← Chapters

အွန်လိုင်းငွေချေးလုပ်ငန်းကို လုပ်ချင်ယောင်ဆောင်မယ်…

Vol. 17 Ch. 234

အွန်လိုင်းငွေချေးလုပ်ငန်းကို လုပ်ချင်ယောင်ဆောင်မယ်…

Vol. 17 Ch. 234

ငွေကြေးလဲလှယ်နှုန်းက မြင့်တက်လာပြီး Ous ပြည်ထောင်စု၏ ငွေကြေးသည် တန်ဖိုးကျသွားသည်။ ထို့အပြင် ငွေကြေးဖောင်းပွမှုကလည်း အဆမတန်ဖြစ်လာသည်။

နိုင်ငံ့ခေါင်းဆောင်များလည်း အကူအညီရလိုရငြား ရှာဖွေကြသည်။ သို့သော် သူတို့၏ မဟာမိတ်နိုင်ငံများ ကိုယ်တိုင်က ဒုက္ခအတိရောက်နေတာမို့ နိုင်ငံခြားအကူအညီလည်း ထင်သလောက်မရပေ

ထိုအချိန်မှာ ၁၂နိုင်ငံလုံးကို တရုတ်ကို အကူအညီတောင်းလာကြသည်။ တရုတ်နိုင်ငံက ချမ်းသာကြွယ်ဝသဖြင့် သူတို့ကိုကူညီနိုင်ပေမည်။

သို့သော် နှစ်ထရီလီယံနီးပါးရှိသော နိုင်ငံခြားငွေလဲလှယ်မှု၏ကွာဟချက်ကြီးကို တရုတ်ကလည်း ကူညီပေးနိုင် မည်မဟုတ်ပေ။ တရုတ်ပြည်၏ နိုင်ငံခြားအရန်ငွေသည် သုံးထရီလီယံကျော်ရှိသည်။

ထိုပမာဏကို တရုတ်နိုင်ငံအနေဖြင့်လည်း သွင်းကုန်ထုတ်ကုန်လုပ်ငန်းများအတွက် လိုအပ်ပေသည်။

တရုတ်နိုင်ငံ၏ ခေါင်းဆောင်ဆီ အထူးသီးသန့်ခေါ်ဆိုသော ဖုန်းတစ်လုံးဝင်လာခဲ့သည်။ ထိုဖုန်းသည် အင်တာနက် သူရဲကောင်း CNမှ ခေါ်ဆိုခြင်းဖြစ်သည်။ သူက ဒီနေရာကိုလည်း တိုက်ရိုက် ဟက်ခ်နိုင်ခဲ့သည်။

“ခေါင်းဆောင် CNဆိုတဲ့လူကို ချက်ချင်းစုံစမ်းလိုက်ပါ့မယ်”

ဟု ခေါင်းဆောင်၏ အတွင်းရေးမှူးကဆိုသည်။

ထိုCNဆိုသော ပုဂ္ဂိုလ်မှာအစွမ်းအစများစွာရှိသည်။ သူ့ကို နိုင်ငံတော်လုံခြုံရေးအတွက် သေချာစောင့်ကြည့် ဖိုလိုအပ်သည်။ သူကသာ တရုတ်ကို ဒုက္ခပေးလာပါက မည်သူကများ တားဆီးနိုင်မည်နည်း။

“ရတယ်။ CNက ၁၂နိုင်ငံကို တန်ပြန် တိုက်ခိုက်ပြီး စကိုင်းနက်ကို ကာကွယ်ပေးခဲ့တာမလား။ သူက ဒါဆို နိုင်ငံအပေါ် သစ္စာရှိပါတယ်။သူ့ကို ထိန်းချုပ်မဲ့အစား ယုံကြည်ပေးလိုက်ပါ။ ငါလည်း သူနဲ့ ဆုံချင်နေတာကြာပြီ။ သူနဲ့ခဏစကားပြောလိုက်ဦးမယ်။ မင်း ခဏထွက်ပေး”

“အမ်”

“စိတ်မပူပါနဲ့ကွ။ သူက အင်တာနက်လိုင်းကိုဖြတ်ပြီး ငါ့ကို ပြန်ပေးဆွဲဖို့ မကြိုးစားပါဘူး”

“ဟုတ်ကဲ့ အဲ့တာဆို ကျွန်တော်သွားပါတော့မယ်”

“ဟဲလိုခေါင်းဆောင် ကျွန်တော် CNပါဗျ”

