← Chapters

ကြက်နဂါးဟူသည် ကျွန်ခံရိုး ထုံးစံ မရှိ

Vol. 126 Ch. 1632

ကြက်နဂါးဟူသည် ကျွန်ခံရိုး ထုံးစံ မရှိ

Vol. 126 Ch. 1632

အဆုံးသတ်မြို့ပျက်၏ အောက်ဆုံးအထပ် ဖရိုဖရဲပင်လယ်သည် အဆုံးမရှိသော အလင်းတန်းများကို ဖြန့်ကျက်နေ၏။ အလင်းရောင်ထဲတွင် ချင်မူ့ကို မီလော့နန်းတော်၏ ဒုတိယသခင်လေး‌ ပေးခဲ့သော အဆုံးသတ်မြို့ပျက် ကြာပန်းစေ့မှာ အက်ကွဲလာပြီး ဆူးချွန်များ ပြည့်နေသော အမြစ်တစ်လက် ‌ပေါက်လာ၏။ အနီရင့်ရောင် အရွက်တစ်ရွက်သည်လည်း လိမ်ကောက်ထွက်ပေါ်လာချေပြီ။

အမြစ် ကြီးထွားလာသည်နှင့်အမျှ ကြာရွက်က ဆူးချွန်များနှင့်အတူ ဖရိုဖရဲပင်လယ်ထဲမှ ထွက်ပေါ်လာ၏။

ချင်မူ့နှလုံးသားမှာ အနည်းငယ် လှုပ်ရှားသွားသည်။ သူ ဤကြာစေ့ကို ရခဲ့သည့်အချိန်ကတည်းက သူ့ကောင်းကင်ရတနာထဲရှိ အဆုံးသတ်မြို့ပျက်ချောက်နက်ထဲသို့ ပစ်ချကာ အမှုမှတ်မဲ့ နေခဲ့မိသည်။

ရှင်းအန်း ပေးပို့လိုက်သော လူအရေပြားထံမှ ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကျင့်စဉ်ကို သိမြင်နားလည်ပြီးသည့်အချိန်၌ ဤသို့ အမြစ်ပေါက်လာလိမ့်မည်ဟု ထင်မထားခဲ့ပေ။

“ကောင်းကင်နတ်ဧကရာဇ်နဲ့ ရှင်းအန်းက တကယ်ကို ငါ့ရဲ့ လာဘ်ကောင်တွေပဲ”

အဆုံးသတ်မြို့ပျက် ကြာစေ့က အမြစ်ပေါက်၍ အညှောင့်ထွက်လာပြီဖြစ်ရာ သူ့ကျင့်စဉ်စနစ်၏ အရေးအကြီးဆုံးအပိုင်းကို ဖြေရှင်းပေးခဲ့ပြီဟုပင် ဆိုနိုင်၏။

ချင်မူ သူ့ကောင်းကင်ရတနာထဲရှိ အဆုံးသတ်မြို့ပျက်ကို စိုက်ကြည့်နေစဉ် ကြာရွက်မှာ တဖြည်းဖြည်း ပျံ့ကားရင်း ကြီးထွားလာသည်ကို တွေ့နေရသည်။ ကြာရွက်ပေါ်ရှိ အမှတ်အသားများက အဆုံးသတ်မြို့ပျက်တာအို အမှတ်အသားများ ဖြစ်ကြပြီး ဆက်လက်ပျံ့ကားနေကြသည်။

ချင်မူ၏ အဆုံးသတ်မြို့ပျက်တာအိုအပေါ် သိမြင်နားလည်မှုမှာ ကောင်းကင်နတ်ဧကရာဇ်ဟောင်‌အောက် မနိမ့်ကျပေ။ အဆုံးသတ်မြို့ပျက်နတ်ဘုရားမ၊ သခင်မယွမ်မုနှင့် ကောင်းကင်နတ်ဧကရီတို့အောက်လည်း နိမ့်ကျမနေပေ။

သူသည် တစ်ချိန်က ကောင်းကင်နတ်ဧကရီနှင့် သခင်မယွမ်မု၏ ရုပ်ခန္ဓာများကို စေ့စေ့စပ်စပ် လေ့လာစမ်းသပ်ထားသည့်အပြင် အဆုံးသတ်မြို့ပျက်၏ သင်္ကေတအားလုံးမှာ သူ၏ အက္ခရာသင်္ချာနှင့် အဏုမြူသင်္ချာတို့ဖြင့် ပေါင်းစည်းထားခြင်း ဖြစ်လေသည်။

သို့သော် အဆုံးသတ်မြို့ပျက်တာအိုစစ်စစ်သည် ထိုမျှမရိုးရှင်းပေ။ စစ်မှန်သော တာအိုတွင် စကြ၀ဠာ၏ မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့ ‌ပါ၀င်သည်။ ချင်မူအနေဖြင့် ဤအချက်တွင် အသိအမြင်များစွာ ရရှိခဲ့ပြီဖြစ်သော်လည်း အဆုံးသတ်မြို့ပျက်ကြာစေ့ ကြီးထွားလာစေရန် မလုံလောက်ပေ။

