လူတွေကို မိုးပေါက်က ပစ်ချတယ်
Vol. 17 Ch. 235
“စကိုင်းနက်ကိုတိုက်ခိုက်မိတဲ့အတွက် Ous ပြည်ထောင်စုက တရားဝင်တောင်းပန်ပါတယ်”
“တရုတ်က အာဃာဒတွေမထားပါဘူး”
ရက်အနည်းငယ်အကြာတွင် စေ့စပ်ညှိနှိုင်းကြပြီးနောက် ကိစ္စအားလုံးအဆင်ပြေချောမွေ့လာခဲ့သည်။
တိုက်ခိုက်မှုတွင်ပါဝင်သော နိုင်ငံအားလုံးကတရားဝင်တောင်းပန်ကြပြီး တရုတ်ကို နိုင်ငံတကာက ချီးမွမ်းပြောဆိုကြသည်။နှစ်သစ်ကူးကာလတွင် ထိုကိစ္စသည် အားလုံး၏ ပါးစပ်ဖျားတွင် ရေပန်းစားနေခဲ့သည်။
ဒီလိုမျိုးသတင်းနှင့် ယှဉ်ပါက အနုပညာကောလဟလများက ပိုပြီး စိတ်ဝင်စားဖို့ မကောင်းနေဘူးလား။
နှစ်သစ်ကူးအားလပ်ရက်များတွင် သူသည် ရှင်းယွီ၏ အိမ်မှာ အနေများသည်။နောက်ပိုင်းရက်များတွင် ကောရှုတို့နှင့်အတူတူ ကောမိသားစုထံအလည်သွားရောက်သည်။ သူ့ကို ကောမိသားစုဝင်များ၊ ဆွေမျိုးများက တရင်းတနှီး နှုတ်ဆက်ပြောဆိုကြသည်။
အားလုံးခြုံငုံပြောရမည်ဆို နှစ်သစ်ကူးကာလသည်ပျော်ရွှင်ဖွယ်အတိဖြစ်သည်။
နောက်ဆုံးတော့ ကျောင်းသားများ ကျောင်းပြန်တက်ရမည့်ကာလရောက်လာသည်။
သာမန်ကျောင်းသားများကတော့ ပိတ်ရက်ကာလအတွင်း စာတမ်းကိုပြင်ဆင်ရေးသားသည်။
ဖန့်ကြွယ်ယွီကတော့ ဆိုက်ဘာလုံခြုံရေးပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာမို့ စာတမ်းကိစ္စကို မစိုးရိမ်တော့ပေ။
သို့သော် ကျောင်းပြန်ဖွင့်သည့်ရက်တွင် သူတို့တက္ကသိုလ်ကိုယ်စားပြုအသင်းက ပြိုင်ပွဲရှိတာကို သူမေ့နေသည်။သူ၏ အဖွဲ့က ထိုနေ့ မနက်ကိုးနာရီတွင် ပြိုင်ပွဲယှဉ်ပြိုင်ရမည်။
ကျောင်းကိစ္စနှင့် အခြားကိစ္စရပ်များအတွက် သီးသန့်ဖုန်းတစ်လုံးကို အသုံးပြုသည်။ပိတ်ရက်မှာ သူက ဖုန်းကိုအမြဲပိတ်ထားသည်။ ထိုနေ့မနက် (၇)နာရီအိပ်ရာနိုးမှသာ သူက ဖုန်းကိုဖွင့်ကြည့်မိသည်။
သူကဖုန်းဖွင့်သောအခါ ဌာနမှူးကျော၏ ဖုန်းခေါ်ဆိုမှုအကြိမ်ပေါင်းများစွာကိုတွေ့ရသည်။
“သွားပြီ ငါတော့သေပြီ”
“ကလင် ကလင်”
တစ်မိနစ်မကြာခင်မှာ ဖုန်းသံမြည်လာသည်။
“သေပါပြီ ဒုက္ခပါပြီ ပါမောက္ခကျောက ငါ့ကိုသတ်တော့မယ်”
ဖန့်ကြွယ်ယွီက ကြောက်ကြောက်လန့်လန့်ဖြင့် ဖုန်းကိုကိုင်သည်။
“ဖန့်..ကြွယ်..ယွီ မင်းကိုငါ လွန်ခဲ့တဲ့နှစ်ရက်က တောက်လျှောက်ဖုန်းတွေခေါ်ထားတာ တွေ့လား။ ဒီနေ့က ပြိုင်ပွဲနေ့ဆိုတာ မင်းမေ့နေတာလား”
“ဟို..ဟို ပိတ်ရက်ဆိုတော့ ဖုန်းပိတ်ပြီးနေမိတာပါ။ ပြိုင်ပွဲရှိတာသိပါတယ် ဌာနမှူး”