တစ်ဖက်ဆီက အလွန်ငယ်ရွယ်သောအသံထွက်လာသည်။

ဖန့်ကြွယ်ယွီက ရှောင်ရီနှင့် အသံလဲလိုက်သဖြင့် ခေါင်းဆောင်က သူ့အသံကို မမှတ်မိပေ။

“ဟဲဟဲ CNမင်းက တကယ်တော်တာပဲ။ စကိုင်းနက်ကို ကာကွယ်ပေးလို့ တရုတ်တစ်ပြည်လုံးကိုယ်စား ငါကပဲ ကျေးဇူးတင်စကားဆိုပါရစေ။ မဟုတ်လို့ရှိရင် ငါတို့ဆီက တန်ဖိုးကြီးစာရွက်စာတမ်းနဲ့အချက်အလက်တွေ ဘယ်လောက်တောင်ပါသွားမလဲမသိနိုင်ဘူး”

“ဟုတ်ကဲ့ တရုတ်ပြည်သူတစ်ဦးအနေနဲ့ ကိုယ့်နိုင်ငံဒုက္ခရောက်မှာကို လက်ပိုက်ကြည့်မနေနိုင်ပါဘူး။ ကျွန်တော့်ကို ကျေးဇူးတင်ဖို့မလိုပါဘူးဗျာ။ အဲ့ဒီ့အစား ကျွန်တော်ပေါက်ကရ လျှောက်လုပ်တာတွေအတွက် ဗွေမယူပါနဲ့”

“ဟား ငါသိပါတယ်။ Ousပြည်ထောင်စုရဲ့ ငွေကြေးစျေးကွက်ကို ကမောက်ကမဖြစ်အောင် မင်းလုပ်လိုက်တာ မဟုတ်လား”

“ဟဲဟဲ ဟုတ်ပါတယ်”

“ဒီကိစ္စမှာ သူတို့ဘက်ကစပြီးလွန်တာ။ တရုတ်ကိုတိုက်ခိုက်ဖို့ ၁၂နိုင်ငံပါတဲ့အဖွဲ့ကိုဖွဲ့ကြတယ်။ သူတို့က အရင်ဦးအောင်စောဒကတက်ပြီး အပြစ်ဖို့ချင်သေးတာ။ အဲ့တာကြောင့် မှတ်လောက်သားလောက်အောင် သင်ခန်းစာကြီးကြီးပေးလိုက်တာပါ”

“မင်းရဲ့ သင်ခန်းစာက တော်တော်လေးကြီးသွားတယ်။ ၁၂နိုင်ငံလုံး နောက်၃နှစ်ကနေ၅နှစ်အထိ စီးပွါးရေးဦးမော့လာနိုင်မှာမဟုတ်ဘူး။ Ousပြည်ထောင်စုဆို ၁၀နှစ်ကနေ အနှစ်၂၀ကြာနိုင်တယ်”

နိုင်ငံမဟုတ်သော ပုဂ္ဂလိက တစ်ဦးစီမှာ ထိုမျှများပြားသောငွေကြေးပမာဏရှိနေသည့်အပေါ် ခေါင်းဆောင်ကလည်း အံ့အားသင့်ရသည်။တရုတ်ကသာ ပစ်မှတ်ဖြစ်ခဲ့လျှင် ဒုက္ခရောက်သွားနိုင်သည်။

“ဒါပေမဲ့ CNဒီလောက်နဲ့ရပ်လိုက်ပါတော့။ သူတို့ကြောင့် ငါတို့နိုင်ငံလည်း ကြီးကြီးမားမားထိခိုက်တာမရှိဘူးလေ။ ဟုတ်တယ်မလား။ ခွင့်လွှတ်ပေးလိုက်ပါ။သူတို့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးစရာမလိုပါဘူး”

“ဟုတ်ကဲ့ပါခေါင်းဆောင်။ ဒီကိစ္စကို ဆွေးနွေးချင်လို့ ခေါင်းဆောင်ကို ဖုန်းခေါ်ခဲ့တာပါ”

“အင်း ပြောလေ ဘာပြောမလို့လဲ”

ခေါင်းဆောင်၏စိတ်ထဲမှာ လူတစ်ဦး၏ ပုံရိပ်က ချက်ချင်းပေါ်လာသည်။

“ခေါင်းဆောင် အဲ့နိုင်ငံတွေက နိုင်ငံခြားငွေလိုချင်လို့ တရုတ်ကို အကူအညီလာတောင်းတယ်လို့ ကြားတယ် ဟုတ်ပါသလား”

ဖန့်ကြွယ်ယွီက အဖြေသိနေပြီးသားမေးခွန်းကိုမေးသည်။ ရှောင်းရီကို ဒီကိစ္စအား ဖုံးကွယ်ထားလို့မရပေ။

“ဟုတ်တယ်။ သူတို့ရဲ့ငွေကြေးစျေးကွက်ကို တည်ငြိမ်အောင်မလုပ်နိုင်ဘူးဆို သူတို့စီးပွါးရေးပျက်စီးလိမ့်မယ်”

“သူတို့ကပိုက်ဆံချေးချင်တယ်ဆို ချေးပေးလိုက်မှာမလား ခေါင်းဆောင်”

