← Chapters

မြေအောက်ဘုံအရှင်သခင်၏ ဝိညာဉ်ကို ဆင့်‌ခေါ်ခြင်း

Vol. 126 Ch. 1633

မြေအောက်ဘုံအရှင်သခင်၏ ဝိညာဉ်ကို ဆင့်‌ခေါ်ခြင်း

Vol. 126 Ch. 1633

ဘိုးဘေးနန်းတော် ကောင်းကင်ပင်လယ်တွင်…

‌ကောင်းကင်နတ်ဧကရာဇ်ဟောင်က ကောင်းကင်ပင်လယ်ထဲသို့ ဆင်းသက်သွားပြီး ပင်လယ်ရေပြင်ထက်၌ လမ်းလျှောက်နေသည်။ ပင်လယ်ရေပြင်က မှန်တစ်ချပ်အလား ကြည်လင်တောက်ပလျက် တည်ငြိမ်အေးဆေးနေသည်။

ကောင်းကင်နတ်ဧကရာဇ်ဟောင်က ချင်မူ့အကြောင်း ပြန်‌တွေးရင်း သူ့ကြောင့် အရှက်ကွဲခဲ့ရသည်များကို ပြန်စဉ်းစားလိုက်သော်လည်း ကောင်းကင်ပင်လယ်တွင် လှိုင်းဂယက်များ ထွက်ပေါ်မလာတော့ချေ။

'ငါ့စိတ်နှလုံးမိစ္ဆာက လုံး၀ကို ပျောက်ကွယ်သွားပြီပဲ’

သူ၏ နှလုံးသားမှာ တည်ငြိမ်အေးဆေးနေပြီး သူ့ကျင့်စဉ်များ၊ လမ်းစဉ်များနှင့် ကောင်းကင်နတ်သိုင်းများထဲ၌ ငုပ်လျှိုးနေခဲ့သောအရာများ ထွက်ပေါ်လာနေသည်ကို ခံစားနေရ၏။ သူ့ခန္ဓာကိုယ်ထဲရှိ တာအိုစည်းချက်မှာလည်း တဖြည်းဖြည်း မြင့်တက်လာနေသည်။ ဤသည်က သူ တာအိုအဆင့်သို့ တက်တော့မည့် အရိပ်အယောင်ပင် ဖြစ်၏။

သူ့ ဦးခေါင်းနောက်တွင် လှည့်ပတ်နေသော တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးက ပိုပို၍ အားကောင်းလာသလို တာအိုစည်းချက်ကလည်း ပိုပို၍ ကျယ်လောင်သည်။ အချိန်အတော်ကြာပြီးနောက် တာအိုတစ်သောင်းကောင်းကင်လှည်းဘီးက ရုတ်တရက် ကွဲထွက်သွားလေသည်။

ဝှီး.. ဝှီး… ဝှီး…

တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးသုံးခုက ကောင်းကင်ပင်လယ်အထက်၌ ထွက်ပေါ်လာသည်။ လှည်းဘီး၏ အရှေ့ခြမ်းနှင့် အနောက်ခြမ်းတို့က ရှင်းလင်းပြတ်သားနေ၏။

တာအိုအဆင့်၏ တစ်ဆင့်ချင်းစီသည် ကောင်းကင်ဘုံအလွှာတစ်ခုစီ ဖြစ်သည်။

တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးက သူ၏ တာအိုအဆင့် ၃၁ ဆင့်ရှိ အောင်မြင်မှုများကို ကိုယ်စားပြုပေသည်။

ရုတ်တရက် တာအိုတစ်သောင်း ကောင်းကင်လှည်းဘီးအားလုံးက သူ့ဦးခေါင်းအနောက်တွင် ကောင်းကင်လှည်းဘီးတစ်ခုတည်းအဖြစ် ပေါင်းစည်းသွားကြပြီး ဖြည်းညှင်းစွာ လှည့်ပတ်နေကြသည်။

နဂါးဟန်‌ခေတ်၏ ကောင်းကင်နတ်အရှင်များအနက် သိုင်းအဆင့်ဖွင့်နိုင်ခဲ့သော ဒုတိယမြောက် ကောင်းကင်နတ်အရှင်အနေဖြင့် ကောင်းကင်နတ်ဧကရာာဇ်ဟောင်၏ သိမြင်နားလည်မှုနှင့် ဉာဏ်ပညာမှာ ထူးကဲကောင်းမွန်လှသည်။