“မင်းကိုယ်မင်း ကမ္ဘာ့အချမ်းသာဆုံးလူဖြစ်တယ်ဆိုပြီး ဌာနမှူးကို ဂရုမစိုက်ဘူးဆိုတဲ့ အချိုးချိုးပြတာလား”
ပြိုင်ပွဲမစခင် နှစ်နာရီအလိုထိ သူ့ကိုမမြင်ရသလို သူဘယ်မှာရှိတယ်ဆိုတာလည်း မသိကြပေ။
ဌာနမှူးကျောက စိတ်ပူလာပြီး ရဲကိုတောင် ခေါ်မိတော့မည်။ သူသာအချိန်မီမရောက်လာပါက လူစားထိုးယှဉ်ပြိုင်ပြီး ဖြစ်လာမည့်အကျိုးဆက်ကိုလည်း ကြိုတွေးထားပြီးဖြစ်သည်။
“အဲ့လိုမဟုတ်ပါဘူး ဌာနမှူး..စိတ်ချပါ။ ပြိုင်ပွဲမစမီ ပွဲထဲရောက်အောင်လာမှာပါ”
ဖန့်ကြွယ်ယွီက အကျီအဝတ်အစား ထလဲသည်။ သူ၏ လှုပ်ရှားမှုများကြောင့် ဘေးနားမှာအိပ်နေသောကောရှင်းယွီတောင်နိုးတော့မလိုဖြစ်လာသည်။
“ဪ မင်းက ယန်ကျင်းမှာလား။ ငါက မင်းမေ့နေတယ်ထင်ထာ။ တော်သေးတာပေါ့”
ကျောရှန့်ခယ်က ခုမှ သက်ပြင်းချနိုင်တော့သည်။
“ဗျာ ယန်ကျင်း”
ဖန့်ကြွယ်ယွီက ပျာပျာသလဲဖြစ်သွားသည်။သူက နှစ်နာရီတောင်မပြည့်သည့်အချိန်အတွင်း ယန်ကျင်းကို ရောက်အောင် ဘယ်လိုသွားရမည်နည်း။
“ကောင်းပြီ မြန်မြန်လာ မင်းကို ရာပြည့်အားကစားခန်းမရှေ့မှာ ငါစောင့်နေမယ်။မင်းအချိန်မီ ရောက်မလာဘူးဆို ဘွဲ့ရဖို့ မစဉ်းစားနဲ့။”
ဖန့်ကြွယ်ယွီက ဘာမှတောင်ပြန်မဖြေခင်မှာ ကျောရှန့်ခယ်က ဖုန်းချသွားသည်။
“ကူးရီ ကူးရီ လုပ်ဦး။ ငါ ပြသနာတက်နေပြီ”
ကျန်းနန်မြို့မှ ယန်ကျင်းမြို့ကို နှစ်နာရီအတွင်း ရောက်အောင်သွားဖို့ဆိုတာ ခဲယဉ်းလှသည်။
“သခင်လေး ကျွန်တော်ရောက်ပါပြီ”
ဖန့်ကြွယ်ယွီက ရှင်းယွီ လန့်သွားမည်ကိုစိုးရိမ်သည်။
“ရှင်းယွီ ငါ့ကိုကူညီဦး။ အမရီကိုဖုန်းဆက်ပြီး ယန်ကျင်းသွားဖို့လေယာဉ်ချက်ချင်းစီစဉ်ပေးပါလို့ပြောပေးပါ။ ငါ လေယာဉ်ကွင်းကို ငါးမိနစ်အတွင်း အရောက်လာမယ်လို့ပြောပေးနော်။ အဲ့အချိန်မှာ လေယာဉ်ထွက်မှရမယ်”
ကောရှင်းယွီက ဘာတွေဖြစ်ပျက်နေမှန်းမသိပေ။ သို့သော် ခေါင်းညိမ့်ပြပြီး အခန်းထဲက ထွက်သွားသည်။
“ကူးရီ ငါ့ကိုလေယာဉ်ကွင်းခေါ်သွားပေးပါ”
“ဟုတ်ကဲ့ သခင်လေး”
ကျွမ်းရီ၏ အလုပ်လုပ်မှုက မြန်ဆန်သည်။ သူ့အတွက် လေယာဉ်က ၂၄နာရီ ၇ရက် အသင့်ပြင်ထားတာမို့ ယန်ကျင်းကို အဆင်ပြေပြေသွားနိုင်သည်။ သို့သော် ပြသနာက ယန်ကျင်းကို ရောက်ဖို့ တစ်နာရီလေးဆယ့်ငါး မိနစ်ကြာ လေယာဉ်စီးရသည်။ လေဆိပ်မှ ပွဲခင်းအထိ အချိန်မီရောက်ဖို့ ဒုက္ခရောက်နိုင်သည်။
“ပိုင်ရှင် တစ်ခါထဲ ပွဲခင်းထဲထိရောက်အောင်ပို့ခိုင်းပါလား”
“မင်းရူးနေလား။ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ လေထီးခုန်တာမှမဟုတ်တာ”
