← Chapters

ယားလိုက်တာ

Vol. 1 Ch. 9

ယားလိုက်တာ

Vol. 1 Ch. 9

ယွီဟွေးဖေးက ကိုယ့်ပါးစပ်ကို တစ်ချက်နှစ်ချက်သပ်ပြီး အားရပါးရ ရယ်လိုက်သည်။

“လောလောဆယ်တော့ ဒီလောက်ပဲပြန်ဆပ်လိုက်ဦးမယ်…”

အဲ့ဒါပြောပြီးတော့ အကြွေစေ့တစ်စေ့ကို စားပွဲပေါ်တင်လိုက်၏။ လမ်းဘေးမီးတိုင်အလင်းရောင်အောက်မှာ ရွှေရောင်တောက်နေတဲ့ အကြွေစေ့ပေါ်က ၅ ဂဏန်းက မျက်စိစူးလောက်အောင် ထင်းနေလေရဲ့။

…

“အဲ့ခွေးသားကို ချကွာ”

နောက်တစ်ခဏမှာတော့ အသက်လုပြေးနေပြီး နောက်ကနေ လူမိုက်တစ်သိုက်က ဘီယာပုလင်းတွေဆွဲပြီး အပြေးလိုက်နေကြတယ်လေ။

ပြေးရင်းလွှားရင်းနဲ့ “ဖိန်ဖိန်လေး၊ အထင်လွဲနေပြီ၊ အထင်လွဲနေပြီ” လို့အော်နေလျက်ပေါ့။

ဖြောင်း… ခွမ်း…

ဘီယာပုလင်း တစ်လုံးက ယွီဟွေးဖေး ဘေးမှာကျကွဲသွားတော့ သူ့ဖြင့် ကြောက်လွန်းလို့ ခုန်ဆွခုန်ဆွနဲ့ပြေးပြီး ကိုးလွှာဆောင်ထဲကို ခေါင်းစိုက် ဒိုင်ပင်ပစ်ဝင်သွားတော့သည်။

ဟိုလူမိုက်တစ်သိုက်က ကိုးလွှာဆောင်တံခါးဝအထိလိုက်လာပြီး ဖိန်ကောက ဒေါသတကြီးနဲ့ဝင်မလို့လုပ်တာကို တပည့်တစ်သိုက်က ဝိုင်းတားထားကြ၏။

ဖိန်ကောက ဒေါသတကြီးအော်တော့သည်။ “ငါ့ကိုလွှတ်… ဒီကောင်ငါ့ကိုစော်ကားတယ်၊ ငါသူ့ကိုသတ်မယ်”

“ဖိန်ကော… ဖိန်ကော… စိတ်လျှော့ပါ၊ ဒီကောင်အိမ်ထဲရောက်သွားပြီ” ဝတုတ်တစ်ယောက်က သတိပေးလိုက်၏။

ဖိန်ကော ဒါကိုကြားတော့ ရေခဲရေနဲ့အလောင်းခံလိုက်ရသလိုဖြစ်ပြီး တစ်ချက်တုန်သွားရင်း အရက်တစ်ဝက်လောက်ပြေသွားသည်။ နည်းနည်း အနိုးတကြားဖြစ်သွားတဲ့ပုံနဲ့ ခြံထဲက ယွီဟွေးဖေးကို လက်ညှိုးထိုးပြီး စိန်ခေါ်လေတော့သည်။

“ဟေ့ကောင်… သတ္တိရှိရင် မင်းထွက်ခဲ့လိုက်”

ယွီဟွေးဖေးလည်း မောဟိုက်စွာနဲ့ တံခါးဝကလူမိုက်တစ်သိုက်ကိုလှည့်ကြည့်ပြီး ပြန်စိန်ခေါ်၏။ “သ… သတ္တိရှိရင်… မင်းတို့ဝင်ခဲ့ကြလေ”

ဖိန်ကောကအော်၏။ “ယောက်ျားမှန်ရင် မင်းထွက်ခဲ့”