“ခိုင်ဧကရာဇ်.... တာအိုကျင့်စဉ်စနစ်ကို ဖွင့်လှစ်ပေးနိုင်ခဲ့တဲ့ မင်းရဲ့ ပါရမီက သိပ်ကိုထူးကဲပေမယ့် မင်း သေသွားတာတော့ နှမြောစရာပဲ… မင်းနဲ့ငါ ကြားမှာ အောင်နိုင်သူကို မဆုံးဖြတ်နိုင်ခဲ့တာတော့ ငါ တစ်သက်လုံး နောင်တရနေမိတော့မယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ အ၀တ်များက လေထဲတွင် ‌မြောလွင့်နေပြီး သူက ကောင်းကင်ပင်လယ်မှ ပျံတက်၍ ကောင်းကင်နတ်ဘုံသို့ ဦးတည်သွားသည်။ “ခိုင်ဧကရာဇ်က သေသွားပြီ…. ကောင်းကင်နတ်အရှင်မူက ဒဏ်ရာရထားတယ်…. ဘယ်သူကများ ငါ့ပြိုင်ဘက် ဖြစ်လာပြီး ငါ နောက်ထပ်ခြေတစ်လှမ်း တက်နိုင်ဖို့ ကူညီပေးမှာလဲ”

သူ၏နှလုံးသားထဲတွင် ကြေကွဲပူဆွေးသော စိတ်ခံစားချက်တို့ ထွက်ပေါ်လာသော်လည်း သူ ကောင်းကင်နတ်ဘုံသို့ ရောက်သည့်အချိန်တွင် နတ်တပ်မှူးတစ်ဦးက ချက်ချင်း လာရောက်လျှောက်တင်သည်။ “အရှင်မင်းကြီးဘုရား၊ ရှင်းအန်းလို့ ခေါ်တဲ့လူတစ်ယောက် အောက်ဘုံကနေ ရောက်လာပါတယ်… အရှင်မင်းကြီးက သူ့ကို ဖန်ဆင်းဂိုဏ်းချုပ်နန်းတော်ရဲ့ အရှင်သခင်အဖြစ် ခန့်အပ်ဖို့ ဖိတ်ခေါ်ထားတာလို့ ဆိုပါတယ်”

ကောင်းကင်နတ်ဧကရာဇ်ဟောင်၏ မျက်လုံးများ အရောင်လဲ့သွားပြီး သူက ကျယ်လောင်စွာ ရယ်မောလိုက်သည်။ “ကောင်းကင်နတ်အရှင်မူက ကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းတဲ့နေရာမှာ သိပ်ကိုမြန်တာပဲ… မြန်မြန် သူ့ကို အခစားဝင်ခိုင်းလိုက်”

သူ၏နှလုံးသားထဲရှိ ကြေကွဲဝမ်းနည်းနေမှုတို့မှာ အစအနပင်မကျန်အောင် ပျောက်ကွယ်သွားတော့သည်။ သူက ပြုံးလိုက်၏။ “ဒီကောင်းကင်နတ်အရှင် ရှင်းအန်းနဲ့ဆို ငါ နောက်ထပ်တစ်ဆင့် တက်နိုင်ပြီ”

ချင်မူ နေထိုင်ရာ မာန်ဟုန်မြစ်အထက် ကောင်းကင်ရှိ ကောင်းကင်နန်းဆောင်မှာ တည်ငြိမ်အေးချမ်းနေသည်။ ချင်မူသည် နွားကျောင်းလိုက်၊ ကြက်မွေးလိုက်၊ ငါးစာကျွေးလိုက် အနားယူနေတတ်သလို မုန်လာဥအတွကလည်း ပိုးကောင်များ ဖမ်းပေးနေတတ်၏။ တစ်ခါတစ်ခါများတွင် ဆေးဆရာနှင့် ရွာလူကြီးတို့နှင့်အတူ လက်ဖက်ရည်ကြမ်းသောက်လိုက်၊ သားသတ်သမားနှင့် ဓားမစွမ်းရည်များ ယှဉ်ပြိုင်လိုက်၊ မျက်ကန်းနှင့် နတ်မျက်စိအရာတွင် ယှဉ်ပြိုင်လိုက်၊ ရွှေအအား သံမဏိသွန်းလုပ်ရာတွင်ကူညီလိုက်ဖြင့် နေ့ရက်များ ကုန်ဆုံးနေတတ်သည်။

လင်ယွိရှို့က အဘွားစစ်ထံ သွား၍ အဝတ်ချုပ်နည်းကို သင်ယူလေ့လာသည်။ အဘွားစစ်က သူမ၏ ဗိုက်ကို တစ်ချက်တစ်ချက် ကြည့်ကာ ကလေးအဝတ်များ ချုပ်နေသည်။ လင်ယွိရှို့၏ မျက်နှာကလေးက နီရဲနေလေသည်။

