← Chapters

ငါ့ကိုဆန္ဒပြတယ်ပေါ့လေ….

Vol. 17 Ch. 232

ငါ့ကိုဆန္ဒပြတယ်ပေါ့လေ….

Vol. 17 Ch. 232

အမေရိကန်ဘက်ကတောင်မှ အံ့ဩသွားရသည်။ ဒီအချိန်မှာ ဘယ်လိုကြောင့်များ စက္ကူက အချိန်ကိုက်ရှားပါးသွားရတာလဲ။

သို့သော် ဒီကိစ္စက တရုတ်လက်ချက်ဆိုတာ သိကြသည်။တရုတ်တွေက ဘယ်လိုများ ကြံစည်လိုက်သလဲဆိုတာ နားမလည်နိုင်အောင်ဖြစ်ရသည်။

ရှိရှိသမျှသော စက္ကူအားလုံးကို ဝယ်နိုင်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပေ။

နိုင်ငံတကာကုန်သွယ်ရေး စျေးကွက်ပျက်စီးယိုယွင်းသွားမှာကို မစိုးရိမ်ကြဘူးလားဆိုတာ သိချင်နေကြ သည်။

သူတို့မှန်းထားသည့် ပမာဏထက် ဖန့်ကြွယ်ယွီက ချမ်းသာတာကို မသိကြပေ။သူလက်ထဲရောက်လာသော ပစ္စည်းမှန်သမျှ တစ်နည်းနည်းဖြင့် ပြန်လည်ရောင်းချနိုင်သဖြင့် စိတ်ပူစရာမရှိပေ။

ထိုကဲ့သို့စျေးကွက်ဖျက်သည့်အတွက် သူ့အနေဖြင့် ဒဏ်ကြေးဆောင်ရသည်။သို့သော် သူရရှိသော တစ်ထရီလီယံနှင့် ယှဉ်ပါက ထိုဒဏ်ကြေးက ဘာမှ မပြောပလောက်ပေ။

သူက Ousပြည်ထောင်စု၏ ငွေကြေးစျေးကွက်ကို ဖျက်ပြီးသည့်နောက် သူ့အိတ်ထဲကို သုံးထရီလီယံထည့်နိုင်ခဲ့သဖြင့် ဒီပွဲမှာ သူက အောင်နိုင်သူဖြစ်သည်။

ပိုက်ဆံရှိပါက မိမိစိတ်တိုင်းကျဘာမဆိုဖြစ်နိုင်သည်။

သို့သော် ပိုက်ဆံက ကျန်းမာမှုကို ဝယ်နိုင်သလား။ အသက်ရှည်ရှည်နေရအောင် လုပ်ပေးနိုင်သလားဟု မေးလာပါက လုပ်ပေးနိုင်သည်ဟု ဖြေရမည်။

သူ့မိသားစုအပိုင် အလွန်ဥာဏ်ရည်မြင့်စနစ်တစ်ခုရှိနေတာမို့ သူ့စိတ်ထဲတောင့်တလိုက်ရုံနှင့်ဘာမဆိုရနိုင်သည်။

စနပ်က ညဘက်ကောင်းကောင်းအိပ်မပျော်ပေ။ သုံးရက်မြောက်နေ့ရောက်လာချိန်တွင် သူတို့ဘက်က ထပ်မံပြီး တောင့်မခံနိုင်တော့ပေ။တရုတ်တွေက ဘာကြောင့်များ အခုလိုတိုက်ခိုက်နေရလဲဆိုတာ သူမသိတော့ပေ။

Ous ပြည်ထောင်စုမှာ အခြေစိုက်သော တရုတ်ကုမ္ပဏီများစွာရှိသည်။ထိုကုမ္ပဏီများသည် Ousပြည်ထောင်စုမှာ နှစ်ပေါင်းများစွာအခြေချခဲ့ပြီး ဝန်ထမ်းအများစုက Ousနိုင်ငံသားများဖြစ်ကြသည်။ ဝန်ထမ်းများက ဆန္ဒပြပါက ကုမ္ပဏီဘက်က ဘာမှမတတ်နိုင်တော့ပေ။

ထိုသို့ဖြစ်လာပါက ကုမ္ပဏီပိုင်ရှင်များလည်း လက်ပိုက်မကြည့်နိုင်တော့ပေ။ သူတို့က နည်းလမ်းမရမကရှာပြီး ဤငွေကြေးစစ်ပွဲကို တားဆီးရမည်။ ဒီကိစ္စ၏နောက်ကွယ်မှာရှိနေသော လူလည်း ဖိအားများသလို Ousပြည်ထောင်စု၏ ငွေကြေးစျေးကွက်လည်း ဒုက္ခအတိရောက်ရတော့မည်။

“နတ်ဘုရား C သူတို့က ခင်ဗျားကိုခြိမ်းခြောက်နေတယ်”

