စက္ကူမရှိဘဲ ပိုက်ဆံဘယ်လိုထုတ်မှာလဲ…
Vol. 17 Ch. 231
ဖန့်ကြွယ်ယွီက မည်သည့်စိန်ခေါ်မှုကိုမှ မတုန်လှုပ်တတ်ပေ။ယခုအခါ သူက ပစ်မှတ်ပြောင်းပြီး ဗစ်နိုင်ငံ၏ ငွေကြေးစျေးကွက်ကို စတင်တိုက်ခိုက်ဖို့ ကြံရွယ်တော့သည်။ တစ်ထရီလီယံနှင့် ၃၀၀ဘီလီယံ ယှဉ်ပြိုင်မှုတွင် မည်သူက အသာစီးရလိမ့်မည်ဆိုတာ အသိသာကြီးဖြစ်သည်။
“ဗစ်နိုင်ငံရဲ့ နိုင်ငံခြားငွေစျေးကွက်မပိတ်ခင် သူတို့ရဲ့ နိုင်ငံခြားအရန်ငွေတွေကို အကုန်ရှင်းပစ်လိုက်”
ဖန့်ကြွယ်ယွီက တာဝန်ရှိသူတစ်ဦးအလား ပြင်းပြင်းထန်ထန်အမိန့်ပေးသည်။
“ဝန်..ဝန်ကြီးကျွန်တော်တို့စျေးကွက်ကိုလည်း တိုက်ခိုက်နေကြပြန်ပြီ”
သူတို့သည် Ousပြည်ထောင်စုကို သိပ်မကြာခင်ကမှ ကူညီပေးခဲ့သည်။သူတို့နိုင်ငံ၏ နိုင်ငံခြားအရန်ငွေက Ousပြည်ထောင်စုကို မယှဉ်နိုင်ပေ။ထိုသူက သူတို့ကိုသာ အစတည်းက တိုက်ခိုက်ခဲ့လျှင် ပထမရက်မှာတည်းက သူတို့စျေးကွက်ပျက်လိမ့်မည်။ယခုတော့ Ous ပြည်ထောင်စုကို သူတို့၏ ငွေများချေးငှါးလိုက်သဖြင့် ယခင်ကထက်ပိုပြီး အားနည်းသည့်အနေအထားမှာရှိသည်။
“မြန်မြန် ငါတို့အတွက် အကူအညီတွေရှာကြ”
“မရတော့ဘူး ဝန်ကြီး။ အကုန်လုံးက Ousပြည်ထောင်စုကို ကူညီလိုက်ကြတော့ လက်ထဲဘာမှ မကျန်တော့ဘူးလေ။ ကျွန်တော်တို့တော့ ကူကယ်ရာမဲ့ပြီ”
“ဘဏ်တွေမှာရော နိုင်ငံခြားငွေတွေမရှိဘူးလား။ ဘာလုပ်နေကြတာလဲ”
“ဘဏ်မှာငွေအပ်ထားတဲ့လူတွေက ပိုက်ဆံတွေ စိတ်မချလို့ ပြန်ထုတ်သွားကြတယ်ဆိုပြီး
ဘဏ်တွေဘက်ကပြောတယ်။ သူတို့ဆီက ပိုက်ဆံလည်း ရနိုင်မှာမဟုတ်တော့ဘူး”
“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ ဒီအကြောင်းတွေကို မြန်မြန်ဆန်ဆန်ကြီးသိကုန်ကြတာလား။ တိုက်ခိုက်မှုက လွန်ခဲ့တဲ့မိနစ်နှစ်ဆယ်ကမှဖြစ်တာလေ။ ဘယ်သူက သတင်းတွေပေးလိုက်တာလဲ”
“ငါလည်း မကူညီနိုင်တော့ဘူး”
“ငါလည်း အတူတူပဲ”
“ငါ့အကောင့်ထဲက ဘီလီယံနဲ့ချီပြီး ပါသွားပြန်ပြီ”