ယွီဟွေးဖေးလည်း ပြန်အော်သည်။ “ယောက်ျားမှန်ရင် မင်းတို့ဝင်ခဲ့ကြ”

ဖိန်ကောက ဒေါသထွက်ပြီး သူ့ကိုလက်ညှိုးထိုးရင်း “ကောင်းပြီ၊ အရမ်းကောင်းတယ်… မင်းငါ့ကိုစောင့်နေ။ ငါမင်းကိုဘာမှမလုပ်နိုင်ဘူးလို့မထင်နဲ့၊ ငါ့မှာလည်း လူရှိတယ်”

ကျွန်တော်ဖြင့် သဘောပေါက်သွားပြီ၊ ဒီကောင်တွေက မျက်လုံးပြူးကြီးကိုတကယ်ကြောက်နေတာ၊ မဝင်ရဲကြဘူး။ ဒါဆို ကျွန်တော်လည်း သတ္တိရှိသွားပြီပေါ့။ အသက် တစ်ချက်ရှူပြီးတော့ လူကလည်းလန်းဆန်းသွားပြီး အဝါရောင်ဘူးသီးကိုပုတ်ရင်း ကြွားလုံးထုတ်တော့သည်။

“လူရှိတယ်… ငါ့မှာရှိတာက လူတင်မဟုတ်ဘူးနော်။ ဖိန်ဖိန်လေးရာ၊ ငါမင်းကိုပြောတာမဟုတ်ဘူး။ မင်းဆံပင်တိုနဲ့မလိုက်ဘူး၊ နောက်ခါကျရင် ခေါင်းတုံးတုံးလိုက်ပါလား။ မဟုတ်ရင် မင်းဝင်ခဲ့လေ… ငါကိုယ်တိုင်မင်းကို ခေါင်းတုံးတုံးပေးမယ်”

ဖိန်ကောက တံခါးဝမှာ ဒေါသထွက်ပြီး ခုန်ပေါက်နေ၏။

အဲ့ဒီအချိန်မှာ အဘိုးကြီးတစ်ယောက်ကပ်လာပြီး ပြုံးဖြီးဖြီးနဲ့ “ညီလေးတို့၊ သံကြိုးသော့လိုသေးလား။ အကြီးစား၊ အထူစား၊ တူခေါင်းမှာဆူးပါတဲ့အမျိုးအစား။ မဈေးပါဘူး… တစ်ချောင်းကို ယွမ်ငါးဆယ်ပဲ”

အဘိုးကြီးကပြောရင်းနဲ့ တကယ်ပဲ သံဆူးလုံးတတ် သံကြိုးလို သံကြိုးသော့တစ်ချောင်းထုတ်ပြသည်။

ကျွန်တော်မြင်တော့ မျက်နှာကြီးစိမ်းသွားပြီး အဘိုးကြီးကိုလက်ညှိုးထိုးဆဲတယ် “အဘိုးကြီး၊ ခင်ဗျားအရမ်းမလွန်လွန်းနဲ့။ ခင်ဗျားရဲ့သံကြိုးကိုရောင်းတုန်းက နှစ်ရာ၊ ဒီအဆင့်မြှင့်ထားတဲ့ဟာကို သူတို့ကိုငါးဆယ်နဲ့ရောင်းတယ်ဟုတ်လား။ ခင်ဗျားနဲ့ကျုပ် ဘယ်လောက်တောင်ရန်ငြိုးရှိနေလို့လဲ”

အဘိုးကြီးက ဟဲဟဲရယ်ပြီး “အဲ့လိုမပြောပါနဲ့ကွာ။ မင်းကတစ်ချောင်းချင်းဝယ်တာလေ။ ဒါကြောင့် ဈေးကတော့မြင့်မှာပေါ့။ သူတို့ကအများကြီးဝယ်မှာဆိုတော့ ဈေးလျှော့ရမှာပေါ့…”