အဆုံးသတ်မြို့ပျက် ကြာစေ့ထဲတွင် ပြီးပြည့်စုံသော အဆုံးသတ်မြို့ပျက်တာအို ကိန်းဝပ်နေသောကြောင့် ၎င်းကို မည်သို့ အညှောက်ပေါက်အောင် လုပ်ရမည်လဲက အရေးကြီးလေသည်။

ဤတစ်ကြိမ်တွင် ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ ကျင့်စဉ်ကို သိမြင်နားလည်နိုင်ခဲ့ရာ ယင်းက သူ လိုအပ်‌နေသော အရာကို ဖြည့်ဆည်းပေးနိုင်ခဲ့ချေပြီ။

အဆုံးသတ်မြို့ပျက်ကြာစေ့သည် ဖရိုဖရဲပင်လယ်တွင် အပင်ပေါက်လာပြီး ရေမျက်နှာပြင်ပေါ်၌ မြောလွင့်နေသော်လည်း ဖရိုဖရဲချီတို့၏ လွှမ်းမိုးခြင်း မခံရပေ။ မည်သည့်သဲမှုန်မျှလည်း တင်မနေဘဲ ကင်းစင်နေ၏။

ကြာရွက် ကြီးထွားလာသည်နှင့်အမျှ နောက်ထပ်ကြာရွက်တစ်ရွက်ကလည်း ဖရိုဖရဲပင်လယ်ထဲတွင် ပေါက်လာသည်။ ထို့နောက် ပန်းဖူးငုံတစ်ငုံက ဖရိုဖရဲပင်လယ်ထဲမှ ဆူးချွန်များနှင့်အတူ ထွက်ပေါ်လာ၏။

အမြွှာကြာပန်းပွင့်…

ကြာရွက် ကြီးထွားလာသည်နှင့်အမျှ အဆုံးသတ်မြို့ပျက်တာအို၏ ဆန်းကြယ်သော အတွေးအခေါ်များစွာက ချင်မူ့စိတ်ထဲတွင် ထွက်ပေါ်လာသည်။ ၎င်းတို့ထဲတွင် မရဏလေပူနှင့် အန္တိမဟင်းလင်ပြင်၏ အဆုံးတစ်ဖက်နှင့် သက်ဆိုင်သော အဆန်းတကြယ် အတွေးအခေါ်များလည်း ပါရှိသည်။ သို့သော် မရဏလေပူနှင့် အန္တိမဟင်းလင်းပြင်၏ အဆုံးသတ်မှာ များပြားလှသည့် သဘောတရားတို့မှ တစ်ခုသာ ဖြစ်ပြီး အရေးအကြီးဆုံးက စကြဝဠာသည် ဖရိုဖရဲသဘာဝများကြောင့် ဖျက်ဆီးခံခဲ့ရပြီး ၎င်းတို့ထဲမှပင် ပြန်လည်မွေးဖွားလာသည်ဆိုသော အတွေးအခေါ် ဖြစ်၏။

သူ၏ သိမြင်နားလည်မှုသည် ပိုပို၍နက်နဲလာခဲ့သည်နှင့်အမျှ တဖြည်းဖြည်း သူကိုယ်တိုင်၏ တိုးတက်လိုက် ဆုတ်ယုတ်လိုက် သံသရာထဲတွင် ပိတ်မိနေသည့်အလား ခံစားလာရသည်။ ။

သူ၏အရှိန်အဝါက လျင်မြန်စွာ လျော့ကျသွားပြီး ဝိညာဉ်သန္ဓေသား ကောင်းကင်ရတနာထဲရှိ အဆုံးသတ်မြို့ပျက်စွမ်းအားက ပိုပို၍ စွမ်းအားကြီးလာသည်။ ၎င်းက ယိုတု၊ ကမ္ဘာဦးဘုံနှင့် စကြ၀ဠာရှိ အခြားကမ္ဘာလောကများအားလုံးကို ဝါးမြိုသွားသည့်အပြင် ရွှမ်တုကိုပါ ဆွဲချနေ၏။ သူ၏ကောင်းကင်ရတနာ စကြ၀ဠာအား ဖရိုဖရဲအတွင်း၌ နစ်မြုပ်နေစေတော့သည်။

နောက်ဆုံးတွင် သူ၏ကောင်းကင်ရတနာထဲရှိ အရာအားလုံးမှာ ဖရိုဖရဲ ဖြစ်သွားကြသည်။ သိပ်သည်းလေးလံသော ဖရိုဖရဲချီတို့က ပင်လယ်တစ်ခုအလား ပျံ့နှံ့သွားကြပြီး အမြွှာကြာပန်းပွင့်နှစ်ပွင့်နှင့် လောကသစ်ပင်သာ ကျန်ရစ်ခဲ့လေသည်။

သူ၏ကောင်းကင်နန်းဆောင်များနှင့် ကောင်းကင်နတ်ဘုံပင်လျှင် အဆုံးသတ်မြို့ပျက်ဖရိုဖရဲထဲတွင် ဝါးမြိုခြင်းခံထားရ၏။