နာရီဝက်အတွင်းမှာ ဗစ်နိုင်ငံ၏ ငွေကြေးစျေးကွက်က ကမောက်ကမဖြစ်ကုန်သည်။ အစိုးရအကောင့် သုံးပုံပုံတစ်ပုံကအရှင်းခံလိုက်ရပြီး ၂၃၀ဘီလီယံလောက် ဆုံးရှုံးကြရသည်။စျေးကွက်ထဲမှာ ပိတ်မိသွားပြီး ၆၆.၆ ဘီလီယံသာ ကျန်ခဲ့တော့သည်။
“ပိုင်ရှင် ကျန်တဲ့အပိုင်းပါရှင်းပစ်လိုက်ရမလား”
“ထားလိုက်ပါ။ သူတို့ကို အသက်ရှုခွင့်လေးတော့ပေးလိုက်ပါ။ တော်ကြာ ခွေးကိုချောင်ပိတ်ရိုက်သလိုဖြစ်နေပါ့ မယ်”
ဖန့်ကြွယ်ယွီက ဗစ်နိုင်ငံအပေါ် သနားစိတ်ဝင်လာမိသည်။
သူတို့၏ နိုင်ငံခြားငွေကြေးစျေးကွက်က လုံးဝမပြိုလဲသေးဘူးဆိုသော်ငြား သူတို့၏ စီးပွါးရေးကတော့နောက်ငါးနှစ်ကြာသည်အထိ ဦးမော့နိုင်မည်မဟုတ်တော့ပေ။
ဒါက စကိုင်းနက်ကို ဆန့်ကျင့်သည့်ရလဒ်ပင်ဖြစ်သည်။
စျေးကွက်ပိတ်ဖို့နှစ်နာရီလိုသည်အထိ ဖန့်ကြွယ်ယွီက မရပ်ချင်သေးပေ။စကိုင်းနက်ကို တိုက်ခိုက်တုန်းက ပါခဲ့သောအခြားနိုင်ငံများဆီ ပစ်မှတ်ပြောင်းဖို့ကြံရွယ်သည်။
နောက်တစ်ရက်မှာ Ousပြည်ထောင်စုကို သိသိသာသာမတိုက်ခိုက်နိုင်သော်လည်း ပြိုင်ဘက်နိုင်ငံများဆီမှ တစ်ထရီလီယံနီးပါးရှိသော ငွေကြေးများကိုရခဲ့သည်။
နောက်တစ်ရက်စျေးကွက်ဖွင့်သောအခါ သူ့လက်ထဲမှာ လေးထရီလီယံရှိနေမှာဖြစ်သည်။
“ကဲ နားကြမယ်။ အားလုံးလည်းပင်ပန်းရောပေါ့။ ပါဝင်ပေးတဲ့သူတွေက ဒီရက်ပိုင်းမှာ ကူညီပေးကြတာဆိုတော့ ပိတ်ရက်မှာ အချိန်ပိုဆင်းသလိုဖြစ်နေတာ။ ဆိုတော့ အဲ့အတွက် လစာကိုဆယ်ဆပေးမယ်။ ဒါ့အပြင် တခြားခံစားခွင့်တွေကိုလည်း နှစ်ဆတိုးပေးမယ်”
“သေချာတယ် ။ တရုတ်တွေပါ။ သူတို့ပဲဖြစ်ရမယ်”
“ဒီလို ဓားပြဆန်ဆန်အပြုအမူတွေကို ကန့်ကွက်တယ်”
ဒီကနေ့ ပစ်မှတ်ထားခံရသော နိုင်ငံများက စကိုင်းနက်တိုက်ခိုက်မှုတွင် ပါဝင်သူများဖြစ်ကြသည်။
အခုမှသာ တိုက်ခိုက်မှုကို တရုတ်လက်ချက်ဆိုတာ ကွဲကွဲပြားပြားသိကြတော့သည်။
“မိုက်တယ်ကွာ…နိုင်ငံခုနှစ်နိုင်ငံကို တစ်ရက်ထဲမှာ အလဲထိုးပစ်နိုင်တယ်”
