← Chapters

ဆင့်ခေါ်ခြင်း

Vol. 019 Ch. 1802

ဆင့်ခေါ်ခြင်း

Vol. 019 Ch. 1802

ဒွန်ဟောင်အင်ပါယာနန်းတော်ကိုတင်ပြနေသည်မှာသိသာသည်။ သို့သော်သူတို့သည် အောက်ဘုံသို့ မင်းသမီးဒွန်ဟောင်ကိုယ်တိုင်လာလိမ့်မည်ဟုမမျှော်လင့်ခဲ့ပေ။ဒွန်ဟောင်မဟာအင်ပါယာသည် လူတွေထင်ထားသည်ထက် မူလဘုံကိုတန်ဖိုးထားပုံရသည်။

မင်းသမီးဒွန်ဟောင်သည် ဘေးကိုကြည့်လိုက်ပြီး လူအုပ်ကို အနှံ့ကြည့်လိုက်သည်။ သူမ၏ရင်သပ်ရှူမောဖွယ်လှပသည့်မျက်ဝန်းများသည် သူမ၏တည်ငြိမ်သည့်ရှိရင်းစွဲကိုယ်ဟန်မူယာကို ပိုပြီးအားကောင်းလာစေသည်။ သူမသည် လူတိုင်းမှ ဂုဏ်‌ထူး‌ဆောင်ကြယ်တစ်ပွင့်အဖြစ်သတ်မှတ်ခံရပြီးမွေးဖွားလာသူဖြစ်သည်။ မဟာအင်ပါယာ၏ချစ်နှစ်သက်ခံရသူဖြစ်သောကြောင့် သူမ၏အတွေးနှင့်အပြုအမူများသည် မဟာအင်ပါယာ၏ဆုံးဖြတ်ချက်များကို တိုက်ရိုက်အကျိုးသက်ရောက်မှုရှိသည်။

မဟာအင်ပါယာသည် မင်းသမီးဒွန်ဟောင်တောင်းဆိုသည့် မည်သည့်‌အရာမဆိုလုပ်ပေးသည်ဟူသည့် ကောလဟာလများရှိသည်။ ကောင်းကင်ဒေသရှိ မည်သူမဆို မဟာအင်ပါယာသည် မင်းသမီးဒွန်ဟောင်ကို အလွန်ချစ်ခင်သည်ကိုသိကြသည်။

မဟာအင်ပါယာ၏မင်းသမီးဒွန်ဟောင်အပေါ်ချစ်ခင်မှုမှာ သူ၏အကျင့်စရိုက်နဲ့မကိုက်ညီဘူးဟု တစ်ချို့လူတွေကပြောကြသည်။ သို့သော်မင်းသမီးသည် သူ၏တစ်ဦးထဲသောသမီးဖြစ်သောကြောင့် ဤသည်က‌ အဓိပ္ပါယ်ရှိပေသည်။ သူသည် သူမအား ‌အလွန်ဦးစားပေး၍ ဂရုစိုက်ပေသည်။

အလင်းတန်းများသည် မင်းသမီးဒွန်ဟောင်၏ခန္ဓာကိုယ်တစ်ဝိုက်တွင်ဖြာကျနေပြီးတောက်ပနေသည်။ သူမသည် ကောင်းကင်မှ နတ်ဘုရားမနဲ့အလွန်တူသည်။သူမသည် နတ်ဘုရား၏သမီးတော်ပင်ဖြစ်သည်။

"ငါ့အမိန့်ကို ပို့လိုက်။ဘုံကိုးခုနဲ့ ‌ကောင်းကင်ဒေသရဲ့အောက်ဘုံရှိ တပ်ဖွဲ့အင်အားတွေအားလုံးကို နတ္ထိအင်ပါယာနန်းတော်ကို ခုနှစ်ရက်အတွင်းဆင့်ခေါ်လိုက်။ဒီအချိန်မှာ ပဋိပက္ခတွေမဖြစ်ရဘူး" မင်းသမီးဒွန်ဟောင်မှပြောလိုက်သည်။ သူမ၏အသံသည်တည်ငြိမ်သော်လည်း ခိုင်မာသည့်အမိန့်အာဏာခံစားချက်ကို သယ်ဆောင်ထားသည်။