“ကိုယ်၀န်က ဆယ်လ ဆောင်ရတာမလား… လာမယ့်ရက် အနည်းငယ်ဆို သိရတော့မယ်မလား” အဘွားစစ်က ငွေရောင်အပ်ကို ပွတ်၍ အမှတ်မထင် မေးသလို တမင်တကာ မေးလိုက်သည်။

“မရသေးပါဘူး ဘွားဘွားကလည်း”

လင်ယွိရှို့က အလျင်အမြန် ပြောသည်။ “ကောင်းကင်နတ်ဘုံက ကျွန်မတို့ကို အချိန်မရွေး ဖိနှိပ်လာနိုင်တဲ့အတွက် ကလေးမယူချင်သေးဘူးလို့ မောင်ကြီးက ပြောပါတယ်”

“အဓိပ္ပာယ် မရှိတာ”

အဘွားစစ်က ဆဲရေးတိုင်းထွာလိုက်ပြီးနောက် ရုတ်တရက် ရယ်မောလိုက်၏။ “ကောင်းကင်နတ်ဘုံ ငါတို့ကို မတိုက်ခိုက်လာသေးသရွေ့ ကလေးမမွေးတော့ဘူးပေါ့…. တစ်လောကလုံးမှာ ရှိတဲ့သူတွေအားလုံး နင်တို့လိုသာ တွေးမယ်ဆိုရင် လူသားမျိုးနွယ် မျိုးသုဥ်သွားတာ ကြာပြီ…. ကလေးတစ်ယောက် မြန်နိုင်သမျှ မြန်မြန်ယူလိုက်”

လင်ယွိရှို့က ခေါင်းညိတ်လိုက်ရင်း ချက်ချင်း စကားလမ်းကြောင်းလွှဲလိုက်သည်။ “ဘွားဘွား၊ ကြက်နဂါးတွေ အခုတလော ထူးဆန်းနေတယ် မခံစားရဘူးလား…. တစ်ခုခုကို အကြီးအကျယ် ဆွေးနွေးနေကြသလို ခိုးကြောင်ခိုးဝှက်ပုံစံ ဖြစ်နေသလိုပဲ”

“သူတို့က ကြက်တွေပဲဟာ”

အဘွားစစ်က စိတ်ထဲမထားပေ။ “နင် ကိုယ်ဝန်ရတဲ့အခါကျရင် ဆေးဖော်စပ်ဖို့အတွက် မျက်ကန်းကို တစ်နေ့တစ်ကောင်စီ သတ်ခိုင်းရမယ်… ကောင်းကင်နန်းဆောင်အပြင်က ကြက်အုပ်နဲ့တင် မလုံလောက်သေးဘူး…. ကံကောင်းလို့ ဒုက္ခိတဘိုးဘွားကျေးရွာမှာ အုပ်လိုက်ကြီး ရှိနေသေးတယ်… သူတို့နဲ့ ဂျင်ဆင်းနဲ့အတူ ရောပြီး တစ်အိုးထဲ နှပ်ထားလို့ရတယ် … ဒါနဲ့ မူအာရော အခုရက်ပိုင်း ဘာတွေလုပ်နေလဲ”

လင်ယွိရှို့က ဖြေသည်။ “ကျင့်ကြံနေသော အခက်အခဲတစ်ခုခု ကြုံနေရတဲ့ပုံပါပဲ… ဒါပေမဲ့ ကျွန်မကို မပြောပြသေးဘူး…သူ ကျောက်စိမ်းမြို့တော် အဆင့်ကို ကျင့်ကြံခဲ့တုန်းက ပလ္လင်ခန်းမ ၅၈ ခုပဲ ရှိခဲ့တာ… ၇၂ ခု မဟုတ်ခဲ့ဘူးဆိုတော့ ခေါင်းကိုက်ပြီး နောက်ထပ်အဆင့်တစ်ဆင့် မတက်နိုင်မှာကို စိုးရိမ်နေတယ်ထင်ပါရဲ့”

အဘွားစစ်က သူမ၏ အပ်ချည်မျှင်နှင့် ကြိုးကို ချထား၍ စဉ်းစားနေသည်။ “၅၈ ခုနဲ့ ၇၂ ခု… ဧကရာဇ်အတိုင်ပင်ခံကို တိုက်ရိုက် မေးလို့မရဘူးလား…. ဧကရာဇ်အတိုင်ပင်ခံမှာလည်း ပလ္လင်ခန်းမ ၇၂ ခု ရှိတယ်မဟုတ်လား”

သူမပြောသည့် ဧကရာဇ်အတိုင်ပင်ခံမှာ ကျန်းပိုင်ကွေ့ဖြစ်သည်။ သူသည် ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ‌၇၂ ခုကို ကျင့်ကြံထားသူဖြစ်၏။