ထိုမျှသာမက သူ၏ကောင်းကင်ရတနာထဲတွင် ငုပ်လျှိုးနေသော ဟင်းလင်းပြင်အလွှာ ၃၀ မှာလည်း အစအနပင်မကျန်အောင် ဖျက်ဆီးခံလိုက်ရသည်။

ချင်မူ့အရှိန်အဝါက လုံးဝပျောက်ကွယ်သွားပြီး သက်ရှိတစ်ဦး၏ အရှိန်အဝါပင်လျှင် မကျန်ရစ်တော့ပေ။ ကြက်နဂါးတချို့က သတ္တိမွေး၍ ရှေ့တက်လာကြသည်။ သူတို့က ချင်မူ့ကို လှည့်ပတ်ကြည့်ရှုနေကြပြီးနောက် သူ၏အင်္ကျီစများကို ထိုးဆိတ်လိုက်သည်။

“ကွက်... ကွက်…ကွက်”

ချင်မူ သေဆုံးသွားပြီ ဖြစ်ကြောင်း အတည်ပြုပြီးနောက် ကြက်နဂါးများမှာ ပျော်ရွှင်ဝမ်းသာစွာဖြင့် တောင်ပံများ ခတ်ကာ ခုန်ပျံနေကြတော့သည်။

ကြက်နဂါးတစ်ကောင်က ချင်မူ့ဦးခေါင်းပေါ်သို့ ခုန်တက်၍ မြစ်ချောင်းများနှင့် တောင်တန်းများဆီသို့ ညွှန်ပြလိုက်သည်။ ချင်မူ မြင်ယောင်ဖန်ဆင်းခဲ့သည့် ကောင်းကင်နန်းဆောင်က သူတို့၏ပိုင်နက် ဖြစ်လာတော့မည့် အဓိပ္ပာယ်ပင် ဖြစ်ချေသည်။ ထိုအချိန်တွင် ကောင်းကင်နှင့် မြေကြီးကို နှစ်ခြမ်းကွဲသွားစေနိုင်သည့် ကျယ်လောင်စူးရှသော အသံတစ်သံက ချင်မူ့ခန္ဓာကိုယ်ထံမှ ထွက်ပေါ်လာသည်။

ကြက်နဂါးသည် ချင်မူ့ဦးခေါင်းဆီသို့ မရောက်ခင်မှာပင် မီးလောင်ကျွမ်းသွားပြီး မြေပေါ် ဘုတ်ခနဲ ပြုတ်ကျသွား၏။ အသားကင်နံ့က မွှေးပျံ့သွားတော့သည်။

ကျန်ကြက်နဂါးများမှာ ဤအဖြစ်ကို မြင်လျှင် ချက်ချင်း အုပ်စုကွဲသွားကြ၏။ အဝေးရှိ နွားတချို့က အမြှီးများကို ပျင်းရိပျင်းတွဲ လွှဲရမ်းနေလျက် သူတို့အား လှမ်းကြည့်ပြီးနောက် ပြန်လည်မြက်စားနေကြသည်။

အနီရောင်ငါးလေးနှစ်ကောင်က ကောင်းကင်နတ်မြစ်ထဲမှ ခုန်ထွက်လာပြီး ဝုန်းခနဲ အသံနှင့်အတူ ဧရာမငါးကြီးနှစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့၏ ပါးဟပ်များက သူတို့၏ခန္ဓာကိုယ်ကို မြေပေါ်တွင် ထောက်ပံ့ပေးထားကြသဖြင့် လူလို လမ်းလျှောက်နိုင်စေသည်။ သူတို့က ခေါင်းနှင့် ငါးအမြှီးများကို ခါရမ်းနေကြပြီး နွားတချို့ကို စားသုံးရန် ခက်ခက်ခဲခဲ ကမ်းပေါ်တက်လာကြ၏။

နွားတချို့က သတိရှိစွာဖြင့် ငါးများ ချဉ်းကပ်လာသည်ကို စိုက်ကြည့်နေသည်။ သူတို့က တိတ်တဆိတ် နောက်ဆုတ်နေကြလေသည်။

ဝုန်း….

နှိုင်းယှဉ်၍ မရနိုင်အောင် ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ချင်မူ့ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာပြီး အဆုံးမရှိသော အသက်စွမ်းအားတို့ တဟုန်ထိုး မြင့်တက်လာသည်။ ချက်ချင်းဆိုသလို မရေမတွက်နိုင်သော ကြယ်တာရာများက သူ့ကို လှည့်ပတ်သွားကြ၏။

ကောင်းကင်နှင့် မြေကြီးက လည်သွားပြီး ကျယ်ပြန့်လှသော ဘိုးဘေးနန်းတော်သည် နွားအုပ်နှင့် အနီရောင်ငါးများကို ဖြတ်သန်းသွားသည်။ ၎င်းက ထွက်ပြေးနေကြသော ကြက်နဂါးများကို ဖြတ်သန်းသွား၍ ဘိုးဘေးနန်းတော်ထဲ အလျင်အမြန် ဆွဲခေါ်လိုက်လေသည်။

