← Chapters

အသန်မာဆုံး ရန်သူ

Vol. 6 Ch. 523

အသန်မာဆုံး ရန်သူ

Vol. 6 Ch. 523

ချန်းဖန်နှင့် ရှဲ့ရန်တို့ မြေပြင်ပေါ်သို့ ပြန်လည် ဆင်းသက်သည်နှင့် နဂါးခန်းမ၏ များစွာသော အဖွဲ့ဝင်များက ဒူးထောက်ကာ ကြိုဆို လိုက်ကြ၏။

"ဒါက ... ဘယ်လို ဖြစ်နိုင်မှာလဲ ..."

ကောရှို့ခန်ကား ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်နေခဲ့၏။ သူ၏ သမီးကို အရင်းအနှီးလုပ်၍ နဂါးခန်းမ အဓိက ထောက်တိုင် ဖြစ်ရန် ဟူသော အစီအစဉ်ကား လက်သီးချက် အနည်းငယ် အတွင်းမှာပင် ပျက်စီး သွားခဲ့ရပြီ ဖြစ်သည်။

ထိုအချိန်၌ ဝူကန်းချိုးကို ထောက်ခံခဲ့သူများကား မထိန်းချုပ်နိုင်အောင် တုန်ယင် နေခဲ့ကြပြီ ဖြစ်သည်။

"ဝူကျင်းရွှမ် ..."

ရှဲ့ရန်က အလွန်တရာ ကြောက်လန့်နေသော လူတစ်ယောက်အား အေးစက်စွာ ကြည့်လိုက်သည်။ သူကား ဝူကျင်းရွှမ် ဖြစ်ကာ နဂါးခန်းမ၏ ဆယ့်နှစ်ယောက်မြောက် ခေါင်းဆောင် ဖြစ်၏။

"ဝူကျင်းရွှမ် ... မင်းက နဂါးခန်းမကို သစ္စာဖောက်ပြီး ရန်သူတွေ အတွက် အလုပ်လုပ်ပေးခဲ့တယ် ... အဲဒီ တစ်ခုနဲ့တင် ငါမင်းကို သတ်သင့်နေပြီ ..."

ရှဲ့ရန်က အေးစက်စွာ ပြောလိုက်၏။

"တောင်းပန်ပါတယ် ... နဂါး သခင်ကြီး ... အရင်က ကောင်းကွက်တွေကို ထောက်ထားပြီး ကျွန်တော့်ကို အသက်ချမ်းသာပေးပါ ..."

ဝူကျင်းရွှမ်က တုန်တုန်ယင်ယင် တောင်းဆိုလိုက်သည်။

"မင်းရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်တဲ့သူက ငါ မဟုတ်ဘူး ..."

ရှဲ့ရန်က ခေါင်းကို ခါရင်း လက်ဝှေ့ယမ်း ပြလိုက်၏။ အစောင့်အချို့က အလိုက်တသိပင် ဝူကျင်းရွှမ်းကို ဖမ်းဆီးကာ အဝေးသို့ ခေါ်ဆောင်သွားသည်။

ထို့နောက် ရှဲ့ရန်က ချန်းဖန်ဘက်သို့ လှည့်ကာ ဦးညွှတ်ရင်း ပြောလိုက်၏။

"ဆရာ ... ကျွန်တော့်ကို ဧည့်ဝတ်ကျေခွင့် ပြုပါ ..."

"ကြိုဆိုပါတယ် ... ဂိုဏ်းချုပ် ..."