လင်ယွိရှို့က အဘွားစစ် ဆိုလိုသည့်အဓိပ္ပာယ်ကို နားလည်သဖြင့် ဖြေသည်။ “ဧကရာဇ်အတိုင်ပင်ခံ ကျင့်ကြံထားတဲ့ ပလ္လင်ခန်းမ ၇၂ ခုက မွေးရာပါတာအို ဖြစ်ပြီးတော့ ကောင်းကင်နန်းဆောင် ၃၆ ဆောင်က ကျင့်ကြံပြီးမှရတဲ့ တာအိုလို့ ကျွန်မရဲ့ ယောက်ျားက ပြောပါတယ်… သူတို့က ကျောက်စိမ်းမြို့တော်ထဲက ပလ္လင်ခန်းမ ၇‌၂ ခုနဲ့ မတူဘူး…. ကျောက်စိမ်းမြို့တော်ထဲက ပလ္လင်ခန်းမ ၇၂ ခုက ကမ္ဘာခေတ်ဦးတာအိုသိုင်းပညာရှင် ၇၂ ယောက်ရဲ့ မဟာတာအိုက‌နေ ဖွဲ့တည်လာခဲ့တာ… သူတို့က တာအိုသိုင်းပညာရှင် ၇၂ ယောက်ရဲ့ အောင်မြင်မှုကို ကိုယ်စားပြုတယ်”

အဘွားစစ်က စိတ်ထဲ မထားပေ။ “မူအာက တစ်ခုခုဆို အစွဲအလမ်းကြီးတယ်… အသင့်လုပ်ပြီးသားအရာတွေ ရှိပေမယ့် ပိုကောင်းတာတွေ ရှာတတ်တယ်… ကျောက်စိမ်းမြို့တော်ထဲက ပလ္လင်ခန်းမ ၇၂ ခုက ငှားယူထားတဲ့ စွမ်းအားတွေပဲ… သူ ဘယ်လောက်ပဲကောင်းကောင်း ကျင့်ကြံပါစေ အိပ်မက်တစ်ခုပဲ ဖြစ်နေမှာ…. တန်ခိုးရှင်သစ်ခုတ်သမားက သူ့ကို ကမ္ဘာခေတ်နှောင်းတာအို ၃၆၀ မပေးခဲ့ဘူးလား… ၇၂ မျိုးကိုပဲ ရွေးပြီး ပလ္လင်ခန်းမ တွေအဖြစ် သန့်စင်လိုက်ရုံပဲဟာ”

လင်ယွိရှို့က ပြုံး၏။ “ဘွားဘွားပြောတာ မှန်ပါတယ်… မောင်ကြီးက ခေါင်းမာနေလွန်းလို့သာ တန်ခိုးရှင်သစ်ခုတ်သမားရဲ့ကျင့်စဉ်ကို မကျင့်ချင်ချင်ဘူး ဖြစ်နေတာ”

အဘွားစစ်မှာ မာန်မဲလိုက်သည်။ “သူက တစ်လောကလုံးဆီက သင်ယူခဲ့တာလေ… သူ ဘယ်သူ့ဆီက မသင်ယူဖူးတာ ရှိလို့လဲ … နဂါးချီလင်ဆီကတောင် သင်ခဲ့သေးတာပဲဟာ… သူ့ရဲ့ဆရာဆီက သင်တာ ဘာဖြစ်လို့လဲ… ဖြစ်သင်တဲ့ကိစ္စပဲဟာ…”

“ကျွန်မ သူနဲ့ စကားသွားပြောလိုက်ပါ့မယ်”

လင်ယွိရှို့က ထထိုင်၍ ချင်မူ့အား သွားရှာတော့မည်အချိန်တွင် အဘွားစစ်သည် သူမလက်ထဲသို့ ကလေးဝတ်စုံအချို့ အတင်းထိုးထည့်ပေး၏။ “နင်က သိပ်ကို ကောင်းတယ်… ဧကရာဇ်တစ်ပါးရဲ့ ဟိတ်ဟန်ရှိနေလိမ့်ဦးမယ် ထင်ထားခဲ့တာ ကြည့်ရသရွေ့ ငါသက်သက် အတွေးများခဲ့တဲ့ပုံပဲ… နွားကျောင်းသားကို ဒီအဝတ်လေးတွေ ပြလိုက်… သူ့ကုတင်မှာ နေ့တိုင်းချိတ်ထား”

လင်ယွိရှို့က အ၀တ်များကို သိမ်း၍ ခပ်သုတ်သုတ် ထွက်ခွာသွားတော့သည်။

သူမသည် ချင်မူ့ကို တွေ့သည့်အခါ အဘွားစစ်၏ စကားများကို ပြန်ပြောပြ၏။ “အဘွားစစ် ပြောတာမှန်တယ်… နင် ဘာလို့ မစဉ်းစားကြည့်တာလဲ”

