မင်းဘာတွေလုပ်နေတာလဲ။ ငါတို့ အတူတူ ချမ်းသာကြမလား။
Vol. 17 Ch. 229
ကံကောင်းထောက်မစွာဖြင့် Ousပြည်ထောင်စုတွင် နိုင်ငံခြားအရံငွေ တစ်ထရီလီယံကျော်ရှိနေသည်။ နိုင်ငံခြားငွေလဲလှယ်သည့်စျေးကွက်ပိတ်ချိန်တွင် ငွေလဲနှုန်းသည် ၂.၃% သာကျသေးသဖြင့် ထိခိုက်မှုကြီးကြီးမားမားမရှိသေးပေ။
“ဟဲဟဲ နှစ်စပဲရှိပါသေးတယ်ကွ။ငါ့မှာမင်းတို့နဲ့ဆော့ဖို့ အချိန်အများကြီးကျန်သေးတယ်”
“ရှောင်ဖန့် ညဘက်အဆာပြေစာလေး လာစားပါဦး”
ရှင်းယွီ၏ အမေက အခန်းအပြင်ဘက်မှ လှမ်းခေါ်သည်။
“လာပြီ”
ဖန့်ကြွယ်ယွီက ဧည့်ခန်းဆီသို့ထွက်လာသည်။
ငွေကြေးစျေးကွက်ကမောက်ကမဖြစ်ခြင်းသည် ပေါ့သေးသေးကိစ္စတစ်ခုတော့ မဟုတ်ပေ။ ထိုကိစ္စတွင် ကုမ္ပဏီကြီးများနှင့် လူပေါင်းများစွာပါဝင်ပတ်သက်နေသည်။စျေးကွက်ကမောက်ကမဖြစ်နေသည်ဆိုသော သတင်းက တမဟုတ်ချင်းပျံ့နှံ့သွားသည်။
လူထုက CN၏ စကားလုံးများကို ချက်ချင်းအမှတ်ရကြသည်။ “ဒီကိစ္စက ဒီအတိုင်းမပြီးသွားဘူး” ဟု CNက မနေ့ကမှပြောခဲ့သည်။Ousပြည်ထောင်စုက တရုတ်၏ စကိုင်းနက်ကိုတိုက်ခိုက်သည့်အဖွဲ့ထဲတွင်ပါတာမို့ CNက လက်စားပြန်ချေတာလား။
စီးပွါးရေးကျွမ်းကျင်သူများ၏ ပြောကြားချက်အရ အမည်မသိအင်အားစုတစ်စုက Ousပြည်ထောင်စု၏ နိုင်ငံခြားငွေလဲလှယ်ခြင်းစျေးကွက်တွင် ဒေါ်လာ ၁၀၀ဘီလီယံကျော် ရင်းနှီးမြှုပ်နှံခဲ့သည်။
ဒါက သာမန်လူတစ်ဦးအနေဖြင့် မစွမ်းဆောင်နိုင်သော ကိစ္စရပ်ဖြစ်သည်။
မိမိမှာ ဒေါ်လာ ဘီလီယံ ၁၀၀ရှိလျှင်တောင်မှ လူအများစုက မလုပ်ရဲကြပေ။
ကိုယ်က တစ်ချက်အကွက်ရွှေ့မှားလိုက်သည်နှင့် ၁၀၀ဘီလီယံက အလဟသဖြစ်ကုန်တော့မည်။
ဒီကမ္ဘာမှာ ၁၀၀ဘီလီယံကျော်ကြွယ်ဝချမ်းသာသူက ဂျက်ဖ်ဘီးဇော့်စ်၊ မာထန် နှင့် ဖန့်ကြွယ်ယွီတို့ သုံးဦးသာရှိသည်။ ဂျက်ဖ်ဘီးဇော့်စ်မှာ ပိုင်ဆိုင်မှု စုစုပေါင်း ၁၃၀ဘီလီယံသာရှိတာမို့ ၁၀၀ဘီလီယံ ထုတ်ချင်ပါက သူ၏ ကားများပါ ရောင်းရလိမ်မည်။ထို့ကြောင့် ဂျက်ဖ်ဘီးဇော့်စ်က မဖြစ်နိုင်ပေ။
မာထန်နှင့် ဖန့်ကြွယ်ယွီနှစ်ဦးတွင် ဖန့်ကြွယ်ယွီက နည်းနည်းသာသည်။
မာထန်၏ ပိုင်ဆိုင်မှုစုစုပေါင်းက ၄၀၀ဘီလီယံကျော်ဖြစ်သည်။ သို့သော် သူ၏ပိုင်ဆိုင်မှုအများစုက ထန်ရွှမ်ကုမ္ပဏီထဲမှာရှိသဖြင့် အသားတင်ငွေသားအနေဖြင့် ၁၀၀ဘီလီယံကျော်လိမ့်မည်မဟုတ်ပေ။ဒါ့အပြင် သူက ဒီကိစ္စကြီးကိုလုပ်နိုင်သည့်အခွင့်အလမ်းက အရမ်းနည်းပါးသည်။