နဂါးခန်းမ၏ အဖွဲ့ဝင်များစွာကလည်း ညီညီညာညာပင် အော်ဟစ် လိုက်ကြသည်။

ယနေ့မှ စ၍ "နဂါးခန်းမ" ဟူသော အဖွဲ့အစည်းမှာ တည်ရှိတော့မည် မဟုတ်ပေ။ မြောက်ပိုင်းချုံးဂိုဏ်း၏ ဌာနခွဲ တစ်ခု အနေဖြင့်သာ ဆက်လက် ရပ်တည်တော့မည် ဖြစ်သည်။ ထို့ကြောင့်ပင် သူတို့က ချန်းဖန်အား လေးစားသမှုဖြင့် "ဂိုဏ်းချုပ်" ဟု ခေါ်ခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ချန်းဖန်နှင့် အခြားလူများသည် ခုနစ်ထပ်မြောက်ရှိ အစည်းအဝေး ခန်းမသို့ လျှောက်လာခဲ့ကြသည်။ စင်္ကာပူ၏ သမ္မတ အပါအဝင် နဂါးခန်းမ၏ များစွာသော အကြီးအကဲများသည် ချန်းဖန်နှင့် ရှဲ့ရန်တို့အား ခြံရံကာ လိုက်ပါကြ၏။

အစည်းအဝေး ခန်းမအတွင်း ရောက်သည်နှင့် ချန်းဖန်က ချက်ချင်း မထိုင်သေးပဲ ပြတင်းပေါက်ရှိရာသို့ သွားကာ အရှေ့တောင် အာရှ၏ ရတနာ မြို့တော်ကို ငေးမော ကြည့်လိုက်သည်။

"နဂါး သခင်ကြီး အန္တရာယ်ကင်းကင်း ပြန်ရောက်လာတာ တကယ်ပဲ ဝမ်းသာမိပါတယ် ... ပြန်လမ်းမဲ့ တောင်ကြားနားမှာ ဖြစ်ပျက်ခဲ့တဲ့ တိုက်ပွဲ ပုံရိပ်တွေကို ရှာပြီး ဖျက်ချပစ်ဖို့ ကျွန်တော့် လူတွေကို ညွှန်ကြားထားပါတယ် ..."

သမ္မတက ရှဲ့ရန်အား ဦးညွှတ်ရင်း ပြောလိုက်သည်။

"အင်း ..."

ရှဲ့ရန်က ခေါင်းညိတ်ပြလိုက်၏။

ကောမိသားစု၊ ဝူမိသားစုများနှင့် မတူညီစွာပင် လီမိသားစုသည် အင်အားကြီး နိုင်ငံရေး အင်အားစု ဖြစ်သည်။ နဂါးခန်းမ ပင်လျှင် စင်္ကာပူ အတွင်း တစ်ခုခု ပြုလုပ်လိုပါက လီမိသားစုထံ အကြောင်းကြားရသည်။

"ဒါက ... ဆရာ ချန်းပေ့ရွှမ်းလား ..."

သမ္မတက ပြတင်းပေါက် ဘေး၌ ရပ်နေသော ချန်းဖန်အား ကြည့်ကာ မေးလိုက်၏။

"ဒီနေ့ကစလို့ နဂါးခန်းမက မြောက်ပိုင်းချုံးဂိုဏ်းရဲ့ ဌာနခွဲ တစ်ခု ဖြစ်သွားပြီ ... ဆရာချန်းက ငါတို့ရဲ့ ဂိုဏ်းချုပ်ပဲ ..."

ရှဲ့ရန်က ပြောလိုက်၏။

"ဒါပေမဲ့ အမေရိကန်တွေက အဲဒါကို ခွင့်ပြုမယ် လို့ ထင်လား ..." သမ္မတက ပိုမို၍ ပြောလိုသော်လည်း ပါးစပ်ကိုသာ ပိတ်ထားလိုက်သည်။

အမေရိကန်သည် စင်္ကာပူ၏ အင်အား အကြီးဆုံး မိတ်ဖက်နိုင်ငံ ဖြစ်ကာ နိုင်ငံ ထူထောင်ရေး၌ များစွာ ကူညီခဲ့သည်။ စင်္ကာပူကား အမေရိကန်၏ ပစိဖိတ် သမုဒ္ဒရာ စိုးမိုးရေးတွင် အဓိက အရေးပါသည်။ ထို့ကြောင့်ပင် အမေရိကန်က စင်္ကာပူကို ချန်းဖန်၏ လက်အောက်သို့ ကျရောက်ခံမည် မဟုတ်ချေ။

"အမေရိကန် ..."