ချင်မူက ပြုံးလိုက်သည်။ “ငါ စိုးရိမ်နေတာက အဲဒါတင် မဟုတ်ဘူး ... ကျင့်ကြံပြီးမှ ရတဲ့လမ်းစဉ်က အချိန်ကုန်ပြီး ပင်ပန်းတယ်… ဘာမှမရှိတာကနေ တစ်စုံတစ်ခု ဖြစ်လာအောင် ဖန်တီးရတာ… မြင့်မားတဲ့အဆင့်ထိ ရောက်ဖို့ ဘယ်လောက်ခက်ခဲလိုက်မလဲ… ထာဝရငြိမ်းချမ်းရေးအင်ပါယာနဲ့ ကောင်းကင်နတ်ဘုံကြားက စစ်ပွဲက နှစ်တွေအကြာကြီး အချိန်ဆွဲနေလို့ မဖြစ်ဘူး… ဒီလိုအချိန်မှာ ကျင့်ကြံပြီးမှရတဲ့ လမ်းစဉ်ကို ကျင့်မယ်ဆိုရင် အချိန်တွေကြာသွားလိမ့်မယ်”

လင်ယွိရှို့က စဉ်းစားပြီးနောက် ပြုံး၏။ “ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့ရဲ့ အဆင့်က အတော်လေးမြင့်မားနေပြီ…သူ့ရဲ့ကောင်းကင်ရတနာ ၃၆ ဆောင်ကို ပလ္လင်ခန်းမတွေအဖြစ် ပြောင်းလဲလို့ရလား… မောင်ကြီးက ရှင်းအန်းနဲ့ ကောင်းကင်နတ်ဧကရာဇ်ဆီကတောင် သင်ယူပြီးပြီပဲလေ …. သူ့ဆီကရော ဘာလို့မသင်တာလဲ”

သူမက ကျန်းပိုင်ကွေ့ သူတို့အား မင်္ဂလာလက်ဖွဲ့အဖြစ် ပေးလိုက်သည့် သစ်ကိုင်းအား ထုတ်ကာ ပြောသည်။ “ဒါက ဧကရာဇ်အတိုင်ပင်ခံကျန်းပိုင်ကွေ့ ဘယ်အဆင့်အထိ ကျင့်ကြံထားပြီးပြီလဲ မောင်ကြီး မှန်းကြည့်လို့ ရတယ်မလား”

ချင်မူက သစ်ကိုင်းကို ယူ၍ လက်‌ချောင်းဖြင့် တောက်လိုက်၏။ သစ်ကိုင်းက လေထဲသို့ ဝှီးခနဲ မြောလွင့်သွားပြီး အထဲတွင် ပုန်းခိုနေသည့် တာအိုက ပေါက်ကွဲထွက်လာသည်။ တခဏအတွင်း ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ခုတို့ ထွက်ပေါ်လာ၏။ ကျန်းပိုင်ကွေ့၏ အရိပ်က ကျောက်စိမ်းမြို့တော်အထက်တွင် ရပ်နေပြီး သူ၏ အတိုက်အခိုက်စွမ်းရည်က ကောင်းကင်အထိ မြင့်တက်နေသည်။

ရွှမ်း….

ကျန်းပိုင်ကွေ့၏ ဓားက ထိုးဆင်းလာပြီး သူ၏ ဓားလမ်းစဉ်မှာ အဆုံးမဲ့နေသည်။ ယင်းက စကြ၀ဠာ ဖွင့်ဟလာသကဲ့သို့ ခမ်းနားတင့်တယ်နေသည်။

ချင်မူက လက်ချောင်းတစ်ချောင်း ဆန့်ကာ ဓားရောင်အား အသာအယာ တို့ကြည့်လိုက်သည်။

ဒင်…

နူးညံ့သော အသံတစ်သံတ ထွက်ပေါ်လာပြီး ဓားရောင်မှာ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

ကျန်းပိုင်ကွေ့က နောက်တစ်ကြိမ် ပေါ်လာပြီး သူ၏ ဓားသိုင်းကွက်များက ပို၍ပင် ပြင်းထန်လာသည်။ သူ့အရိပ်က ဓားလမ်းစဉ်၏ ဒုတိယကောင်းကင်ဘုံကို အသက်သွင်းလိုက်ပြီး သူ့ရင်ထဲရှိ ရည်မှန်းချက်အားလုံးကို ဓားလမ်းစဉ်အဖြစ် ပေါင်းစည်းသွားစေ၏။