ဖန့်ကြွယ်ယွီ၏ပိုင်ဆိုင်မှုက ဒေါ်လာ ၅၀၀ဘီလီယံဟု ဆိုသော်လည်း လက်တွေ့မှာ ထိုပမာဏထက် များစွာပိုင်ဆိုင်ကြောင်း ဝမ်ချုံးအသိဆုံးဖြစ်သည်။ ၅၀၀ဘီလီယံဆိုသော ပမာဏသည်သူ့ပိုင်ဆိုင်မှု၏ ဆယ်ပုံပုံလျှင် တစ်ပုံတောင်မရှိပေ။
သို့သော် CNက ဖန့်ကြွယ်ယွီဖြစ်နိုင်ပါ့မလား။
ဒါမှမဟုတ် ဖန့်ကြွယ်ယွီက CNကိုသိတာလား။
သူတို့နှစ်ဦးပေါင်းပြီး လက်စားချေကြတာလား။
ထိုအချိန်မှာ တရုတ်ပြည်၏အွန်လိုင်းတစ်ခွင်တွင် ဆူညံပွက်လောရိုက်ကုန်ကြသည်။ ဖန့်ကြွယ်ယွီ၏ နောက်ဆုံးပို့စ်အောက်တွင် ကောမန့်များ ပလူပျံနေသည်။
ထိုကောမန့်များတွင် သူက Ousပြည်ထောင်စု၏ ငွေကြေးစျေးကွက်ကို ကမောက်ကမဖြစ်အောင်လုပ် ခဲ့တာလားဟု မေးထားကြသည်။ ထို့အပြင် သူနှင့် CNက တစ်ယောက်ထဲလားဆိုတာလည်း မေးထားကြသည်။
“အားလုံးပဲ နှစ်သစ်မှာပျော်ရွှင်ကြပါစေ။ ငါက အခု ယောက္ခမအိမ်မှာ နှစ်သစ်ကူးပွဲဆင်နွှဲနေတာပါ။ ဒီကိစ္စတွေလုပ်ဖို့ ဘယ်လိုလုပ်အချိန်ရှိပါ့မလဲ”
ထိုစာနှင့်အတူ နှစ်သစ်ကူးပွဲဆင်နွှဲနေသည့် ဗီဒီယိုကို တင်လိုက်သည်။
“ဟာကွာ..ဒီလူတွေက ငါဆိုတာ ဘာလို့များတန်းသိကြတာလဲ။ ငါ့ဘဝက အေးအေးဆေးဆေး နေရမဲ့ကံမပါတာ ဖြစ်မယ်”
ထိုအချိန်မှာ ကျွမ်းရီက သူ့ကိုဖုန်းခေါ်လာသည်။
“သခင်လေး Ous ပြည်ထောင်စုရဲ့ ငွေကြေးစျေးကွက်ကို ကမောက်ကမဖြစ်အောင်လုပ်နေပါတယ်။ ဒါပေမဲ့ သူတို့နိုင်ငံရဲ့ အနေအထားကြောင့် ကိစ္စက နည်းနည်းနှောင့်နှေးနေပါတယ်။ မနက်ဖြန်စျေးကွက်ဖွင့်လျှင် ဒေါ်လာ ၁.၅ ထရီလီယံလောက် ဆောင်ထားဖို့လိုတယ်။ ဒီပမာဏက သူတို့နိုင်ငံရဲ့ အရန်ငွေကြေးထက်များတယ်ဆိုပေမဲ့ သူတို့က မဟာမိတ်နိုင်ငံတွေရဲ့ အကူအညီကို ရယူနိုင်တယ်”
“မနက်ဖြန်မနက်ကျ ဒီစျေးကွက်ကို စိတ်ပါဝင်စားတဲ့သူ များလာနိုင်ပါတယ်။ သူဌေးတွေ အဖွဲ့အစည်းကြီးတွေက ဒီကိစ္စမှာ ပါဝင်ပတ်သက်လာနိုင်ပါတယ်။ အကောင်းဆုံးရလဒ်လိုချင်တယ်ဆို ပိုက်ဆံပိုလိုတယ်”
“လုပ်စမ်းပါ။ ငါ့မှာ ဘဏ်တွေအများကြီးရှိတယ်မလား။ ပိုက်ဆံတွေ အရွှေ့အပြောင်းလုပ်ဖို့ အဲ့လောက်တောင်ခက်နေလား”
“အင်း အဆင်မပြေရင်တော့ ဒီနည်းလမ်းသုံးရမှာပေါ့။ ဒါပေမဲ့ ပြသနာက ပိုက်ဆံတွေဘယ်ကရလဲဆိုတာ ခြေရာခံပြီး ငါတို့ဘယ်သူလဲဆိုတာပေါ်သွားနိုင်တယ်”
“အင်း အဲ့အတွက် မပူပါနဲ့။ မင်းက စျေးကွက်ကမောက်ကမဖြစ်အောင်သာလုပ်ပါ”
ဟူး..
