← Chapters

ရှယ်ယာခွဲပေးရမလား

Vol. 17 Ch. 233

ရှယ်ယာခွဲပေးရမလား

Vol. 17 Ch. 233

လူ ၃၀၀မှ ၄၀၀ကြားကို တရုတ်မှ Ousပြည်ထောင်သို့ သယ်ယူပို့ဆောင်စရိတ်သည် ယွမ်တစ်သန်းရှိသည်။ လေယာဉ်အစီးပေါင်း ၂၀၀ကျော်အတွက်ဆို နေ့စဉ်ကုန်ကျစရိတ်သည် ယွမ် သန်း၅၀ကျော်ရှိမည်။

ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်လျှင်တောင်မှ ထိုစရိတ်သည် မနည်းပေ။ သို့သော် သူတို့မသိသေးသောတစ်ချက်က ဖန့်ကြွယ်ယွီတို့မိသားစုသည် ကမ္ဘာ့စွမ်းအင်ကဏ္ဍကို ထိန်းချုပ်ထားသည်ဆိုသော အချက်ဖြစ်သည်။ထို့ကြောင့် လေယာဉ်ဆီအတွက် ကုန်ကျစရိတ်ကို မမှုပေ။ လေယာဉ်ဆီအတွက် ကုန်ကျစရိတ်ကိုဖယ်လိုက်လျှင် ဆယ့်ငါးသန်းသာကုန်ကျမည်။

သူ၏ ဒေါ်လာ၅၀၀ဘီလီယံမှ နေ့စဉ်နေ့တိုင်းဆယ်သန်းကျော်လောက် ဝင်ငွေရှိသည်။

သန်း ၂၀ဆိုသောပမာဏသည် သူ့နေ့စဉ်ဝင်ငွေ၏ ဆယ်ပုံပုံတစ်ပုံပင်မရှိပေ။

ထို့ကြောင့် လေယာဉ်အစီးနှစ်ရာကျော်ကို တစ်နှစ်မဆိုထားနှင့် ဆယ်နှစ်လည်းပြေးဆွဲနိုင်သည်။

အယောက်ရှစ်ထောင်ကျော်သော အလုပ်သမားများက အလုပ်လက်မဲ့ဖြစ်ပြီးကျန်ရစ်ခဲ့ရသည်။ အစိုးရအနေနှင့် ထိုသူများကို အချိန်ဘယ်လောက်ကြာသည်အထိလျော်ကြေးပေးနိုင်မည်နည်း။ ဖန့်ကြွယ်ယွီတစ်ဦးတည်းနှင့် နိုင်ငံတစ်နိုင်ငံကို အသာလေးရင်ဆိုင်နိုင်သည်။

သူတို့၏ ပြိုင်ဘက်က ငွေကိုရေလိုသုံးနိုင်သောလူဖြစ်လိမ့်မည်ဟု စနပ်တစ်ခါမှ မတွေးဖူးပေ။ သူတို့က စီးပွါးရေးအရအားပြိုင်မှုမှာ ဘယ်လိုလုပ်ပြီး အသာစီးရနိုင်တော့မည်နည်း။

သူတို့ကို အားပေးထောက်ခံသော နိုင်ငံများတွင်လည်း စျေးကွက်များတစ်ခုပြီးတစ်ခုလဲပြို လာတော့သည် ။အမေရိကန်ပြည်ထောင်စုကလည်း စက္ကူထုတ်လုပ်နိုင်မည့် နည်းလမ်းများကိုခေါင်းချင်းဆိုင်ပြီး ဆွေးနွေးနေကြသည်။

အားလုံးစိတ်ဝင်တစားရှိနေကြသည့် တတိယမြောက်နေ့ကို ရောက်လာခဲ့သည်။နိုင်ငံခုနှစ်နိုင်ငံ၏ ငွေကြေးစျေးကွက်ကို လဲပြိုစေခဲ့ပြီးနောက် ဖန့်ကြွယ်ယွီ၏ လက်ထဲမှာ ဒေါ်လာသုံးထရီလီယံရှိနေဆဲဖြစ်သည်။

ထိုအချိန်မှာ Ousပြည်ထောင်စုတွင် တစ်ထရီလီယံတောင် မကျန်တော့တာမို့ ဘယ်လိုခုခံနိုင်တော့မည်နည်း။

“သူတို့ကို အချိန်ကြာကြာပြိုင်ရမဲ့ ပြိုင်ဘက်တွေလို့ထင်ခဲ့တာကွာ။ ပြိုင်ဘက်ကင်းဖြစ်နေရတာလည်း ပျင်းစရာကြီး။ သူတို့ကိုတစ်ချက်တည်းရှင်းပစ်ပြီး နှစ်သစ်တစ်ခုကို စတင်လိုက်ကြမယ်”

