ဆရာကြီး ကြွလာခြင်း
Vol. 1 Ch. 11
ဒီတစ်ခါတော့ ယွီဟွေးဖေး ခေါင်းကိုမော့လိုက်ပြီး ဖိန့်လိုက်သည်။
“ခင်ဗျားက ဘာကောင်မို့လို့ ဒီလောက်ထွားနေရတာလဲ။ ခေါင်းပေါ်မှာ နွားခေါင်းတစ်ခုတင်ထားတိုင်း နွားနိုင်တယ်များ ထင်နေလား။ နွားနိုင်တာက နွားမတွေရဲ့ အလုပ်ကွ”
နွားခေါင်းက ဒါကိုကြားတော့ ခြေတစ်လှမ်းတိုးပြီး ရိုက်တော့မယ့်ဟန်ပြင်၏။
ယွီဟွေးဖေးလည်း ကိုယ့်ရဲ့ တံဆိပ်ပြားကို ထုတ်ပြလိုက်ပြီး၊ “ခင်ဗျား သေချာစဉ်းစားနော်။ လစဉ်လတိုင်း ခင်ဗျားတို့ရဲ့ လုပ်ဆောင်ချက်ကို ကျွန်တော်က အကဲဖြတ်ရမှာ။ ခင်ဗျားသာ ကျွန်တော့်ကို တစ်ချက်လောက်ထိရဲထိကြည့် အဆိုးဆုံးအဆင့် သတ်မှတ်ပေးလိုက်မယ်။ အဲ့ဒီအခါကျရင် ခင်ဗျား ငရဲပြန်ရောက်ရင် ဆီအိုးထဲ အကျခံရဖို့သာ ပြင်ထားတော့”
နွားခေါင်းက ဒါကိုကြားတော့ ကြောင်သွားသည်။ သူလည်း ယွီဟွေးဖေးက ဒီလိုနည်းနဲ့ တုံ့ပြန်လာလိမ့်မယ်လို့ ထင်မထားဘူးထင်ပါ့။
ပြီးတော့ နွားခေါင်းက မျက်လုံးကို မှေးလိုက်ပြီး ယွီဟွေးဖေးကို စိုက်ကြည့်နေ၏။
ယွီဟွေးဖေးကတော့ နည်းနည်းမှမကြောက်ဘဲ ပြန်စိုက်ကြည့်နေပေမယ့် စိတ်ထဲမှာတော့ တုန်တုန်ယင်ယင်နဲ့ ရေရွတ်နေမိသည်။
‘ထိန်းထား၊ ထိန်းထားစမ်း…၊ ဒီတစ်ကြိမ်သာ မခံနိုင်ရင် နောက်ဆို ငါက အကျဉ်းဦးစီးမဟုတ်တော့ဘူး။ မြည်းလေးဖြစ်သွားမှာ။ လူတွေများလာရင် ဒီကောင်တွေရဲ့အနိုင်ကျင့်တာကို ခံနေရတော့မှာလား။ ဟုတ်တယ်… သေရင်သေ၊ မဟုတ်ရင်တော့ ငါ့ရဲ့ဩဇာအာဏာကို ပြရမယ်’
အချိန်က တစ်စက္ကန့်ပြီးတစ်စက္ကန့်ကုန်ဆုံးသွားပြီး တစ်မိနစ်ကြာတော့…
နွားခေါင်းက ရုတ်တရက်ပြုံးလိုက်ပြီး သူ့ရဲ့ထူးခြား ရိုးသားတဲ့အသံနဲ့၊ “အို… ညီလေးရာ စိတ်ထဲမထားပါနဲ့ကွာ အစ်ကိုက စတာပါ”
“ကြည့်စမ်း မင်းကို… မင်းကလည်း ဘာလို့ဒီလောက်လေးတောင် နောက်လို့မရတာလဲ။ ဟားဟား…”
ယွီဟွေးဖေး အံ့ဩလွန်းလို့ စကားတောင်မပြောနိုင်တော့ဘူး။ ဒီနွားခေါင်းက ကြည့်ရတာ ပွင့်လင်းတဲ့ပုံပေါက်ပေမယ့် သူပြောတဲ့စကားတွေကို ယွီဟွေးဖေးက တစ်လုံးမှမယုံဘူး။