အနီရောင်ငါးနှစ်ကောင်၊ နွားအုပ်နှင့် ကြက်နဂါးများမှာ ကြောင်အသွားကြသည်။ သူတို့သည် ခမ်းနားလှသော အသက်စွမ်းအားတစ်ခု သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာသည်ကို ခံစားလိုက်ကြရ၏။ အဝါရောင်နွားတချို့က တမူးမူး အော်နေကြသည်။ သူတို့၏ ခန္ဓာကိုယ်များက လေထဲတွင် ကူကယ်ရာမဲ့စွာ လည်နေကြပြီး ခန္ဓာကိုယ်များက ပိုပို၍ကြီးမားလာကြ၏။ သူတို့၏ဝိညာဉ်များသည်လည်း ဤပြင်းထန်လာသော အသက်စွမ်းအားဖြင့် အားဖြည့်ခံရပြီး လျင်မြန်စွာ ကြီးထွားလာနေကြသည်။

အဝါရောင်နွားကြီးများ၏ ခန္ဓာကိုယ်မှာ ပြောင်းလဲသွား၏။ သူတို့၏ခန္ဓာကိုယ်ထဲမှ တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာပြီး အနီရောင်နဂါးကြေးခွံများက အရေပြားများတွင် ပေါက်လာကာ နွားအမွှေးများကို အစားထိုး နေရာယူသွားသည်။ နွားမြှီးတို့က သံမဏိကဲ့သို့ မာကြော၍ ဆူးချွန်များဖြင့် ပြည့်နှက်လာ၏။

သူတို့ဦးခေါင်းများက ဖောင်းကားလာပြီး ဦးချိုတို့က ချွန်သထက် ချွန်လာကြသည်။ ၎င်းတို့က အေးစက်သော အလင်းရောင်တို့ကို ထုတ်လွှတ်နေသည်။

နတ်စွမ်းအားတို့က သူတို့၏ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာကြပြီး ကြွက်သားများက သန်မာသထက် သန်မာလာကြသည်။ သူတို့မှာ ခြေနှစ်ချောင်းပေါ်တွင် ရပ်လျက် ခွေ့နဂါးများအဖြစ် ပြောင်းလဲသွားကြချေပြီ။ နွားများ၏ အော်သံနှင့် နဂါးဟိန်းသံတို့က ရောယှက်သွားကြသည်။

သူတို့၏ ခွာနှစ်ခုက ရင်အုံဆီသို့ ရောက်လာပြီး ကြွက်သားများကလည်း ကျစ်လစ်တောင့်တင်းလာ၏။

ထိုနွားတချို့သည် ကောင်းကင်နှင့် မြေကြီးအား နှစ်ခြမ်းခွဲပစ်နိုင်သည့် စွမ်းအားကို ပိုင်ဆိုင်ကာ ခွေ့နဂါးများအဖြစ် အသွင်ပြောင်းသွားကြ၏။ သူတို့၏ အသိဉာဏ်ပညာများ နိုးထလာကြပြီး မိစ္ဆာဆန်လာကြသည်။ သူတို့က အစားခံခဲ့ရသော အဖော်များအတွက် ကလဲ့စားချေသည့်အနေဖြင့် အနီရောင်ငါးနှစ်ကောင်ကို သတ်ဖြတ်ချင်ကြလေသည်။

သူတို့ ခေါင်းမော့၍ ကြည့်လိုက်သည့်အခါ အနီရောင်ငါးနှစ်ကောင်သည်လည်း ကောင်းကင်နှင့် မြေကြီး နှစ်ခြမ်းခွဲနိုင်သည့် စွမ်းအားပိုင်ဆိုင်ထားကြကြောင်း တွေ့လိုက်ရ၏။ သူတို့၏ ရုပ်ခန္ဓာများက ပို၍ပင် ကြီးမားလာကြပြီး လေထဲတွင် မြောလွင့်နေကြသည်။ ယင်းတို့က ဦးခေါင်းများနှင့် အမြှီးများကို လှုပ်ရမ်းလျက် သူတို့ဆီသို့ ပျော်ပျော်ကြီး ကူးခတ်လာကြ၏။

ခွေ့နဂါးများမှာ အမြီးကုပ်ကာ ထွက်ပြေးကုန်တော့သည်။

အဝေးရှိ ကြက်နဂါးတို့၏ အတောင်ပံများမှာမူ အလွန်တရာ လှပနေကြသည်။ သူတို့၏ခန္ဓာကိုယ်များက ဆယ်ဆကြီးမားလာကြပြီး နတ်စွမ်းအားတို့ဖြင့် ပြည့်နှက်နေကြသည်။ သို့သော် သူတို့၏ ဦးနှောက်များမှာ သေးငယ်လွန်းသဖြင့် အသိပညာကို အသုံးမပြုနိုင်ကြပေ။ သူတို့ထံ ပြေးလာနေသော နွားအုပ်အပြင် အနောက်မှ အနီရောင်ငါးနှစ်ကောင်ကို တွေ့သည့်အခါ တောင်ပံများ ခတ်လျက် အလောတကြီး ထွက်ပြေးကြတော့သည်။

