အားလုံးပြီးပြီလို့ထင်နေတာလား…
Vol. 17 Ch. 227
“မဆိုးပါဘူး..ရလဒ်က မိုက်သားပဲ”
ဖန့်ကြွယ်ယွီက သတင်းကိုကြည့်ရင်း မနက်စာစားနေသည်။
ဖန့်ကြွယ်ယွီက နိုင်ငံတချို့၏ လူမဆန်သောလုပ်ရပ်များကို ဖော်ထုတ်ပစ်ခဲ့သည်။ ထိုနိုင်ငံများသည် နိုင်ငံတကာ၏ အပြစ်တင်ထိုးနှက်ချက်များအောက်တွင် အလူးအလဲခံနေရသည်။
“ပိုင်ရှင် ချင်းယွင်ဆိုတဲ့ကောင်လေးတဲ့ အန်းရှန့်တောင်ထိပ်မှာ တွေ့မယ်လို့ ချိန်းထားတာမလား။ ပိုင်ရှင်မေ့နေမယ်ထင်လို့ သတိပေးတာပါ”
“ဟုတ်သား မေ့နေတာကြည့်ပါဦး။ နောက်ကျနေပြီလားတောင်မသိ”
သူက အချိန်ကိုကြည့်လိုက်သောအခါ ရှစ်နာရီကျော်နေပြီဖြစ်သည်။
“ဪ တော်ပါသေးရဲ့။ရှင်းယွီက ဒီနေ့အဲ့ကိုသွားမှာ။ သူရောက်လို့ ချင်းယွင်ကိုတွေ့ရင် ခေါ်သွားလိမ့်မယ်။ အရမ်းကြီးစိုးရိမ်စရာမလိုပါဘူးလေ”
သူ၏ဖော်လိုဝါအရေအတွက်သည် တဖြည်းဖြည်းချင်းတိုးလာတာကို တွေ့ရသည်။ ချင်းယွင်က သစ္စာဆိုပြီးသည့်ပုံပေါ်သည်။
“ဒါတွေထက် သူတို့ဘယ်လိုတုံ့ပြန်မလဲဆိုတာ သိချင်တယ်”
“လိုင်းပေါ်မှာတွေ့ရတဲ့အချက်အလက်တွေက အခြေအမြစ်မရှိတဲ့အရာတွေပါ။ ဒါကို ငါတို့လုံးဝလက်မခံနိုင်ဘူး”
“မဟုတ်မမှန်သတင်းတွေကို လျှောက်ပြီးမယုံဖို့ ငါတို့နိုင်ငံက တောင်းဆိုပါရစေ။ ဓမ္မဓိဌာန်ကျကျပဲ စဉ်းစားကြည့်ကြပါ။ ဒီလိုသတင်းတွေကို ဖြန့်တဲ့သူကို သူ့လုပ်ရပ်အတွက် ပြန်ပြီးတာဝန်ယူခိုင်းပါရစေ”
“လူသားစမ်းသပ်တဲ့ဗီဒီယိုကိုတော့ ကျွမ်းကျင်ပညာရှင်တွေက စစ်ဆေးကြည့်ပြီးပါပြီ။ ဒါတွေအကုန်လုံးက ငါတို့နာမည်ကိုဖျက်ချင်လို့ တမင်လုပ်ကြံဖန်တီးထားတာတွေပါ။ စစ်ဆေးမှုကိုလည်း မှန်မမှန်ကြည့်ဖို့အတွက် နိုင်ငံတကာက မည်သူ့ကိုမဆို ဖိတ်ခေါ်ပါတယ်”
“ဒီလို မျက်နှာပြောင်တိုက်ပြီး ညာရဲတာ တကယ်ကို အံ့ဩပါရဲ့”
“ဟား..ဒီ့ထက်ပိုကောင်းတဲ့ အကြောင်းပြချက်တွေပြစမ်းပါကွ။ ဒါတွေက မင်းတို့ရဲ့ ဒေတာတွေလေ။ ဒီ့ထက် စစ်မှန်တာရှိပါဦးမလား”
“အခုတော့ သူတို့ပဲ မှန်နေသလိုလို ဟန်ဆောင်နေကြပြန်ပြီ။ ဒီလောက်အရှက်မဲ့တဲ့လူတွေ တစ်ခါမှ မမြင်ဖူးဘူး”
“C နတ်ဘုရားဦးဆောင်ပြီး ဒီလူတွေကိုပညာပေးလိုက်ပါဦး။ ငါတို့လည်း ပါဝင်ပြီး တိုက်မယ်”
“C နတ်ဘုရား ဦးဆောင်ပေးပါ။”
“C နတ်ဘုရား ဦးဆောင်ပေးပါ။”
“C နတ်ဘုရား ဦးဆောင်ပေးပါ။”
“ဟဲဟဲ ဒီလူတွေ အခုတော့ မဟုတ်တဲ့ အကြောင်းပြချက်တွေပေးနေပြီ”
