← Chapters

တရုတ်ပြည်ကိုဒုက္ခရောက်အောင်လုပ်တဲ့သူမှန်သမျှ ဘယ်လောက်ပဲဝေးဝေး အပြစ်ပေးရမယ်

Vol. 17 Ch. 226

တရုတ်ပြည်ကိုဒုက္ခရောက်အောင်လုပ်တဲ့သူမှန်သမျှ ဘယ်လောက်ပဲဝေးဝေး အပြစ်ပေးရမယ်

Vol. 17 Ch. 226

“ချိတ်ဆက်ထားတာတွေမြန်မြန်ဖြုတ်ချကြ”

တာဝန်ရှိသူတစ်ဦးက ချက်ချင်းဆိုသလိုသတိလှမ်းပေးသည်။

ချိတ်ဆက်ထားခြင်းကို ဖြုတ်လိုက်ခြင်းကြောင့် ဒေတာများပျက်သွားနိုင်သော်လည်း မိမိကဘယ်သူလဲဆိုသည့် အချက်အလက်က ပေါ်သွားလိမ့်မည်မဟုတ်ပေ။အနည်းဆုံးတော့ နိုင်ငံအချို့၏ လျှို့ဝှက်ချက်များက ရက်ပိုင်းအတွင်းမပေါ်နိုင်ပေ။

“နောက်ကျသွားပြီ”

တစ်ဖက်လူက သုံးစက္ကန့်အတွင်း သူတို့၏ ဒေတာအားလုံးကို ကူးယူသွားခဲ့ပြီဖြစ်သည်။

တိုက်ခိုက်မှုက သာသာယာယာ မြန်မြန်ဆန်ဆန်ဖြစ်ပြီး သူတို့အားလုံးလည်း ရုတ်တရက်ဖြစ်သွားသည့် ဖြစ်ရပ်အပေါ်နားမလည်နိုင်ကြပေ။

မည်သို့မည်ပုံတွက်ချက်ပြီး ဤတိုက်ခိုက်မှုကို ပြုလုပ်နိုင်သနည်း။

လူက လုပ်တာလား။ တရုတ်လူမျိုးကပြုလုပ်သည်မဟုတ်ပါက ဂြိုဟ်သားများက လုပ်ခဲ့တာလားဆိုတာ ဒွိဟဖြစ်နေကြသည်။

ဒေတာများက တရုတ်တွေလက်ထဲရောက်သွားတာလား။

“ဆရာ ဒီမှာလာကြည့်ပါဦး မြန်မြန်”

အားလုံး၏ ကွန်ပျူတာပေါ်တွင် အနီရောင်စာတန်းကြီး တစ်ပြိုင်ထဲပေါ်လာသည်။

“မင်းတို့ဘယ်ကပဲဖြစ်ဖြစ် တရုတ်ကို ဒုက္ခပေးရင် အပြစ်ပေးခံရမယ်လို့ မှတ်ထားကြ”

ထိုခြိမ်းခြောက်စာများကိုကြည့်ပြီး အောင့်သက်သက်ခံစားရသည်။ သူတို့က တရုတ်တွေကို အရင်ကလို လွယ်လွယ်ကူကူ အနိုင်မကျင့်နိုင်တော့ပေ။

တရုတ်ပြည်က အစစအရာရာတိုးတက်လာသော နိုင်ငံဖြစ်ပြီး ဘက်စုံထူးချွန်သည်။ ၁၂နိုင်ငံပေါင်းစည်းပြီး တရုတ်ကိုတိုက်သော်လည်း အသာစီးမရပေ။သူတို့ပုံစံက ခြင်္သေ့ကို ရန်စသလို ဖြစ်နေသည်။

“ဟူး ပျင်းစရာကြီး ဟုတ်တယ်မလား”

အကြိတ်အနယ်ပြိုင်ဆိုင်ရသော ဆိုက်ဘာရန်ပွဲကို ကြည့်ရမည်ဟု ဖန့်ကြွယ်ယွီထင်ထားခဲ့သည်။ သို့သော် ရှောင်းရီကပဲ တော်လွန်းတာလား။ပြိုင်ဘက်တွေက ညံ့တာလားဆိုတာ မခွဲတတ်တော့ပေ။

၁၂နိုင်ငံ၏ databaseထဲကို သုံးစက္ကန့်အတွင်း ဝင်ရောက်ပြီး နောက်ထပ် နှစ်စက္ကန့်အတွင်း ဒေတာအကုန်လုံးကို ရယူနိုင်ခဲ့သည့်အတွက် ၁၂နိုင်ငံမဟာမိတ်အဖွဲ့သည် တိုက်ခိုက်ဖို့ ကြံစည်မိသည့်အပေါ် နောင်တကြီးစွာရနေလောက်ပြီဖြစ်သည်။

“ရှောင်းရီ စိတ်ဝင်စားဖို့ကောင်းတာလေးတစ်ခုခုပြပါဦး”