"ကောင်းပါပြီ မင်းသမီး" နတ္ထိအင်ပါယာနန်းတော်၏အရှင်သည် မည်သည့်မေးခွန်းမှ မမေးပဲ အမိန့်ကိုနာခံရန် ခေါင်းကိုညွတ်လိုက်သည်။

"အခုချက်ချင်း ငါ့ရဲ့အမိန့်ကိုပို့ဖို့ ဘုံကိုးဘုံကိုသွားပါ။ နတ္ထိအင်ပါယာနန်းတော်ကို မလာတဲ့ ကောင်းကင်ဒေသကဘယ်အင်အားစုမဆို လေဟာနယ်ဘုံကိုနောက်ထပ်ခြေမချနိုင်ဘူးဆိုတာပါပြောလိုက်" မင်းသမီးဒွန်ဟောင်မှ ဆက်ပြောလိုက်သည်။

နတ္ထိအင်ပါယာနန်းတော်၏အရှင်သည်ခေါင်းငြိမ့်ပြီးပြောလိုက်သည် "မင်းသမီး နတ္ထိအင်ပါယာနန်းတော်မှာ အနားယူနေပါ။ ကျွန်တော် လူတွေကိုတာဝန်ချပြီး ချက်ချင်းစေလွှတ်လိုက်ပါမယ်"

မင်းသမီးဒွန်ဟောင်သည်ခေါင်းငြိမ့်ပြီး နတ္ထိအင်ပါယာ‌နန်းတော်မှာ ခြေချလိုက်သည်။ ထိုအချိန်တွင် နတ္ထိအင်ပါယာနန်းတော်၏အရှင်သည် သံတမန်များကိုတာဝန်ပေးနေသည်။ မကြာမီပင် ကျင့်ကြံသူများ၏ဆက်ခံသူများသည် နတ္ထိအင်ပါယာနန်းတော်မှ ထွက်ခွာပြီးဘုံကိုးခုရှိ အင်အားစုများဆီသို့ဦးတည်သွားလေသည်။

ဒွန်ဟောင်မဟာအင်ပါယာသည် မဟာလမ်းစဉ်၏ဘုံသုံးထောင်ကိုပေါင်းစည်းပြီး တရားဥပဒေစိုးမိုးရေးကိုဖြေးညှင်းစွာတည်ဆောက်‌ပြီးနောက် ကောင်းကင်ဒေသသည် ငြိမ်းချမ်းသောအချိန်ကာလကိုခံစားခဲ့ရသည်။ မဟာအင်ပါယာသည် ကမ္ဘာကြီး မငြိမ်မသက်အခြေအနေသို့ပြန်ရောက်သွားသည်ကို နှစ်သက်မည်မဟုတ်ပေ။ ထို့ကြောင့် သူက မင်းသမီး‌ဒွန်ဟောင်ကို အိမ်တော်သို့ရှင်းလင်းရန် စေလွှတ်လိုက်ခြင်းဖြစ်သည်။

မည်သို့ပင်ဆိုစေကာမူ နတ်တ္ထိအင်ပါယာနန်းတော်၏အရှင်သည် အသေးစိတ်အချက်အလက်များကိုသိရှိရန်ရည်ရွယ်ချက်မရှိပေ။ သူသည် မင်းသမီး၏အမိန့်များကိုလိုက်နာဖို့သာလိုအပ်သည်။

ဘုံကိုးခုရှိ အခြားအင်အားစုများ၏ကျင့်ကြံသူများသည် နတ္ထိအင်ပါယာနန်းတော်တွင် ဖြစ်ပျက်နေသည်များကိုမသိရှိကြသေးပေ။ နတ္ထိအင်ပါယာနန်းတော်သည် သတင်းများ ပထမဆုံးပျံ့နှံ့လာသည့် အလယ်အင်ပါယာဘုံတွင်တည်ရှိသည်။

ယခုအချိန်တွင် ရီဖူရှင်းနှင့် အခြားသူများသည် ကောင်းကင်အာဏာစက်ဘုံရှိ ကောင်းကင်အာဏာစက်နန်းတော်တစ်ဝိုက်တွင် လှုပ်ရှားနေကြသည်။သူတို့သည် အခြားတိုက်ပွဲအတွက်ပြင်ဆင်နေပြီး အတွေ့အကြံမရှိသေးသည့် ကျင့်ကြံသူများကို အောက်ဘုံသို့စေလွှတ်လိုက်သည်။

