← Chapters

ခေါက်ဆွဲကို ဇောက်ထိုးမိုးမျှော်နေပြီးစားပြပါ။

Vol. 17 Ch. 224

ခေါက်ဆွဲကို ဇောက်ထိုးမိုးမျှော်နေပြီးစားပြပါ။

Vol. 17 Ch. 224

“ချမ်းသာတယ်” “အင်အားကြီးတယ်” “ထူးခြားတယ်”ဟူသော စကားလုံးသုံးလုံးသည် ဖန့်ကြွယ်ယွီကိုအကောင်းဆုံးဖော်ပြနေသည်။

“မစ္စတာဖန့် အခုနကတွေ့လိုက်တဲ့လူက”

ပိုင်ယိုက ကူးရီကိုပထမဆုံးအကြိမ်တွေ့ဖူးခြင်းဖြစ်သည်။ နတ်ဘုရားအကယ်ဒမီမှာရှိသော ဆရာများက ပါရမီရှင်အဆင့်အထက်မှာရှိကြသည်။ သူတို့က ကျောင်းကနေ တစ်ဖဝါးမှ ခွါလို့မရကြပေ။ ကူးရီက ခြွင်းချက်များဖြစ်နေမလား။

“ဪ အဲ့တစ်ယောက်က ငါ့သက်တော်စောင့်ထဲက အတုံးဆုံးတစ်ယောက်ပါ”

နတ်ဘုရားဘုံအဆင့်မှာရှိနေသော လူကို ဖန့်ကြွယ်ယွီမှလွဲပြီး မည်သူမှ ထိုကဲ့သို့မပြောရဲကြပေ။

“ပြန်ကြမယ်။ ဒီမှာနေရတာပျင်းလာပြီ။ တစ်ခုခုသွားစားကြမယ်လေ။ မင်းအဘိုးရဲ့ ကိစ္စတွေလည်း ပြီးလောက်ပြီပေါ့”

ချင်းယွင်က ပူပူလောင်လောင် အငွေ့တစ်ထောင်းထောင်း ထနေသော အမဲခေါက်ဆွဲတစ်ပွဲကိုယူလာသည်။ ထို့နောက် အားလုံး၏ ရှေ့တွင် ကင်းမြီးကောက်ထောင်ပြီး ခေါက်ဆွဲစားပြသည်။

“ခစ်ခစ်”

ကောရှင်းယွီနှင့် ပိုင်ယိုက မအောင့်နိုင်ဘဲ ရယ်မိတော့သည်။

“ဟမ် ဒီလူက တစ်ခုခုတော့တစ်ခုခုပဲ”

တစ်ခဏလေးအတွင်းမှာ ခေါက်ဆွဲတစ်ပွဲကုန်သွားတော့သည်။ ထို့နောက် သူက ပါးစပ်သုတ်ပြီး ဖန့်ကြွယ်ယွီဆီ ပြေးသွားသည်။

“ငါက ကင်းမြီးကောက်ထောင်ပြီး ခေါက်ဆွဲစားပြရင် သိုင်းသင်ပေးမယ်လို့ ပြောခဲ့တယ်မလား”

ချင်းယွင်က ပွဲကြည့်ပရိတ်သက်များကို အာရုံမထားပေ။

“မစ္စတာဖန့်…ငါသာ ကင်းမြီးကောက်ထောင်ပြီး ခေါက်ဆွဲစားပြမယ်ဆို သိုင်းသင်ပေးမယ်လို့ မင်းပြောခဲ့တယ်မလား”

ချင်းယွင်က တခြားမိသားစုဝင်များ စိုက်ကြည့်တာကို ဂရုမစိုက်ပေ။

နတ်ဘုရားဘုံက လူက သူ့ကို အလုပ်အကျွေးပြုစုနေရခြင်းကိုကြည့်ပြီး သူသည် သာမန်လူတစ်ဦးမဖြစ်နိုင်ပေ။

အသက်နှစ်ဆယ်အရွယ်မှာ ငွေစက္ကူကို ကိရိယာအဖြစ် အသုံးချပြီး ချင်းမိသားစုတွင် ဒုတိယအားအကောင်းဆုံးဖြစ်သော ချင်းမိုကို အနိုင်ရခဲ့သည်။

သူ့ကိုတပည့်ခံခြင်းက ဘာမှ ဆုံးရှုံးသွားလိမ့်မည်မဟုတ်ပေ။

ဖန့်ကြွယ်ယွီနောက်ကိုလိုက်ပါက သူ့တစ်ဘဝလုံး ရဖို့မလွယ်ကူသော အရာကို ရနိုင်မလားဆိုတာ မည်သူသိနိုင်မည်နည်း။

“ဒီကောင်က ကူးရီထက် ပိုပြီးတုံးမဲ့ပုံပါလား”

သို့သော် သူ့စကားအတိုင်း ကတိတည်ရမည်။ ချင်းယွင်က နည်းနည်းမောက်မာသော်ငြား အကျင့်စာရိတ္တက ကောင်းလောက်မည်။

“ဟုတ်ပြီလေ”