ထိုအခိုက်အတန့်တွင် ကောင်းကင်နှင့် မြေကြီး၏ ဖြစ်တည်မှုကား ရပ်တန့်သွားပြီး အရာအားလုံး တည်ငြိမ်အေးဆေးသွား၏။

အနီရောင်ငါးနှစ်ကောင်၊ နွားအုပ်နှင့် ကြက်နဂါးအားလုံး ရပ်တန့်သွားကြသည်။ သူတို့ ပြန်လှည့်ကြည့်လိုက်ရာ ပတ်ပတ်လည်တွင် ရွှမ်တု၊ ယိုတု၊ ဘိုးဘေးနန်းတော်၊ ကောင်းကင်ဘုံများနှင့် ကမ္ဘာလောကတစ်သောင်းတို့ မြောလွင့်နေကြပြီး ရှေးဟောင်းနတ်ဘုရားများကလည်း ကောင်းကင်တွင် ပြည့်နှက်နေကြောင်း တွေ့လိုက်ရလေသည်။ သို့သော် ၎င်းတို့က အဆပေါင်း မရေမတွက်နိုင်အောင် သေးငယ်ကျုံ့၀င်နေကြသည်။

ကြက်နဂါးတစ်ကောင်က တောက်ပနေသော နေလုံးကြီးအား ခေါင်းမော့၍ မြိုချရန် ကြိုးစားလိုက်သည်။ မကြာမီ ၎င်းသည် နေကို ဝါးမြိုပြီးနောက် ဖွတ်ခနဲ ဥတစ်လုံး ဥလိုက်၏။

“ကွက်… ကွက်… ကွက်” ၎င်းက တအံ့တဩ အော်လိုက်သည်။

ရုတ်တရက် အသစ်စက်စက် ဖွဲ့တည်ထားသော စကြ၀ဠာမှာ ပြင်းထန်စွာ သေးငယ်ကျုံ့ဝင်လာသည်။ အနီရောင်ငါးနှစ်ကောင်၊ နွားအုပ်နှင့် ကြက်နဂါးများမှာ ခြေထောက်ပေါ် မရပ်နိုင်တော့ဘဲ တဝှီးဝှီး ပျံသန်းသွားကြ၏။ အဆုံးသတ်မြို့အသူရာချောက်နက်က ထွက်ပေါ်လာပြီး အရောအားလုံးကို ဝါးမြိုသွားသည်။ ကောင်းကင်ဘုံများရှိ အနန္တကမ္ဘာလောကများ အားလုံး ပုံပျက်၍ အဆုံးမရှိသော အသူရာချောက်နက်ထဲသို့ ပြုတ်ကျသွားပြီး အရာရာတိုင်း ဖျက်ဆီးခံလိုက်ရ၏။

ကြက်နဂါများ၊ နွားအုပ်နှင့် ငါးနှစ်ကောင်တို့က အသည်းအသန် ပြေးနေကြသည်။ သူတို့မှာ ရုန်းကန်နေကြရသော်လည်း တစ်လောကလုံးကို ဖျက်ဆီးနိုင်သည့် ဤစွမ်းအားကို ခံနိုင်ရည်မရှိကြပေ။

ဝှီး…

သူတို့သည်လည်း အသူရာချောက်နက်ထဲသို့ စုပ်ယူခံလိုက်ရပြီး ဖျက်ဆီးခံရကာ ဖရိုဖရဲချီများအဖြစ် ပြောင်းလဲသွားသည်။

အားလုံး တိတ်ဆိတ်ငြိမ်သက်သွားချေပြီ။

ဧရာမမုန်လာဥကြီးတစ်လုံးက အဝေးရှိ မြေပြင်မှ ထိုးဖောက်ထွက်လာကာ ဤမြင်ကွင်းကို အလန့်တကြား ကြည့်နေသည်။

တခဏကြာပြီးနောက် တစ်လောကလုံး နှစ်ခြမ်းကွဲသွားသည့် နောက်ထပ်ထိတ်လန့်တုန်လှုပ်ဖွယ် အသံကြီးတစ်သံ ထွက်ပေါ်လာပြန်သည်။ ချင်မူ့ပတ်ပတ်လည်ရှိ ဖရိုဖရဲများက နှစ်ခြမ်းကွဲသွားပြီး နောက်တစ်ကြိမ် ဆင့်ကဲပြောင်းလဲလာကြပြန်သည်။ မုန်လာဥကြီးလည်း မြေကြီးထဲမှ ခုန်ထွက်ကာ ထွက်ပြေးသွားတော့၏။

သို့သော် ၎င်း၏ အရှိန်က မြန်ဆန်သော်လည်း ကောင်းကင်နှင့်မြေကြီးကို နှစ်ခြမ်းကွဲစေသည့် စွမ်းအားက ၎င်းနောက်မှ အမှီလိုက်လာသည်။ ကမ္ဘာလောကမအားလုံးမှာ နတ္ထိဗလာမှ ဖြစ်တည်လာကြပြီး မုန်လာဥကြီးမှာ အဆမတန် ကြီးထွားလာကာ ယိုတုသို့ ပြုတ်ကျသွားသည်။