ရီဖူရှင်းနှင့်နတ်နန်းတော်မှ များစွာသောစွမ်းအားကြီးကျင့်ကြံသူများသည် နတ်နန်းတော်ဖျက်စီးခံလိုက်ရသော်လည်း နောက်ဆုံးတိုက်ပွဲတွင် လွတ်မြောက်ခဲ့ကြသည်။ထိုသို့သောအခြေအနေတွင် ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်သည် သူတို့အားအလွယ်တကူမလွတ်မြောက်စေချင်သည်မှာ အသေအချာဖြစ်သည်။

"သူတို့က ဒီမှာပဲ"

ကြောက်မက်ဖွယ်ကောင်းသည့်ဖိအားတစ်ခုလျင်မြန်စွာပေါ်လာသည်။ အရှင်ထိုက်ရွမ်နှင့်အခြားသူများသည် ခေါင်းမော့်လိုက်ပြီး အဝေးရှိ မုန်တိုင်းတိုက်ခတ်နေသည့်နေရာကိုကြည့်လိုက်သည်။

မကြာခင်မှာပင် ကောင်းကင်မှ နတ်အလင်းတန်းမှာ တောက်ပလာသည်။လူတစ်စုသည် မြင်ကွင်းထဲသို့ဝင်ရောက်လာသည်။

ဤတစ်ကြိမ်တွင် စစ်တပ်တစ်ခုလုံးအစား များစွာသောကျင့်ကြံသူများသာလျှင် လာခဲ့သည်။ သို့သော်သူတို့သည် တူညီသည့် အင်အားမျိုးရှိကြသည်။

နှစ်ဖက်တပ်များ နတ်နန်းတော်သို့ဝင်လာသည့်အခါ သွေးထွက်သံယိုတိုက်ပွဲများရှိနေပြီဖြစ်သည်။ ထိုသူများသည် ပြီးခဲ့သည့်အခေါက်မှ လွတ်မြောက်သွားသော သူတို့၏ပစ်မှတ်များကို သုတ်သင်ရန် ကောင်းကင်အာဏာစက်ကျောင်းတော်သို့တဖန်ရောက်လာခြင်းဖြစ်သည်။

ယခုအခါ သူတို့ဆန္ဒရှိသလိုသတ်နိုင်ပေတော့မည်။

ရှန်ကလန်မှ ရှန်ကောင်းနှင့်ရှန်ကျဲ့တို့လိုပင် ရွှေရောင်နတ်ပြည်ထောင်မှ ကိုက်ချိန်နှင့်ကိုက်ထန်တို့သည်လည်း ကောင်းကင်အာဏာစက်မြို့တော်သို့လျှောက်လှမ်းလာခဲ့သည်။ သူတို့သည် ကောင်းကင်တွင်ရပ်နေသောကြောင့် သူတို့၏လွှမ်းမိုးနိုင်သည့် အရှိန်အဝါများသည် ကောင်းကင်အာဏာစက်မြို့တော်တစ်ခုလုံးကိုလွှမ်းခြုံထားသည်။ သူတို့၏အပေါ်တွင်ရပ်နေသော နာမည်ကြီးကျင့်ကြံသူများကိုမော်ကြည့်လိုက်ပြီး ကောင်းကင်အာဏာစက်မြို့တော်ရှိ ကျင့်ကြံသူတိုင်းသည် သူတို့၏ရင်ဘတ်မှ နှလုံးခုန်သံကိုခံစားရလိုက်သည်။

သူတို့သည် နောက်ထပ် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခြင်းကိုစတင်ရန် အထက်ကောင်းကင်ဘုံမှ ကောင်းကင်အာဏာစက်ဘုံသို့လာခဲ့သည်လား။

ထိုသူများသည် ယခင်တစ်ကြိမ်က မိစ္ဆာဘုံမှ မှော်နက်စစ်တပ်ထက်ပင် ပို၍ကြောက်မက်ဖွယ်ကောင်းသည်။

အဖွဲ့ငယ်လေးဖြစ်သော်လည်း သူတို့ထဲမှ တစ်ယောက်စီတိုင်းသည် သက်ရှိထင်ရှားရှိသည့်ဒဏ္ဍာရီလာပုဂ္ဂိုလ်များဖြစ်ကြသည်။