“နတ်ဘုရား C ဒီလောက်နဲ့ရပ်လိုက်ပါတော့။ သူတို့လည်း အတော်လေးအထိနာသွားတာလေ။ ငါတို့ကုမ္ပဏီတွေပါမဆီမဆိုင် ဒုက္ခရောက်ကုန်တော့မယ်”

ထင်ထားသလိုပင် ကုမ္ပဏီပိုင်ရှင်များက ဒီပြသနာထဲပါဝင်လာတော့သည်။ သူတို့မပြောခင်မှာပင် ဆန္ဒပြမှုများစတင်ခဲ့သည်။ ဆန္ဒပြသပိတ်မှောက်ခြင်းက ဒီအတိုင်းသာ ဆက်သွားပါက ကုမ္ပဏီ၏အမြတ်ငွေများ ကို သိသိသာသာထိခိုက်လာတော့မည်။ ထိုကုမ္ပဏီများမှာ တရုတ်လူမျိုးဝန်ထမ်းများက အနည်းအကျဉ်းသာရှိ သည်။ထိုကုမ္ပဏီထဲက သုံးပုံနှစ်ပုံက သေချာပေါက် ဒေဝါလီခံရတော့မည်။

“ဟဟ သူတို့က ဝှက်ဖဲထုတ်သုံးတာပေါ့လေ” ဖန့်ကြွယ်ယွီက ထိုသို့ဖြစ်လာမည်ဟု မတွေးထားပေ။ နိုင်ငံခြားတွင် အလုပ်သမားများမှာလည်းကိုယ်ပိုင်အခွင့်အရေးအပြည့်အဝရှိကြသည်။ ဆန္ဒပြခြင်းသည် သူတို့၏ ကိုယ်ပိုင်အခွင့်အရေးထဲမှ တစ်ခုဖြစ်သည်။

ဝန်ထမ်းများက ဆန္ဒပြမှုကြောင့် တစ်ခုခုဆုံးရှုံးနစ်နာခဲ့လျှင် Ousပြည်ထောင်စုကထိုက်သင့်သည့် ပမာဏ ပေးလျော်မည်။ ငွေကြေးစျေးကွက်ပြိုလဲခြင်းကြောင့် ဆုံးရှုံးရသည့် ပမာဏနှင့် ယှဉ်လျှင် လျော်ကြေးပေးရသည့် ပမာဏသည် အနည်းအကျဉ်းပင်ဖြစ်သည်။

“ရှောင်းရီ ဆန္ဒပြတဲ့အနေအထားကို တစ်ချက်စစ်ကြည့်ပါဦး”

“ပိုင်ရှင် ဆန္ဒပြပွဲမှာ တရုတ်ကုမ္ပဏီကြီး ၁၈ခုပါပြီး အလုပ်သမားစုစုပေါင်း ရှစ်ထောင်ကျော်ပါတယ်”

“ဟ ဒီလောက်ပဲလား” သူမှန်းထားသည်ထက် အလွန်နည်းသော ပမာဏဖြစ်သည်။

“အမရီ ကုမ္ပဏီပိုင်ရှင်တွေနဲ့ ငါ့ကိုချိတ်ပေးပါဦး။ သူတို့နဲ့ ဆွေးနွေးစရာရှိတယ်လို့ ပြောပေးပါ”

ကျွမ်းရီဆီဖုန်းဆက်ပြီး ကုမ္ပဏီပိုင်ရှင် (၁၈) ယောက်၏ အချက်အလက်များကို လှမ်းပို့ပေးသည်။

“ငါ့ကို ဆန္ဒပြချင်တယ်ပေါ့။ အလုပ်ထဲပြန်မဝင်ချင်ကြတော့ဘူးထင်တယ်”

နာရီဝက်ကျော်ကြာပြီးနောက် ထိုကုမ္ပဏီပိုင်ရှင် (၁၈) ဦးက ဖွင့်ဟပြောဆိုလာကြသည်။

ဝီခါအုပ်စု: “ခြိမ်းခြောက်တာကို ဘယ်လိုပုံစံနဲ့မှ တရုတ်တွေက လက်မခံနိုင်ဘူး။ ဆန္ဒပြတဲ့ လူတွေအကုန်လုံးကို အလုပ်ထုတ်လိုက်ပါပြီ။ သူတို့ရဲ့ လစ်ဟနေတဲ့ ရာထူးများကို ဝန်ထမ်းအသစ်များနဲ့ ပြန်လည်ဖွဲ့စည်းမှာဖြစ်ပါတယ်”

