှုတွေလည်း ကွဲပြားသွားတာ…. စဉ်းစားကြည့်လိုက်တော့မှ ဒါက မင်း ဉာဏ်မရှိလို့ ဖြစ်နေတာ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ တစ်လောကလုံးတွင် အရယ်ရဆုံး ဟာသကို ကြားလိုက်ရသကဲ့သို့ ခွက်ထိုးခွက်လန် ရယ်မောလိုက်လေသည်။ “ငါ ဉာဏ်မရှိဘူးတဲ့လား

“အေး တစ်ပြားလောက် လိုနေတယ်”

ရှင်းအန်းက ခေါင်းညိတ်ပြသည်။ “မင်းရဲ့ မဟာကောင်းကင်နတ်ဘုံ ကျင့်စဉ်စနစ်နှစ်ခုရဲ့ ကောင်းကင်နန်းဆောင်အစီအစဉ်က အကောင်းဆုံးအဖြေ မဟုတ်ဘူး… ကျင့်စဉ်နှစ်ခုလုံးမှာ ပြစ်ချက်တွေ ရှိနေတယ်… မင်းရဲ့ သင်္ချာအောင်မြင်မှုတွေက မလုံလောက်လို့ ဖြစ်လိမ့်တယ်”

သူ လက်မြှောက်လိုက်ရာ သေတ္တာက ပွင့်ဟလာသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ သူငယ်အိမ်များ ကျုံ့၀င်သွားပြီး ကျောချမ်းသွားတော့၏။ နတ်ဘုရားမိစ္ဆာတို့၏ ဦးနှောက်များက သေတ္တာထဲမှ ထွက်လာကြပြီး အသိစိတ် ရှိနေကြသေးသည်။ သူတို့၏ ဦးနှောက်များက အလုပ်လုပ်နေကြဆဲဖြစ်ပြီး မရေမတွက်နိုင်သော နတ်အလင်းရောင်များသည် ဦးနှောက်များ၏ မျက်နှာပြင်ပေါ်တွင် စီဆင်းတောက်ပနေကြ၏။

“ဒီဦးနှောက်တွေကို ငါ သိမ်းထားခဲ့တာလေ…. မစိုးရိမ်ပါနဲ့… သူတို့အားလုံး သေကုန်ပြီ”

ရှင်းအန်းက သူ့ကို တစ်ချက်လှမ်းကြည့်သည်။ “ဂိုဏ်းသခင်ချင်က အမြဲတမ်း ငါ့ကို သတ်ချင်ခဲ့တယ် … ဒါပေမဲ့ သူက စည်းမျဉ်းတွေကိုတော့ ဂရုစိုက်တယ်… ငါ ဂရုမစိုက်ဘဲ လူတွေကို သတ်ရင် ဘာပဲ ပေးဆပ်ရပါစေ သူက ငါ့ကို သတ်လိမ့်မယ်” သူက ရှင်းပြ၏။ “ဒါကြောင့် ငါ တိုက်ပွဲမှာ သေဆုံးခဲ့တဲ့ နတခဘုရားမိစ္ဆာတွေကိုပဲ ရွေးချယ်ခဲ့တာ…. သူတို့အားလုံးက သေပြီးနေပြီဆိုတော့ ဦးနှောက်တွေ ရှိနေလည်း အသုံးမဝင်တော့ဘူးလေ… အဲ့ဒါကြောင့် ငါ ယူလာခဲ့တာ …. သူတို့အသက်ရှင်နေတုန်းက သူတို့မှာ ရှုပ်ထွေးစရာအတွေးတွေ အများကြီးရှိပေမယ့် သေပြီးသွားတဲ့နောက် ဘာရှုပ်ထွေးမှုမှ မရှိတော့ဘဲ ငါ့ရဲ့ အကောင်းဆုံး အတွက်အချက်ကောင်းကင်လက်နက် ဖြစ်လာကြတာပဲ…. သက်ရှိတွေရဲ့ ဦးနှောက်ကို အတွက်အချက်ကောင်းကင်လက်နက်အဖြစ် အသုံးပြုတာက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ အဆင့်အမြင့်ဆုံးကောင်းကင်လက်နက်တွေထက် ပိုပြီးမြန်တယ်”

