ငါ့အတွက် လုပ်ပေးစမ်းပါ
Vol. 17 Ch. 225
ဖန့်ကြွယ်ယွီက VRနည်းပညာကို တရုတ်အစိုးရထံ လွှဲပြောင်းပေးပြီးသည့်နောက် တရုတ်ပြည်၏ အကြီးစားစစ်ဘက်ဆိုင်ရာလေ့ကျင့်မှုများတွင် ထိုနည်းပညာကို တွင်တွင်ကျယ်ကျယ်သုံးနိုင်ခဲ့သည်။
ဖန့်ကြွယ်ယွီက ဆာဗာနှင့် စူပါကွန်ပျူတာကို ပေးတာမို့ ငွေရေးကြေးရေးနှင့် နည်းပညာအခက်အခဲတချို့ ပြေလည်သွားရသည်။
စစ်ဘက်ဆိုင်ရာအသုံးပြုမှုအတွက် မိမိလိုချင်သောပုံစံကို ပုံရိပ်ယောင်ကမ္ဘာတွင် တီထွင်ပြီး အသုံးပြုနိုင်သည်။
ထိုနည်းပညာ၏ အကူအညီဖြင့် တရုတ်၏ စစ်ဘက်ဆိုင်ရာစွမ်းဆောင်ရည်များသည် အချိန်တခဏအတွင်း တိုးတက်ခဲ့သည်။စစ်သားများ၏ တိုက်ရည်ခိုက်ရည်နှင့် တိုက်ပွဲအတွေ့အကြုံများလည်း ကမ္ဘာ့ထိပ်တန်းအဆင့် ဖြစ်လာခဲ့သည်။
ထိုစနစ်ကို လွန်ခဲ့သောနှစ်လထဲက အသုံးပြုနေပြီဖြစ်သည်။
တကယ့်အစစ်အမှန်စစ်ပွဲတစ်ခုလိုခံစားရစေရန် စနစ်ထဲတွင် အာရုံခံမှုများကို အမြင့်ဆုံးအဆင့်ထိ လုပ်ဆောင်ထားခဲ့သည်။
ဆိုလိုတာက ဂိမ်းအတွင်းဒဏ်ရာရပါက ပြင်ပနာကျင်မှုနှင့် ၈၀%လောက်နီးပါးတူသော နာကျင်မှုကို တွေ့ကြုံခံစားရမည်။ထိုစနစ်ဖြင့် စစ်သားများကို တစ်သုတ်ပြီးတစ်သုတ် စစ်ပွဲအတွေ့အကြုံပြည့်ဝလာစေရန် လေ့ကျင့်ပေးကြသည်။ သူတို့အနေဖြင့် အမှန်တကယ်မြေပြင်မှာဖြစ်ပွါးနေသော စစ်ပွဲများနှင့် အနီးစပ်ဆုံးတူညီသော အတွေ့အကြုံကို ရရှိခံစားကြသည်။
ထန်းရွှမ်က ထိုနည်းပညာကိုစတင်မိတ်ဆက်ချိန်တွင် အင်တာနက်စျေးကွက်တစ်ခုထဲသာမကဘဲ တစ်ကမ္ဘာလုံးက အမှာစာများကို လွှမ်းမိုးမှုရှိနိုင်သည်ဟု နိုင်ငံခြားကုမ္ပဏီများက ကြိုတင်တွက်ဆထားကြသည်
သို့သော်ထိုနည်းပညာသည် ဤမျှလောက် မြန်မြန်ဆန်ဆန်ကြီး တိုးတက်သွားလိမ့်မည်ဟု မထင်မိပေ။ ထိုနည်းပညာကို ဒီတိုင်းလွှတ်ထားပါက တရုတ်သည် စစ်ရေးအရာတွင် အာဏာအရှိဆုံးနိုင်ငံဖြစ်လာပြီး ဂျပန်နှင့် အမေရိကန်များကိုပါ ကျော်လွန်သွားတော့မည်။
ပုံမှန်အတိုင်းတီထွင်ပါက တခြားနိုင်ငံများသည် VRနည်းပညာကို နောက်ဆယ်နှစ်မှသာ မြင်နိုင်မည်။ ဆယ်နှစ်အတွင်း တရုတ်သည် အာရှ၏ ကျားတစ်ကောင်သဖွယ် တန်ခိုးထွားလာတော့မည်။
ထို့ကြောင့်နိုင်ငံကြီးများက တရုတ်နိုင်ငံ၏ VRနည်းပညာကို ရယူရန် ဟက်ကာများကို တညီတညွတ်ထဲ ခိုင်းစေကြသည်။
“တောင့်ခံထား ခဏလေးတောင့်ခံထား”