ထိုအခိုက် ကျင့်ကြံသူတစ်စုသည် ကောင်းကင်အာဏာစက်ကျောင်းတော်ရှိ အာကာသခရီးသွားဝင်္ကပါတွင်ရပ်နေကြသည်။ အရှင်ထိုက်ရွှမ်သည်ဘအေးစက်စက်အသံဖြင့်ပြောလိုက်သည်။ "မင်းတို့ အစုလိုက်အပြုံလိုက်သတ်တာကိုလုပ်မယ်ဆိုရင် ငါတို့လည်း အာကာသခရီးသွားဝင်္ကပါကိုအသက်သွင်းပြီး အလယ်အင်ပါယာဘုံက နန်ထျန်းနတ်ပြည်ထောင် ဒါမှမဟုတ် ရှောင်ကလန်ဆီတိုက်ရိုက်သွားပြီး ဝင်္ကပါကိုဖျက်ဆီးလိုက်ပြီးတော့ ရှန်ကလန်ကိုတိုက်ခိုက်မယ်"

ရှန်ကျဲ့၊ ရှန်ကောင်းနှင့် အခြားကျင့်ကြံသူများသည် မျက်ခုံးလှုပ်သွားကြသည်။ ထိုသည်က ထိရောက်သည့် ဟန့်တားမှုပင်ဖြစ်သည်။

နှစ်ဖက်လုံး‌အတူတကွသေကြေကြမည်ဖြစ်သည်။

ထိုအခိုက် အာကာသခရီးသွားဝင်္ကပါသည် ရုတ်တရတ်ထွက်ပေါ်လာသည်။ ကောင်းကင်အာဏာစက်ကျောင်းတော်မှ ကျင့်ကြံသူများအပါအဝင်လူအများစုသည် အံ့ဩသွားကြသည်။ အာကာသခရီးသွားဝင်္ကပါသည် လူတစ်ယောက်ထွက်ပေါ်လာသကဲ့သို့သိသာတောက်ပလာသည်။ ထိုသည်မှာ ဗဟိုအင်ပါယာဘုံရှိ‌ ရှောင်ကလန်၏ကလန်အရှင် ရှောင်တိန့်ထျန်းဖြစ်သည်။

"အမ်" ရှန်ကလန်မှ ရှန်ကျဲ့နှင့် ရှန်ကောင်းတို့သည် မျက်မှောင်ကြုတ်လိုက်သည်။ ရှန်ကလန်၏မျိုးနွယ်စုခေါင်းဆောင်သည် ရှောင်တိန့်ထျန်းနှင့် ရှောင်ကလန်ရှိလူများကိုခြိမ်းခြောက်ရန် ရှောင်ကလန်ဆီသွားရောက်ခဲ့ပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ကို ရှောင်ကလန်မှ အကူအညီ မစေလွှတ်နိုင်ရန်လုပ်ခဲ့သည်။ အဘယ်ကြောင့်ရှောင်တိန့်ထျန်းက ဤနေရာတွင် ပေါ်လာရသနည်း။

အခြားတစ်ခုခုမဖြစ်ပွားခဲ့ပဲ ရှောင်တိန့်ထျန်းသည် ရှန်ကလန်၏ကလန်အရှင်ကို အောင်နိုင်မည်ဟု သူတို့မယုံပေ။

ရီဖူရှင်းသည်လည်း ရှောင်တိန့်ထျန်းကို ထူးဆန်းသည့်အကြည့်ဖြင့်စိုက်ကြည့်နေသည်။ ရှောင်တိန့်ထျန်းသည် ခေါင်းမော့လိုက်ပြီး လေဟာပြင်တွင်ပျံဝဲနေသည့်ကျင့်ကြံသူများကိုကြည့်ပြီး ပြောလိုက်သည်။ "နတ္ထိအင်ပါယာနန်းတော်ရဲ့ နတ်ဘုန်းတော်ကြီးက မှာကြားလိုက်တယ်။ ဘုံကိုးဘုံရှိအုပ်စုများ၊ မူလဘုံရဲ့အပြင်ဘက်ကောင်းကင်ဒေသမှ အင်အားစုများအနေနဲ့ ဘယ်တိုက်ပွဲမှာမှ မပါဝင်ပဲ ခုနှစ်ရက်အတွင်း နတ္ထိအင်ပါယာနန်းတော်ကိုသွားရမယ်"