သူက နောင်တများဖြင့် သက်ပြင်းချပြီး ပြောလိုက်သည်။ “တကယ်တော့ ဂိုဏ်းသခင်ချင်ရဲ့ ဦးနှောက်ကို အလိုချင်ဆုံးလေ ... သူ ငါ့ကို မပေးချင်တာ သိပ်နှမြောဖို့ကောင်းတယ်… မင်းကို ငါ သေချာလေ့လာပြီးသွားရင် မင်းရဲ့ ဦးနှောက်လည်း သူတို့ကြားထဲ ရောက်သွားလိမ့်မယ်”

သူက တက်ကြွစွာဖြင့် အင်္ကျီလက်စများ ခါလိုက်သည်။ မရေမတွက်နိုင်သော နတ်ဘုရားမိစ္ဆာများ၏ ဦးနှောက်များသည်‌ ကောင်းကင်တွင် အစီအရီ နေရာယူသွားကြပြီး ဧရာမ သက်ရှိဦးနှောက်၀င်္ကပါကြီးတစ်ခု ဖွဲ့တည်ကာ အလွန်တရာ ရှုပ်ထွေးနက်နဲသည့် တွက်ချက်မှုများကို လုပ်ဆောင်နေကြ၏။ နတ်အလင်းတန်းများက အာရုံကြောများကို ဖြတ်သန်းစီးဆင်းနေပြီး နှိုင်းယှဉ်မရလောက်အောင် မြန်ဆန်လှသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ၎င်းကို ကြည့်၍ ရေရွတ်လိုက်မိသည်။ “အသက်ရှင်တုန်းက သိပ်ကို တုံးအတဲ့သူတွေ ရှိတယ်….ဒါပေမဲ့ သူတို့ရဲ့ဦးနှောက်တွေ အတူတကွ ဆက်နွယ်သွားတဲ့အခါကျရင် ငါ့ထက် သာလွန်နိုင်တယ်လို့ ပြောတာလား”

ရှင်းအန်းက ဖြေသည်။ “အသက်ရှိတုန်းက တုံးကောင်း တုံးနိုင်ပေမယ့် သူတို့ဦးနှောက်တွေက တုံးတာမဟုတ်ဘူး… သူတို့ရဲ့ အတွေးတွေက တုံးတာ…. ဒါကလည်း သူတို့အသက်ရှင်နေတုန်းက သင်ယူခဲ့ရတဲ့ ပညာရေး၊ နေထိုင်ရတဲ့ ပတ်ဝန်းကျင်အခြေအနေနဲ့ ဆိုင်တယ်… သူတို့ဦးနှောက်နဲ့ ဘာမှမဆိုင်ဘူး”

သူက စိတ်ရှည်လက်ရှည် ရှင်းပြနေသည်။ “သူတို့ သေသွားပြီးတဲ့နောက်မှာတော့ အဲဒီအတွေးတွေ ကပျောက်ကွယ်သွားတယ်….အားလုံးရဲ့ ဦးနှောက်တွေ လှုပ်ရှားနေနိုင်သေးသရွေ့ အလျင်မြန်ဆုံး ကောင်းကင်လက်နက်လို့ သတ်မှတ်လို့ရတယ်…. ငါကတော့ မလိုအပ်တဲ့ဟာတွေ သုံးပြီး ဒီဦးနှောက်တွေကို အသုံးချလို့ ငါ့ကိုယ်ငါ ဉာဏ်ပိုကောင်းအောင် လုပ်နေတာ… မတူညီတဲ့ ကောင်းကင်နန်းဆောင် နေရာအစီအစဥ်တွေကို အလွယ်တကူ ရှာလို့ရပြီး ကောင်းကင်နတ်ဘုံရဲ့ အကောင်းဆုံးကျင့်ကြံလမ်းစဉ်ကို သိနိုင်တယ်…. မင်းလို ဉာဏ်မကောင်းတဲ့သူတစ်ယောက်ကတော့ အကောင်းဆုံးလမ်းစဉ်ကို ဘယ်သိပါ့မလဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်ပေါ်ရှိ ဦးနှောက်၀င်္ကပါကို ကြည့်ကာ ချီးကျူးလိုက်သည်။ “မင်းကို မြင်တော့ တစ်ယောက်ယောက်ကို သတိရမိတယ်… အဲ့ဒီသူက ရှစ်ချီလော်ပဲ…. ကောင်းကင်နတ်ဘုံ ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ အရှင်သခင်ပေါ့… သူက ငါ့ရဲ့မယ်တော် သခင်မယွမ်မုလည်း ဟုတ်တယ်…. သူ့မှာလည်း ထူးဆန်းတဲ့ပစ္စည်းတွေ ပြည့်နေတဲ့ သေတ္တာတစ်လုံး ရှိတယ်လေ… “