ဤဓားလမ်းစဉ်သည် ခိုင်ဧကရာဇ်ထက် များစွာ သာလွန်သော ရဲတင်းမှုကို ပိုင်ဆိုင်ထားသည်။

ဓားလမ်းစဉ် လှုပ်ရှားသွားသည်နှင့် ရွာလူကြီး၏ အာရုံကို ဆွဲဆောင်မိသွားသည်။ သူက ကျန်းပိုင်ကွေ့၏ ဓားသိုင်းကွက်များကို မော့ကြည့်စစ်ဆေးလိုက်ပြီး ပြောပြမတတ်အောင် စိတ်လှုပ်ရှားလာတော့သည်။

ချင်မူက ထပ်မံညွှန်ပြလိုက်ရာ ကျန်းပိုင်ကွေ့၏ ဒုတိယဓားလမ်းစဉ်က နောက်တစ်ကြိမ် ဖျက်ဆီးခံလိုက်ရပြန်၏။

ဓားရောင်တို့က ထပ်မံထွက်ပေါ်လာနေပြီး ဓားလမ်းစဥ်သည် ပေါက်ကွဲပြောင်းလဲလာသည်။ ယင်းက ထာဝရငြိမ်းချမ်းရေးအင်ပါယာ ပြုပြင်ပြောင်းလဲမှုကဲ့သို့ ခေတ်၏ အနှစ်သာရ၊ ချီနှင့် ဝိညာဉ်တို့ ကိန်းဝပ်နေသည်။

ချင်မူက သိုင်းကွက်ကို အသာအယာပင် ဖျက်ဆီးလိုက်ပြီး မကြာမီ ကျန်းပိုင်ကွေ့၏ ကောင်းကင်ဘုံ ၂၆ဆင့် ဓားသိုင်းကွက်အားလုံးမှာ ကုန်ဆုံးသွားတော့သည်။ ချင်မူမှာ စိတ်ပျက်နေသော မျက်နှာအမူအရာဖြစ်နေ၏။ ကျန်းပိုင်ကွေ့၏ နောက်ဆုံးတိုက်ကွက်နှင့်အတူ သူ၏ ပုံရိပ်၊ ကောင်းကင်နန်းဆောင် ၃၆ ဆောင်နှင့် ပလ္လင်ခန်းမ ၇၂ ခုတို့မှာ အက်ကွဲပြိုလဲ၍ ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားတော့သည်။

ရွာလူကြီးမှာ ၎င်းကို မြင်လျှင် ငေးကြောင်နေမိပြီး တရစပ် ချီးကျူးနေမိသည်။

“ကျင့်ကြံပြီးမှရ‌တဲ့ လမ်းစဉ်အနေနဲ့ ပလ္လင်ခန်းမတစ်ခု ဖြစ်လာဖို့ မသင့်တော်သေးဘူး”

ချင်မူက ခေါင်းခါရမ်းသည်။ “ညီလေးကျန်းရဲ့ စွမ်းဆောင်ရည်တွေက အဆင့်တစ်ဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေတဲ့အတွက် ကောင်းကင်နတ်ဘုံရဲ့ ကောင်းကင်ဆရာသခင်နဲ့ ယှဉ်ပြိုင်နိုင်တယ်…. ဒါပေမဲ့ ကျင့်ကြံပြီးမှရတဲ့ လမ်းစဥ်ကို ပြီးပြည့်စုံစေဖို့ လိုအပ်သေးတယ်… ငါ သူ့ကျင့်စဉ်ကို အတင်းအကြပ် ကျင့်ကြံလိုက်ပေမယ့် လိုအပ်ချက်ပဲ ဖြည့်တင်းပေးပြီး ငါ့အတိုက်အခိုက်စွမ်းရည်ကို အဆုံးအစွန်အထိ မမြှင့်တင်ပေးနိုင်ဘူး… ဒါ့အပြင် ဓားလမ်းစဉ်က မွေးရာပါချီကို မနိုင်လောက်ဘူး”

ရုတ်တရက် ရွှေအ၏ မအီမသာ ဖြစ်နေသော အသံ ထွက်လာသည်။ “မူအာ၊ မင်းက ကျင့်ကြံပြီးမှ ရတဲ့လမ်းစဉ်ကို အထင်သေးနေတာလား”

ဒုက္ခိတဘိုးဘွားကျေးရွာ၏ အဘိုးအဘွားများ မကျေမနပ်ဖြစ်နေကြသည်။ သူတို့အားလုံးသည် ကျင့်ကြံပြီးမှ ရရှိသည့်လမ်းစဉ်ဖြင့် စတင်ခဲ့ကြခြင်း မဟုတ်ပါလော။