သူ့မှာသာ ရာထူးအာဏာရှိပြီး ဒီကောင့်ကို နှိမ်နင်းနိုင်စွမ်းမရှိရင် ဒီနွားခေါင်းက သူ့ရဲ့သံခက်ရင်းခွနဲ့ ငါ့ကို ငရဲပြည်ပို့လိုက်လောက်ပြီ။
ယွီဟွေးဖေးက နွားခေါင်းရဲ့လက်ကို ပုတ်ထုတ်လိုက်ပြီး၊ “ဘာလုပ်တာလဲ။ ဘယ်သူက ခင်ဗျားနဲ့ စနောက်နေလို့လဲ။ ကျွန်တော်ပြောမယ်… ဒီလအတွက် ခင်ဗျားရဲ့လုပ်ဆောင်ချက်က အဆိုးဆုံးအဆင့်ပဲ”
ယွီဟွေးဖေး သဘောပေါက်သွားပြီ။ ဒီနွားခေါင်းက ဒီနေရာရဲ့ စည်းကမ်းတွေကို ကောင်းကောင်းသိပုံရတယ်။ သူရောက်ရောက်ချင်း ဒီလောက်ကြမ်းပြတာက ယွီဟွေးဖေးက လူသစ်ဖြစ်လို့ အနိုင်ကျင့်ပြီး အောက်ခြေလွတ်အောင်လုပ်၊ နောက်ပိုင်းမှာ သက်သောင့်သက်သာနေရဖို့ ကြံစည်တာပဲ။
ဒါပေမဲ့ ယွီဟွေးဖေးက ခေါင်းမာတဲ့ကောင်မှန်းသိတော့မှ ပျော့ပျောင်းလာတာ။ ဒါပေမဲ့ လုံးဝအရှုံးပေးတာတော့မဟုတ်ဘူး။ ကြည့်လေ… အခုထိတောင် ရင်းနှီးအောင်လုပ်ပြီး အဆင့်တူအခွင့်အရေးရဖို့ ကြိုးစားနေတုန်း။
ကံဆိုးစွာနဲ့ ယွီဟွေးဖေးက အရာအားလုံးကို ထွင်းဖောက်မြင်နေပြီ။ အေးစက်စက်ပြုံးလိုက်ပြီး၊ “ရောက်ရောက်ချင်းမှာ ဒီလောက်ထောင်လွှားစော်ကားနေတယ်ပေါ့လေ”
အဲ့ဒီစကားကြားပြီး နွားခေါင်းရဲ့အပြုံးက ချက်ချင်းတောင့်ခဲသွားသည်။
“ထားလိုက်ပါတော့… ခင်ဗျားက ပထမဆုံးအကြိမ်ဖြစ်လို့ ဒီအပြစ်ကို ကျွန်တော်မှတ်ထားလိုက်မယ်။ ခင်ဗျားနောက်ပိုင်းမှာ ကောင်းကောင်းနေရင် ကျွန်တော်ဒီအပြစ်ကို ပယ်ဖျက်ပေးပြီး အထက်ကိုမတင်ပြဘူး။ မဟုတ်ရင်တော့… အဟင်းဟင်း”
ယွီဟွေးဖေး စကားပြောကောင်းလို့တော့မဟုတ်ဘူး။ နွားခေါင်းရဲ့ဆံတိုပုံစံကိုမြင်တော့ အပြင်မှာလည်း ဆံတိုပြဿနာတစ်ခုရှိသေးတာကို သတိရသွားတယ်။ ခဏနေရင် ဒီဆံတိုအကြီးစားကို အားကိုးပြီး ပြဿနာဖြေရှင်းရဦးမှာ။
အဲ့တော့သူ့ဆီက အကူအညီလိုနေသေးတော့ အရမ်းတင်းမာအောင် မလုပ်တာက ပိုကောင်းတယ်လေ…
နွားခေါင်းကလည်း ယွီဟွေးဖေးနဲ့ အဆင်ပြေအောင်နေရခြင်းရဲ့ အရေးပါပုံကို နားလည်ပုံရတယ်။ ပြုံးပြီးတော့ အာမခံ၏။
“ဟားဟား… စိတ်ချပါ၊ ငါတို့အလုပ်လုပ်ရင် စိတ်ချလက်ချသာနေ”