တရုတ်ပြည်၏ စကိုင်းနက်ဌာနချုပ်တွင် ဟက်ကာများ၏ တိုက်ခိုက်မှုကို ခုခံရန် အလုပ်ရှုပ်နေကြသည်။
“ထပ်ပြီးအားဖြည့်ပေးတဲ့လူတွေရောက်လာပြီကွ”
နည်းပညာရှင်တစ်ဦးက အားရဝမ်းသာသတင်းပေးသည်။
စကိုင်းနက်ကိုကာကွယ်ခြင်းသည် တရုတ်ပြည်၏ စစ်ဘက်ဆိုင်ရာကိစ္စရပ်များအတွက်သာမက တရုတ်ပြည်တစ်ခုလုံးအတွက် ကာကွယ်ခြင်းဖြစ်သည်။ စကိုင်းနက်ကို တီထွင်ကတည်းက တိုက်ခိုက်မှုနှင့်ကြုံလာပါက တရုတ်နိုင်ငံသားပညာရှင်များကပါ ဝင်ရောက်ပြီး ကာကွယ်ပေးနိုင်ရန်စီမံထားရှိသည်။
တဖြည်းဖြည်းနှင့် စကိုင်းနက်ကိုကာကွယ်ရန် ပညာရှင်များက တဖွဲဖွဲဝင်ရောက်လာကြသည်။ တိုက်ခိုက်မှုနှုန်းလည်း အနည်းငယ်လျော့သွားသည်။
သို့သော် နိုင်ငံပေါင်းများစွာက ပူးပေါင်းတိုက်ခိုက်ကြသဖြင့် ခြေရာခံနိုင်သော IP addressesများက ပြန့်ကျဲနေသည်။ ထို့ကြောင့် တရုတ်ပညာရှင်များက မည်သည့်နိုင်ငံက တိုက်ခိုက်နေလဲဆိုတာ အတိအကျခြေရာခံဖို့ ခဲယဉ်းသည်။
“ရှောင်းရီ..ဘယ်ကလုပ်နေလဲဆိုတာစစ်ကြည့်စမ်း”
ဖန့်ကြွယ်ယွီ၏အသံက မာကျောခက်ထန်နေသည်။
ခဏအကြာမှာ ရှောင်းရီဆီက အဖြေထွက်လာသည်။
“စုစုပေါင်း ၁၂နိုင်ငံပါဝင်ပါတယ်။ အကုန်လုံးက နိုင်ငံကြီးတွေပါ”
“ဝိုး ဒီကောင်တွေက သတ္တိရှိလှချည်လား။ ၁၂နိုင်ငံမဟာမိတ်အဖွဲ့လား”
“ရှောင်းရီ ဒီကောင်တွေကိုမှတ်လောက်သားလောက်ဖြစ်အောင် ပညာပေးလိုက်စမ်းပါ”
“ဟုတ်ကဲ့ ပိုင်ရှင်”
ဖန့်ကြွယ်ယွီက ကွန်ပျူတာကိုဖွင့်ပြီး စကိုင်းနက်ကို ကာကွယ်ရန် ဝင်ရောက်သည်။
သို့သော် သူတို့ဘက်က ခုခံကာကွယ်နေတုန်းမှာ ဟာကွက်များပေါ်လာခဲ့သည်။ ပညာရှင်များက အတတ်နိုင်ဆုံးကြိုးစားပြီး ဟာကွက်ဖြည့်သော်လည်း မရပေ။ ထိုပုံအတိုင်းသာဆို သူတို့ဘက်က နောက်ထပ်အလွန်ဆုံး မိနစ်၂၀လောက်သာ တောင့်ခံနိုင်တော့မည်။
“ညီအကိုတို့..ကြိုးစားပေးလို့ကျေးဇူးပါ။ ကျန်တာ ငါ့တာဝန်ထားပါ”
ကြိုးစားပမ်းစားကာကွယ်နေသောပညာရှင်များ၏ ကွန်ပျူတာတွင် CNဟူသော လက်မှတ်ဖြင့် အနီရောင်စာတန်းကြီးပေါ်လာခဲ့သည်။
“ဟာကွာ..ငါ့ကွန်ပျူတာ ဟက်ခံရပြီ”
“ဟာ..ငါလည်းအတူတူပဲ။တစ်ဖက်က ဘာမှမဖြစ်ဘူးလား။အဲ့တာကြောင့် ဒီစာတန်းပေါ်လာတာ”
“CNဆိုတာ ကြားဖူးလား”
“မဟုတ်ဘူး ဒီလိုအတိုင်းသာဆို သူတို့ကို မသိတဲ့လူမရှိလောက်ဘူး”
“ရတယ် ဘာမှမဖြစ်ဘူး။ စကိုင်းနက်က စိတ်ချသွားရပြီလေ”