ပြောပြီးတော့ အဘိုးကြီးက ယွီဟွေးဖေးကို မျက်စိတစ်ဖက်မှိတ်ပြပြီး ‘ငါမင်းကိုပဲဈေးကိုင်မှာ၊ ငါမင်းကိုပဲလိမ်မှာ၊ ဘာဖြစ်လဲ။ မကျေနပ်ရင်ထွက်ခဲ့လေ’ ဆိုတဲ့ပုံစံနဲ့။

ယွီဟွေးဖေးဖြင့် ဒေါသထွက်လွန်းလို့ ဖိန်ကောကိုလက်ညှိုးထိုးပြီး “အဘိုးကြီး… ခင်ဗျားဒီတစ်ခါတော့ လူမှားပြီ။ ဒီဆံပင်တိုကောင်က ကျုပ်ဒီမှာရပ်နေတာတောင် ကျုပ်ကိုတစ်ချက်မထိရဲဘူး။ မယုံရင်သူ့ကိုမေးကြည့်၊ ကျုပ်ဒီမှာရပ်နေတာ သူဝင်ရိုက်ရဲလားလို့”

ဖိန်ကောက ဒေါသထွက်ပြီး မျက်လုံးတွေနီရဲလာတယ်၊ သံကြိုးသော့ကိုဆွဲလုလိုက်ပေမယ့် ထင်းရှူးပင်ပေါ်က အဝါရောင်ဘူးသီးကိုကြည့်ပြီး ကြောက်သွားပြန်တယ်။ ဖိန်ကောက သူ့ကိုလက်ညှိုးထိုးပြီး “ဟေ့ကောင်၊ မင်းသိပ်ပျော်မနေနဲ့၊ ခဏနေရင် ငါမင်းအရေခွံကိုဆုတ်ပစ်မယ်”

ယွီဟွေးဖေးလည်း ချက်ချင်းဖုန်းထုတ်၊ အပေါ်ကအချိန်ကိုကြည့်ပြီး ပြုံးဖြီးဖြီးနဲ့ “၁၊ ၂၊ ၃… ခဏကြာသွားပြီ၊ လာလေ၊ ငါ့အရေခွံကိုလာဆုတ်လေ။ လာလေ”

ဖိန်ကောဖြင့် ဒေါသထွက်ပြီးပေါက်ကွဲတော့မလိုဖြစ်နေပြီ၊ တပည့်တစ်သိုက်ကလည်း သူ့ကိုဝင်ဆုံးမဖို့ ဝိုင်းအော်နေကြပြီ။

ကျွန်တော်ကတော့ ဖုန်းကိုဖွင့်ပြီး တော်တော်လေးညှို့ငင်ပြီး စိတ်တိုစရာကောင်းတဲ့ သီချင်းကိုဖွင့်လိုက်သည်။

လာလေ ပျော်ကြစို့ အချိန်တွေအများကြီးရှိတာပဲ

လာလေ အချစ်ရယ် မိုက်မဲမှုတွေအများကြီးရှိတာပဲ

လာလေ လျှောက်သွားကြစို့ လမ်းတွေအများကြီးရှိတာပဲ

လာလေ ဖန်တီးကြစို့ ရှုခင်းတွေအများကြီးရှိတာပဲ

ဒီသီချင်းကိုနားထောင်ရင်း ခြံထဲမှာ ကိုယ်ဟန်အမူအရာအမျိုးမျိုးနဲ့ အရိုက်ခံချင်နေတဲ့ပုံစံလုပ်ပြနေတဲ့ သူ့ကိုကြည့်ပြီး လူမိုက်တစ်သိုက်က ဒေါသထွက်လွန်းလို့ ပေါက်ကွဲထွက်တော့မလိုဖြစ်နေပြီ။

သူသီချင်းနားထောင်နေတုန်း နောက်ကအဝါရောင်ဘူးသီးထဲက မျက်လုံးပြူးကြီးက တိုးတိုးလေး ခေါ်လိုက်သည်။