ယွီဟွေးဖေးက ဒီနှစ်မီတာကျော်မြင့်တဲ့ လူထွားကြီးက ခါးကိုင်းပြီး ပြုံးပြနေတဲ့ပုံစံကိုကြည့်ပြီး စိတ်ထဲမှာ ဂုဏ်ယူမိသည်။ ဒါက ငရဲပြည်က နွားခေါင်းနော်။ ဒါပေမဲ့ ခေါင်းကိုခါယမ်းလိုက်ပြီး၊ “တော်ပြီ… ခင်ဗျားက နာမည်ကြီး နွားခေါင်းပဲ၊ ခါးကိုမတ်မတ်ထားစမ်းပါ”
နွားခေါင်းက ချက်ချင်းခါးကိုမတ်လိုက်ပေမယ့် သူ့အပြုံးကတော့ ‘ငါကမင်းရဲ့ ကိုကြီးပါ’ ဆိုတဲ့ပုံစံနဲ့ တော်တော်လေး ကသိကအောက်နိုင်တယ်။
“အမှန်အတိုင်းပြောရရင် ကျွန်တော်က ခင်ဗျားရဲ့ခုနကလို ခန့်ညားတဲ့ပုံစံကို ပိုကြိုက်တယ်”
နွားခေါင်းရဲ့အပြုံးက ချက်ချင်းပျောက်ကွယ်သွားပြီး ခန့်ညားထည်ဝါ ကြမ်းတမ်းတဲ့ပုံစံနဲ့ ဖင်ကိုကျုံ့ ရင်ဘက်က ကြွက်သားကိုညစ်ရင်း ရှိုးထုတ်ပြ၏။ “အခုရော ဘယ်လိုလဲ”
“အရမ်း မိမိုက်တယ်။ ဒါမှ နာမည်ကြီးနွားခေါင်းပုံစံပေါ့”
နွားခေါင်းက ဟီးဟီးရယ်ပြီး၊ “မင်းငါ့ကို အာ့ပန်းလို့ခေါ်လို့ရတယ်။ နွားခေါင်းလို့ခေါ်တော့ ကသိကအောက်နိုင်တယ်”
ယွီဟွေးဖေး ခေါင်းညိတ်ပြီး၊ “ကောင်းပြီ… အာ့ပန်းဟုတ်လား”
နွားခေါင်းက ခေါင်းညိတ်ပြသည်။ “အေး”
“ခင်ဗျားရဲ့ထွန်ခြစ်ကိုယူ သုံးလွှာကိုသွားပြီး မြေကိုထွန်လိုက်တော့။ နောက်ဆို ငါတို့ထမင်းစားရမလား မစားရဘူးလားဆိုတာ အဲ့ဒီမြေဧက တစ်ဧကပေါ်မှာ မူတည်တယ်”
နွားခေါင်းက ဒါကိုကြားတော့ အပြုံးကတောင့်ခဲသွားသည်။ သူအိပ်မက်ထဲမှာတောင် မထင်ထားလောက်ဘူး၊ ငရဲပြည်ကနေ ဒီကိုပြောင်းလာပြီး ပထမဆုံးလုပ်ရတဲ့အလုပ်က လယ်ထွန်ရတာတဲ့။
ဒါပေမဲ့ နောက်ဆုံးတော့ နွားခေါင်းက “အဲ့ဒါက ခက်ရင်းခွ” လို့ တိုးတိုးလေးညည်းသည်။ ပြီးတော့ နွားခေါင်းက စကားဆက်ပြောချင်တဲ့ပုံစံနဲ့။
“ဘာမေးချင်လဲ မေးလေ” ယွီဟွေးဖေးက ထောက်ပေးလိုက်သည်။
နွားခေါင်းက အိမ်ထဲကမီးသီးကို လက်ညှိုးထိုးပြီး “ဒါက ဒဏ္ဍာရီထဲက ညအခါလင်းတဲ့ပုလဲလုံးလား”
ယွီဟွေးဖေး ကြောင်သွား၏။ “ခင်ဗျားဒါဘာလဲမသိဘူးလား”
နွားခေါင်းက မျက်နှာကြီးနီရဲသွားပြီး၊ “ငါက ငရဲပြည်မှာ အတွင်းရေးကိုပဲကိုင်တွယ်တာ၊ လူ့ပြည်ကိုမရောက်ဖူးဘူး”
ယွီဟွေးဖေး သဘောပေါက်သွားပြီ။ ကြည့်ရတာ ဒုက္ခရောက်တော့မယ့်ပုံပဲ။
တကယ်ပဲ နွားခေါင်းက မေးခွန်းတစ်ခုမေးပြီးတော့ မေးခွန်းထုတ်တဲ့ ကလေးကြီးလိုဖြစ်သွား၏။ ခဏနေတော့ မှန်က ဘာလို့ကြည်လင်နေတာလဲလို့မေးသည်။
