← Chapters

သေဖို့စောင့်နေရသလိုပဲ

Vol. 17 Ch. 228

သေဖို့စောင့်နေရသလိုပဲ

Vol. 17 Ch. 228

နှစ်သစ်ကူးအချိန်အခါသမယတွင် ဖန့်ကြွယ်ယွီနှင့် ကောရှင်းယွီတို့မိသားစုသည် နှစ်ဟောင်းကိုနှုတ်ဆက်ပြီး နှစ်သစ်ကိုကြိုဆိုရန် စောင့်နေကြသည်။

“ရှောင်ဖန့်…ပျော်ရွှင်စရာနှစ်သစ်ပါ”

ကောရှုတို့စုံတွဲက ကြိုတင်ပြင်ဆင်ထားသော အနီရောင်စာအိတ်များကို ထုတ်လာသည်။ဖန့်ကြွယ်ယွီအနေနှင့် ပိုက်ဆံချမ်းသာသော်လည်း နှစ်သစ်မှာကံကောင်းခြင်းများကို စုဝေးသည်ဆိုသောအဓိပ္ပါယ်ဖြင့် မုန့်ဖိုးပေးသော အလေ့အထရှိကြသည်။

“အရင်နှစ်က ငါတို့တစ်မိသားစုလုံး မင်းကို မှီခိုနေခဲ့ရတာ။ မင်းနဲ့ သမီးလေးလည်း အချိန်အကြာကြီး အတူတူရှိ နိုင်ကြပါစေ။ သမီးက သူ့အလုပ်နဲ့သူ ရှုပ်နေတယ်ဆိုပေမဲ့ သူက အိမ်ရှင်မကောင်းတစ်ဦးအနေနဲ့ တာဝန်ကျေပွန်မှာပါ။ သမီးအပေါ်စိတ်ရှည်သည်းခံပေးပါဦး”ကောရှုက သူ့လက်ကိုကိုင်ထားရင်းပြောသည်။

“ပါးပါးကလည်း အဲ့တာတွေထိပြောဖို့လိုလို့လား”

သူမက သမီးအရင်းလား ဖန့်ကြွယ်ယွီက သားအရင်းလားဆိုတာ မဝေခွဲတတ်တော့ပေ။

“အန်ကယ် အန်တီ ကျွန်တော်လည်းပြင်လာတာလေးရှိပါတယ်”

ဖန့်ကြွယ်ယွီကလည်း စာအိတ်အနီကို ပြင်ဆင်လာခဲ့သည်။ စာအိတ်ထဲတွင် ပိုက်ဆံသာမက သူ့အကောင့်နှင့် တိုက်ရိုက်ချိတ်ဆက်ထားသော ဘဏ်ကတ်တို့ပါဝင်သည်။

“အကိုကြီး ခဏလေး..ကျွန်တော့်အတွက်ရော”

“ညီလေးအတွက် ဒီအကိုကြီးက မေ့ပါ့မလားကွ”

ကောကျွင်းယွီအတွက် ပြင်လာသော စာအိတ်ကို ကမ်းပေးသည်။

“ကျေးဇူးပါ အကိုကြီး”

“ဒါနဲ့ ဦးလေးကောက စတော့ရှယ်ယာကစားတယ်လို့ ပြောဖူးတယ်နော်။Ous ပြည်ထောင်စုနဲ့ ပတ်သက်တဲ့ရှယ်ယာတွေဘာတွေများ ဝယ်ထားသေးလား”

“မဝယ်ထားပါဘူး ဘာလို့လဲ”

“အင်း တော်ပါသေးရဲ့ စျေးကွက်အပြောင်းအလဲဖြစ်ရင် ဦးလေးကော ပိုက်ဆံတွေ ဆုံးရှုံးကုန်မှာဆိုးလို့ပါ”

စတော့ရှယ်ယာစျေးကွက် ပြိုလဲသည်နှင့် ငွေကြေးစျေးကွက်ကိုပါ သက်ရောက်ဆဲဖြစ်သည်။

“အတွင်းသတင်းတွေဘာတွေများရထားလို့လား ရှောင်ဖန့်”

ဖန့်ကြွယ်ယွီပုံစံကိုကြည့်ပြီး ခိုင်လုံသော သတင်းများ ရထားသလားဟု ကောရှုထင်မြင်မိသည်။

“တကယ်တော့ အတွင်းသတင်းဘာညာတော့မဟုတ်ပါဘူး။ အဲ့နိုင်ငံက ကျွန်တော်တို့ကို အသားလွတ်ပြသနာရှာထားလို့ ကမောက်ကမဖြစ်အောင် ပြန်လုပ်မလို့ပါ”