ယိုတုတွင် သေဆုံးနေကြသော ကြက်နဂါးများ ပေါ်လာသည်။ သူတို့တွင် အားကိုးစရာ မရှိပေ။ ဝိညာဉ်များသာ ကျန်တော့ပြီး မုန်လာဥကြီး သူတို့ဘေးမှ ဖြတ်သွားသည်ကို ကြည့်နေရ၏။

မုန်လာဥကြီးသည် ဝိညာဉ်ဘဝ ရောက်နေသော ခွေ့နဂါးများကိုလည်း တွေ့လိုက်ရသည်။ ရုတ်တရက် ကျွဲဦးခေါင်း၊ လူခန္ဓာကိုယ်၊ ကျားမျက်နှာနှင့် မကောင်းဆိုးဝါးတစ်ကောင်က သူတို့အနောက်တွင် ပေါ်လာ၏။ ၎င်း၏ ခန္ဓာကိုယ်က ငေးမောလောက်ရသည်အထိ ကြီးမားပြီး ခေါင်းရှိ ဦးချိုကြီးနှစ်ခုကလည်း အထက်မှ အောက် စီးဆင်းနေသည့် ချော်ရည်ပူမြစ်ကြီးများအလား မြင့်မားလှသည်။

ဤကျွဲခေါင်းဖြင့် နတ်ဘုရားသည် ချင်မူ့မျက်နှာကို ပိုင်ဆိုင်ထား၏။ သူက ယိုတုမြစ်အား လက်တစ်ဖက်တွင် ကိုင်ထားလျက် ကြာပွတ်အဖြစ် အသုံးပြုနေသည်။ သူတို့ ယိုတုတွင် ရုန်းကန်နေကြသည်ကို မြင်လျှင် သူ၏ မျက်လုံးသုံးလုံး၌ အံ့ဩမှင်သက်နေသည့် အရိပ်အယောင်များ ပေါ်လွင်လာလေသည်။

ဝုန်း..

ယိုတုမြစ်က ပြေးဝင်လာပြီး ထို “သတ္တဝါငယ်လေး” များကို မ,ယူလိုက်သည်။ သူတို့မှာ ယိုတုထဲမှ ပစ်ထုတ်ခံလိုက်သည်။

ဘုန်း…. ဘုန်း… ဘုန်း

သူတို့အားလုံး မြေပြင်ပေါ်သို့ ကျရောက်သွားကြပြီး မူးဝေသွားကြ၏။

ကြက်နဂါးအုပ်၊ ခွေ့နဂါးအုပ်၊ အနီရောင်ငါးနှစ်ကောင်နှင့် မုန်လာဥတို့က ထရပ်လိုက်ကြသည်။ သူတို့သည် ကောင်းကင်နန်းဆောင်မုခ်၀အရှေ့တွင် ပြန်လည်ရောက်ရှိနေကြပြီး ပြန်လှည့်ကြည့်လိုက်သည့်အခါ အသစ်စက်စက် မွေးဖွားလာခဲ့သည့် စကြ၀ဠာမှာ ထပ်မံပြိုလဲနေသည်ကို တွေ့လိုက်ကြရ၏။ သူတို့၏ ရင်ထဲတွင် အကြောက်တရားများ ကြီးစိုးလာကြတော့သည်။

“ကွက်.. ကွက်… ကွက်” ကြက်နဂါးတစ်ကောင်က သူ၏ ဥကို ပိုက်၍ ပျော်ရွှင်စွာ နမ်းရှုံ့နေသည်။

ခွေ့နဂါးတစ်ကောင်လည်း သူ၏ခန္ဓာကိုယ်ကို အလျင်အမြန် စမ်းကြည့်လိုက်ရာ ရုပ်ခန္ဓာ ပြန်ရလာကြောင်း သိလိုက်ရသည်။ သူ့မှာ ကောင်းကင်ကို မော့ကြည့်ကာ ငိုကြွေးလိုက်မိ၏။

“ငါတို့ ကပ်ဘေးကြီးကို ကျော်လွှားနိုင်ခဲ့တဲ့အတွက် အနာဂတ်မှာ ကံကောင်းလိမ့်မယ်”

ခွေ့နဂါးတစ်ကောင်က ပါးစပ်ဟ၍ ရုတ်တရက် အလန့်တကြား ထအော်လိုက်သည်။ “၀မ်းဘဲ… ငါ အခု လူစကားပြောလို့ ရတယ်ဟ… မကောင်းဆိုးဝါများ ဖြစ်သွားတာလား…”

