မင်းတို့က အချင်းချင်းကူညီချင်ကြတာလား…
Vol. 17 Ch. 230
နှစ်သစ်၏ ဒုတိယမြောက်နေ့တွင် Ous ပြည်ထောင်စု၏ ငွေကြေးစျေးကွက်က မဖွင့်သေးပေ။ သို့သော် အဆောက်အအုံတစ်ခုလုံးမှာရှိနေသော လူများ၏ မျက်နှာမကောင်းကြပေ။
ကိုးနာရီခွဲတွင် စျေးကွက်စဖွင့်သည်။အမှာစာပေါင်းများစွာက ပလူပျံနေသည်။ ထိုအရာက ကျွမ်းရီမျှော်လင့်ထားသလိုဖြစ်သည်။ ဖန့်ကြွယ်ယွီသာမက တခြားအဖွဲ့များကလည်း ထိုအခွင့်အရေးကို မျက်စိကျနေကြသည်။
ဖန့်ကြွယ်ယွီက အသုံးပြုသော ၁၀၀ဘီလီယံအပြင် တခြားငွေကြေးများက ၅၀ဘီလီယံလောက်ရှိသဖြင့် ပြိုင်ဆိုင်မှုပြင်းထန်ကြသည်။
ကြိုတင်ပြင်ဆင်မှုကြောင့် Ousပြည်ထောင်စု၏ နိုင်ငံခြားငွေအရန်ငွေသည် ပြန်လည်ဦးမော့နိုင်ခဲ့သည်။
“စိတ်ဝင်စားစရာပဲ။ ဒီလူတွေက သိပ်ကိုသတ္တိကောင်းနေကြပါလား။ Ousပြည်ထောင်စုကို တိုက်ခိုက်တာအားမရလို့ ငါ့ကိုပါပစ်မှတ်ထားချင်ကြသေးတာ။”
ဖန့်ကြွယ်ယွီက ပြိုင်ဆိုင်မှုကို မျက်စိဒေါက်ထောက်ပြီးကြည့်နေသည်။
သူ၏ အဖွဲ့သားများကလည်းပြိုင်ဆိုင်မှုအခြေအနေကို အဆက်မပြတ်တင်ပြနေသည်။
ရှောင်းရီမှ တစ်ဆင့် အရေးကြီးအကြောင်းအရာများကို ဖန့်ကြွယ်ယွီက သိခဲ့ရသည်။
“သူတိုအားလုံးရှိနေမှတော့ ပိုက်ဆံပုံပေးပြီး ရှင်းပစ်လိုက်ကွာ”
ရုတ်တရက်ဆိုသလို Ous ပြည်ထောင်စု၏ နိုင်ငံခြားငွေလဲလှယ်သောစျေးကွက်တွင် ဒေါ်လာ ၅၀၀ဘီလီယံ ဝင်လာခဲ့သည်။
“ဘီလီယံ ၅၀၀”
စနပ်က မျက်နှာပျက်သွားသည်။
မည်သူကများ ထိုမျှ များပြားသောပိုက်ဆံကို ပေးနိုင်တာလဲ။ မနေ့ကသုံးစွဲမှုနှင့် ပေါင်းပါက ထိုလူ၏ အရန်ငွေကြေးပမာဏသည် ၈၀၀ဘီလီယံကျော်ရှိသည်။
ဤကမ္ဘာပေါ်မှာ နိုင်ငံခြားငွေအရံပမာဏ ထိုမျှလောက်များပြားသော နိုင်ငံဆိုတာ သိပ်မရှိသလောက်ပင် ဖြစ်သည်။ဘယ်သူကများ ထိုပမာဏကို ပိုင်ဆိုင်ထားသည်အထိ ချမ်းသာတာလဲ။ထိုသူက အမေရိကန်မှာ ဘဏ်များဖွင့်ထားလေသလား။
“ဘာတွေဖြစ်နေတာလဲ။ ဒီပိုက်ဆံတွေက ဘယ်ကရောက်လာတာလဲ”
“မြန်မြန် ပိုက်ဆံသွားရှာတော့။ မရတော့ဘူး”
“သွားပြီ။ ပွဲကပြီးပြီ”
ချက်ချင်းဆိုသလို Ousပြည်ထောင်စု၏ စျေးကွက်ကို ဝင်ရောက်ယှဉ်ပြိုင်သော လူအချို့က လက်လျှော့သွားကြ သည်။ ငွေကြေးစျေးကွက်ကမောက်ကမဖြစ်မှုကို အခွင့်ကောင်းယူပြီး အချောင်လိုချင်ကြသော လူများကို မိနစ်ပိုင်းအတွင်းအပြတ်ရှင်းလိုက်နိုင်သည်။
“ပိုင်ရှင် ဒီတစ်ခေါက် အမြတ်က တော်တော်လေးရလိုက်တယ်။ ၄၁ဘီလီယံလောက် ကျန်တယ်”
“ဟား မိုက်လှချည်လားကွ”