“ကောင်လေး… ဟိတ်ကောင်လေး”

ယွီဟွေးဖေး လက်ဝှေ့ယမ်းပြီး “ငါ့ကိုမနှောင့်ယှက်နဲ့၊ ငါကနေတာမမြင်ဘူးလား” လို့ ဟန့်လိုက်သည်။

မျက်ပြူးကြီးက နည်းနည်း စိုးရိန်တကြီးဖြစ်တဲ့ပုံနဲ့ ချောင်းဟန့်ပြီး “အဟမ်း ဟမ်း… မင်းအရင်မကနဲ့တော့”

ယွီဟွေးဖေး ကရင်းနဲ့ “ဘာလို့လဲ” လို့ မေးလေ၏။

မျက်လုံးပြူးကြီးက “အဲ့… ဒါ၊ မင်းဆက်ကရင် အရိုက်ခံရပြီး သေသွားမှာစိုးလို့”

ယွီဟွေးဖေးက သူတို့စိတ်တိုအောင်လို့ သီချင်းကိုအကျယ်ဆုံးဖွင့်ထားတာ၊ ဘာလို့လဲဆိုတော့ ဒီသီချင်းရဲ့အထွတ်အထိပ်က ဒီအချိန်ဒီမြင်ကွင်းနဲ့ တော်တော်လိုက်ဖက်တယ်၊ တော်တော်စိတ်တိုစရာကောင်းတယ်၊ တော်တော်ဖန်တီးနိုင်တယ်။

တစ်ဖက်လူက ဒေါသတကြီးနဲ့ ကိုယ့်ကိုဘာမှမလုပ်နိုင်တဲ့ပုံစံကိုကြည့်ပြီး သူကနေတာ တော်တော်လေး ဈန်ဝင်နေလေရဲ့။

မျက်ပြူးကြီးရဲ့စကားကို ယွီဟွေးဖေးက အပေါ်ယံပဲကြားပြီး “ဘာမှမဖြစ်ဘူး… မင်းရှိတာပဲ။ အသံချဲ့လိုက်၊ ဟိုင်းလိုက်ကြစို့။ လာလေ့… ဖန်တီးကြစို့… ငါဒီမှာမင်းတို့ကိုစောင့်နေတယ်”

ယွီဟွေးဖေး သီချင်းစာသားကို လျှောက်ပြင်ပြီး လိုက်အော်နေချိန် အပြင်က ဖိန်ကောတို့တစ်သိုက်က ဆံပင်တွေတောင် ဒေါသထွက်ပြီးထောင်ထနေပြီ။

“ငါမင်းကိုမပြောမိတာ၊ ငါကတစ်နေ့ကိုတစ်ခါပဲတိုက်ခိုက်နိုင်တာ။ ဒီနေ့တိုက်ခိုက်ပြီးသွားပြီ၊ ဒါကြောင့်ဒီနေ့မင်းငါ့ကိုအားကိုးလို့မရတော့ဘူး” လို့ မျက်ပြူးကြီးက သတိလှန်းပေးလိုက်သည်။

ယွီဟွေးဖေး သေချာမကြားလိုက်လို့ “မင်းဘာပြောလိုက်တာလဲ” လို့ ပြန်မေးလိုက်သည်။

မျက်ပြူးကြီးက “ငါပြောတာက ငါတစ်နေ့ကို တစ်ခါပဲတိုက်ခိုက်နိုင်တာ။ ဒီနေ့ တိုက်ခိုက်ပြီးသွားပြီ၊ ဒါကြောင့် ဒီနေ့ မင်းငါ့ကိုအားကိုးလို့ မရတော့ဘူး”