ရှဲ့ရန်သည် တိတ်ဆိတ်သွား၏။

USSR (Union of Soviet Socialist Republics) ပြိုကွဲချိန်မှ စ၍ အမေရိကန်သည် ကမ္ဘာအား တဖြည်းဖြည်း လွှမ်းမိုး လာခဲ့သည်။ ယနေ့ခေတ်၌ အမေရိကန်သည် ကမ္ဘာ့အင်အား အကြီးဆုံး နိုင်ငံ ဖြစ်သည်မှာ သံသယ ဖြစ်စရာ မရှိချေ။

"ဒီနေ့က စလို့ စင်္ကာပူ နိုင်ငံက နဂါးခန်းမနဲ့ ပတ်သက်စရာ မလိုတော့ဘူး ..."

ချန်းဖန်က ဝင်ရောက် ပြောလိုက်သည်။

အမေရိကန်သည် အင်အား ကြီးမားသည် ဆိုသော်လည်း ချန်းဖန် အနေဖြင့် ကြောက်စရာ မရှိချေ။ ထို့အပြင် အမေရိကန်သည် နျူကလိယ ပိုင်ဆိုင်သည့် တစ်ခုတည်းသော နိုင်ငံ မဟုတ်ချေ။

"ဒါနဲ့ ရှဲ့ရန် ... မင်း ငါ့မိသားစု အကြောင်း စုံစမ်း ခိုင်းထားတာ ဘာထူးလဲ ..."

ချန်းဖန်က ရှဲ့ရန်ဘက် လှည့်၍ မေးလိုက်သည်။

"အခုတော့ ပုံမှန်ပါပဲ ... မြောက်ပိုင်းချုံးဂိုဏ်းရဲ့ ကာကွယ်မှုကြောင့် ဘယ်သူမှ ချန်းမိသားစုကို မထိရဲကြဘူး ..."

ရှဲ့ရန်က အပြုံးဖြင့် ဆိုလိုက်သည်။

"လွန်ခဲ့တဲ့ တစ်နှစ်ခွဲ အတွင်းမှာရော ..."

ချန်းဖန်က မေးလိုက်သည်။

အခြားသော နဂါးခန်းမ အကြီးအကဲများက ထိုင်ရာမှ ထကာ လွန်ခဲ့သည့် တစ်နှစ်ခွဲ အတွင်း ဖြစ်ပျက်ခဲ့သည်များကို ပြောပြလိုက်သည်။

တန်ခိုးရှင် သုံးယောက်၏ သွေးတိုးစမ်းမှု အကြောင်း ကြားရသည့် အခါ၌ ချန်းဖန်က နှာခေါင်းရှုံ့မိသည်။ ချန်းမိသားစုအား ကာကွယ် ပေးခဲ့သော လျှို့ဝှက် ပုဂ္ဂိုလ်ကား ထုံရှန်း ဖြစ်သည်ကြောင်း ချန်းဖန် ကောင်းစွာ သိသည်။

ထုံရှန်းသည် ကျားနတ်ဆိုး ခန္ဓာကိုယ် သန့်စင်ခြင်း ကျင့်စဉ်ကို သုံးနှစ်တိုင်တိုင် လေ့ကျင့်ခဲ့သူ ဖြစ်သည်။ တန်ခိုးရှင် အဆင့် တစ်ယောက်ပင်လျှင် သူ့ကို အနိုင်ယူနိုင်တော့မည် မဟုတ်ချေ။

သို့သော်လည်း ထုံရှန်းကား ဉာဏ်ရည် နိမ့်ပါးလွန်း နေသေးသည်။ ထိုတိုက်ပွဲ၌ ယူကီရှီရိုဆာ သို့မဟုတ် တစ်ယောက်ယောက်က နောက်ကွယ်မှနေ၍ တိုက်ခိုက်ရန် အမိန့် ပေးခဲ့ခြင်း ဖြစ်နိုင်သည်။

"တန်ခိုးရှင် အဆင့်တွေ အများကြီး ပေါ်လာတာလား ..."