“အကိုကြီး..သားအတန်းဖော်တွေက အဲ့ဆိုက်ဘာတိုက်ခိုက်မှုမှာ အသာစီးရပြီး အတွင်းသတင်းတွေ ဖောက်ချပစ်တာ အကိုကြီးလို့ပြောနေကြတယ်”

နတ်ဘုရားအကယ်ဒမီတက်ပြီးသည့်နောက် ကောကျွင်းယွီ၏ ဆက်စပ်တွေးခေါ်နိုင်စွမ်းက ပိုမိုမြင့်မားလာသည်။Ous ပြည်ထောင်စုကို တိုက်ရိုက်တိုက်ခိုက်ရဲသူမှာ သူ့ယောက်ဖ ဖန့်ကြွယ်ယွီမှ လွဲပြီး မည်သူမှ မဖြစ်နိုင်ပေ။

“ငါ့မောင်လေးက တော်လှချည်လား”

ကောရှင်းယွီက သူ့မောင်လေး၏ နဖူးကိုတောက်လိုက်သည်။ ဒီကိစ္စများကို သူမအနေဖြင့် အကုန်လုံးသိထားသည့်အပြင် တချို့နေရာတွေမှာ ဖန့်ကြွယ်ယွီကို ကူညီလိုက်သေးသည်။

“ဒါဆို မနက်ဖြန်မနက် စျေးကွက်ဖွင့်တာနဲ့ သူတို့ရှယ်ယာတွေကို ရောင်းပစ်ဖို့ ငါ့သူငယ်ချင်းတွေကိုပြောရဦးမယ်”

စကားစမြည်ပြောကြပြီးနောက် အားလုံးကိုယ်စီအခန်းထဲကို ဝင်သွားကြသည်။ ယောက္ခမအိမ်မှာ အိပ်ရတာမို့ ဖန့်ကြွယ်ယွီလည်း မလှုပ်ရဲပေ။ သူသည် တစ်ညလုံး စွမ်းအားရှင်ကျင့်စဉ်ကို ကျင့်နေကြသည်။

သူ မနက်နိုးလာသောအခါ အချိန်က ဆယ်နာရီပင်ထိုးတော့မည်။ စတော့ရှယ်ယာစျေးကွက်လည်း ဖွင့်ပြီးဖြစ်သလို ကောရှု၏ သူငယ်ချင်းများကလည်း ရှယ်ယာကို ရောင်းချပြီးပြီဖြစ်သည်။

ဖန့်ကြွယ်ယွီကို နံပါတ်တစ်ခုကိုနှိပ်ပြီး ဖုန်းခေါ်သည်။

“စတော့”

သူ့အမိန့်ကိုရလိုက်သည်နှင့် ကုန်သည်ကြီးများကလည်း သူမှာထားသလိုလုပ်ကြသည်။ ကျွမ်းရီက မနေ့ကတစ်ရက်တည်းမှာပင် မိသားစုအသီးသီးဆီမှ ၈၀၀ဘီလီယံရအောင် စုဆောင်းနိုင် ခဲ့သည် ။တစ်ခဏလေးအတွင်းမှာ ဒေါ်လာ တစ်ထရီလီယံပြည့်သွားခဲ့ပြီဖြစ်သည်။

ဖန့်ကြွယ်ယွီ၏ ရည်မှန်းချက်က စုစုပေါင်း ငါးထရီလီယံကျော် ရရန်ဖြစ်သည်။ Ousပြည်ထောင်စုသည် သာမန်နိုင်ငံတစ်ခုမဟုတ်ပေ။ တရုတ်နှင့် စီးပွါးရေးပိုင်းတွင် အနေအထားအတူတူပင်ဖြစ်သည်။ ထို့ကြောင့် ထရီလီယံ အနည်းငယ်ဖြင့် သူတို့၏ စီးပွါးရေးကို ကမောက်ကမဖြစ်အောင်မလုပ်နိုင်ပေ

တစ်ခဏအတွင်းမှာ Ousပြည်ထောင်စု၏ ငွေးကြေးစျေးကွက် ထိခိုက်လာသည်။ အချိန်ခဏလေးအတွင်းမှာ Ousပြည်ထောင်စု၏ ငွေကြေးလဲလှယ်မှုသည် ၁%ထိကျဆင်းခဲ့သည်။

“ဘာတွေဖြစ်နေတာလဲကွာ”