“ဒီကိစ္စက မင်းပြောသလိုမလွယ်ကူဘူး။ငါတို့နိုင်ငံက နိုင်ငံခြားအရန်ငွေ အများဆုံးရှိတာမှန်ပေမဲ့ အကုန်လုံးကိုတစ်ပြိုင်နက်တည်း မကူညီနိုင်ဘူး။ သူတို့လိုနေတဲ့ နှစ်ထရီလီယံကိုကူညီဖို့ကျ မတတ်နိုင်ဘူး”

“ခေါင်းဆောင် ကျွန်တော်ရှိတယ်လေ။ သူတို့ဆီက ဒေါ်လာ သုံးထရီလီယံတောင်ရထားတာ။ ဒါပေမဲ့ ကျွန်တော် ပိုက်ဆံလည်းနည်းနည်းချေးပေးလိုက်သေးတယ်။ မိတ်ဆွေတွေကိုပေးစရာရှိတာပေးပြီး အလုပ်သမားတွေ ကိုလည်း ဆုချတယ်။ ကျွန်တော့်အတွက်လည်း ချန်ဖို့လိုတယ်လေ။ “

“ကောင်လေး မင်းက ထောင့်စေ့အောင် တွေးတတ်တာပဲ”

“ဒါကြောင့် ကျွန်တော့်ဆီမှာ ပိုနေတဲ့ နှစ်ထရီလီယံကို ချေးပေးနိုင်ပါတယ်။သူတို့ကို တရုတ်နိုင်ငံနာမည်နဲ့ ချေးပေးလို့ရပါတယ်။ သူတို့အတွက် စည်းမျဉ်းစည်းကမ်းကိုတော့ ခပ်ကြပ်ကြပ်လေးလုပ်ပေးပါ”

“ပထမဆုံးအနေနဲ့ သူတို့အုပ်စုဖွဲ့ပြီး တရုတ်ကိုတိုက်ခိုက်ခဲ့တဲ့အပေါ်နိုင်ငံတကာစင်မြင့်ထက်ကနေ လူသိရှင်ကြား တောင်းပန်ခိုင်းပါ။ အတိုးနှုန်းလည်း ခပ်များများကောက်ပေးပါ”

“မင်း အတိုးနှုန်းများများနဲ့ ချေးချင်လား”

“ဟုတ်ကဲ့ အဲ့လိုစဉ်းစားထားပါတယ်။ ကျွန်တော့်ကို ငွေချေးလုပ်ငန်းလုပ်တယ်လို့ သဘောထားပေးပါ။ ခေါင်းဆောင်အဆင်ပြေသလို အဲ့ပိုက်ဆံတွေကိုသုံးပါ။ အားလုံးအဆင်ပြေပြီဆိုမှ ကျွန်တော့်ကိုပြန်ပေးပါ။ ကျွန်တော်က နှစ်ထရီလီယံကို မလိုပါဘူး”

သူ့အတွက် ပိုက်ဆံဘာကြောင့်မလိုအပ်သနည်း။ တရုတ်တစ်နိုင်ငံလုံးမှာရှိသော နိုင်ငံခြားအရန်ငွေသည် အားလုံးပေါင်းမှ နှစ်ထရီလီယံပဲရှိသည်။ သူ့အတွက် နှစ်ထရီလီယံက နှစ်သိန်းလောက်ပဲတန်တာလား။

“ဒါဆို တရုတ်ကိုယ်စား ငါကပဲမင်းကို ကျေးဇူးတင်ပါတယ်ကွာ”

“ဟုတ်ကဲ့ အဲ့တာဆို ကိစ္စတွေလည်းပြေလည်ပြီဆိုတော့ ကျွန်တော် ဖုန်းချလိုက်ပါတော့မယ်။ နှစ်သစ်ကြိုဆိုပွဲလုပ်ရဦးမယ်”

“ခဏလေး”

“ဟုတ်ကဲ့ခေါင်းဆောင်ပြောပါ”

“CN မင်းဘယ်ကိုပဲရောက်ရောက် ကိုယ့်ကိုကိုယ်တရုတ်လူမျိုးဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့”

“စိတ်ချပါ ခေါင်းဆောင်”

“ကျွန်တော် မွေးဖွားကြီးပြင်းရာနေရာကို စိတ်ထဲအမြဲရှိပါတယ်။ကျွန်တော်က ထာဝရ တရုတ်လူမျိုးပါ။ ဒါကြောင့်မို့ ဘယ်သူပဲဖြစ်ဖြစ် တရုတ်နိုင်ငံကို ထိပါးလာခဲ့လျှင် ကျွန်တော်က အရှေ့ကနေမားမားမတ်မတ်ရပ်ပြီး ကာကွယ်မှာပါ”

All Chapters