ခဏနေတော့ ယွီဟွေးဖေး လက်ထဲကဖုန်းက ဘာလို့လင်းလိုက်မှိန်လိုက်ဖြစ်နေတာလဲဆိုပြီ ဆက်မေးပြန်၏။ ယွီဟွေးဖေး အမေးခံရလွန်းလို့ ခေါင်းဆယ်လုံးလောက်ဖြစ်သွားမယ့်အတိုင်းပဲ။ နောက်ဆုံးတော့ သည်းမခံနိုင်တော့လို့ အော်လိုက်၏။
“အပေါ်တက်ပြီး လယ်ထွန်တော့”
နွားခေါင်းက ယွီဟွေးဖေး ဒေါသထွက်တာမြင်တော့မှ လိမ်လိမ်မာမာနဲ့ သုံးလွှာကိုတက်ပြီး လယ်ထွန်တော့သည်။
နွားခေါင်းရဲ့ကျောပြင်ကိုကြည့်ပြီး နဖူးကိုနှိပ်နယ်လိုက်၏။ ယွီဟွေးဖေး ရုတ်တရက် သဘောပေါက်သွားပြီ၊ နောက်ဆို ကိုယ့်ဘဝက သိပ်သက်သောင့်သက်သာရှိမှာမဟုတ်ဘူး။ ဒါက နွားခေါင်းတစ်ယောက်ပဲရောက်သေးတာ။ တကယ်လို့ လူ့ပြည်အကြောင်းဘာမှမသိတဲ့ကောင်တွေ ရာဂဏန်းလောက်ရောက်လာရင် ငါ့ဘဝကတော့ ချဉ်စပ်ဖြစ်သွားမှာပဲ။
နောက်ဆို လူ့ပြည်အကြောင်းမိတ်ဆက်တဲ့စာအုပ်တွေဝယ်ထားရမယ်၊ မဟုတ်ရင် ငါတစ်ယောက်တည်းဖြေနေရရင် သေသွားနိုင်တယ်။
နွားခေါင်းရောက်လာတာက အဘိုးကြီးလူယာက ငါ့ကိုမလိမ်ဘူးဆိုတာကို ထပ်မံသက်သေပြနေတာပဲ။ ဒါပေမဲ့ အခုလည်း တော်တော်စိတ်ပျက်နေပြီ။ ဘာလို့လဲဆိုတော့ နွားခေါင်းပြောပုံအရ ဒီကောင်က တော်တော်စားနိုင်ပုံပဲ။
အခု ကိုယ့်ဟာကိုစားဖို့တောင် မလွယ်ဘူး၊ နွားတစ်ကောင်ကိုကျွေးဖို့ဆိုတာကတော့…
“တော်သေးတာပေါ့၊ ဒီနွားက လယ်ထွန်တတ်တယ်” သက်ပြင်းချပြီးတော့ တံခါးကိုပြန်ကြည့်လိုက်သည်။
အရင်က တံခါးဖွင့်လိုက်တော့ အပြင်မှာက ရှို့လင်လမ်းမဟုတ်ဘဲ အမှောင်မိုက်ပြီး အေးစက်စက်နိုင်တဲ့ သရဲတံခါးဖြစ်နေသည်။
ဒါဆို အခုဖွင့်ရင်ရော ဘယ်လိုမြင်ကွင်းဖြစ်နေမလဲ။
စိတ်ထဲက စူးစမ်းချင်စိတ်ကို မထိန်းနိုင်ဘဲ တစ်ချက်ပဲကြည့်မယ်ဆိုတဲ့စိတ်နဲ့ တံခါးကို ညင်ညင်သာသာတွန်းဖွင့်လိုက်၏။ ရှေးဟောင်းတံခါးပတ္တာက ကျွီကျွီဆိုတဲ့အသံထွက်လာပြီးတော့ မျက်စိရှေ့မှာ ရင်းနှီးတဲ့ရှို့လင်လမ်းပေါ်လာသည်။
နည်းနည်းတော့ စိတ်ပျက်သွားပေမယ့် ဒါက အရင်ကထက်ပိုပြီးတော့ ကံကောင်းတယ်လို့ခံစားရသည်။