“ရှစ်ချီလော်လား”

ရှင်းအန်းက တခဏ စဉ်းစားနေပြီးနောက် လက်မြှောက်လိုက်သည်။ ရှုပ်ပွနေသော ဦးခေါင်းတစ်လုံးသည် သေတ္တာထဲမှ ပျံထွက်လာ၏။ “ဒီလူလား… ငါ ဒီခေါင်းကို ရွှမ်တုတိုက်ပွဲကနေ ရခဲ့တာ… သူ့တာအိုက အဆင့်နိမ့်ပြီး ဖန်ဆင်းခြင်းတာအိုနဲ့ အဆုံးသတ်မြို့ပျက်တာအိုကိုပဲ သုံးခဲ့တယ်…. ငါနဲ့ ယှဉ်ရင်တော့ သူက နိမ့်ကျတယ်…”

သူက တခဏစဉ်းစားနေပြီးနောက် သူ့လက်ကို ဆန့်တန်းကာ လေထဲတွင် မျဉ်းကြောင်းတစ်ကြောင်း ရေးဆွဲလိုက်သည်။ “မျဉ်းကြောင်းတစ်ကြောင်းပဲ ကွာ‌တာ…. ဂိုဏ်းသခင်ချင်ရဲ့ မျဉ်းကြောင်းတစ်ကြောင်း”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ မုတ်‌ဆိတ်မွှေးဖွားဖွားဖြင့် ဦးခေါင်းအား ကြည့်နေမိသည်။ ယင်းက ရှစ်ချီလော်ပင် ဖြစ်၏။ ရွှမ်တုတိုက်ပွဲတွင် တစ်စုံတစ်ယောက်၏ ခေါင်းဖြတ်ခြင်း ခံခဲ့ရပြီးနောက် ဤလူက ကောက်ယူလာခဲ့ခြင်း ဖြစ်ပေလိမ့်မည်။

သို့သော် ရှစ်ချီလော်၏ ဦးခေါင်းခွံမှ ဖွင့်ဟခံထားရသဖြင့် သူ့မှာ ကြက်သီးမွေးညှင်းများထသွားသည်။ အထဲရှိ ဦးနှောက်မှာ အစအနပင်မကျန်ဘဲ ပျောက်ကွယ်နေ၏။

သူက ကောင်းကင်ပေါ်ရှိ ဦးနှောက်၀င်္ကပါကို မော့ကြည့်လိုက်သည်။ ထိုထဲတွင် ရှစ်ချီလော်၏ ဦးနှောက်လည်း ပါရှိနေလေသည်။

ဟောင်မှာ ရှင်းအန်း၏ သေတ္တာကို ပြန်ကြည့်လိုက်မိသည်။ ထိုသေတ္တာထဲ၌ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော အရာများ ပုန်းကွယ်နေပါသနည်း။

“မင်းက ရက်စက်လွန်းတဲ့အတွကိ ငါတောင် ကြက်သီးထမိတယ်…. ကောင်းကင်နတ်အရှင်မူက မင်းကို အသုံးချရဲတယ်ပေါ့…. ဘယ်လိုတောင် ရဲတင်းတာလဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချီးကျူးလိုက်သည်။ “မင်း ငါ့ဆီ အညံ့ခံမယ်ဆိုရင် ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ အရှင်သခင် ဖြစ်လာခွင့်ပေးမယ်… မင်းရဲ့ ပါရမီကို ငါ လေးစားတယ်”

ရှင်းအန်းက လက်ဆန့်ကာ ကောင်းကင်ရှိ ဦးနှောက်၀င်္ကပါကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ “ဂိုဏ်းသခင်ချင်က ငါ့ကို အသုံးမချရဲပါဘူး…. သူက ငါ စည်းကျော်တဲ့ အရာတစ်ခုခု လုပ်မိမှာပဲ စိုးရိမ်နေတာ…. ငါ့ကို အသုံးချရဲတဲ့သူက ထာဝရငြိမ်းချမ်းရေးအင်ပါယာရဲ့ ဧကရာဇ်ပဲ… သူ့ရဲ့ သဘောထားမြင့်မြတ်မှုက ဂိုဏ်းသခင်ချင်လို သနားစရာလူတစ်ယောက်ထက် အများကြီး ကြီးမားတယ်… ငါ ကောင်းကင်နတ်ဘုံကို သွားမယ်… အဲဒီနေရာမှာ စုဆောင်းသိမ်းဆည်းစရာတွေ အများကြီးရှိမှာပဲ”

သူက သေတ္တာကို ပိတ်ကာ ပြော၏။ “မင်းက ကျင့်စဉ်ထဲက ပြစ်ချက်တွေ ငါ တွက်ချက်ပြီးသွားပြီ…. မင်းလည်း ငါ သိမ်းဖို့ပစ္စည်း ဖြစ်လာလို့ရပြီ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ သူငယ်အိမ်များ ကျုံ့၀င်သွားသည်။ ရှင်းအန်းသည် သူ့ကို ဦးနှောက်၀င်္ကပါအား ပြသခဲ့၍ စကားများစွာ ပြောခဲ့သော်လည်း သူ၏ရည်ရွယ်ချက်က ဦးနှောက်၀င်္ကပါကို အသုံးပြုကာ ကောင်းကင်နတ်အရှင်ဟွေ့၏ ခန္ဓာကိုယ်ရှိ ဒဏ်ရာများနှင့် ကောင်းကင်နတ်သိုင်း အငွေ့အသက်များမှ ကျင့်စဉ်၏ ပြစ်ချက်များကို ရှာဖွေရန် ဖြစ်လေသည်။

ယခုတွင် ရှင်းအန်းသည် ပြစ်ချက်အချို့ ရှာတွေ့နိုင်ခဲ့သဖြင့် သူ၏အစီအစဉ်က ပေါ်လာချေပြီ။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ သူ့ကိုယ်သူ အထင်ကြီးကာ ယုံကြည်ချက်ရှိသော်လည်း ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုနှင့် တွေ့ကြုံရပြီးနောက် လောကတွင် ပါရမီမျိုးစုံပိုင်ဆိုင်ထားသည့် ပုဂ္ဂိုလ်များ ရှိမှန်း သိခဲ့ရသည်။

ဤရှင်းအန်းမှာလည်း ထိုသို့ပုဂ္ဂိုလ်မျိုးထဲမှ တစ်ယောက် ဖြစ်သည်။

ထိုအခိုက်အတန့်တွင် ရှင်းအန်းက လှုပ်ရှားတိုက်ခိုက်လာသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ခပ်ဩဩ အော်ဟစ်လိုက်ပြီး ကောင်းကင်‌နန်းဆောင်တစ်ခုက သူ၏ဦးခေါင်းအနောက်မှ ထွက်ပေါ်လာပြီး မဟာကောင်းကင်နတ်ဘုံနှစ်ခုကို ဖွဲ့တည်လိုက်သည်။ မဟာကောင်းကင်နတ်ဘုံနှစ်ခုက ကောင်းကင်လှည်းဘီးများအဖြစ် ပြောင်းလဲသွားကြပြီး တစ်ခုကယင်၊ တစ်ခုကယန်ဖြစ်သွားကြ၏။ တစ်ခုကအနက်ရောင်ဖြစ်နေပြီး ကျန်တစ်ခုကတော့ အဖြူရောင်ဖြစ်သည်။

၎င်းက မွေးရာပါချီနှင့်အဆုံးသတ်မြို့ပျက်မဟာတာအိုတို့၏ ပြီးပြည့်စုံသောပေါင်းစည်းမှုဖြစ်၏။

သူ၏လူဝင်စားမှာ ဝိညာဉ်လူဝင်စားခြင်းသာဖြစ်သည်။ ကျင့်ကြံခြင်းအဆင့်က နဂါးသွဲ့ရေကန်အဆင့်နှင့် နတ်ဘုရားစီရင်ရာစင်မြင့်ကြားရှိ ကောင်းကင်ပင်လယ်အဆင့်တွင်သာရှိနေသည်။ သို့သော် သူ၏ကျင့်စဉ်များဖြင့် သူသည် ရိုးရာအဆင့်တွင် ဖြစ်သော လင်းရှောင်နှင့် ရင်ဆိုင်တိုက်ခိုက်နိုင်၏။

တာအိုအဆင့်‌ ကောင်းကင်ဘုံ ၃၀ ပိုင်ဆိုင်ထားသည့်အတွက် ဧကရာဇ်ပလ္လင်အဆ့င်ပုဂ္ဂိုလ်တစ်ယောက်နှင့် ယှဉ်ပြိုင်နိုင်လေသည်။

မှန်ပါသည်။ သူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာ၏ ဧကရာဇ်ပလ္လင်အဆင့်ပုဂ္ဂိုလ်များထက်တော့ နိမ့်ကျ၏။ ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် ဧကရာဇ်ပလ္လင်အဆင့် များများစားစား မရှိသော်လည်း အလွန်တရာ အခြေခံခိုင်မာသူ အချို့တော့ ရှိလေသည်။

ထာဝရငြိမ်းချမ်းရေးအင်ပါယာပြုပြင်ပြောင်းလဲမှုသည် သမိုင်းကြောင်း နှစ် ၁၃၀ တည်မြဲခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့်နှစ်ပေါင်း ၁၃၀ အတွင်း ကျင့်စဉ်များနှင့် ကောင်းကင်နတ်သိုင်းများ အမြဲတစေ ပြောင်းလဲနေမှုမှာ ပို၍ပင် မြန်ဆန်ပြင်းထန်လာခဲ့ပြီး ထိပ်တန်းပုဂ္ဂိုလ်များကို မွေးထုတ်ပေးနိုင်ခဲ့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင် ဝင်ရောက်ပတ်သက်သည်မှာ အနည်းငယ်မျှ နောက်ကျသွားသော်လည်း လွန်ခဲ့သော နှစ်တစ်သန်းတွင် သိုင်းအဆင့် ဖန်တီးခဲ့သော ကောင်းကင်နတ်အရှင်တစ်ပါးဆိုသည့် နာမည်မှာ အလကားမဟုတ်ပေ။ တိုတောင်းသော ဆယ်စုနှစ်အနည်းငယ်အတွင်း သူသည် ထာဝရငြိမ်းချမ်းရေးအင်ပါယာတွင် အသန်မာဆုံးပုဂ္ဂိုလ်များထဲမှ တစ်ယောက် ဖြစ်လာခဲ့သည်။

သူသည် ကောင်းကင်နတ်အရှင်ဟွေ့၏ လူဝင်စားတုယီကို အသာလေး သတ်ဖြတ်နိုင်ခဲ့သည်။ ထို့ကြောင့် ယုံကြည်ချက်လည်း ရှိသလို အခြေခံလည်း ခိုင်မာ၏။