တရုတ် အပါအဝင် နိုင်ငံများစွာမှ တန်ခိုးရှင်များ အကြောင်း ကြားရချိန်၌ ချန်းဖန်ပင်လျှင် အံ့အားသင့် သွားခဲ့၏။

ကျားနဂါးတောင်၏ ယောင်တောက်ရီ၊ ဝူတန်ဂိုဏ်း၏ လီချန်းရှန့်၊ ဘူဟာဘုရားကျောင်း၏ ဓမ္မရာဂျာ စက္က၊ ထိုင်း၏ ဒါ့ဆင်း ... စသည်ဖြင့် များစွာသော တန်ခိုးရှင်များကား လွန်ခဲ့သည့် နှစ်ပေါင်းများစွာကပင် ကျော်ကြားခဲ့သူများ ဖြစ်ကြသည်။

"ဟမ် ... အမေရိကန်က တန်ခိုးရှင် တစ်ယောက်မှ မရှိတာလား ..."

ချန်းဖန်က တစ်စုံတစ်ခုကို သတိထားမိကာ မေးလိုက်၏။ အမေရိကန်သည် နှစ်ပေါင်း နှစ်ရာသာ သက်တမ်း ရှိသေးသည့် နိုင်ငံ ဖြစ်သော်လည်း အနည်းဆုံး တန်ခိုးရှင် တစ်ယောက်တော့ ရှိမည်ဟု ချန်းဖန် မျှော်လင့် ခဲ့သည်။

"အမေရိကန်က တန်ခိုးရှင် အဆင့်ကို မလိုလို့ပါ ..."

ရှဲ့ရန်က ဆိုလိုက်၏။

"တစ်ယောက်တောင် မလိုဘူးလား ..."

ချန်းဖန်က မျက်မှောင်ကြုတ်လိုက်သည်။

ထိုအရာက ကမ္ဘာ့ အင်အား အကြီးဆုံး နိုင်ငံကြီး၏ ယုံကြည်မှု ဖြစ်ကြောင်း ချန်းဖန် ခံစားမိသည်။ အမေရိကန်သည် နျူကလိယကို ပိုင်ဆိုင်ခဲ့ကာ ဒုတိယ ကမ္ဘာစစ်၌ ကမ္ဘာကို ဒူးထောက် စေခဲ့သည်။ သူတို့သည် တန်ခိုးရှင် အဆင့် တစ်ယောက်မျှ မရှိသော်လည်း ကမ္ဘာ၏ ထိပ်ဆုံး၌ ရပ်တည် နေနိုင်ဆဲ ဖြစ်သည်။

"ဟမ့် ... လူသား နိုင်ငံလေး ... ငါ မူလဝိညာဉ် အဆင့်ကို ရောက်ပြီးတာနဲ့ မင်းတို့ကို သင်ခန်းစာ တစ်ခု ပေးရဦးမှာပေါ့ ..."

ချန်းဖန်က နှာခေါင်းရှုံ့လိုက်၏။

"ကမ္ဘာပေါ်မှာ တန်ခိုးရှင် အဆင့် လေးယောက် ပါဝင်တဲ့ မြောက်ပိုင်းချုံး ဂိုဏ်းလို အင်အားကြီး အဖွဲ့အစည်းတွေ မပေါ်ခဲ့တာ ကြာပြီ ... ခွန်းလွန်ရဲ့ အလွှမ်းမိုးနိုင်ဆုံး အချိန်ကတောင် မြောက်ပိုင်းချုံးလောက် အင်အား မကြီးခဲ့ဘူး ..."

နဂါးခန်းမ၏ အထွတ်အထိပ် တစ်ယောက်က ပင့်သက်ရှိုက်ရင်း ပြောလိုက်သည်။ အခြားသော အထွတ်အထိပ် ပညာရှင်များကလည်း သဘောတူစွာ ခေါင်းညိတ်ကြသည်။

"ဂိုဏ်းချုပ် ရှိနေသမျှတော့ ကျုပ်တို့ ဘယ်ရန်သူ မဆို အနိုင်ယူနိုင်မှာ သေချာတယ် ..."