ငွေကြေးလောကက ဘာကြောင့်နာမည်ကြီးလဲဆိုတာ ဖန့်ကြွယ်ယွီအခုမှပဲ သဘောပေါက်တော့သည်။
ထိုလောကသည် ငရဲတစ်လှည့် နိဗ္ဗာန်တစ်လှည့်ဖြစ်သည်။ အနိုင်ရသူက များပြားလှစွာသော ငွေကြေးများကို ပိုင်ဆိုင်ချိန်တွင် အရှုံးသမားများက ခွက်ခွက်လန်အောင် ရှုံးနိမ့်ကြသည်။
ယနေ့အချိန်ထိ “ရှုံးနိမ့်မှု”ဆိုသော စကားလုံးသည် ဖန့်ကြွယ်ယွီ၏ အဘိဓာန်တွင် မရှိသေးပေ။သူက ရှုံးနိမ့်မှုဆိုသော ခါးသီးသည့်အရသာကို မခံစားဖူးပေ။
“ဆက်ပြီးလုပ်ကြ။ ငါတို့ပစ်မှတ်က ဒီလူတွေမဟုတ်ဘူး။ Ousပြည်ထောင်စုကမှ ငါတို့ပစ်မှတ်အစစ်”
ဖန့်ကြွယ်ယွီ၏ လက်ထဲမှာ ၂ထရီလီယံရှိနေသည်။ ၈၀၀ဘီလီယံဆိုတာ ထိုပမာဏ၏ တစ်ဝက်တောင် မရှိပေ။ ကုန်သည် တစ်သောင်းကျော်လောက်က နည်းလမ်းအမျိုးမျိုးမှတစ်ဆင့် ၅၀၀ဘီလီယံကို ငွေကြေးစျေးကွက် ထဲကို ထည့်ကြသည်။
စျေးကွက်တစ်ခုလုံးဆူညံပွက်လောရိုက်ကုန်ကြသည်။ ဒီအဖွဲ့တွေက ဘယ်ကနေများ ပိုက်ဆံရကြတာလဲ။
သူတို့က ငွေတုတွေများထုတ်နေကြသလားဟုတောင် ထင်ယောင်ထင်မှားဖြစ်ကုန်ကြသည်။
၅၀၀ဘီလီယံဆိုသော ပမာဏသည် နျူးကလီးယားဗုံးသဖွဖယ်ဖြစ်သည်။ Ous ပြည်ထောင်စုဘက်က အများဆုံး ဘီလီယံအနည်းငယ်လောက်သာ ထုတ်နိုင်တော့တာမို့ ဒီတိုက်ခိုက်မှုကို ဘယ်လိုကြံ့ကြံ့ခံနိုင်မည်နည်း။
“ဝန်ကြီးခင်ဗျာ..ဟိုအဖွဲ့ဘက်က ၅၀၀ဘီလီယံထုတ်လာပြီ။ ကျွန်တော်တို့ တောင့်ခံနိုင်တော့မယ်မထင်ဘူး”
“နောက်ထပ် ၅၀၀ဘီလီယံ ဟုတ်လား”
ပြိုင်ဘက်၏ ငွေကြေးအနေအထားက သူတို့၏ နိုင်ငံခြားအရန်ငွေထက် အဆပေါင်းများစွာသာလွန် နေသည်ဆိုသော အချက်ကို ငြင်းမရတော့ပေ။
“ခုလက်ရှိအနေအထားက ဘယ်လိုဖြစ်နေပြီလဲ” ဟု စနပ်ကမေးသည်။
“ငွေလဲနှုန်းက ၃၀% ထိကျသွားပြီ။ အရန်ငွေရဲ့ ၈၀%ကျော်လောက်ကို ရင်းနှီးမြုပ်နှံထားပြီးပြီ။ နောက်ထပ်ငွေကြေးတွေအများကြီးလိုနေပြီ။ သူ့ဘက်က ထပ်ထုတ်လာခဲ့မယ်ဆို ကျွန်တော်တို့ ဘက်က ဘယ်လိုမှ တောင့်ခံနိုင်မှာမဟုတ်တော့ဘူး”
Ous ပြည်ထောင်စု၏ အရန်ငွေကြေးပမာဏသည် ၁.၄ ထရီလီယံရှိသည်။ ထိုသူ၏ တိုက်ခိုက်မှုကိုတောင့်ခံရန် နောက်ထပ် တစ်ထရီလီယံရှိမှ စိတ်ချရမည်။ ပြိုင်ဘက်၏ တိုက်ခိုက်မှုက ရှေ့ဆက်တိုးလေလေ သူတို့ဘက်က ခုခံနိုင်စွမ်းလျော့လေလေဖြစ်သည်။
နောက်ထပ် ဘီလီယံပေါင်းများစွာ စျေးကွက်ထဲဝင်လာပါက သူတို့ဘက်က ရင်ဆိုင်နိုင်စွမ်းမရှိတော့ပေ။ ထိုအချိန်တွင် သူတို့၏ တစ်ထရီလီယံ ဒေါ်လာသည် အနိမ့်ဆုံး ၃၀၀ဘီလီယံနီးပါးလောက် အရှုံးနှင့် ရင်ဆိုင်ရမည်။ကျန်ရှိနေသော ငွေကြေးများလည်း ထုတ်ရခက်သွားတော့မည်။