နိုင်ငံခြားငွေလဲလှယ်ရေးစျေးကွက်ဖွင့်သည်နှင့် ငွေများအလုံးလိုက်အရင်းလိုက်ဝင်လာသည်။

“ခဏတောင့်ခံထားကြဦး။ ဘဏ္ဍာရေးဝန်ကြီးဌာနက နည်းလမ်းရှာနေတယ်။ ဒီနေ့တော့ အဆင်ပြေတော့မှာပါ”

“ဘယ်လိုလုပ်တောင့်ခံထားရမှာလဲ။မင်းတို့နိုင်ငံရေးသမားတွေက သောက်ပြသနာကို နေ့တိုင်းရှာတယ်။ ပြီးတော့ ငါတို့တွေကပဲ နောက်ကနေလိုက်ရှင်းရတယ်။ တရုတ်က အာရှရဲ့ကျားလိုဖြစ်နေပြီ။ မင်းတို့ဘယ်လိုလုပ်ပြီး သူတို့ကို ပြသနာသွားရှာရတာလဲ”

“စနောက်ပြီးပြောနေတာမဟုတ်ဘူး။ သူတို့မှာပိုက်ဆံဘယ်လောက်ကျန်သေးတယ်ထင်လဲ။ ငါတို့ထက် သုံးဆ ! သုံးဆကျန်နေသေးတာ။ငါတို့ငွေတချို့က စျေးကွက်ထဲမြုပ်သွားတာ ပြန်ပြီးဖော်လို့ကိုမရဘူး။ ငါတို့အခုချိန်မှာ ခေါင်းတောင် မဖော်နိုင်တော့တာ။ ဘယ်လိုပြန်ပြီး တိုက်ခိုက်မှာလဲ”

အစိုးရအရာရှိကြီးများက ကုန်သည်များနှင့် လုပ်ငန်းရှင်များ၏ ဝေဖန်ထောက်ပြချက်ကို ဘာမှ ပြန်မပြောနိုင်တော့ပေ။

“ဝုန်း”

“မင်းတို့ဘာစကားပြောတာလဲ။ ဒီနေ့မှာမှ စျေးကွက်ကို တည်ငြိမ်အောင်မလုပ်နိုင်ဘူးဆို မင်းတို့ကို အလုပ်ထုတ်ပစ်မယ် ကြားလား”

“မင်း မျက်စိနဲ့သေချာကြည့်။ တရုတ်တွေမှာကျန်တာ သုံးထရီလီယံ။ ငါတို့မှာ ၈၀၀ဘီလီယံပဲကျန်တာ။ ငါတို့ပိုက်ဆံတွေအကုန်လုံး အလဟသဖြစ်ကုန်တော့မယ်။”

“မင်းကများ ငါ့ကိုပြန်ပြောရဲတယ်။မင်းကိုအလုပ်ထုတ်လိုက်ပြီ ထွက်သွား”

“အလုပ်ထုတ်တယ် ဟုတ်လား။ ရတယ်လေ။ ငါတို့က ဒီအလုပ်ကို တမ်းတမ်းစွဲဖြစ်နေမယ်ထင်လား။ မင်းရင်ဆိုင်နေရတဲ့လူကို ဘယ်လိုလူဆိုတာမသိဘဲနဲ့ ရှိသမျှ လိုက်ပုံအောနေမယ်ဆို မင်း ဒုက္ခရောက်လိမ့်မယ်”

“အမှန်အတိုင်းပြောရရင် အခုအလုပ်ထက် လစာဆယ်ဆပိုပေးတဲ့အလုပ်တွေငါ့ကိုကမ်းလှမ်းနေတာ။ဒီတော့ ပျော်ပျော်ကြီးအလုပ်ထွက်တယ်။ဒီအလုပ်မှာ လုပ်ချင်တဲ့သူတွေ ဆက်လုပ်ကြ”

ဝန်ထမ်းများက အလုပ်မှထွက်ကုန်ကြသည်။ သူတို့၏ လုပ်သက်အတွေ့အကြုံနှင့် အရည်အချင်းနှင့်သာဆို မည်သည့်နေရာမှာမဆို ခေါင်းမော့ရင်ကော့ပြီး အလုပ်လုပ်နိုင်သည်။

“ပိုင်ရှင် သူတို့ဘက်က တန်ပြန်တိုက်ခိုက်တာတွေ နည်းလာပြီ။ ကြည့်ရတာ လက်လျှော့လိုက်ပြီထင်ပါရဲ့”