ခွေ့နဂါးအုပ်မှည ဝမ်းသာပျော်ရွှင်နေကြပြီး အဆက်မပြတ် အော်ဟစ်နေကြသည်။ ခွေ့နဂါးတစ်ကောင်က ထပြော၏။ “သွေးသစ္စာဆိုပြီး မဟာမိတ်ဖွဲ့ကြရအောင်…. သွေးသောက်ညီအစ်ကိုတွေ လုပ်ကြမယ်…. အခုအချိန်ကစပြီး ငါတို့က ‌ကောင်းကင်နတ်မြစ်ရဲ့ အရှင်သခင်တွေပဲ”

မုန်လာဉနှင့် လေထဲတွင် ပျံသန်းနေသော ခွန်နှစ်ကောင်ကလည်း ပါးစပ်များ ဟ၍ လူစကားပြောကြ၏။ “ကပ်ဘေးကြီးကို ကျော်လွှားနိုင်တဲ့အတွက် သေချာပေါက် ကံကောင်း ကြွယ်၀ချမ်းသာလာမှာပဲ…. ငါတို့ သွေးသောက်ညီအစ်ကိုမောင်နှမတွေ လုပ်ကြမယ်…. ဘယ်လိုထင်လဲ”

သူတို့က ကြက်နဂါးများကို ကြည့်လိုက်ကြသည်။ ကြက်နဂါးများက သူတို့၏ မျက်လုံးပိစိလေးများဖြင့် ပြူးပြူးပြဲပြဲ ကြည့်ကာ အော်ဟစ်လိုက်ကြ၏။ “ကွက်… ကွက်… ကွက်…”

မုန်လာဥက သင်္ကာမကင်းစွာ ပြောသည်။ “ကြည့်ရတာ သူတို့က အသိဉာဏ်နိုးထနိုင်တဲ့ပုံ မပေါ်ဘူး…. ကြက်တွေကို သတ်ပြီး သွေးသစ္စာအတွက် ယဇ်ပူဇော်ကြမလား… ငါတို့….”

တခဏကြာ‌သော် အသက်ရှင်ကျန်ရစ်နေသေးသည့် ကြက်နဂါးများမှာ ကောင်းကင်နန်းဆောင်၏ တောင်ကောင်းကင်မုခ်၀ထောင့်တစ်နေရာတွင် တုန်ရီနေကြတော့သည်။ သူတို့၏အဖော်များ ကြက်ကင်ဖြစ်သွားကြသည်ကို ကြည့်ရင်း တစ်ကောင်နှင့်တစ်ကောင် ခြောက်ခြားစွာ ကြည့်နေကြမိသည်။

“ဘာလို့ ဒီကြက်နဂါးတွေက ဒီမှာပုန်းနေတာလဲ”

အဘွားစစ်၏အသံက နန်းဆောင်ထဲမှ ထွက်ပေါ်လာကြသည်။ “မျက်ကန်းရေ၊ ဒီနေ့ နေ့လည်စာ ဘာစားကြမလဲဟေ့”

“မူအာ့ဆီက ငါးနှစ်ကောင် ရှိတယ်လေ”

မျက်ကန်းက ပြန်ဖြေ၏။ “အမဲသား‌လေးနဲ့ မုန်လာဥလေးလည်း နုတ်နုတ်စင်း ထည့်တာပေါ့…”

ဝှီး… ဘုတ်

ကြက်နဂါးများနှင့် သူတို့၏ သွေးသောက်ညီအစ်ကိုများ ဖြစ်သည့် ခွန်ငါးနှစ်ကောင်နှင့် ခွေ့နဂါးများအားလုံး ကသိုက်ကရိုက် ‌ထွက်ပြေးသွားကြတော့သည်။

ထိုညတွင် ကောင်းကင်နန်းဆောင်အပြင်ရှိ တောအုပ်ထဲတွင် ကြက်နဂါးဆယ်ကောင်ကျော်က မီးပုံတစ်ပုံ ဖို၍ မီး‌မွှေးထားသည်။

သူတို့က သစ်သားခြောက်များဖြင့် ပြုလုပ်ထားသည့် ရိုးရိုးရှင်းရှင်း ယဇ်ပလ္လင်တစ်ခုကို ၀န်းရံထားကြ၏။ ထို့နောက် ယဇ်ပလ္လင်အား လှည့်ပတ်လျှောက်၍ ခပ်တိုးတိုး ရွတ်ဖတ်ကာ ထူးဆန်းသော ယဇ်ပူဇော်မှုတစ်ခုကို ဆောင်ရွက်နေကြသည်။

အချိန်တစ်ခု ကြာသွားပြီးနောက် ယဇ်ပလ္လင်အလယ်ဗဟိုရှိ ကြက်နဂါးဥက ရုတ်တရက် အက်ကွဲလာပြီး ဥပေါ်တွင် အက်ရာတစ်ကြောင်း ပေါ်လာ၏။

သေးငယ်ထူးကဲသော ကြက်နဂါးတစ်ကောင်က ဘယ်တောင်ပံကို ကောင်းကင်ဆီသို့ ညွှန်ပြ၍ ညာတောင်ပံကိုတော့ မြေကြီးထံ ညွှန်ပြရင်း ဥထဲမှ ထွက်လာသည်။ ယင်းက ဤလောက၌ မွေးဖွားလာပြီးနောက် ပထမဆုံး အော်ဟစ်သံကို ထုတ်လွတ်လိုက်၏။