စိတ်ပျက်တာက ပိုပြီးထူးဆန်းတဲ့အရာတွေမမြင်ရလို့၊ ဥပမာ ငရဲပြည်က အဝတ်မပါတဲ့သရဲမတွေ၊ ဒါမှမဟုတ် နတ်သမီးခုနစ်ဖော်ရေချိုးတာတို့ပေါ့။
ကံကောင်းတာက တံခါးဖွင့်လိုက်တာနဲ့ သရဲတစ်သိုက်က ငါ့ကိုဝင်စားဖို့ အသင့်စောင့်မနေလို့။
ကိုယ်ရင်းနှီးတဲ့ကမ္ဘာဖြစ်နေတော့ ယွီဟွေးဖေးလည်း စိတ်အေးသွား၏။
အဲ့ဒီအချိန်မှာပဲ ရှေ့ကနေ သတ်ဖြတ်လိုတဲ့အငွေ့အသက်တွေတိုးဝင်လာတာကြောင့် ရင်ထဲမှာ တစ်ချက်တုန်သွားပြီး တံခါးကိုအမြန်ပိတ်လိုက်သည်။
ဖြောင်း…
ဘီယာပုလင်းတစ်လုံးက တံခါးကိုလာမှန်ပြီး ကွဲကြေသွား၏။ ပြီးတော့ လူရိပ် တစ်ခုက ပြေးတက်လာပြီး တစ်ယောက်တစ်ချက်နဲ့ တံခါးကိုကန်ဖွင့်လိုက်သည်။
ငါတစ်ယောက်တည်း ဒီလောက်များတဲ့လူတွေတွန်းတာကို ဘယ်လိုခံနိုင်မှာလဲ။ လက်ကိုအမြန်လွှတ်ပြီး အထဲကိုပြေးဝင်လိုက်သည်။
ဖိန်ကောက လူတစ်သိုက်ကိုခေါ်ပြီး ဝုန်းဒိုင်းကြဲဝင်လာ၏။ တပည့်တစ်သိုက်က နှစ်တန်းစီရပ်လိုက်ပြီး ဖိန်ကောက တောက်ပြောင်နေတဲ့သားရေဖိနပ်နဲ့ဝင်လာပြီး ပြုံးဖြီးဖြီးနဲ့ စကားစလိုက်သည်။
“ယွီဟွေးဖေး… နောက်ဆုံးတော့ တံခါးဖွင့်ရဲပြီပေါ့”
ယွီဟွေးဖေးက နွားခေါင်းကိုအားကိုးစရာရနေပြီမို့ သတ္တိရှိနေပြီလေ။
ဒါပေမဲ့ ဒီကောင်ကလည်း လူကောင်းမဟုတ်ဘူး။ မျက်လုံးတစ်ချက်လှည့်ပြီး မျက်ပြူးကြီးကိုပုတ်ရင်း ပြန်ဟန့်လိုက်သည်။
“ဟေး… မင်းမကြောက်တော့ဘူးလား”
“ဒါက ရှေးဟောင်းမိစ္ဆာနော်”
“တော်တော်ကြမ်းတာ”
“ပြီးတော့ သတိပေးလိုက်ဦးမယ်။ ရှေးခေတ်က နောက်တစ်နေ့ဆိုတာ အခုလိုဆယ့်နှစ်နာရီမဟုတ်ဘူး။ ဇီအချိန်၊ ဇီအချိန်က ဆယ့်တစ်နာရီကနေ မနက်တစ်နာရီအထိ။ အခုတွက်ကြည့်ရင် နောက်တစ်နေ့ရောက်နေပြီ”
ဒီစကားကြားတော့ ဖိန်ကောတို့တစ်သိုက်လန့်သွားပြီး နည်းနည်းကြောက်သွားသည်။
“ဟဲဟဲ… ညီလေးကတော့ ခြောက်လှန့်တတ်သားပဲ၊ ဒီက ဆင်းရဲသားလေး တာအိုဆရာကတော့ မင်းရဲ့ဘူးသီးထဲမှာ ဘာမိစ္ဆာရှိလဲဆိုတာ ကြည့်ရသေးတာပေါ့”
စကားပြောနေရင်း အဝါရောင်တာအိုဝတ်စုံဝတ်ထားပြီး ကျောမှာ မက်မွန်သစ်သားဓား လွယ်ထားတဲ့ တာအိုဆရာကြီးတစ်ယောက် ရောက်လာသည်။ ကြည့်လိုက်တာနဲ့ နတ်ဘုရားလိုခန့်ညားပြီး တော်တော်လေးဂုဏ်ရှိမယ့်ပုံပဲ။
ဒါပေမဲ့ ