ပိုက်ဆံရှိတော့ စိတ်ရှိတိုင်းလုပ်ချင်ရာ လုပ်နိုင်တယ်
Vol. 17 Ch. 223
“ဦးလေးမို ဟိုလူချမ်းသာကောင်လေးရဲ့ အစွမ်းအစတွေကို တစ်ချက်လောက် စစ်ပေးပါလား”
ဖန့်ကြွယ်ယွီ၏ စကားများက သူ့ကိုစော်ကားလွန်းသည်ဟု ချင်းယွင်ခံစားရပြီး ဒေါသထွက်နေမိသည်။
“ချင်းယွင်..ဒါက ပိုင်မိသားစုရဲ့ ပိုင်နက်ထဲမှာ။ ခြေလွန်လက်လွန်လျှောက်မလုပ်နဲ့”
ချင်းယွင်က ဖန့်ကြွယ်ယွီကို ပစ်မှတ်ထားသည်ဆိုသော စကားကိုကြားရပြီး ပိုင်ယိုမျက်နှာပျက်သွားသည်။ အစတုန်းက သူ့မိသားစုအတွက် ဖန့်ကြွယ်ယွီ၏နောက်ကို လိုက်လာရခြင်းဖြစ်သည်။ သို့သော် ဖန့်ကြွယ်ယွီ၏ အရည်အချင်းများကို တဖြည်းဖြည်းတွေ့လာရသောအခါ သူမက ပိုပိုပြီး လေးစားလာမိသည်။
ချင်းမိသားစု၏ လူကြီးများက ဖန့်ကြွယ်ယွီကိုတိုက်ခိုက်ဖို့ ကြံနေလျှင်တောင်မှ သူတို့သည် ဖန့်ကြွယ်ယွီအား အလွယ်တကူ အနိုင်မရနိုင်ပေ။
“သခင်လေး..ကျွန်တော် ဝင်လိုက်ရတော့မလား”
ကူးရီ၏အသံကို နားထဲကြားလာသည်။
“ဘာကို ဝင်မှာလဲ။ မင်းဝင်ပါရင် ဘယ်ပျော်ဖို့ကောင်းတော့မလဲ။ သူတို့ကို အရင်ဆုံး အရူးလုပ်လိုက်ဦးမယ်။ ထစ်ခနဲရှိ မင်းအစွမ်းတွေပြနေမယ်ဆို မပျော်ရတော့ဘူးလေ”
“ပိုင်ယုဟိုင်ကိုပဲ သေချာကြည့်နေပါ။ သူ့ကို ဘာမှမဖြစ်စေနဲ့”
“ဟုတ်ကဲ့ နားလည်ပါပြီ သခင်လေး”
ကူးရီ၏ စိတ်ထဲဝမ်းနည်းသွားသည်။ သူက သခင်လေးကို သစ္စာရှိကြောင်းပြသချင်ရုံသာဖြစ်ပြီး သူ၏အစွမ်းကို ထုတ်ပြချင်စိတ် နှင့် ကြွားဝါလိုစိတ် နည်းနည်းလေးမှ မရှိပေ။
“ပိုင်ယို မင်းနောက်ဆုတ်နေ.. ဒီလူကို မင်းမတားဆီးနိုင်ဘူး။ သူ့ကို ငါရင်ဆိုင်လိုက်မယ်”
အဆင့်-၃ရှိသော သိုင်းသမားတစ်ဦးက သူ့အတွက် မပြောပလောက်ပေ။ ကောရှင်းယွီတောင်မှ ထိုလူကို အသာလေး အလဲထိုးနိုင်သည်။
“မစ္စတာဖန့်..ငါက ချင်းမိသားစုက ချင်းမိုပါ။ မစ္စတာဖန့်က အရမ်းတော်တယ်ဆိုလို့ ငါလည်း မစ္စတာဖန့်ဆီက အကွက်လေးတွေ နည်းနည်းလောက် သင်ချင်လို့ပါ”
ချင်းမို ထွက်လာသောအခါ အားလုံးက နောက်ဆုတ်ကုန်ကြသည်။ ချင်းမိုသည် လက်သီးသိုင်းကွက်နှင့် ပတ်သက်ပြီး ဆရာတစ်ဆူဖြစ်သည်။ သူသည် ချင်းမိသားစုထဲမှာဆို အတော်ဆုံးထဲမှ တစ်ဦးဟု ဆိုနိုင်သည်။
“ဟုတ်ပြီလေ” ဖန့်ကြွယ်ယွီက ကောရှင်းယွီ၏လက်ကို လွှတ်လိုက်ရင်း “ဘေးနားမှာခဏကြည့်နေနော်။ ကိုယ် သူနဲ့ အပျင်းပြေသွားဆော့လိုက်ဦးမယ်”
ကောရှင်းယွီက ခေါင်းညိမ့်ပြသည်။ သူ့အပြုအမူကိုကြည့်ပြီး ချင်းမိုက သူ့အတွက်ပြိုင်ဘက်မဟုတ်ဘူးဆိုတာ ရှင်းယွီသိလိုက်ရသည်။
“ချလွမ်း”
ရုတ်တရက်ဆိုသလို ချင်းမိုသည် အထူးသီးသန့်ပြုလုပ်ထားသော သံလက်ဝှေ့အိတ်ကို လက်နှစ်ဖက်မှာဝတ် လိုက်သည်။ ထိုအသံသည် လက်ဝှေ့အိတ်နှစ်ခု တိုက်မိရာမှ ထွက်လာသော အသံဖြစ်သည်။
“မစ္စတာဖန့်လည်း ကြိုက်တဲ့လက်နက်သုံးပါ”
“လက်နက် ဟုတ်လား”ဖန့်ကြွယ်ယွီက ခဏစဉ်းစားပြီး အပေါ်ကို မော့ကြည့်ကာ “ကူးရီ ငါ့ကားထဲက သေတ္တာလေးသွားယူပေး”
“သူ ဘယ်သူ့ကို ခေါ်နေတာလဲ”
“သူ့မှာ လျှို့ဝှက်လက်နက်တွေရှိနေတာလား”
“ပြောဖို့တော့ခက်တယ်။ မိန်းကလေးပိုင်ကို သူသင်ပေးထားတာဆို သူ့အစွမ်းအစတွေကို လျှိုထားတဲ့ပုံပဲ”
“သခင်လေးပြောတဲ့ပစ္စည်းယူလာပါပြီ”
ဆယ်စက္ကန့်တောင်မကြာလိုက်ဘဲ ကူးရီသည် သေတ္တာတစ်လုံးကိုကိုင်ပြီးပြန်ရောက်လာသည်။
“ဘယ်သူလဲ။ ဘယ်ကပေါ်လာတာလဲ” ကူးရီ ဘယ်လိုရောက်လာလဲဆိုတာ ဘယ်သူမှ မသိကြပေ။
“ဟုတ်ပြီ သွားတော့။ လူတွေကို ထပ်ပြီးလန့်အောင်မလုပ်နဲ့တော့”
“ဟုတ်ကဲ့ သခင်လေး”
ကူးရီက မိုးပေါ်ပျံပြီး ပိုင်ယုဟိုင်၏ အခန်းဆီပြန်သွားသည်။
“မိုး..မိုးပေါ်ပျံသွားတာ..ငါ ဘာတွေမြင်လိုက်ရတာပါလိမ့်”
“သူက နတ်ဘုရားဘုံက လူသားများလား”
သိုင်းလောကမှာဆို သိုင်းပါရမီရှင်အဆင့်က မြင့်သည်ဟု မှတ်ယူနိုင်သည်။ ဆန်းကြယ်လူသားအဆင့်သည် သိုင်းလောကမှာအတွင်းမှာ ထိပ်ဆုံးနေရာတွင်ရှိသည်။ သို့သော် မည်သည့် သိုင်းလောက မိသားစုမှာမှ ထိုအဆင့်ကိုရောက်သည်ဟု မကြားဖူးပေ။
နတ်ဘုရားဘုံမှာ ရှိသော လူသားများက ပျံသန်းနိုင်သည်ဟု ဆိုကြသည်။ ယခုအခါ သူတို့မျက်စိဖြင့် တပ်အပ်မြင်ခဲ့ရသည်။
“ခဏလေး..သူ့ကို အဲ့လူက ဘယ်လိုခေါ်လိုက်တာ”
“သခင်လေးတဲ့”
“ငါနားကြားမှားတာလား”
“မဟုတ်ဘူး…သူက သခင်လေးလို့ ခေါ်လိုက်တာ ငါလည်းကြားလိုက်တယ်”
နတ်ဘုရားဘုံမှာရှိနေသောလူက သူ့ကို သခင်လေးဟုခေါ်သည်။ယခုမှသာ ပိုင်ယို၏ စကားကို
ယုံကြတော့သည်။ နတ်ဘုရားဘုံကလူတောင် သူခိုင်းတာမှန်သမျှ လုပ်နေရသည်။ သူ့နောက်မှာ ဘယ်လိုအဖွဲ့တွေရှိနေပါလိမ့်။
ချင်းမိုက ဘာမှ မလှုပ်ရှားရဲလောက်အောင် တုန်လှုပ်နေမိသည်။
ဒီကောင်လေးက သူ့ထက် အင်အားကြီးမားနေလို့ သူအာရုံမခံနိုင်တာဖြစ်နိုင်သည်။
“လူတွေကိုလန့်အောင်မလုပ်နဲ့လို့ပြောထားရက်နဲ့ကွာ” ဖန့်ကြွယ်ယွီက သူ့နဖူးကို သူပြန်ရိုက်လိုက်သည်။ ကူးရီက ဦးနှောက်ရောကောင်းရဲ့လားဟု သံသယဝင်မိသည်။
သူက မိုးပေါ်ပျံပြသောအခါ လူအများစုက ထိတ်လန့်ကုန်ကြသည်။ မိုးပေါ်ပျံပြဖို့ လိုရဲ့လား။