“ဟား စိတ်ဝင်စားစရာတွေမှ အများကြီးပဲပိုင်ရှင်ရေ။ ဒီအချက်တွေသာ ပေါက်ကြားရင် တကမ္ဘာလုံးက သူတို့ကို ဝိုင်းဝန်းအပြစ်ဖို့ကြတော့မှာ”

“ဟုတ်လား ပြဦး။ ကြည့်မယ်လေ”

“တချို့မြောက်အမေရိက အင်အားကြီးနိုင်ငံတချို့က ငါးဆက်မြောက်ဖိုက်တာဂျက်ဒီဇိုင်းဆွဲထားတာ။ ဟင်း..ငါ့ဆရာဆီက ဒီဇိုင်းကမှ ဒီထက် ဆယ်ဆသာသေးတယ်”

“အဆင့်မြင့်နည်းပညာ Chip ဒီဇိုင်းတွေ။ဟား..ဒါတော့ အသုံးတည့်ပါရဲ့။တစ်ကမ္ဘာလုံးက အဆင့်မြင့်chipsတွေကို ဖန်တီးထုတ်လုပ်နိုင်တော့မှာ။တရုတ်နိုင်ငံရဲ့ chip လောကအတွက် စိုးရိမ်စရာမလိုတော့ဘူး”

“စွမ်းအားမြင့်လူသားဖြစ်ဖို့အတွက် အဆင့်မြင့်နည်းပညာတွေပါလား။အာ..ဆေးဝါးတွေ အပေါ်မှီခိုတာပဲ။ အလကားပါကွာ။ ငါတစ်ယောက်တည်းနဲ့ ဆယ်ယောက်ကို ပြိုင်ချလို့ရတယ်”

“ဟိုးလွန်ခဲ့တဲ့နှစ်ငါးဆယ်ထဲက ဂြိုဟ်သားတွေရှိကြောင်း ငါ့ရဲ့ စမ်းသပ်ဖော်ပြချက်က တကယ်မှန်နေခဲ့တာပဲ”

“ဟာ..နိုင်ငံ့ခေါင်းဆောင်တွေရဲ့ ကိုယ်ရေးကိုယ်တာပုံတွေပါလား”

သတင်းအချက်အလက်ပေါင်းများစွာကို ကြည့်ပြီးသည့်နောက် ဖန့်ကြွယ်ယွီ၏ ခေါင်းက မူးနောက်နောက်ဖြစ်လာသည်။

“ရှောင်းရီ..မနက်ဖြန်ကျရင် ငါ့အတွက် ဖိုရမ်တစ်ခုစီစဉ်ပေး။ တရုတ်အွန်လိုင်းဖိုရမ်တွေဆီ “CN” ဆိုတဲ့နာမည်နဲ့ လင့်ခ်တွေပို့လိုက်ပါ”

“ရတယ် စီစဉ်ပေးလိုက်မယ်”

ဖန့်ကြွယ်ယွီ၏အနားမှာနေတာကြာပြီမို့ သူ၏ အူကြောင်ကြောင်နိုင်သော အပြုအမူများကို ရှောင်းရီက အသားကျနေသည်။

နောက်တစ်နေ့မနက်ခင်းထိ မနေ့ညကအဖြစ်အပျက်များက ဟိုးလေးတကျော်မဖြစ်သေးပေ။

သို့သော် မနေ့ညက တိုက်ပွဲအကြောင်း ဖိုရမ်များက အားပါးတရဆွေးနွေးကြသည်။ အထူးသဖြင့် CNဟုခေါ်သော လူထူးဆန်းအကြောင်းကို အဓိကထားပြောဆိုကြသည်။ထိုသူသည် စကိုင်းနက်တိုက်ခိုက်ခံရမှုကို သူတစ်ဦးတည်းက ပြေလည်အောင်ဖြေရှင်းနိုင်ခဲ့သည်။ ထိုအရာသည် တကယ့်ကို ဂန္တဝင်တိုက်ပွဲတစ်ခုဖြစ်သည်။

စကိုင်းနက်အဖွဲ့၏ အတွင်းသတင်းအရဆို CNက စကိုင်းနက်၏ အမြင့်ဆုံးနေရာကို ရယူသွားခဲ့သည် ။စကိုင်းနက်အဖွဲ့ဝင်များက ဘာမှမတတ်နိုင်ဘဲ လက်ပိုက်ကြည့်ရုံပဲ တတ်နိုင်တော့သည်။

CNက ဘယ်သူလဲဆိုတာကို မည်သူကမှ မစုံစမ်းရဲပေ။နိုင်ငံပေါင်း ၁၂နိုင်ငံ၏ တိုက်ခိုက်မှုကို တစ်ဦးတည်းက တန်ပြန်တိုက်ခိုက်နိုင်သော CNကို မည်သူကမှ ဒေါသထွက်အောင်မလုပ်ဝံ့တော့ပေ။

“မင်္ဂလာပါ..ငါက CNပါ။ မနေ့ညက စကိုင်းနက်ကိုလာရောက်တိုက်ခိုက်တဲ့လူတွေကို ငါကပြန်လည်တိုက်ခိုက် ပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့ သတင်းတချို့ရခဲ့တယ်။ အဲ့အကြောင်းတွေကို မင်းတို့ကိုလည်း ဝေမျှချင်ပါတယ်”