နတ္ထိအင်ပါယာနန်းတော်လား။

လူတိုင်း၏မျက်နှာပေါ်တွင် ထူးဆန်းသည့်အရိပ်ဖြတ်သန်းသွားသည်။ ဒွန်ဟောင်မဟာအင်ပါယာသည် ဘုံကိုးခုအားစစ်ဆေးရန် နတ္ထိအင်ပါယာနန်းတော်ကိုတည်ဆောက်ထားသည်။သို့သော် ကောင်းကင်ဒေသရှိ အောက်ဘုံမှ အင်အားစုများသည် နတ္ထိအင်ပါယာနန်းတော်၏စကားကို နားထောင်ရန်မလိုပေ။

နတ္ထိအင်ပါယာနန်းတော်သည် သူတို့အား အမိန့်ပေးခြင်းသည် စည်းကျော်နေခြင်းသာဖြစ်လိမ့်မည်။ မဟုတ်လျှင်...

"နတ္ထိအင်ပါယာနန်းတော်က ဘုံကိုးဘုံကိုစောင့်ကြည့်တယ်။ ဒါပေမယ့် ငါတို့ရဲ့ကိစ္စရပ်တွေကိုဝင်စွက်ဖက်ဖို့အထိ အရည်အချင်းမရှိဘူးလို့ ငါထင်တယ်" ကိုက်ချိန်ကပြောလိုက်သည်။ သူသည် နတ္ထိအင်ပါယာနန်းတော်၏အရှင်ကို လူချင်းသိသည်။

"မင်းသမီးဒွန်ဟောင်က နတ္ထိအင်ပါယာနန်းတော်မှာရောက်နေတယ်။ ဒီအမိန့်က မင်းသမီးဆီက လာတာပဲ။ နတ္ထိအင်ပါယာနန်းတော်က ဘုံကိုးခုကို သံတမန်တွေစေလွှတ်ထားပြီးပြီ။ ရှန်ကလန်က သတင်းကို ရထားလောက်ပြီးပြီ။ မင်းတို့မကြာခင် ကြားရလိမ့်မယ်။ မင်းဆက်လုပ်ချင်သေးရင်တော့ ကိုယ့်ဘာသာကို ပြင်ဆင်ထားပေါ့" ရှောင်တိန့်ထျန်းက စိတ်မဝင်စားသလိုပြောလိုက်သည်။

မင်းသမီးဒွန်ဟောင်ထွက်ပေါ်လာမှုသည် မဟာအင်ပါယာ၏ဆန္ဒကိုကိုယ်စားပြုသည်။

ဘယ်သူက သူမ၏အမိန့်ကိုမနာခံပဲနေရဲမည်နည်း။

"မင်းသမီးဒွန်ဟောင်က နတ္ထိအင်ပါယာနန်းတော်ကိုသွားခဲ့တယ်" ရှန်ကလန်နှင့် ရွှေရောင်နတ်ပြည်ထောင်မှ ကျင့်ကြံသူများသည် အံ့ဩသွားကြသည်။ သူမသာ အမှန်တကယ် ထိုနေရာ၌ရောက်နေလျှင် ထိုသို့သောအမိန့်ကို သူမပေးခဲ့သည်မှာ သေချာသလောက်ရှိသည်။

ဘုံကိုးခု၏အဖြစ်အပျက်သည် မဟာအင်ပါယာ၏အာရုံစိုက်မှုကို ခံနေရပြီလား။

သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်အပြင်ဘက်သို့ ကြည့်လိုက်သည်။သူတို့သည် ဤတစ်ကြိမ်တွင် ကောင်းကင်အာဏာစက်ကျောင်းတော်ကို တိုက်ခိုက်နိုင်တော့မည်မဟုတ်ပေ။ ထို့ထက်အရေးကြီးသည်က မဟာအင်ပါယာသည် ကြားဝင်စွက်ဖက်ရန် ဆုံးဖြတ်ပါက သူတို့ဒုက္ခရောက်မည်ဖြစ်သည်။

"ရီဖူရှင်းက မိစ္ဆာဘုံရဲ့ မိစ္ဆာစစ်သူကြီးနဲ့ပူးပေါင်းခဲ့တယ်။ ငါတို့သူ့ကို ဖမ်းပြီး မင်းသမီးလက်ထဲကိုအပ်ရမယ်" ကိုက်ချိန်က အော်ပြောလိုက်သည်။ သူသည် ရီဖူရှင်းအားအခုမသတ်နိုင်တော့​လျှင်ပင် သူ့ကိုအရင်ဆုံး အပြစ်များပုံချရန် လိုအပ်ပေသည်။