ဟွာဝေးအုပ်စု: “ဆန္ဒပြတဲ့ Ousနိုင်ငံသားတွေကို အလုပ်ထုတ်လိုက်ပါပြီ။ငါတို့နိုင်ငံရဲ့ စကိုင်းနက်ကို တိုက်ခိုက်ခဲ့ပါတယ်ဆိုတာ Ousပြည်ထောင်စုက ဝန်မခံဘူး။ ငါတို့ကုမ္ပဏီက အဆုံးထိတိုက်ခိုက်ပြီး အလုပ်သမားအသစ်တွေ ခန့်အပ်ပါမယ်။ ကုမ္ပဏီဘက်က တရုတ်နဲ့ Ousပြည်ထောင်စုအကြား နေ့စဉ် ကူးလူးသွားလာဖို့ လေယာဉ်လက်မှတ်အဖိုးအခစိုက်ပါမယ်”

“ဘယ်လိုမျိုးပါလိမ့်။ အလုပ်လာဖို့ ဝန်ထမ်းအကြိုအပို့ကားစီစဉ်ပေးတာပဲကြားဖူးတာပါ။ အခုက လေယာဉ်တွေပါ စီစဉ်နေတယ်”

“မျက်စိမှားတာလား။ နေ့စဉ်လေယာဉ်လက်မှတ်ဖိုး။တစ်နေ့ထဲမှာ ကုမ္ပဏီဘက်က ဘယ်လောက်သုံးမှာလဲ”

“ကြောက်စရာကောင်းလိုက်တာ။ မင်းတို့ဆန္ဒပြချင်သပဆို ဆက်ပြီးလုပ်ကြ။ ငါတော့ ဆန္ဒမပြနိုင်တော့ဘူး”

“တစ်ယောက်လောက်ရှင်းပြကြပါဦး။ ကုမ္ပဏီက လေယာဉ်လိုင်းကို ဝယ်လိုက်တာလား”

လူအများစုက အိမ်နှင့်ဝေးသောပြည်ပမှာ အလုပ်မလုပ်ချင်ကြပေ။ သို့သော် နေ့စဉ်ရုံးသွားရုံးပြန်လုပ်နိုင် သည်ဆိုသော အချက်က ဆွဲဆောင်နေသည်။လေယာဉ်ဖြင့်သွားပါက နာရီအနည်းငယ်သာကြာမည်။

“ဒီနေ့ကစပြီး ဝန်ထမ်းတွေရုံးတက်ဖို့ အကြိုအပို့လေယာဉ်စီစဉ်ပေးမယ်။ငါ့မှာ လေယာဉ်အစီးပေါင်း ၂၅၆စင်းရှိတယ်။ ခရီးသွားလာတဲ့ ကုန်ကျစရိတ်ကို ငါတစ်ဦးတည်း ကျခံမယ်”

“အိုး မိုက်တာပေါ့”

“၂၅၆စင်းပိုင်တာဆိုတော့ လေကြောင်းလိုင်းပိုင်တာလား”

“ကမ္ဘာ့အချမ်းသာဆုံးလူ မလုပ်နိုင်တဲ့ကိစ္စဆိုတာ ရှိသေးလား”

“လေယာဉ်လက်မှတ်လေးပိုလျှံရင် ပေးပါဦး။ ငါ့သူငယ်ချင်းက လိုက်ကြည့်ချင်လို့ပါ”

“ဒီကိစ္စက ဥက္ကဌဖန့် လက်ချက်မဟုတ်လား ဖြေပါဦး”

“ဘန်း”

Ous ပြည်ထောင်စု၏ နိုင်ငံခြားရေးဝန်ကြီးနှင့် စီးပွါးရေး ဝန်ကြီးနှစ်ဦး ဒေါသထွက်နေကြသည်။

“ဖန့်ကြွယ်ယွီဆိုတာ ဘယ်ကောင်လဲ။ သူ့မှာ လေယာဉ် ၂၅၆စင်းရှိတာလား။ သူက နေ့တိုင်း လေယာဉ်ဆီဖိုးနဲ့ ကျန်တဲ့စရိတ်တွေ အကုန်အကျခံမှာပေါ့။ ဒီကောင်ရူးနေလား”

“ဝန်ကြီး ဖန့်ကြွယ်ယွီဆိုတာ ကမ္ဘာပေါ်မှာ အချမ်းသာဆုံးလူပါ”

“ဘာကြီး။ ကမ္ဘာ့အချမ်းသာဆုံးဆိုလည်း ဒီလိုလျှောက်သုံးနေတယ်ဆိုတာ ဒေဝါလီခံချင်လို့လား”

ဖန့်ကြွယ်ယွီက သူတို့ကို ပစ်မှတ်ထားတိုက်ခိုက်နေသူဆိုတာ မသိကြပေ။ သူဒေဝါလီခံဖို့ဆိုတာ ကမ္ဘာပေါ်ရှိ လုပ်ငန်းတစ်ဝက်လောက် ပြိုလဲရမည်။

All Chapters