ဖိုရမ်၏ သတင်းစာမျက်နှာတွင် လုံးဝအသစ်စက်စက် ပို့စ်တစ်ခု တက်လာသည်။

ထိုပို့စ်ကို CNက တင်လိုက်သည်ဆိုတာကမယုံနိုင်ပေ။ တစ်ယောက်ယောက်က CN ဟန်ဆောင်ပြီး ထိုပို့စ်ကို တင်လိုက်သည်ဟု ထင်ကြသည်။

“ဟေး..CNဟန်ဆောင်ပြီးတစ်ယောက်ယောက်က တင်လိုက်ပြန်ပြီ။ Cနတ်ဘုရားနာမည်ကို မဖျက်နဲ့။ မြန်မြန် ပြန်ဖျက်လေ”

“ကောင်းပြီ။ ခုချက်ချင်းဖျက်လိုက်မယ်”

“ဟာ..ငါဖျက်ပစ်လို့မရဘူး။ငါက admin တစ်ယောက်အနေနဲ့ ဘာမှလုပ်လို့ရမနေဘူး”

“ငါ…ငါရောပဲ”

Adminများကို ဘာမှ မလုပ်နိုင်အောင် ဖန်တီးပစ်နိုင်သော လူက CNက လွဲပြီး မည်သူများရှိနိုင်မည်နည်း။ ထိုပို့စ်ကို CNက တင်တာပဲဖြစ်ရမည်။

“ဟာ…Cနတ်ဘုရား။ Cနတ်ဆိုး!!! ဘယ်လိုလုပ်ပြီး ဒီလိုနာမည်နဲ့ ပြန်ပေါ်လာတာလဲ”

“နာမည်က အရမ်းလန်းနေပါ့လား။ လာကြည့်ကြဦးဟေ့”

“ဘုရားရေ..ဥာဏ်ရည်တုနည်းပညာဖွံ့ဖြိုးမှု..နျူးကလီးယားရေငုပ်သင်္ဘောနည်းပညာ”

“ဘုရားရေ..လူတွေကို စွမ်းအားမြင့်လူတွေအဖြစ်ပြောင်းလဲတာ။သူတို့က တကယ့်လူအစစ်တွေနဲ့ စမ်းသပ်တာလား။ပြီးတော့ အစမ်းသပ်ခံလူတွေထဲမှာ တရုတ်လူမျိုးတွေပါနေတာလား။ဒီလိုလူမဆန် တဲ့လုပ်ရပ်တွေကို နိုင်ငံတကာက သိအောင်ချပြရမယ်။ သူတို့အပြစ်ဒဏ်ခံရမယ်”

“မိုက်လိုက်တာ..တခြားနိုင်ငံရဲ့ အချက်အလက်တွေကို ရအောင်ယူနိုင်ခဲ့တာလား”

“C နတ်ဘုရား..အရမ်းမိုက်တာပဲ”

ဖန့်ကြွယ်ယွီဖော်ထုတ်လိုက်သော သတင်းအချက်အလက်များက ထိတ်လန့်အံ့ဩဖွယ်ကောင်းပေသည်။

“92 Cနတ်ဘုရား”ဟုအမည်ပေးထားသော ဖိုရမ်မှ သတင်းအချက်အလက်များသည် ကမ္ဘာအနှံ့ကို ချက်ချင်းပျံ့နှံ့သွားခဲ့သည်။

သူတို့၏ လူမဆန်သောလုပ်ရပ်များကို ဘယ်သောအခါမှ လူသိမခံရဘူးဟု တထစ်ချယုံကြည်ထားသော နိုင်ငံအချို့၏ လျှို့ဝှက်ချက်များက နေ့ချင်းညချင်းပေါ်လာခဲ့သည်။

“နိုင်ငံတချို့ရဲ့ လူမဆန်တဲ့လုပ်ရပ်တွေကို ပြင်းထန်စွာကန့်ကွက်ရှုံ့ချပါတယ်။ နိုင်ငံတကာသိအောင် တရားဝင်ရှင်းလင်းပေးပါ”

“နျူးကလီးယားလက်နက်တပ်ဆင်မှုကို ကန့်ကွက်ပါတယ်။ ဒါက ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများရဲ့ ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကိုလည်း ချိုးဖျက်ရာကျပါတယ်”

“နောက်ဆုံးတော့ ဒီလူတွေရဲ့ လုပ်ရပ်တွေနဲ့ပတ်သပ်တဲ့ သက်သေအထောက်အထားတွေ လက်ဆုပ်လက်ကိုင်ပြနိုင်ပြီ။ ဘာငြင်းချင်ကြသေးလဲ”

နိုင်ငံတကာမှ ထင်မြင်ယူဆချက်များစွာက ချက်ချင်းဆိုသလို ပေါ်ထွက်လာခဲ့သည်။

All Chapters