“CNက နတ်ဘုရားလိုပဲ။ ဒီအကြောင်း ဂဃနန မသိတဲ့ငါတောင် ဒီသတင်းကြားရပြီး ပျော်နေတာ”
“သူဌေးနောက်ရက်ရော ပွဲဆက်ပြီးကဦးမှာလား။ ငါ့သူငယ်ချင်းက ကြည့်ချင်နေတာ”
“@ဖန့်ကြွယ်ယွီ ဒါခင်ဗျားလား..အမှန်အတိုင်းဖြေပါ”
“ဒီလိုရက်ပိုင်းလေးနဲ့ ဒေါ်လာ သုံးထရီလီယံရအောင်ရှာနိုင်တာ..နည်းတဲ့ကံလား”
“ဒါက ဒါရိုက်တာဆိုတာ မျက်စိမှိတ်ပြီး ငါလောင်းရဲတယ်”
“ဝန်ကြီးခင်ဗျာ..ကနဦးခန့်မှန်းချက်အရတော့ ပြိုင်ဘက်က ဒေါ်လာသုံးထရီလီယံလောက် ထိန်းချုပ်ထားနိုင်ပြီလို့ ယူဆပါတယ်။မနက်ဖြန်လည်း စျေးကွက်ဖွင့်ပြီဆိုတာနဲ့ တရုတ်လူမျိုးတွေက ကျွန်တော်တို့စျေးကွက်ကို တိုက်ခိုက်ကြဦးမှာပါ။ကျွန်တော်တို့လက်ထဲမှာရှိတဲ့ ငွေပမာဏနဲ့ဆို မတောင့်ခံနိုင်မှာဆိုးတယ်”
“တောက်တောက်တောက်”
နစ်ခ်၏ ဖောင်တိန်က စားပွဲကို ခေါက်နေသည်။ သူက စီးပွါးရေးဝန်ကြီးအဖြစ်တာဝန်ယူသော ကာလတွင် သူတို့နိုင်ငံသည် စီးပွါးရေးအလှည့်အပြောင်းများနှင့် ကြုံခဲ့ရသော်လည်း ကြံ့ကြံ့ခံနိုင်ခဲ့သည်။ ဒါတင်မကသေးဘဲ Ous ပြည်ထောင်စု၏စီးပွါးရေးအင်အားသည် တဖြည်းဖြည်း ကြီးထွားလာခဲ့သည်။
ယခုအခါမှာ သူတို့အခြေအနေသည် ရေခဲကျောက်ဆောင်နှင့် တိုက်မိပြီး နစ်မြုပ်တော့သည် သင်္ဘောတစ်စီးလိုဖြစ်နေသည်။
“အင်း အမေရိကန်ဘက်ကို တချက်လေက်အကူအညီတောင်းကြည့်မယ်ဆိုရင်ရော”
နစ်ခ်က သက်ပြင်းချလိုက်သည်။ ဒါက သူတို့အတွက် နောက်ဆုံးကောက်ရိုးတစ်မျှင်ဖြစ်သည်။
နစ်ခ်၏ လက်ထောက်က အမေရိကန်ဘက်ကို ချက်ချင်းဆက်သွယ်သည်။
“ဘယ်လိုဖြစ်တာလဲ အမေရိကန်ဘက်က ငါတို့ကိုမကူညီနိုင်တော့ဘူးလား”
တစ်ခုခုအဆင်မပြေဖြစ်သည်ကို နစ်ခ်ခံစားမိသည်။
“ဒေါ်လာဆိုတာ သူတို့ဘက်ကထုတ်တာပဲလေ။ ပိုက်ဆံမရှိရင်လည်း ငွေစက္ကူရိုက်ထုတ်လို့ရတယ်မလား”
“ဝန်ကြီး..သူတို့ပိုက်ဆံထုတ်ဖို့ စက္ကူလိုအပ်တယ်။စက္ကူမရှိဘဲနဲ့ ပိုက်ဆံတွေကို ပုံနှိပ်လို့မရဘူးလေ”
“မင်းပြောချင်တဲ့သဘောက….”