“မြန်မြန် အကူအညီရှာကြလေ။နိုင်ငံခြားငွေတွေပိုပြီးလိုအပ်နေပြီ။ ဘယ်လိုပဲသဘောတူရတူရ ခဏလက်ခံထားလိုက်။ငါတို့ရဲ့ နိုင်ငံခြားငွေကြေးစျေးကွက်ပြိုလဲသွားလို့မရဘူး”
နိုင်ငံတစ်နိုင်ငံ၏ ငွေကြေးစျေးကွက်ပြိုလဲပါက စီးပွါးရေးကလည်းအလိုအလျောက်ကျဆင်းသွားလိမ့်မည်။ နိုင်ငံခြားငွေပေးချေမှုများက ဒေါ်လာနှင့်ဖြစ်တာမို့ အကျိုးဆက်က သိသာပေမည်။
သိပ်မကြာခင်မှာ Ousပြည်ထောင်စု၏ အကောင့်ထဲကို ငွေကြေးအမြောက်အမြားဝင်လာသည်။သူတို့၏ မဟာမိတ်နိုင်ငံများဆီကရသောပိုက်ဆံအကူအညီများကို ပေါင်းလိုက်ပါက တစ်ထရီလံကျော်ရှိသည်။
“ပိုင်ရှင် ငါခန့်မှန်းရသလောက်ဆို Ousပြည်ထောင်စုဆီ နိုင်ငံခြားငွေ တစ်ထရီလီယံလောက်ရောက်လာပြီ”
“သိတာပေါ့။ အကိုကြီးက နှိပ်စက်ခံနေရတယ်ဆို ညီလေးတွေက လက်ပိုက်ကြည့်နေနိုင်ပါ့မလား”
ဖန့်ကြွယ်ယွီ၏ လက်ထဲမှာ ယနေ့မနက်ထိ နှစ်ထရီလီယံသာရှိသည်။ ဖန့်မိသားစု၏အစွမ်းကြောင့် ဖန့်ကြွယ်ယွီအဖွဲ့၏ လက်ထဲမှာ ပိုက်ဆံများက တဖြည်းဖြည်းပိုများလာသည်။
“ကဲ ဒါဆို Ous ပြည်ထောင်စုကို ခဏအနားပေးလိုက်ပါ။ ပစ်မှတ်ပြောင်းကြမယ်”
ရှောင်းရီက ပြည်ပအကူအညီအကြောင်းကို တွေးထားပြီးဖြစ်သလို တိုက်ခိုက်ရမည့်ဗျူဟာကိုလည်းဆွဲထားသည်။
မင်းတို့က အချင်းချင်းသိပ်ကိုကူညီချင်ကြတယ်ပေါ့လေ ဟုတ်လား။ သူတို့ကို မင်းတို့ကူညီလိုက်တော့ မင်းတို့ဆီမှာပိုက်ဆံကျန်သေးရဲ့လား။
“ရှောင်းရီ ၁၂နိုင်ငံထဲမှာ ဘယ်နိုင်ငံက နိုင်ငံခြားပိုင်ဆိုင်မှုအနည်းဆုံးဖြစ်နေတာလဲ”
“ပိုင်ရှင် နိုင်ငံတစ်ဝက်ကျော်ကျော်လောက်က ဥရောပနဲ့ အမေရိကားကပါ။နိုင်ငံတကာ ငွေပေးချေမှုတွေကို ဒေါ်လာ သို့ ယူရိုနဲ့ပဲ လုပ်ကြတာပါ။ သူတို့က အရန်ငွေမထားတော့ဘူး။ လိုအပ်လာမှ ပုံနှိပ်ရိုက်ပြီး ထုတ်ကြတာ။အင်း အခုလောလောဆယ် အင်အားအနည်းဆုံးနိုင်ငံကိုပြောပါဆိုရင်တော့ ဗစ်နိုင်ငံဖြစ်မယ်”
“အဲ့နိုင်ငံပိုင်ဆိုင်တဲ့ နိုင်ငံခြားငွေက ဒေါ်လာ ၃၀၀ဘီလီယံပဲရှိတော့တာ။ သူတို့ဘဏ်ရဲ့ ၈၀%က ငါတို့ထိန်းချုပ်မှု အောက်မှာရှိတာဆိုတော့ ဟဲဟဲ”
“ဟဲဟဲ ဒါဆိုလည်း စလိုက်ကြရအောင်လေ။”
“အချင်းချင်း ရိုင်းပင်းကူညီချင်ကြတယ်ပေါ့လေ။ ငါတို့က တဖြည်းဖြည်းချင်း မင်းတို့အကုန်လုံးကိုရှင်းပစ်မှာကွ။ မင်းတို့ ငါနဲ့ ထိပ်တိုက်တွေ့တဲ့အခါမှာ ဘယ်လိုအကွက်တွေထုတ်သုံးမလဲဆိုတာ ကြည့်ကြသေးတာပေါ့”