“ဆရာ တစ်ယောက်ယောက်က ဝင်လာပြီးတော့ ငါတို့ခွင့်ပြုချက်တွေကို ယူသွားတဲ့ပုံပဲ”
“ဘာကြီး ဘယ်လိုဖြစ်တာလဲ”
အကယ်၍ ထိုလူက တရုတ်ပြည်၏ လျှို့ဝှက်ချက်များကို ယူချင်သောအဖွဲ့ဖြစ်ပါက အသာလေးရယူနိုင်သည်။
“ငါတို့ရဲ့ ပြန်ပြီးယူလို့မရတော့ဘူးလား”
“မရဘူး ဆရာ။ တစ်ယောက်ယောက်က စကိုင်းနက်ကိုရသွားပြီ။ ခုချိန်မှာ စကိုင်းနက်က ငါတို့ထိန်းချုပ်မှုအောက်မှာမရှိတော့ဘူး”
နည်းပညာရှင်များသည် သူတို့ဘဝတစ်လျှောက်လုံးမှာ ဤကဲ့သို့ဖြစ်ရပ်မျိုးကို ယခုအကြိမ်မှသာ ကြုံဖူးခြင်းဖြစ်သည်။
“ဆရာ ဟာကွက်တွေအကုန်ပြင်လိုက်ပြီ”
“ဘာကြီး မြန်လိုက်တာ”
“ဟုတ်တယ် CNက တန်ပြန်တိုက်ခိုက်နေတာ။ CNဆိုတာ Chinaရဲ့အတိုကောက်လေ။ မိုက်လိုက်တာကွာ။ အဖွဲ့လိုက်တိုက်ခိုက်မှုကို ခဏလေးအတွင်းတန်ပြန်တုံ့ပြန်နိုင်တာ။ ဒါက အဖွဲ့အစည်းလား။ တစ်ယောက်ထဲလား”
“တော်သေးတာပေါ့ကွာ။ ငါ့မှာ စူပါကွန်ပျူတာရှိနေလို့။ မဟုတ်ရင် ရှောင်းရီကပဲ ဟိုကောင်တွေကိုရှင်းပစ်ဖို့ကြံမှာ”
“ရှောင်းရီ ဒီကောင်တွေကို တရုတ်လူမျိုးတွေရဲ့အစွမ်းကိုပြဖို့အချိန်တန်ပြီ”
ထိုအဖွဲ့က ဘာအချက်အလက်မှ မရသွားသော်လည်း သူတို့ကို ဒီအတိုင်းမလွှတ်နိုင်ပေ။
“ပိုင်ရှင် ကျန်တာ ငါဆက်လုပ်လိုက်မယ် ထားခဲ့”
ထိုအချိန်မှာ ၁၂နိုင်ငံ မဟာမိတ်အဖွဲ့သည် အလွန်ပြင်းထန်သောတန်ပြန်တိုက်ခိုက်မှုတစ်ခုကို ကြုံတွေ့နေကြ သည်။ CNဟုခေါ်သော လူက တကယ်ကြောက်ဖို့ကောင်းသည်။ စကိုင်းနက်ကို လွှမ်းခြုံထားသော အကာအကွယ်ကို သူတို့အဖွဲ့က မထိုးဖောက်နိုင်ကြပေ။
“သွားပြီ ငါတို့စနစ်က ဘာမှလုပ်လို့မရတော့ဘူး”
“ဟာကွာ ငါတို့ရဲ့ addressတွေကို ဘယ်လိုခြေရာခံမိသွားတာလဲ”
“မသိဘူးလေ”
“တောင့်ခံကြ။ ငါတို့ရှုံးရင် ငါတို့နိုင်ငံက ဒေတာတွေ ပါကုန်……”
“ဟာကွာ..သွားပြီ။ ငါတို့ဒေတာတွေပါကုန်ပြီ။ ၃စက္ကန့်အတွင်း ဘယ်လိုလုပ်လိုက်နိုင်တာလဲ”
ထိုမြင်ကွင်းသည် နောက်ထပ် ၁၁နိုင်ငံ၏ ဖန်သားပြင်ပေါ်တွင် ပေါ်လာခဲ့သည်။ ပြိုင်ဘက်၏တိုက်ခိုက်မှုအောက်တွင် သူတို့နိုင်ငံ၏ ဒေတာအချက်အလက်များသည် ခဏလေးအတွင်းမှာ ပါသွားခဲ့ရသည်။
များပြားလှစွာသော သတင်းအချက်အလက်များနှင့် ဒေတာများအခိုးခံရပြီး ပေါက်ကြားတော့မည်။ နောက်တစ်နေ့မနက်တွင် ကမ္ဘာကြီးတစ်ခုလုံး ဗြောင်းဆန်တော့မည်။