အခြား အထွတ်အထိပ် ပညာရှင် တစ်ယောက်ကလည်း ပြောဆိုလိုက်သည်။

ချန်းဖန်ကား တန်ခိုးရှင် အဆင့် သုံးယောက်ကိုပင် တစ်ဆယ် စက္ကန့် အတွင်း သတ်ဖြတ်ခဲ့သူ ဖြစ်သည်။ သူ၏ ကိုယ်ပိုင် စွမ်းအားက သံသယ ထုတ်စရာ မလိုချေ။

ထို့အပြင် ဆိုဘာဘီနှင့် ဒါ့ဆင်းတို့ကို သတ်ဖြတ် ပစ်လိုက်ခြင်းကလည်း အရှေ့တောင် အာရှ၏ ဆူးညှောင့်များကို ဖယ်ရှား ပစ်လိုက်သည်နှင့် အတူတူပင်။ မြန်မာ၏ အမှောင်ကဝေ ဂိုဏ်းနှင့် စင်္ကာပူ နဂါးခန်းမတို့၏ လွှမ်းမိုးမှုတွင် အရှေ့တောင် အာရှသည် မြောက်ပိုင်းချုံးဂိုဏ်း၏ အပိုင် ဖြစ်ပြီဟုပင် ဆိုနိုင်သည်။

ထိုအချိန်၌ ကောရှို့ခန်သည် အခန်း၏ ထောင့်တစ်နေရာတွင် တိတ်ဆိတ်စွာ ရပ်နေခဲ့၏။ သူ၏ မျက်လုံးများကမူ ချန်းဖန်နှင့် ကောနွမ်နွမ်တို့ ဆီသို့ တစ်လှည့်စီ ဝေ့လည် နေသည်။

သူသည် မှားယွင်းသော လမ်းကို ရွေးကာ ဝူကန်းချိုးထံ သစ္စာခံခဲ့သည်။ ကောနွမ်နွမ်၏ မျက်နှာကြောင့်သာ မဟုတ်ပါက ယခု အချိန်၌ အသတ်ခံ နေရလောက်ပြီ ဖြစ်သည်။

"သူက ချန်းပေ့ရွှမ်းဆိုတာ ငါ ဘယ်လို သိခဲ့မှာလဲ ..."

ကောရှို့ခန်က တီးတိုး ရေရွတ်လိုက်တော့၏။

***

ထိုအချိန် လင်းမိသားစု စံအိမ်၏ ကောင်းကင်ထက်၌ ထူးဆန်းသော အရာများ ဖြစ်ပေါ်နေသည်။ များစွာသော သက်တံများသည် ကောင်းကင်တွင် အပြိုင်အဆိုင် ဖြစ်ပေါ်နေကာ   ဘိုးဘေးခန်းမအား ဦးညွှတ်နေ၏။

"ဘိုးဘေးသခင်က မြေကမ္ဘာ နတ်ဘုရား အဆင့်ကို ချိုးဖျက် နေပြီလား ..."

လင်းမိသားစု အကြီးအကဲ တစ်ယောက်က ကောင်းကင်သို့ မော့ကြည့်ရင်း တီးတိုး ရေရွတ်လိုက်သည်။

ယခု အချိန်၌ လင်းစံအိမ်တွင် လင်းမိသားစုဝင်များသာ ကျန်ရှိတော့သည်။ များစွာသော အစေခံများ၊ အလုပ်သမားများသည် လွန်ခဲ့သည့် လအနည်းငယ်ကပင် အလုပ်ထွက် သွားကြပြီ ဖြစ်သည်။

လွန်ခဲ့သည့် နှစ်နှစ်ခန့် အတောအတွင်း ချန်းဖန်နှင့် မြောက်ပိုင်းချုံးဂိုဏ်းသည် အလွန်အမင်း အင်အား ကြီးထွားလာခဲ့သည်။ သူတို့က တရုတ်နိုင်ငံ အနှံ့အပြားရှိ လင်း အင်အားစုများကို ပြန်လည် ရုပ်သိမ်းရန် အထိပင် ဖိအားပေးခဲ့သည်။

တစ်ဖက်တွင်မူ လင်းလန့်ယာ သေဆုံးသွားခြင်းက လင်းမိသားစုအား ကြီးမားစွာ ထိခိုက် စေခဲ့သည်။ လင်းလန့်ယာသည် လင်းမိသားစု၏ အနာဂတ် ဖြစ်သည်။

မိသားစု၏ အတော်ဆုံး မျိုးဆက် ဖြစ်သော လင်းပို့ကျွင်းသည်လည်း ချန်းဖန်၏ လက်အောက်တွင်ပင် အသတ်ခံခဲ့ရသည်။

"လင်းပို့ကျွင်းနဲ့ လင်းလန့်ယာတို့ သေဆုံးသွားတာက ငါတို့ မိသားစုကို ကျဆင်းစေတဲ့ အဓိက အကြောင်းရင်းပဲ ..."