သို့သော် သူ၏ကျင့်စဉ်ကို အဆုံးအစွန်အထိ တွန်းပို့နေသည့်အချိန်မှာပင် ရှင်းအန်းက ပျံသန်းလာသည်။ သူတို့နှစ်ယောက်က အနီးကပ် ၀င်တိုက်သွားကြပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင် ကျင့်စဉ်ကို အသက်သွင်းလိုက်သည်နှင့် ရှင်းအန်းက သူ၏တာအိုတစ်သောင်း ကောင်းကင်လှည်းဘီး၏ အလယ်ဗဟိုသို့ ညွှန်ပြလိုက်သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ကျင့်စဉ်လှည့်ပတ်နေခြင်း၌ ပြစ်ချက်တစ်ခု ရှိနေကြောင်း ခံစားလိုက်ရပြီး ၎င်းမှာ လျော့တိလျော့ရဲ ဖြစ်လာသည်။ ပြီးပြည့်စုံစွာ ပေါင်းစည်းနေခဲ့သည့် ကောင်းကင်လှည်းဘီးများက တစ်ခုနှင့်တစ်ခု ဝင်တိုက်သွားကြပြီး မတူညီသောစွမ်းအား၊ ကောင်းကင်နန်းဆောင်များ တစ်ခုကိုတစ်ခု ဝင်တိုက်ကာ ပျက်စီးတော့မည့် အရိပ်အယောင်များ တွေ့မြင်လာရသည်။

သူ မည်သည့်နေရာ၌ ပြစ်ချက်ရှိသည်ကို မရှာနိုင်ခင်မှာပင် ရှင်းအန်းက သူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ခုတ်ပိုင်းလိုက်ပြီ ဖြစ်၏။

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ တာအိုကျင့်စဉ်စနစ် ကောင်းကင်နတ်သိုင်း ပေါက်ကွဲထွက်လာသည်။ ဝုန်း… ဝုန်း… ဝုန်း…။ ကောင်းကင်လှည်းဘီးအလွှာ ၃၀၀ က တစ်ခုချင်းစီ၏ ခွန်အားကို ငှားယူကာ အလွှာလိုက် ပေါက်ကွဲထွက်လာကြ၏။ တစ်ချိန်က ဘိုးဘေးနန်းတော်ကျောက်စိမ်းမြို့တော်၏ ဖရိုဖရဲမြစ်ပေါ်ရှိ ချင်မူမှာ ဤတိုက်ကွက်ကို အချိန်မီ ရှောင်တိမ်းနိုင်ခဲ့ခြင်း မရှိပေ။ သူ့မှာ တစ်ချက်တည်းဖြင့် ဖရိုဖရဲမြစ်ထဲသို့ ပြုတ်ကျသွားခဲ့ရသည်။

သို့သော် ရှင်းအန်း အသာအယာ တွန်းလိုက်ရာ တစ်ခုနှင့်တစ်ခု စွမ်းအားငှားယူထားကြသည့် ကောင်းကင်လှည်းဘီးများမှာ ဆန့်ကျင်ဘက် အင်အားများ ဖြစ်ကုန်ကြပြီး တစ်ခုကို တစ်ခု ချေမှုန်းတိုက်ခိုက်နေတော့သည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ အံ့အားသင့်နေမိသည်။ ရှင်းအန်း၏ မှော်စွမ်းအင်မှာ သူ၏လူဝင်စားထက် များစွာ သိပ်သည်းပြီး ကျင့်စဉ်နှင့် ကောင်းကင်နတ်သိုင်းများက ပို၍ပင် ထူးဆန်းနေကာ ခန့်မှန်း၍မရနိုင်ပေ။

ရှင်းအန်းသည် သူ၏ ကျင့်စဉ်ထဲတွင် ပြစ်ချက်တစ်ခုကိုသာ ရှာတွေ့ခဲ့ခြင်းဖြစ်နိုင်သော်လည်း ထိုပြစ်ချက်က သေစေနိုင်သည်။

သူ တွေးတောစဉ်းစားနေစဉ် ရှင်းအန်း၏ လက်ဖဝါးက သူ၏ မျက်ခုံးနှစ်ဖက်ကြားသို့ ခုတ်ပိုင်းလိုက်ပြီဖြစ်၏။