“ဘာများကွာလို့လဲ။ ဘာပဲနေနေ ဆင်းရမှာပဲလေ။ ပရော်ဖက်ရှင်နယ်လေထီးခုန်တာက မီတာခုနှစ်ထောင် အမြင့်က လုပ်ကြတာ။ပိုင်ရှင်ရဲ့ လေယာဉ်က မီတာရှစ်ထောင်ကနေပျံမှာလေ။ ဘာကြောက်စရာလိုလို့လဲ”
“ဒါဆိုငါက ဘယ်လိုခုန်ချရမှာလဲ။ ကူးရီနဲ့ အတူတူခုန်ရမှာလား။ ဒါဆို ငါတို့နှစ်ယောက်က နာမည်ကြီးပြီ”
“ဒီလိုလုပ်လေ ပိုင်ရှင်ကို လေယာဉ်ကနေ အရေးပေါ်ဆင်းလို့ရတဲ့ အသက်ကယ်ယာဉ်လေးထဲထည့်ပြီး ပစ်ချလိုက်မယ်။ ဒါဆို သိပ်မသိသာတော့ဘူး”
“လေယာဉ်ပေါ်မှာ အဲ့တာပါလို့လား”
“ဒါပေါ့ ပိုင်ရှင်ရဲ့ လုံခြုံရေးအတွက် ထည့်ထားတာပေါ့။ ကူးရီပါလာလည်း အသက်ကယ်ယာဉ်ငယ်လေးဆိုတာ ရှိတာပဲ”
“ဘယ်မှာလဲ”
“အနောက်က အခန်းသေးလေးလေ”
ဖန့်ကြွယ်ယွီက အနောက်ကိုလှည့်ကြည့်သောအခါ အနီနှင့် အပြာစပ်ထားသော ပုံစံငယ်လေးကိုတွေ့ရသည်။
“ပိုင်ရှင် ဒီယာဉ်ငယ်လေးကို အလိုအလျောက်မျောလွင့်ခြင်းနဲ့ ဆင်းသက်ခြင်းစနစ်နဲ့ တည်ဆောက်ထားတာပါ။ ဒီကနေ့လေတိုက်နှုန်းအရဆို ပွဲခင်းအရှေ့ကို ရှစ်နာရီငါးဆယ်ဆိုရောက်ပါမယ်”
“ဒါဆို မြန်မြန်လုပ်လေ။ ငါ့ကို ထိခိုက်အနာတရမဖြစ်စေနဲ့”
“ဒီကလေးဘာလို့မရောက်လာသေးတာပါလိမ့်”
ပွဲစဖို့ ၁၅မိနစ်အလိုမှာပင် ပြိုင်ပွဲဝင်များအားလုံးက ပွဲကျင်းပရာနေရာမှာ အသင့်ရောက်နေကြသည်။ ပွဲစဖို့ ငါးမိနစ်အလိုထိ မရောက်လာပါက သူ့နေရာမှာ တစ်ယောက်ယောက်အား
အစားထိုးရတော့မည်။
“ဝိုး ကြည့်ပါဦး မိုးပေါ်က ဘာကြီးကျလာတာလဲ”
ရုတ်တရက်ဆိုသလို ကောင်းကင်ပေါ်မှ သေတ္တာပုံစံအရာဝတ္ထုက တဖြည်းဖြည်းဆင်းသက်လာသည်။
“ဝုန်း”
ထိုအရာဝတ္ထုက ကျောရှန့်ခယ်၏ ရှေ့မှာကျလာသည်။
“ဟမ်”
သေတ္တာထိပ်မှာ တံခါးတစ်ချပ်ပွင့်လာသည်။
“အဟွတ် အဟွတ်”
ဆံပင်စုတ်ဖွားနှင့် လူငယ်တစ်ဦးက ထိုအထဲမှ ထွက်လာသည်။
“ဟမ် လူတစ်ယောက်ထွက်လာပြီ”
ဘေးနားမှာရပ်ကြည့်နေသူများက ဖုန်းကိုထုတ်ပြီးအမိအရမှတ်တမ်းတင်ကြသည်။
“ဟမ် ဖန့်ကြွယ်ယွီ”ထိုလူက ဖန့်ကြွယ်ယွီဆိုတာ ကျောရှန့်ခယ်သိသွားသည်။
သူကဘယ်လိုလုပ်ပြီး မိုးပေါ်ကဆင်းလာတာလဲ။
“ခင်ဗျားတို့ရိုက်နေတာတွေရပ်ကြပါတော့။မိုးပေါ်ကကျလာတဲ့ အရာတွေကို မမြင်ဖူးကြဘူးလားဗျာ။”
ဖန့်ကြွယ်ယွီက ကောင်းကင်ပေါ်က အရှိန်ဖြင့်ကျလာရသဖြင့် မူးနောက်နောက်ဖြစ်နေသည်။
“ဆရာ ပြိုင်ပွဲစနေပြီလား။ ကျွန်တော်နောက်ကျသွားပြီလား”
“အင်း..” ကျောရှန့်ခယ်က အံ့ဩလွန်းပြီး ဘာမှပြန်မပြောနိုင်ပေ။