“တကယ့်ကို အရှက်မရှိကြတဲ့လူတွေ။ ခုမှ ငါ ဘာကြောင့် ဒီလိုလုပ်ရတာလဲဆိုပြီး အပြစ်မတင်ကြနဲ့”
CN: “အားလုံးပဲ ခဏလေးပါ။ အဲ့လောက်မရိုးရှင်းဘူးဆိုတာ မင်းတို့လည်း
သိကြတယ်မဟုတ်လား။ သူတို့ကို နှစ်သစ်လက်ဆောင်လေး မပေးချင်ကြဘူးလား”
“ဟား..Cနတ်ဘုရား ရောက်လာပြီ”
“လုပ်လိုက်ပါ ထောက်ခံပါတယ်”
“မနေ့က လုပ်ရပ်ကို ဘယ်နိုင်ငံက ဦးဆောင်လဲဆိုတာ သေချာစုံစမ်းကြည့် ရှောင်းရီ။ ကျန်တာငါဆက်လုပ်မယ်။ဦးဆောင်တဲ့နိုင်ငံကိုတော့ မညှာဘူး။ ကျန်တဲ့အဖွဲ့တွေကိုတော့ သတိပေးတဲ့အနေအထားထိလုပ်ပစ်ရမယ်။ ငါက နှစ်သစ်ကို အေးအေးဆေးဆေးဖြတ်သန်းချင်တာ။ ခုတော့ ဒီလိုနေလို့မရတော့ဘူးပဲ”
“ပိုင်ရှင် ဦးဆောင်တဲ့နိုင်ငံက Ous ပြည်ထောင်စုပါ။”
“ဟုတ်တာပေါ့ သူတို့ဆိုတာ ထင်သားပဲ”
ထိုနိုင်ငံက အမေရိကန်ပြည်ထောင်စုကဲ့သို့ နိုင်ငံကြီးတစ်ခုဖြစ်ပြီး တရုတ်နှင့်လည်းမတည့်ပေ။ ထို့ကြောင့်တရုတ်ပြည်အာဏာကြီးထွားလာမည်ကို မနှစ်မြို့သဖြင့်ထိုကဲ့သို့ပြုလုပ်ရတာဖြစ်မည်။
“ရှောင်းရီ သူတို့ကိုဘယ်လိုလုပ်ရမလဲ စဉ်းစားကြည့်စမ်း”
“နည်းလမ်းတွေမှ အများကြီးပဲ။ ပိုင်ရှင်ကြိုက်တဲ့နည်းကို ရွေးရုံပဲ”
“အရိုးရှင်းဆုံးနည်းလမ်းက??”
ဖန့်မိသားစုရဲ့ လျှို့ဝှက်စွမ်းအားရှင်တွေနဲ့ အဆင့်မြင့်စွမ်းအင်အသုံးပြုသူတွေကို ခေါ်ပြီး Ous ပြည်ထောင်စုကို မြေပုံမှာ ပျောက်သွားတဲ့အထိ ရှင်းခိုင်းလိုက်ရင်ရော”
ရှောင်းရီ၏ နည်းလမ်းများက ရက်စက်သည်ဟုထင်မိသည်။
“ရှောင်းရီ အဲ့လောက်ထိ လုပ်ဖို့မလိုပါဘူး။ ငါတို့က ငြိမ်းငြိမ်းချမ်းချမ်းနေနေကြတာလေ။ မလိုအပ်ပဲ ရန်စတာတွေ အကြမ်းဖက်မှုတွေ လုပ်စရာမလိုဘူးလေ။ တခြား နိုင်ငံကြီးသားပီပီသသနဲ့ အကြမ်းမဖက်တဲ့ နည်းလမ်းလေးဘာလေးမရှိဘူးလား”
“သူရဲဘောကြောင်လိုက်တာ။ ပိုင်ရှင်ရဲ့ ဘိုးဘေးတွေသာဆို ဒီလူတွေကို အပြတ်ရှင်းပြီးနေပြီ”
“ဟုတ်တယ် ငါက ဘိုးဘေးတွေလိုတော့ စိတ်ဓာတ်မပြတ်သားဘူး”
သူ့ဘိုးဘေးများ၏ စိတ်ပြတ်သားပုံနှင့် ရက်စက်ပုံတွေကို ကြားလိုက်ရသောအခါ အံ့ဩတုန်လှုပ်မိသည်။
“အေးအေးဆေးဆေးလုပ်လို့ရတဲ့ တစ်လမ်းတော့ရှိတယ်။ သူတို့ရဲ့ စီးပွါးရေးတွေကို ကမောက်ကမဖြစ်အောင် လုပ်လို့ရတယ်လေ။”
“အင်း အဲ့နည်းလမ်းကမဆိုးဘူး”
ဖန့်ကြွယ်ယွီ၏ စိတ်ထဲမှာ အကြံတစ်ခုပေါ်လာသည်။
“သခင်လေး ကျွန်မကို ဘာများခိုင်းစရာရှိပါသေးလဲ”