“ကြက်နဂါးဟူသည် ကျွန်ခံရိုး ထုံးစံမရှိ …”

ချင်မူက သူ၏ ကိုယ်ပိုင်တာအိုကို သုံး၍ စကြ၀ဠာနှင့် သူ၏ကိုယ်ပိုင်ကောင်းကင်ရတနာများ မွေးဖွားခြင်းနှင့် သေဆုံးခြင်းတို့ကို လှည့်ပတ်နေစေသည်။ အဆုံးသတ်မြို့ပျက်လမ်းစဉ်အပေါ် သိမြင်နားလည်မှုက ပို၍နက်နဲလာသည်သာမက သူ၏ ကောင်းကင်ရတနာထဲရှိ လောကသစ်ပင်ကလည်း အဆက်မပြတ် ကြီးထွားလာနေ၏။

အဆုံးသတ်မြို့ပျက်ကြာစေ့များက အမြွှာကြာပန်းပွင့်နှစ်ပွင့်အဖြစ် ပြောင်းလဲသွားပြီး သူ၏ ကျင့်စဉ်လည့်ပတ်နေမှုစနစ်ကို ဖြေရှင်းပေးလိုက်သည်။

အချိန်တစ်ခုကြာပြီးနောက် ချင်မူမှာ မျက်လုံးများ ပြန်ပွင့်လာသည်။ သူ၏မျက်ခုံးနှစ်ဖက်ကြားရှိ ဒေါင်လိုက်မျက်လုံးက ဖရိုဖရဲတို့ဖြင့် ပြည့်နှက်နေ၏။ သူ ကျင့်စဉ်ကို အသက်သွင်းလိုက်သည့်အချိန်တွင် လောကသစ်ပင်၏ သစ်ကိုင်းသစ်ခက်များက သူ့အနောက်၌ ယိမ်းနွဲ့နေသည်ကို တွေ့ရသည်။ ဧရာမကောင်းကင်နတ်ဘုံတစ်ခု ထွက်ပေါ်လာပြီး ကျောက်စိမ်းမြို့တော်ထဲ၌ ဖရိုဖရဲများ တဟုန်ထိုး ထွက်ပေါ်လာ၏။ ပုံရိပ်ယောင်နှင့် အစစ်အမှန်ကြားတွင် ခန်းမတစ်ခုက ဝိုးတိုးဝါးတား တည်ရှိနေလေသည်။

တာအိုဒဿနတက္ကသိုလ်၏ ကြယ်ခြွေတောင်ထွတ်တွင် ရှင်းအန်းသည် လင်ယွိရှို့ထံမှ စာတစ်စောင်ကို လက်ခံရရှိ၏။ သူ၏အကြည့်က ၎င်းစာကို ကြည့်ပြီးနောက် ဖြတ်ခနဲ တောက်ပသွားပြီး သေတ္တာကို ကြည့်ကာ ‌ပြောလိုက်သည်။ “ငါ ဂိုဏ်းသခင်ချင်ရဲ့ ဦးနှောက်ကို လိုချင်တာ ဒီအကြောင်းအရင်းကြောင့်ပဲ… သူ့မှာ ဦးနှောက်တစ်ခုပဲ ရှိပေမယ့် ငါ ရှာမတွေ့တာကို တွေ့နိုင်ခဲ့တယ်…”

သူက ထရပ်လိုက်ရင်း ပြော၏။ “အထုပ်ပြင်တော့… ငါတို့ ကောင်းကင်နတ်ဘုံကို သွားမယ်”

သေတ္တာက ချက်ချင်းပင် နန်းဆောင်ထဲတွင် ဟိုလှန်သည်လှော လုပ်၍ သူ့ခန္ဓာကိုယ်ထဲ ထည့်နိုင်သည့်အရာဟူသမျှကို ထည့်သွင်းသိမ်းဆည်းနေ၏။ ယင်းက ရှင်းအန်း၏ နန်းဆောင်ထဲရှိ ရတနာများကို အလျင်အမြန် သိမ်းဆည်းပြီးနောက် ဂျိတ်ခနဲ ပိတ်သွားသည်။ ထို့နောက် ရှင်းအန်းနောက်သို့ ပေါ့ပါးသွက်လက်စွာ လိုက်သွားတော့သည်။

“ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်သခင် …. ကောင်းကင်နတ်အရှင်ရှင်းအန်းတဲ့လား…”

ရှင်းအန်းက နန်းတော်တံခါး၀ကို ပိတ်၍ ထာ၀ရငြိမ်းချမ်းရေးအင်ပါယာရှိ စွမ်းအင်အကူးအပြောင်းတံတားဆီသို့ လျှောက်သွားသည်။ သူက ခပ်တိုးတိုး ရေရွတ်လိုက်လေသည်။ “ငါ ဂရုမစိုက်ဘူး… ကောင်းကင်နတ်ဘုံမှာ ဘာများသိမ်းလို့ရမလဲ သွားကြည့်ရုံပဲ”

All Chapters