ချင်မူက အလျင်အမြန် ဖြေသည်။ “ဘိုးဘိုးရွှေအ၊ ကျွန်တော် လုံး၀ အဲ့လိုတွေးတာ မဟုတ်ပါဘူးဗျာ… ခိုင်ဧကရာဇ်ရဲ့ ဓားလမ်းစဉ်ကလည်း ကျင့်ကြံပြီးမှရတဲ့ လမ်းစဉ်ပဲလေ… ကျွန်တော် ဘယ်လိုလုပ် အထင်သေးရဲမှာလဲ… အနာဂတ်မှာ တာအိုသိုင်းပညာရှင်တွေ ဖြစ်လာမယ့် လူတွေအများကြီး ရှိလာမှာပါ… ဒါပေမဲ့ အခုတော့ ဖြစ်မလာနိုင်သေးဘူး… ထာ၀ရငြိမ်းချမ်းရေးအင်ပါယာမှာသာ အချိန်အလုံလောက်ရှိရင် ကျင့်ကြံပြီးမှရတဲ့ လမ်းစဉ်က အနာဂတ်မှာ သေချာပေါက် တိုးတက်လာပြီး မွေးရာပါလမ်းစဉ်ကို ကျော်လွန်သွားလိမ့်မယ်… ဒါပေမဲ့ ကျင့်ကြံပြီးမှရတဲ့ လမ်းစဉ်ကို သိပ်ကို မြင့်မားလွန်းတဲ့အဆင့်တစ်ဆင့်အထိ ရောက်အောင် အဖြေရှာဖို့ ကျွန်တော့်မှာ အချိန်မရှိဘူး…. ဒ့ါအပြင် တစ်ခုခုကို အထူးပြုတဲ့ ပုဂ္ဂိုလ်တွေလည်း ရှိသေးတာဆိုတော့ ကျင့်ကြံပြီးမှ ရတဲ့လမ်းစဉ်က အနာဂတ်မျိုးဆက်တွေ သူတို့ရဲ့ ဉာဏ်ရည်ကို အသုံးချပြီး ပြီးပြည့်စုံဖို့ လိုတယ်”

သူက ပြုံးလိုက်သည်။ “ကျွန်တော်တို့က သူတို့ထက် အကြီးတွေလေ… ကျွန်တော်တို့လုပ်နိုင်တာ ဆိုလို့ သူတို့ရဲ့ ရည်ရွယ်ချက်တွေ ပါရမီတွေကို အပြည့်အဝ ခင်းလင်းချပြနိုင်မယ့် ကမ္ဘာလောကတစ်ခု ဖန်တီးပေးဖို့လိုတယ်… သူတို့အတွက် အဲဒီလိုအနာဂတ်ကို ဖန်တီးပေးနိုင်အောင် ကျွန်တော်တို့မျိုးဆက်က သွေးချွေးနဲ့ အသက်ကို ရင်းပြီး တိုက်ခိုက်ရမယ်”

ရွေအမှာ တိတ်ဆိတ်ငြိမ်သက်သွားသည်။ အချိန်အတော်ကြာပြီးနောက် သူက သက်ပြင်းချလိုက်၏။ “ငါ မင်းကို အထင်လွဲမိသွားတယ်… ဘိုးဘေးနန်းတော်မှာ ပလ္လင်ခန်းမ ၇၂ ခု ရှိတာမဟုတ်လား… မင်းက ၁၄ ခုလိုတာဆို‌တော့ ဘိုးဘေးနန်းတော်ကို နောက်တစ်ခေါက် ထပ်သွားရလိမ့်မယ်”

ချင်မူက ခေါင်းခါရမ်းလိုက်သည်။ “ဘိုးဘေးနန်းတော်ရဲ့ ပလ္လင်ခန်းမ ၇၂ ခုကို ကောင်းကင်နတ်ဧကရာဇ်ဟောင်နဲ့ ထိုက်ချူအကြား ခွဲယူပြီးနေပြီ… အခု ကျန်တဲ့ ၁၄ ခုက ထိုက်ချူရဲ့ လက်ထဲမှာ”

“ထိုက်ချူဆီက ငါတို့ ယူလို့ မရဘူးလား” ရွာလူကြီးက မေးသည်။

ချင်မူက ခေါင်းရမ်းပြ၏။ “ထိုက်ချူက သူ့သား အနိုင်ယူတာ ခံခဲ့ရပေမယ့် သူ့အနေနဲ့ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်နဲ့ ပူးပေါင်းဖို့က မဖြစ်နိုင်ဘူး… ကျွန်တော် ယွိရှို့နဲ့ လက်ထပ်တုန်းက အကောက်ကြံစည်ပြီး အရှေ့နတ်မင်းရဲ့ နဂါးအကြေးခွံကို မင်္ဂလာလက်ဖွဲ့အဖြစ် ပို့ပေးခဲ့တယ်… ကျွန်တော် အမှန်တကယ်ပဲ စိတ်ဓာတ်ကျပြီး သီးသန့်နေထိုင်နေတာလား ဆိုတာကို စမ်းသပ်ချင်တာ…. ကျွန်တော်သာ ချင်းလုံကို အသက်သွင်းလိုက်ရင် သူ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ချက်ချင်း ပြောပြမှာပဲ”