ဖန့်ကြွယ်ယွီက ခေါင်းညိမ့်ပြပြီး ကျောင်းတံဆိပ်အားသူ့ကိုလှမ်းပေးသည်။

“မနက်ဖြန်မနက် ရှစ်နာရီ ငါ့ကို မြို့ပြင်က အန်းကျန့်တောင်မှာ လာတွေ့ပါ။ နောက်မကျပါစေနဲ့”

“ဟုတ်ကဲ့ပါ။တပည့်ချင်းယွင်က ဆရာ့ကို ဂါဝရပြုပါတယ်”

“ရပါပြီ။ ဒီလိုတွေလုပ်တာကို ငါမကြိုက်ဘူး”

ဖန့်ကြွယ်ယွီက သူ့၏ လက်ထိပ်ကို ရွှေ့လိုက်သောအခါ အတွင်းအားများက ချင်းယွင်ကို မြေပြင်ပေါ်မှ မ,လိုက်သည်။

“ဒါနဲ့ ခုလေးတင်ဘာဖြစ်သွားလဲဆိုတာ မသိလိုက်ကြဘူးမလား”

ဖန့်ကြွယ်ယွီက ခဏရပ်ပြီး သူ့ဘေးနားကလူတွေကို မေးသည်။

“ဟမ် ဘာဖြစ်သွားလို့လဲ”

“ဟမ် ငါဘာကို မတွေ့လိုက်တာလဲ”

“ဟေးအကိုဝမ်..ငါတို့သိုင်းပြိုင်နေကြတာမလား။ ဆက်ပြိုင်ကြမယ်”

“ဟုတ်တယ် လာ ဆက်ပြိုင်ကြမယ်”

“တော်တယ် တော်တယ်” ဖန့်ကြွယ်ယွီလည်း စိတ်ထဲကျေနပ်သွားသည်။

“မစ္စတာဖန့် ချင်းယွင်ကို တကယ်ပဲ တပည့်အဖြစ်လက်ခံမှာလား”

ချင်းယွင်သာ နတ်ဘူရားအကယ်ဒမီကိုတက်ရောက်ပါက သူမကိုကျော်လွန်သွားမည်ကို ပိုင်ယိုက စိုးရိမ်မိသည်။

“ဘာလို့လက်မခံရမှာလဲ။ ချင်းယွင်က စာရိတ္တကောင်းတယ်။ ပြီးတော့ ကျောင်းကလည်း ထပ်ချဲ့ဖို့လိုတယ်။သိုင်းလောကမိသားစုက မျိုးဆက်တွေက လိုက်လျောညီထွေပြုမူဆောင်ရွက်နိုင်ကြတယ်။ မင်းတို့မိသားစုမှာလည်း အရည်အချင်းရှိပြီး စာရိတ္တကောင်းတဲ့လူတွေများရှိခဲ့ရင် ငါ့ကို အကြံပြုနိုင်ပါတယ်”

“တကယ်လား”

ထိုသတင်းက ပိုင်မိသားစုအတွက် သတင်းကောင်းတစ်ခုဖြစ်သည်။

“ဟုတ်တာပေါ့။ ကဲ လာပါ မင်းအဘိုးအခြေအနေကို သွားကြည့်ကြရအောင်”

ပိုင်ယုဟိုင်သည် ဆေးတန်ခိုးဖြင့် ပြောင်းလဲခြင်းအဆင့်များကို အေးအေးဆေးဆေးဖြတ်ကျော်နိုင်ခဲ့သည်။ သူသည် ယခုအခါမှာ ခွန်အားပိုင်းဆိုင်ရာတွင် အဆင့်လေးပညာရှင်တစ်ဦးဖြစ်လာခဲ့သည်။

“ဟား”

ပိုင်ယုဟိုင်က ပျော်ရွှင်စွာဖြင့် အခန်းထဲမှထွက်လာသည်။ သူ၏ အနေအထားက လူအများ၏

အာရုံကို ဖမ်းစားနိုင်သည်။ တံခါးအပြင်ဘက်မှာသူ့ကိုစောင့်ဆိုင်းနေကြသည်။

“ဂုဏ်ယူပါတယ် မစ္စတာပိုင်။ တိုက်တိုက်ဆိုင်ဆိုင် မစ္စတာပိုင်မွေးနေ့မှာပဲ ခွန်အားဆိုင်ရာ ပညာရှင်တစ်ဦးဖြစ်လာခဲ့ပြီ။တကယ့်ကို ဝမ်းသာပါတယ်”

“ငါတို့မိသားစုကိုယ်စား မစ္စတာပိုင်အတွက် ဂုဏ်ယူကြောင်းပြောပါရစေ”

“ဟား အားလုံးကို ကျေးဇူးတင်ပါတယ်”

သူက ခွန်အားဆိုင်ရာမှာ ဆရာတစ်ဆူဖြစ်လာခဲ့ခြင်းက သိုင်းလောကမိသားစုများအကြား ပိုင်မိသားစု၏ ဂုဏ်သတင်းကိုတက်စေသည်။