Ousပြည်ထောင်စု၏ငွေကြေးစျေးကွက်သည် အပြောင်းအလဲမရှိဘဲ ခိုင်မာခဲ့သည်မှာ အချိန်အကြာကြီး ဖြစ်သည်။ ဆက်လက်ပြီး အရောင်းစျေးကွက်များဆက်တိုက်ထိုးကျလာသဖြင့် ငွေကြေးလဲလှယ်နှုန်းမှာ နောက်ထပ်ရာခိုင်နှုန်းတစ်ခုထိကျသွားခဲ့သည်။

“မစ္စတာစူး..စျေးကွက်ထဲမှာပြသနာတက်နေပြီ။ မြန်မြန်လာကြည့်ဦး”

“ဝန်ကြီးခင်ဗျား..တစ်ယောက်ယောက်က ငါတို့ရဲ့ငွေကြေးစျေးကွက်ကို အသည်းအသန်တိုက်ခိုက်နေပုံရတယ်”

ငွေကြေးလဲလှယ်နှုန်းက ၂% ပဲကျတာဆိုသော်လည်း ထိုသို့ဖြစ်အောင်ပြုလုပ်ရန် ငွေကြေးအတော်များများ လိုအပ်ကြောင်း အားလုံးအသိပင်ဖြစ်သည်။ သာမန်စျေးကွက်အတက်အကျဖြစ်တာနှင့်မတူပေ။

Ousပြည်ထောင်စု၏ အထင်ကရအဆောက်အအုံတစ်ခုတွင် အသက်ငါးဆယ်အရွယ်လူတစ်ဦးသည် ဖုန်းကိုကိုင်ပြီး စိတ်ပျက်လက်ပျက်ထိုင်နေသည်။ သူသည် Ousပြည်ထောင်စု၏ စီးပွါးရေးဝန်ကြီး စနပ်ဖြစ်သည်။

လွန်ခဲ့သောမိနစ်ပိုင်းက တစ်စုံတစ်ဦးက Ousပြည်ထောင်စု၏ ငွေကြေးစျေးကွက်ကို ရည်ရွယ်ချက်ရှိရှိတိုက်ခိုက် ကြကြောင်း သတင်းရသည်။တစ်ကမ္ဘာလုံးက ဘဏ်အကောင့်များက ဝိုင်းဝန်းတိုက်ခိုက်နေကြသည်။

“ဒါကိုဘယ်သူလုပ်နေတာလဲ”

စနပ်က အရမ်းတော့ မတုန်လှုပ်ပေ။ သူတို့နိုင်ငံသည် သာမန်နိုင်ငံငယ်လေးတစ်ခုမဟုတ်ပေ။ ဒေါ်လာဘီလီယံနှင့် ချီပြီး စျေးကွက်ထဲဝင်လာမှသာ နိုင်ငံ၏ ငွေကြေးလဲလှယ်နှုန်းကို သက်ရောက်နိုင်မည်ဖြစ်သည်။

Ousပြည်ထောင်စု၏ နိုင်ငံခြားအရံငွေသည် အလွန်များပြားသည်။ ဒါတင်မကသေးဘဲ အမေရိကန်နိုင်ငံနှင့် မဟာမိတ်သဖွယ်ဖြစ်နေတာမို့ အကူအညီလိုအပ်ပါက အလွယ်တကူရနိုင်သည်။

အရေးကြီးသည်မှာ ထိုတိုက်ခိုက်မှု၏ နောက်ကွယ်မှာမည်သူရှိလဲဆိုတာ ရှာဖွေရန်ဖြစ်သည်။

“တရုတ်တွေများဖြစ်နေမလား”

စနပ်သည် နိုင်ငံရေးအမြင်ကျယ်သည်ဟု ဆိုရမည်။ ခုတလော တရုတ်က ငြိမ်နေသည်မှာ တိုက်ခိုက်ဖို့ အရှိန်ယူတာဖြစ်ရမည်။

တရုတ်၏ အမေရိကန်ဒေါ်လာအရန်ငွေသည် ၃.၁ ထရီလီယံရှိတာမို့ တကမ္ဘာလုံးမှာ အများဆုံးသော

ပမာဏဖြစ်သည်။

သူတို့မှာ ဒီလိုကမောက်ကမဖြစ်အောင်လုပ်နိုင်သည့် အစွမ်းရှိသည်။

“မြန်မြန်စုံစမ်းမှပဲ”

စနပ်က ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်သည်။

“ဝန်ကြီး ဒီကိစ္စက တရုတ်တွေနဲ့မဆိုင်ပါဘူး။ စုံစမ်းကြည့်တော့ သူတို့အရန်ငွေက ဘာမှမပြောင်းလဲနေဘူး။ ကြည့်ရတာ အခြားတစ်ယောက်ယောက်ကလုပ်တာဖြစ်ရမယ်”

All Chapters