“ဟုတ်ပြီ။ ဒါဆို မြန်မြန်အဆုံးသတ်လိုက်တော့လေ”

“ဟုတ်ကဲ့ပါ ပိုင်ရှင်”

“သုံးနာရီနောက်ဆုံးထားပြီး တိုက်ခိုက်ကြမယ်”

အချိန်တဖြည်းဖြည်းကျော်လွန်လာသောအခါ Ousပြည်ထောင်စုဘက်တွင် ငွေတစ်ပြားမှ မကျန်ခဲ့တော့ဘဲ သူတို့၏ နိုင်ငံခြားငွေလဲလှယ်ခြင်းစျေးကွက်က ပြိုလဲသွားရသည်။သူတို့ပိုင်ဆိုင်သမျှ ပိုက်ဆံအားလုံးက ဖန့်ကြွယ်ယွီ၏ လက်ထဲကျရောက်လာသည်။

“ပိုင်ရှင် ပွဲကပြီးသွားပြီ။ဒီတစ်ခေါက်မှာ ၃.၃ထရီလီယံရတယ်။ Ousပြည်ထောင်စုရဲ့ ငွေကြေးက ဘာတန်ဖိုးမှ မရှိတော့ဘူး။စျေးကွက်ကိုတည်ငြိမ်အောင်မလုပ်နိုင်ဘူးဆိုလျှင် သူတို့ရဲ့ စီးပွါးရေးကနောက် ၁၀နှစ် အနှစ် ၂၀ထိ အခြေအနေကောင်းမှာမဟုတ်ဘူး”

“ကောင်းတယ်။ ငါးဆယ်ဘီလီယံကို အဖွဲ့သားတွေအတွက် ခွဲပြီး နှစ်သစ်မှာအေးအေးဆေးဆေး

အနားယူကြပါ”

“ကျေးဇူးတင်ပါတယ် သခင်လေး”

လူတစ်သောင်းအတွက် ၅၀ဘီလီယံရတာမို့ အချိုးကျခွဲလိုက်လျှင် တစ်ယောက်ကိုသန်းနှင့်ချီပြီး ရသည်။

နှစ်သစ်ကူးလေးရက်မြောက်နေ့တွင် ဝမ်ချုံး၏ ဘဏ်ကတ်ထဲကို ၁၂ဘီလီယံဝင်နေသည်။ သူက ဖန့်ကြွယ်ယွီအား ပေးလိုက်သော ၅ဘီလီယံသည် နှစ်ရက်အတွင်း နှစ်ဆကျော်တိုးလာသည်။ ဒီ့ထက်ကောင်းသည့် စီးပွါးရေးလုပ်ငန်း ဤကမ္ဘာပေါ်တွင် ရှိနိုင်ပါ့ဦးမလား။

ဝမ်ချုံးတင်မကဘဲ မာထန်၊ ဟီတန်နှင့် အခြားသူများလည်း ငွေပမာဏအမြောက်အမြားပြန်ရသည်။ မာထန်၏ ၉၅ဘီလီယံသည် ၂၀၀ဘီလီယံကျော် ဖြစ်သွားသည်။

“ဖန့်ကြွယ်ယွီ မင်း ဒီတစ်ခေါက်ဘယ်လောက်ရလိုက်လဲ”

“မှန်းကြည့်လေ”

“၅၀၀ဘီလီယံ”

“နည်းတာပေါ့။ Ousတစ်နိုင်ငံထဲနဲ့ ၁.၄ ထရီလီယံလေပါ။ နောက်ထပ် ၁၁နိုင်ငံဆီကပါဆိုတော့…”

“အင်း ထရီလီယံ”

“အင်း သုံးထရီလီယံကျော်ပေါ့”

“ဘာ ဘယ်လို…”

မာထန်က အလွန်ပင်အံ့ဩသွားရသည်။

“ပိုက်ဆံအများကြီးရတာဆိုတော့ ရှယ်ယာပြန်ခွဲပေးရမလား။”ရှယ်ယာခွဲပေးလျှင်တောင် သူ့လက်ထဲမှာ နှစ်ထရီလီယံကျော်ကျန်နေဦးမည်။

မာထန်က Ous ပြည်ထောင်စုကို စိတ်ပူလာသည်။

ဒီနိုင်ငံတွေက တရုတ်ကိုဘာကြောင့်များ ရန်စကြတာလဲ။ ဖန့်ကြွယ်ယွီကို ရန်စမိသော နိုင်ငံက သိပ်ကို သနားစရာကောင်းပေသည်။

All Chapters