ယွီဟွေးဖေးကတော့ သေချာမကြားပြန်ဘူး၊ ဘာလို့လဲဆိုတော့ ဒီစကားကရှည်လွန်းတယ်၊ ပြီးတော့ ဖိန်ကောတို့ကအပြင်မှာဆဲဆိုနေကြတော့ သူတကယ်သေချာမကြားလိုက်ဘူး၊ ဒါနဲ့ “မင်းအသံကျယ်ကျယ်ပြော၊ ဘာမှမဖြစ်ဘူး”

မျက်လုံးပြူးကြီးက ဘူးသီးထဲမှာမျက်လုံးလန်ပြီး “မင်းသေချာလို့လား”

ယွီဟွေးဖေးကတော့ တော်တော်လေး ဘဝခိုက်တဲ့ပုံစံနဲ့ သီချင်းစည်းချက်အတိုင်းခေါင်းညိတ်ပြီး ပြဿနာမရှိကြောင်းပြလိုက်တာမို့ မျက်ပြူးကြီးက အော်လိုက်သည်။

“ငါကတစ်နေ့ကိုတစ်ခါပဲတိုက်ခိုက်နိုင်တာ။ ဒီနေ့တိုက်ခိုက်ပြီးသွားပြီ၊ ဒါကြောင့် ဒီနေ့ မင်းငါ့ကိုအားကိုးလို့မရတော့ဘူး”

အဲ့ဒီအခိုက်အတန့်မှာ အကက ချက်ချင်းရပ်သွားသလို အပြင်မှာဆဲဆိုနေတဲ့ ဖိန်ကောတို့လည်း ချက်ချင်းတိတ်ဆိတ်သွား၏။

ပြီးတော့…

“ကြားလိုက်လား” ဖိန်ကောကမေးရာ တပည့်တစ်သိုက်ကခေါင်းညိတ်ပြသည်။ “ကြားလိုက်တယ်”

ဖိန်ကောကအော်၏။ “လက်နက်ဆွဲထုတ်လိုက်ကြ”

“ဖိန်ကော၊ လက်နက်မပါဘူး” ဝတုတ်ကသတိပေးသည်။

အဘိုးကြီးက ချက်ချင်းအော်၏။ “တစ်ချောင်း ၅၀၊ အများကြီးဝယ်ရင် အုတ်ခဲတစ်လုံးလက်ဆောင်ပေးမယ်”

ကျွန်တော်ကအော်ဆဲတယ် “အဘိုးကြီး… ခင်ဗျားတော်တော်လွန်နေပြီ”

အဘိုးကြီးကလက်ဖြန့်ပြီး “မတတ်နိုင်ဘူးလေ၊ စီးပွားရေးပဲ…”

ဖိန်ကောက “တစ်ယောက်တစ်ချောင်း၊ ပြီးမှရှင်းမယ်”

အဘိုးကြီးက ချက်ချင်းလူတစ်သိုက်ကိုခေါ်ပြီး သံကြိုးသော့သွားယူတယ်။

ကျွန်တော်မြင်တော့ အမြန်တံခါးဝကိုပြေးပြီး တံခါးကြီးကိုပိတ်လိုက်တယ်။

ဖိန်ကောက မလောတော့ဘူး၊ အပြင်မှာရပ်ပြီး ဟီးဟီးအေးစက်စက်ရယ်ရင်း “ယွီဟွေ့ဖေးဟုတ်လား။ အဟင်းဟင်း… ဒီနေ့မင်းက တကယ်ပျံနိုင်တဲ့ငါးဖြစ်နေရင်တောင် ငါမင်းကိုကြော်လှော်ချက်ပြုတ်ပြီး အရိုးပါမကျန်စားပစ်မယ်”

“အစ်ကိုကြီး… ပစ္စည်းမလောက်တော့ဘူး” တစ်ယောက်ကအော်လိုက်သည်။

ဖိန်ကောက “ဒါဆို ကြုံရာဆွဲလိုက်၊ သံကြိုးသော့မရှိတဲ့ကောင်တွေက တိုက်ရိုက်လက်နဲ့ဝင်ထိုး”

All Chapters