သခင်ကြီးလင်းက နာကျင်စွာဖြင့် ရေရွတ်လိုက်သည်။

သို့သော်လည်း လင်းမိသားစု အနေဖြင့် မည်သို့ လုပ်နိုင်မည်နည်း။ ချန်းဖန်နှင့် မြောက်ပိုင်းချုံး ဂိုဏ်းကို တိုက်ခိုက်ခြင်းက မိမိ သေတွင်းကို တူးခြင်းနှင့် အတူတူပင်။

"ငါတို့မှာ မျှော်လင့်ချက် တစ်ခုပဲ ရှိတော့တယ် ..."

လူတိုင်းက တီးတိုး ရေရွတ်ရင်း ဘိုးဘေး ခန်းမဆီသို့ ငေးကြည့်လိုက်မိကြသည်။

လင်းရှု့မင်သာ မြေကမ္ဘာ နတ်ဘုရား ဖြစ်လာပါက သူတို့၌ လက်စားချေရန် အခွင့်အရေး ရှိလာပေလိမ့်မည်။ သို့မဟုတ် ပါက အရှုံးကိုသာ တစ်သက်လုံး သိမ်းဆည်း၍ ဇာတ်သိမ်းရ ပေလိမ့်မည်။

နေ့ရက်များစွာ ကျော်ဖြတ်သွားခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း ဘိုးဘေးသခင်ကား ထွက်ပေါ်လာခြင်း မရှိသေးချေ။

တစ်နေ့၌ လင်းမိသားစု သခင်ကြီးသည် တစ်ခုခု ထူးလိုထူးငြား ဘိုးဘေးသခင် ခန်းမဆီသို့ လျှောက်လာခဲ့၏။

ရုတ်တရက် တောက်ပသော ဓားချီအလင်း တစ်ခုက ဘိုးဘေးခန်းမဆီမှ ထွက်ပေါ်လာကာ ကောင်းကင်သို့ ပျံတက်သွား၏။ ထိုအရာက မိုးကုပ်စက်ဝိုင်း၌ အဖြူရောင် အမှတ်အသားကို ချန်ရစ်ကာ တဖြည်းဖြည်း ပြန်လည် မှေးမှိန် ပျောက်ကွယ်သွားသည်။

"ဒါက ... ဘာများလဲ ..."

များစွာသော လင်းမိသားစုဝင် များသည် သိလိုဇောဖြင့် လင်းမိသားစု ဘိုးဘေးခန်းမ ရှိရာသို့ ချဉ်းကပ် လာကြ၏။

"ကလန့် ..."

ကြည်လင် ရှင်းလင်းသော တံခါးဖွင့်သံနှင့် အတူ ငယ်ရွယ် ချောမောသော လူတစ်ယောက် တစ်ယောက်သည် ဘိုးဘေး ခန်းမမှ ထွက်ပေါ်လာ၏။

ထိုလူငယ်သည် သန့်ရှင်းသော ရိုးရာ စာပေသမား ဝတ်စုံနှင့် ခေါင်းဆောင်းကို ဆင်မြန်းထားကာ ကျောထက်တွင် ဓားတစ်ချောင်းကို သိုင်းလွယ်ထား၏။

"သက်တော်ရှည်ပါစေ ... ဘိုးဘိုးကြီး ..."

လူငယ်အား တွေ့သည်နှင့် လင်းမိသားစု သခင်ကြီးက ချက်ချင်းပင် ဒူးထောက်ချကာ ဦးခိုက်လိုက်တော့၏။

***

All Chapters