“အမေရိကန်ဒေါ်လာထုတ်တဲ့စက္ကူကို ဘိုရတ်ကနေတင်သွင်းတာပါ။ သူတို့ပြောတာတော့ လွန်ခဲ့တဲ့ရက်အနည်းငယ်ကပဲ ဘိုရတ်မှာ ဝါချည်မျှင်ထုတ်လုပ်မှုလုံးဝရပ်ဆိုင်းသွားတယ်။ ဒါကြောင့်မို့ သူတို့နိုင်ငံမှာလက်ကျန်ရှိနေတဲ့ စက္ကူတွေကို ပြည်တွင်းကုမ္ပဏီကြီးတွေက အကုန်သိမ်းလိုက်တာမို့ စက္ကူဆို အိမ်သာသုံးစက္ကူတောင်မကျန်တော့ဘူး”
“ဘာ..အဲ့လိုဖြစ်တယ်ဆိုတာ ဘယ်တုန်းကရှိဖူးလို့လဲ”
“ဟားး ရယ်လိုက်ရတာ။ အိမ်သာသုံးစက္ကူတောင်မချန်ခဲ့တော့ဘူးပေါ့”
ထိုအပိုင်းကို ဖန့်ကြွယ်ယွီက အကွက်ကျကျ စီစဉ်ခဲ့သည်။ ရှောင်းရီ၏ အစီအစဉ်အတိုင်း ဘိုရတ်နှင့် ပူးပေါင်းလုပ်ဆောင်နေသော ဝါဂွမ်းနှင့်သစ်လုပ်ငန်းရှင်များကို ခေါ်ယူပြီး ဘိုရတ်နှင့် လက်တွဲလုပ်ဆောင်မှုကို ရပ်ဆိုင်းရန် ညွှန်ကြားခဲ့သည်။ဒါတင်မကသေးဘဲ စျေးကွက်မှာကျန်ရှိနေသောစက္ကူအားလုံးကို ဝယ်ယူစေခဲ့သည်။
“ရှောင်းရီ ဒီအပိုင်းလေးကို အမိအရဖမ်းပစ်။ ဒါကို ငါပဲသိလို့မရဘူး”
CN: မင်းတို့ကိုတစ်ခုပြောစရာရှိတယ်။ကိုယ့်ပတ်ဝန်းကျင်ကို အမြဲမပြတ် သတိထားကြပါ။ ကိုယ့်ကို အရူးကွက်နင်းမဲ့ အကွက်တွေထွက်လာနိုင်တယ်။
CNထွက်ပေါ်လာမှုက အွန်လိုင်းမှစောင့်ကြည့်နေသူအပေါင်းကို ရုတ်ရုတ်သဲသဲဖြစ်စေသည်။ ဒီတစ်ခါမှာတော့ နိုင်ငံခြားသားများက အလူးအလဲခံနေရသည်။
“ဘာလဲ..CNက တစ်ဖက်နိုင်ငံရဲ့ လျှို့ဝှက်စကားပြောမှုကို ခိုးလိုက်နိုင်တာလား”
“ခိုးတယ်လို့မပြောနဲ့။နတ်ဘုရားCNက ဖမ်းယူပြီး ပွင့်ပွင့်လင်းလင်းချပြတာပါ”
“ဘာတွေဖြစ်နေလဲဆိုတာ အရင်ဆုံး စစ်ကြည့်ရအောင်”
တစ်မိနစ်အကြာမှာ ဖိုရမ်ကိုစောင့်ကြည့်နေသူအပေါင်းက အားပါးတရရယ်မောကြသည်။
“ဟား..Ousပြည်ထောင်စုက အမေရိကန်ကို အကူအညီတောင်းတယ်။ ဒါပေမဲ့ သူတို့မှာ ကူညီချင်တာတောင် ပိုက်ဆံရိုက်နှိပ်ဖို့ စက္ကူပြတ်လပ်သွားတာ ဟား”
“ဘိုရတ်မှာ အိမ်သာသုံးစက္ကူတောင်မရှိတော့ဘူးဆိုတော့ အိမ်သာတက်ရင် ကိစ္စကို ဘယ်လိုရှင်းကြမလဲ”
“ဟဲဟဲ ရယ်မိတဲ့အတွက် စိတ်မကောင်းပါဘူး။ ဘယ်သူလုပ်တာလဲ မသိပေမဲ့ လုပ်သွားတဲ့အကွက်က အရမ်းမိုက်တာပဲ”
“နတ်ဘုရား CN ဒီကိစ္စကို ခင်ဗျားပဲလုပ်တာဖြစ်ရမယ်”
“ဟား..ရယ်လိုက်ရတာဆိုတာ အူတွေတောင်နာတယ်”