ကျွမ်းရီက သူ့အနားရောက်လာသည်။
“ငါ့ထဲမှာ ပိုက်ဆံဘယ်လောက်ကျန်သေးလဲ”
“အင်း ထန်းရွှမ်ရှယ်ယာတွေဝယ်တာရယ် ဆာဗာတည်ဆောက်တာနဲ့ စူပါကွန်ပျုတာဝယ်တာတွေကို နှုတ်လိုက် မယ်ဆို ဖန့်မိသားစုရဲ့ ငွေကြေးက ဒေါ်လာ ဘီလီယံ ၃၀၀လောက်ကျန်ပါသေးတယ်”
“အင်း ဒေါ်လာ ဘီလီယံ ၃၀၀ဆိုလောက်မဲ့ပုံမပေါ်ဘူး”
“အမရီ သုံးရက်အတွင်း ဒေါ်လာတစ်ထရီလီယံလောက် ရွှေ့ပြောင်းနိုင်မလား။ “
“ရတယ်လေ…အခြားမိသားစုတွေဆီက ယူလိုက်မယ်ဆို သုံးရက်တောင် စောင့်စရာမလိုပါဘူး။”
ထိုမျှလောက် များပြားသော ပိုက်ဆံနှင့် ဖန့်ကြွယ်ယွီဘာလုပ်မလဲဆိုတာ ကျွမ်းရီသိချင်သည်။
“ပြီးတော့ စျေးကွက်ထဲမှာ ကုန်သည်ကြီးတွေဘယ်နှယောက်လောက်တောင်ရှိသလဲ။ သူတို့အစွမ်းအစကရော ဘယ်လိုလဲ”
“ကျွမ်းမိသားစုထဲမှာဆို တစ်ထောင်ကျော်လောက်ရှိပါတယ်။ တခြားမိသားစုတွေပါ ပေါင်းထည့်မယ်ဆို သောင်းဂဏန်းလောက်ရှိမှာပေါ့။ တစ်ယောက်ချင်းစီက သူ့အရည်အချင်းနဲ့သူရှိကြပါတယ်”
“ကောင်းတယ် သူတို့ကိုဆက်သွယ်လိုက်ပါ။ သူတို့အကူအညီနဲ့ လုပ်ရမဲ့ ကိစ္စတစ်ခုရှိတယ်။ ပြီးတော့ Ous ပြည်ထောင်စုနဲ့ ချိတ်ဆက်ထားတဲ့လုပ်ငန်းမှန်သမျှ လျော်ကြေးပေးပြီး ဒီနေ့ကစပြီးရပ်ပစ်လိုက်ပါ။ “
“သခင်လေး အဲ့လိုလုပ်ရင် ကျွန်မတို့ အထိနာလိမ့်မယ်။ သူတို့နဲ့ တွဲဖက်လုပ်ကိုင်တဲ့ လုပ်ငန်းတွေမှ အများကြီးပဲလေ” ဖန့်ကြွယ်ယွီက Ousပြည်ထောင်စုကို ပစ်မှတ်ထားပြီးတိုက်ခိုက်နေတာကို ကျွမ်းရီသိလိုက်ရသည်။
“စိတ်မပူပါနဲ့။ ငါ သူတို့ကို ထိုက်သင့်တဲ့တန်ရာတန်ကြေးပေးမှာပါ”
သူ့အတွက် ပိုက်ဆံက စိတ်ပူစရာမလိုပေ။
“ဒါနဲ့ ငါဘာလို့ Ousပြည်ထောင်စုကို တိုက်ခိုက်နေတာလဲဆိုတာ အမရီသိချင်နေရှာမှာပေါ့”
အချိန်တိုင်းလိုလို ဖန့်ကြွယ်ယွီ၏ ကိစ္စရပ်တိုင်းကို နောက်ကွယ်မှနေပြီး ကျွမ်းရီက လုပ်ပေးရသည်။ ဘယ်သောအခါမှလည်း ဘာကြောင့်လုပ်ရသည်ဆိုတာကို သူမအနေဖြင့် မသိချင်ခဲ့ပေ။
သို့သော် ဒီတစ်ကြိမ်မှာတော့ သူမသိချင်နေခဲ့သည်။
ဖန့်ကြွယ်ယွီက ဘာကြောင့်များ အရင်းအမြစ်များစွာကို သုံးရသနည်း။
ဒီတစ်ခါမှာတော့ လူတစ်ဦးနှင့် နိုင်ငံတစ်နိုင်ငံ ယှဉ်ပြိုင်နေသလို ဖြစ်နေသည်။
“အကြောင်းအရင်းကတော့ရှင်းပါတယ်။ မနေ့က စကိုင်းနက်ကို တိုက်ခိုက်မှုမှာ Ousပြည်ထောင်စုက ဦးဆောင်ထားလို့ပါ”
“တချို့ကိစ္စတွေမှာ တန်ရာတန်ကြေးပြန်ပေးဆပ်ရတယ်ဆိုတာရှိတယ်မလား”