“စိတ်မပူပါနဲ့။ ဒီပြိုင်ပွဲက ငါကျေနပ်လို့ပြိုင်တာပါ။ ငါ့ကိုအနိုင်ရရင် ဒါမှမဟုတ် ဒဏ်ရာရစေခဲ့ရင် ဘာဖြစ်မလဲလို့ဆိုပြီး တွေးမကြောက်ပါနဲ့။လာပါ” ဖန့်ကြွယ်ယွီက ချင်းမိုကို စိန်ခေါ်သည်။
သို့သော် ချင်းမိုက လုံးဝမလှုပ်ရဲပေ။
“ဟုတ်ပြီလေ..ခင်ဗျားက မလှုပ်ရှားမှတော့ ကျုပ်လာပြီ”
ဖန့်ကြွယ်ယွီက သေတ္တာဘူးကို ဖွင့်လိုက်သည်။
သေတ္တာထဲတွင် ဘာမှမရှိဘဲ ငွေစက္ကူများသာအထပ်လိုက်ရှိနေသည်။
“သူက ဘာလုပ်မှာလဲ။ ပိုက်ဆံနဲ့ ဖိသတ်မလို့လား”
“ဟုတ်လောက်တယ်။ သူ့မှာ နတ်ဘုရားဘုံက တပည့်ရှိနေမှတော့ သူလှုပ်ရှားစရာမလိုတော့ဘူးလေ။ ချင်းမိုက သူ့ကိုဘာမှလုပ်ရဲမှာမဟုတ်ဘူး”
“ဟုတ်တယ်။ မင်းပြောတာမှန်တယ်။ သူ့ကိုပိုက်ဆံနဲ့ပစ်ပေါက်မလို့လေ”
ဖန့်ကြွယ်ယွီက လက်ဖျောက်တစ်ချက်တီးပြီး သေတ္တာထဲက ပိုက်ဆံများကို ထုတ်လိုက်သည်။
“ပန်းပွင့်ဇီဝိန်ခြွေလက်ချောင်း”
အတွင်းအားများကို ခန္ဓာကိုယ်မှတစ်ဆင့် လက်ချောင်းထိပ်မှာစုလိုက်သည်။ လက်ချောင်းထိပ်မှတစ်ဆင့် ငွေစက္ကူဆီသို့ ပြောင်းလိုက်သောအခါ ငွေစက္ကူများက သံချောင်းကဲ့သို့ မာကျောလာသည်။
“ဝှစ်”
ငွေစက္ကူများသည် ကျည်ဆန်အလား သူ့လက်ထဲမှ ထွက်သွားသည်။
ငွေစက္ကူတစ်ရွက်က သူ၏ လက်အိတ်တစ်ဖက်ကို ပိုင်းဖြတ်သည်။ နောက်ထပ် ငွေစက္ကူတစ်ရွက်သည် နောက်ထပ် လက်အိတ်တစ်ဖက်ကို ပိုင်းဖြတ်သည်။
သူလက်ထဲမှာကျန်သော ငွေစက္ကူရွက်များက ချင်းမို၏ အကျီကို အပိုင်းပိုင်းဖြစ်အောင် ဆုတ်ဖြဲပစ်သည်။
သူ၏လက်ထဲတွင် ငွေစက္ကူများကုန်သောအခါ ချင်းမိုသည် အကျီဗလာကျင်းဖြစ်သွားသည်။
“မိုက်လိုက်တာ…”
ဖန့်ကြွယ်ယွီက သူ့ကို သတ်ချင်စိတ်ရှိပါက သူသေတာကြာပြီဖြစ်သည်။ ထိုနှုန်းနှင့်ဆို အဆင့်မြင့်သိုင်းပညာရှင် တောင်မှ ခံနိုင်ရည်မရှိပေ။ ဖန့်ကြွယ်ယွီ၏ အတွင်းအားက အဆင့်မြင့်လွန်းလှသဖြင့် ချင်းမိုကိုမသတ်ဘဲ အကျီကိုသာ ဖြဲပစ်နိုင်သည်။
ချင်းမိုက ကြောက်လွန်းသဖြင့် တုပ်တုပ်မှပင် မလှုပ်ရဲပေ။သူသည် သိုင်းပါရမီရှင်တစ်ဦးနှင့် ထိပ်တိုက်ရင်ဆိုင်နေရသလို ဖြစ်နေသည်။
“ဝိုး..ချင်းမိသားစုက ပိုက်ဆံချမ်းသာတယ်မလား။ ဘာလို့ အဝတ်အစားကောင်းကောင်းမဝတ်နိုင်တာလဲ”
ဖန့်ကြွယ်ယွီက သက်ပြင်းချကာ ခေါင်းကိုခါသည်။ထို့နောက် သေတ္တာအထဲတွင် ကျန်နေသော ငွေစက္ကူများကို ချင်းမိုအားပေးလိုက်သည်။
“ငါ့ကိုကပ်စေးနည်းတယ်မပြောနဲ့။ ဒါတွေယူသွားပြီး စိတ်ကြိုက်ဝယ်ပစ်လိုက်ပါ။ ဘာလို့ပေးတာလဲ မမေးနဲ့။ ပိုက်ဆံရှိတော့ စိတ်ကြိုက်ဘာမဆို လုပ်နိုင်တယ်”