“အဘိုးပိုင်..ဂုဏ်ယူပါတယ်ဗျာ”

ဖန့်ကြွယ်ယွီက ရှေ့ကိုထွက်လာပြီး ဂုဏ်ပြုစကားဆိုသည်။

“အခုလိုဖြစ်ရတာ မစ္စတာဖန့်ရဲ့ ဆေးတန်ခိုးကျေးဇူးတွေပါဗျာ”

ဖန့်ကြွယ်ယွီက အိမ်ထောင်မကျသေးပါက သူ့မြေးဖြစ်သူ ပိုင်ယိုနှင့် လက်ထပ်ပေးလိုသည်။

သူ့အဘိုး၏ အတွေးများကိုရိပ်မိနေသောပိုင်ယိုက ရှက်သွေးဖြာလာသည်။

“ဟုတ်ပြီ။ တစ်ခုခုစားကြရအောင်။ ကြွပါဗျာ”

ပိုင်ယုဟိုင်က ဖန့်ကြွယ်ယွီတို့ကို ဧည့်ခံသည်။

ဖန့်ကြွယ်ယွီက ကြိုတင်ပြီး သတိပေးထားသဖြင့် ခုနတုန်းကအဖြစ်အပျက်များက ဟိုးလေးတကျော်မဖြစ်သွားခဲ့ပေ။

“သတိပေးမယ်နော်။ ဒီလူ့ကိုမြင်ရင် ဝေးဝေးကနေရှောင်။ သူနဲ့ မိတ်ဆွေမဖြစ်နိုင်ရင် ရန်သူမဖြစ်စေနဲ့။ ပြီး​တော့ ပိုင်မိသားစုနဲ့လည်း အချင်းမများစေနဲ့”

ထိုသတင်းစကားက နေရာအနှံ့ပျံ့သွားတော့သည်။ ဖန့်ကြွယ်ယွီ၏ ကျေးဇူးနှင့် ပိုင်မိသားစု၏ ဂုဏ်သတင်းသည် တဟုန်ထိုး တိုးတက်လာခဲ့သည်။

မွေးနေ့ပွဲက ညဉ့်နက်ပိုင်းမှသာ ကျင်းပပြီးစီးခဲ့သည်။ ဖန့်ကြွယ်ယွီက အရက်မူးသည်အထိ သောက်မိသည်။

“အရက်သမားသိုင်းကို ငါသင်လိုက်ရမှကွာ။ ဒါဆို ငါလွယ်လွယ်နဲ့ မမူးတော့ဘူး”

ဖန့်ကြွယ်ယွီက အိမ်ပြန်ရောက်မှ နည်းနည်းအမူးပြေသွားသည်။

“သခင်လေး တရုတ်ပြည်ရဲ့ စကိုင်းနက်ကတော့ ပြသနာတက်နေပြီ”

သူက ရေချိုးပြီး အိပ်ဖို့ပြင်ချိန်တွင် ရှောင်းရီက သတင်းလာပို့သည်။

စကိုင်းနက်သည် တရုတ်ပြည်၏အရေးကြီးသတင်းအချက်အလက်များကို ကာကွယ်ရန်တီထွင်ထားသော firewallတစ်ခုဖြစ်သည်။ တရုတ်ပြည်၏ သိပ္ပံနည်းကျအောင်မြင်မှုတချို့ကို ထိုအရာဖြင့် ကာကွယ်ထားသည်။

စကိုင်းနက်ကို တရုတ်ပြည်၏ ထိပ်သီးပညာရှင်ကြီးများဖြင့် ဖန်တီးထားခဲ့သည်။ နှစ်များတဖြည်းဖြည်းကြာလာသောအခါ များပြားလှစွာသော သတင်းအချက်အလက်တိုက်ခိုက်မှုများကို ခံရပြီး မည်သည့်အချက်အလက်မှ မပါသွားအောင် တောင့်ခံထားနိုင်ခဲ့သည်။

“လွန်ခဲ့တဲ့နာရီပိုင်းအတွင်း ဟက်ကာတွေက တရုတ်ပြည်ရဲ့စကိုင်းနက်ကို တိုက်ခိုက်နေကြ တာ။အဲ့ဟက်ကာတွေ က နိုင်ငံအစုံ၊ အဖွဲ့အသီးသီးက လူတွေ။ လွန်ခဲ့တဲ့ အကြီးမားဆုံးတိုက်ခိုက်မှုထက် အဆပေါင်းတစ်ရာလောက်ကြီးတယ်။မတောင့်ခံနိုင်လောက်ဘူး”

“ဘာတွေဖြစ်နေတာလဲ”

ဟက်ကာများက ဘာကြောင့်များ အသည်းအသန်တိုက်ခိုက်နေလဲဆိုတာ ဖန့်ကြွယ်ယွီမစဉ်းစားတတ်ပေ။

“အမှန်တော့ သူတို့တွေက တရုတ်ပြည်အတွက် သခင်လေး လွှဲပေးခဲ့တဲ့ VRနည်းပညာကိုလိုချင်လို့ဖြစ်မယ်”

All Chapters