သူ၏မူလဝိညာဉ်က ပြင်းထန်စွာ တုန်ရီသွားပြီး ခန္ဓာကိုယ်ထဲမှ ထွက်ခွာသွားသည်။

ဇွက်… ဇွက်… ဇွက်

သံမဏိအပ်များက သူ၏ရုပ်ခန္ဓာထဲသို့ ထိုးစိုက်ကာ မူလဝိညာဉ်အား အပြင်တွင် ပိတ်မိနေစေ၏။

ရှင်းအန်းက လက်ဆန့်တန်း၍ မူလဝိညာဉ်ကို ဖမ်းဆီးရန် လှမ်းဆွဲလိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်ဟောင်က နှာခေါင်းရှုံ့လိုက်ပြီး သူ၏မူလဝိညာဉ်က ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ “ငါက ကောင်းကင်နတ်ဧကရာဇ်ပဲကွ…. င့ါဝိညာဉ်က မင်း ထိတွေ့နိုင်မယ့်အရာလို့များ ထင်နေတာလား”

ရှင်းအန်းက သူ၏ လက်ချောင်းများကို ခါလိုက်သည်။ ကောင်းကင်နတ်ဧကရာဇ်၏ မူလဝိညာဉ်နှင့် ဝိညာဉ်တို့မှာ ချက်ချင်း ကွဲထွက်သွားကြ၏။ ကောင်းကင်နတ်ဧကရာ‌ဇ်ဟောင်မှာ အလန့်တကြား ဖြစ်သွားမိသည်။ “ထာဝရငြိမ်းချမ်းရေးအင်ပါယာသား စိတ္တဇအရူးကောင်…”

သူက ဝိညာဉ်ကို အလျင်အမြန် ပြန်လည်သိမ်းယူလိုက်သော်လည်း အခြားဝိညာဉ်များမှာ ရှင်းအန်း၏ သိမ်းပိုက်ခံရခြင်း ဖြစ်နေပြီ ဖြစ်သည်။

“ငါ မင်းရဲ့ ကျင့်စဉ်မှာ ပြစ်ချက်တွေ ရှာပြီး မင်းကို တစ်စစီ ဆုတ်ဖြဲပစ်မယ်…” ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အသံက ကောင်းကင်ထက်မှ ဟိန်းထွက်လာသည်။

ရှင်းအန်းက မကြားချင်ယောင်ဆောင်ထားပြီး ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ဝိညာဉ်များကို သေတ္ထာထဲသို့ သိမ်းဆည်းနေသည်။

“အဲ့ဒီအချိန်ကျ ငါက မင်းကျင့်စဉ်မှာ တခြားပြစ်ချက်တွေ ထပ်တွေ့နေလောက်ပြီ”

သူ၏ ချီစွမ်းအင်သည် ဓားသွားတစ်ခုပမာ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ လူဝင်စားကို အသေးစိတ် ပိုင်းဖြတ်နေသည်။ သူ၏မျက်လုံးများက စိတ်လှုပ်ရှားစွာ တောက်ပနေကြ၏။

သေတ္တာက သူ့ကို အားပေးနေသည့်အလား ခုန်ပေါက်နေသည်။

ရှင်းအန်းက ခေါင်းမော့၍ တစ်လွှာပြီးတစ်လွှာ ကွဲထွက်လာခဲ့သော ကောင်းကင်နတ်ဧကရာဇ်၏ လူဝင်စားအား လှိမ့်ကာ သိမ်းဆည်းလိုက်ပြီးနောက် သေတ္တာထဲ ထည့်လိုက်၏။ “မင်း ပြောတာမှန်တယ်…” သူက ပြောသည်။ “အထိတ်တလန့်ကိစ္စတွေ သိပ်လုပ်လို့ မဖြစ်ဘူး… ဂိုဏ်းသခင်ချင်က အမြင်ကျဉ်းတယ်…. ငါ ဒီလို ကိစ္စမျိုးကို နေ့ခင်းကြောင်တောင် လုပ်ခဲ့တာ သိရင် ငါ့ကို သေချာပေါက် ဒုက္ခပေးလိမ့်မယ်… ပြန်သွားကြစို့”

“ဒါနဲ့ မင်း ငါ့ကို ဂိုဏ်းသခင်ချင်ရဲ့ ဦးနှောက်အစိတ်ပိုင်းတစ်ခု ပေးလို့ရလား… အေးလေနော် ... ပြန်ပြီး အသားတက်လာမှာပဲဟာ … မင်း ဘယ်လိုထင်လဲ… ငါရောပဲ… သူက သိပ်ကို အမြင်ကျဉ်းတာကွ”

All Chapters