ဖန့်ကြွယ်ယွီက သက်ပြင်းချလိုက်သည်။ ကျွမ်းရီတင်ပြသော ကိစ္စရပ်ကို ရှောင်းရီက ဖြေရှင်းနိုင်လိမ့်မည်။
“ဟုတ်ကဲ့ပါ သခင်လေး ဒါဆို ကျွန်မ လုပ်စရာရှိတာ ဆက်လုပ်ထားလိုက်ပါ့မယ်”
“ဆက်လုပ်ပါ”
“ရှုပ်လိုက်တာ ဒီကိစ္စမှာ တခြားအဖွဲ့တွေပါလာလိမ်မယ့် ငါဖြင့်တစ်ခါမှ မတွေးဖူးပါဘူး”
ပရိုဂရမ်မာတစ်ဦးဖြစ်သူဖန့်ကြွယ်ယွီက ငွေေကြေးကိစ္စများကို သေချာမသိပေ။ သူသိတာ တစ်ခုတော့ရှိသည်။ ပိုက်ဆံများများရှိလေ ပိုကောင်းလေဆိုသောအချက်ပဲဖြစ်သည်။
“ဟဲဟဲ မင်းမှာပဲ နိုင်ငံခြားအကူအညီရှိတာမဟုတ်ဘူး။ ငါ့မှာလည်းရှိပါတယ်”
သူက မာထန်ဆီ ချက်ချင်းဖုန်းဆက်သည်။
“သူဌေးမာ..ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ။ စီးပွါးရေးလည်း ဒီရေအလားတိုးတက်ပါစေ”
“ဟဲဟဲ မစ္စတာဖန့်ရော အတူတူပါပဲဗျာ”
“မစ္စတာဖန့် ဘာလိုအပ်လဲပြောပါ။ အချင်းချင်းတွေပဲ အားမနာပါနဲ့”
“ဟဲ သူဌေးမာက အမြင်စူးရှလိုက်တာ။ သူဌေးမာမှာ ပိုက်ဆံလေးဘာလေးအပိုရှိရင် ကျွန်တော့်ကို တစ်ပတ်လောက် ချေးပေးပါလား။ နှစ်ဆပြန်ပေးပါ့မယ်”
“ပိုက်ဆံချေးတယ်ဟုတ်လား”
မာထန်က ကမ္ဘာပေါ်မှာ အရယ်ရဆုံးဟာသကို ကြားလိုက်ရသည်ဟု ထင်မြင်မိသည်။
ကမ္ဘာ့အချမ်းသာဆုံးလူက သူ့ဆီက ပိုက်ဆံလာချေးတယ်???
“နည်းနည်းလေးဆို ကျွန်တော်အကူအညီလာမတောင်းပါဘူး။သူဌေးမာ ဘယ်လောက်ပမာဏထိ ကူညီပေးနိုင်မလဲ”
“ခဏလေး ဟိုနိုင်ငံကို ကမောက်ကမဖြစ်အောင်လုပ်နေတာမင်းလား”
“ဟုတ်တယ် ကျွန်တော်လုပ်တာပါ”
“အမြင့်ဆုံး ဘယ်လောက်ပမာဏထိ ချေးပေးနိုင်မလဲ”
“မင်းက ပိုင်လှချည်လားကွ”
ဒါက အခွင့်အလမ်းလည်းဖြစ်သလို သူ့ပိုက်ဆံများ ဆုံးရှုံးသွားနိုင်သည့်လမ်းဆိုတာ မာထန်တွေးမိသည်။
“ဟုတ်ပြီ ခုလောလောဆယ်တော့ ၉၈ဘီလီယံလောက် ထုတ်ပေးနိုင်ပါတယ်”
“ဟုတ်ပြီ ဒါဆိုရပြီ”
“ငါ့ကို ဘဏ်အကောင့်ပေးလေ။ ပိုက်ဆံလွှဲပေးလိုက်မယ်”
“မစ္စတာဟီတန် ငါပါ ဖန့်ကြွယ်ယွီ”
“မစ္စတာ အာနိုး..ကူညီပါဦး ငါ ဖန့်ကြွယ်ယွီပါ”
အင်္ဂလန်ဘုရင်မကြီး၏ မွေးနေ့ပွဲတွင် လူချမ်းသာအများစုနှင့် သူဆုံခဲ့ရသည်။ ထိုသူများဆီက ပိုက်ဆံအကူအညီအားလုံးပေါင်း ၂၀၀ဘီလီယံကျော်ရရှိသည်။
“ရပြီ။ ဟုတ်သား မေ့နေတာကြည့်ပါဦး ဝမ်ချုံးကိုအကူညီတောင်းရမယ်။ သူ့အဖေကို သူကနေတစ်ဆင့် အကူအညီတောင်းခိုင်းရမယ်”
သို့သော် ဝမ်လင်း၏ စီးပွါးရေးလုပ်ငန်းတစ်ချို့က အခြေအနေမကောင်းနေဘူးဆိုသော သတင်းကို သူရထားသည်။
“ဟေး ဝမ်ချုံး ငါပါ။ မင်းဘာတွေလုပ်နေလဲ။ ပိုက်ဆံရပေါက်ရလမ်း မသိချင်ဘူးလား”