ရီဖူရှင်း၏မျက်ခုံးများသည် တင်းတင်းကျုံ့သွားသည်။ မိစ္ဆာဘုံ၏မိစ္ဆာစစ်သူကြီးနှင့် ပူးပေါင်းခြင်းတဲ့လား။

မေ့ထန်သည် သူ့ကိုကယ်တင်ခေါ်ဆောင်သွားပြီးနောက် လုံခြုံစွာပြန်ပို့လိုက်သည်။ ထိုသည်က သံသယဖြစ်စရာပင်ဖြစ်သည်။

ထို့အပြင် သူသည် အခြားသူများကို အသေးစိတ်မရှင်းပြနိုင်ပေ။

"မင်းကိုယ်တိုင် မင်းသမီးကို ပြောလိုက်ပါ။ နတ်စေတမန်က ‌သတင်းပို့ခိုင်းလိုက်လို့ ငါဒီကိုရောက်နေတာ။ အခု မင်းအမိန့်ကိုကြားပြီးပြီ။ မင်းဘာပဲလုပ်လုပ် အဲဒါရဲ့အကျိုးဆက်တွေအတွက် မင်းတာဝန်ယူသင့်တယ်" ရှောင်တိန့်ထျန်းသည် စိတ်မရှည်သလိုပြောလိုက်သည်။ ကိုက်ချိန်နှင့်အခြားသူများသည် ရှောင်တိန့်ထျန်းက မင်းသမီး၏အမိန့်ကို သူတို့အား‌ဖိအားပေးရန်အသုံးပြုနေသည့်အတွက် မကျေနပ်ပေ။

သို့သော် အခြေအနေများမရှင်းလင်းသည့်အတွက် သူတို့သည် ပေါ့ပေါ့ဆဆမလုပ်ဆောင်ရဲပေ။

ခဏတာထိပ်တိုက်ရင်ဆိုင်ပြီးနောက် သူတို့သည်အချင်းချင်း စိတ်အသိဖြင့်စကားပြောလိုက်ကြပြီး ကောင်းကင်အာဏာစက်ကျောင်းတော်ကိုကြည့်ကာ ဆန္ဒမရှိဘဲ နောက်ပြန်ဆုတ်ထွက်ခွာသွားသည်။

မကြာမှီပင် သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်အပေါ်ဘက်ကောင်းကင်မှ ပျောက်ကွယ်သွားသည်။

ကောင်းကင်အာဏာစက်ကျောင်းတော်မှလူများသည် လွှမ်းမိုးသည့်စွမ်းအားကွယ်ပျောက်သွားသည့်အတွက် စိတ်သက်သာရာရစွာ သက်ပြင်းချမိကြသည်။

ရီဖူရှင်းသည် ရှောင်တိန့်ထျန်းအားကြည့်ပြီးမေးလိုက်သည်" မင်းသမီးဒွန်ဟောင်က နတ္ထိအင်ပါယာနန်းတော်ကိုသွားခဲ့တာလား"

"ဟုတ်တယ်"ရှောင်တိန့်ထျန်းက ခေါင်းငြိမ့်လိုက်သည်။

သူနှစ်ကြိမ်တိုင်တွေ့ဆုံခဲ့သည့် ထူးကဲစွာလှပသည့်မျက်နှာသည် ရီဖူရှင်း၏စိတ်ထဲတွင်ပြန်ပေါ်လာသည်။

ပထမအကြိမ်သည် သူ၏အသက်ဆယ့်ခြောက်နှစ်ကဖြစ်သည်။ မင်းသမီးငယ်ဒွန်ဟောင်နှင့်နတ်စစ်သူကြီးများသည် ချင်းကျူမြို့ရှိသားရဲတောင်ပေါ်ရှိ အင်ပါယာရီချင်၏ရုပ်တုဆီသို့ သွားခဲ့စဉ်ကဖြစ်သည်။

ဒုတိယအကြိမ်သည် သူမ ဆရာဒူကိုခေါ်ဆောင်သွားစဉ်ကဖြစ်သည်။

မင်းသမီးဒွန်ဟောင်သည်လည်း ထိုတွေ့ဆုံမှုနှစ်ခုမှာ သူ့အားသတိထားမိလေမည်လား။

***

All Chapters