သူ့အကြည့်က ရိပ်ခနဲ ဖြတ်ပြေးသွားပြီး ပြောသည်။ “တစ်ရက်ပဲ ကောင်းကင်နတ်အရှင်ဆယ်ပါးထဲက တစ်ပါးဖြစ်ခဲ့ရင်တောင်မှ တစ်သက်လုံး ကောင်းကင်နတ်အရှင်ဆယ်ပါး ဖြစ်နေမှာပဲ…. စွန့်ပစ်လို့ မရနိုင်ဘူး”

အဘွားစစ်က ရုတ်တရက် ထပြောသည်။ “ထိုက်ချူမှာ ထာဝရငြိမ်းချမ်းရေးအင်ပါယာမှာ လူဝင်စားနေတဲ့ ဝိညာဉ်နှစ်ခု ရှိတယ်… ဒါပေမဲ့ ဘယ်သူမှ ရှာမတွေ့ကြသေးဘူး… ထိုက်ချူမှာသာ ရည်မှန်းချက်တွေ ရှိနေသေးရင် အဲဒီလို လူဝင်စားတွေလည်း ကျန်နေသေးတဲ့ ပလ္လင်ခန်းမ ၁၄ ခုကို သင်ယူထားပြီး ဖြစ်မှာပဲ… ငါတို့ အဲဒီခန်းမတွေကို ရနိုင်ဖို့ လူဝင်စားနှစ်ယောက်ကို ရှာတာ ကောင်းမယ်ထင်တယ်”

ချင်မူ့နှလုံးသားက အနည်းငယ် လှုပ်ရှားသွားပြီး မေးလိုက်သည်။ “သေခြင်းရှင်ခြင်းစာအုပ်နဲ့ သူတို့ကို ရှာလို့ရလား”

လင်ယွိရှို့က ခေါင်းခါရမ်းသည်။ “ငါက အရင်တုန်းက တိုင်းပြည်တစ်ပြည်လုံး သူတို့ကို ရှာဖို့အတွက် အမိန့်ထုတ်ခဲ့ဖူးပေမယ့် လုံးဝမတွေ့ခဲ့ဘူး…. သူက သေချာ သတိထားထားတာ… သေခြင်းရှင်ခြင်းစာအုပ်လည်း သူတို့ကို ရှာမတွေ့ဘူး… ကောင်းကင်နတ်အရှင်ရုံလည်း ကိုယ်တိုင် ရှာခဲ့ပေမယ့် မတွေ့ခဲ့ဘူး”

ချင်မူက တစ်ယောက်တည်း ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ စဉ်းစားနေသည်။ ရုတ်တရက် သူက ထပြော၏။ “ကောင်းကင်နယ်စားမင်းကို ခေါ်လိုက်ပါ… မြေအောက်ဘုံအရှင်သခင်အားချိုကိုလည်း ခေါ်လာခိုင်းလိုက်”

ရက်အနည်းငယ်ကြာသော် ကောင်းကင်နယ်စားမင်းသည် ပြောပြမတတ်အောင် စိတ်လှုပ်ရှားနေပြီး ရောက်ချလာသည်။ သူက မြေအောက်ဘုံအရှင်သခင်အားချို၏ ခန္ဓာကိုယ်ကို ချပြီး ဆီးကြိုမေးသည်။ “ကောင်းကင်နတ်အရှင်မူရဲ့ ဒေါသတွေ ပျောက်ကွယ်သွားပြီလား”

“ဒီလောက် အရေးနိမ့်နေတဲ့ အခြေအနေမှာ ဘယ်လိုလုပ် ပျောက်ကွယ်ဦးမှာလဲဗျာ”

ချင်မူက ခေါင်းခါရမ်းလိုက်ပြီး ကောင်းကင်နန်းဆောင်တစ်ဆောင်လုံး ပိတ်ကာလိုက်သည်။ သူက မန္တန်တစ်ခု ရွတ်ဖတ်၍ မြေအောက်ဘုံအရှင်သခင်၏ ဝိညာဥ်ကို ဆင့်ခေါ်လိုက်ချေပြီ။

All Chapters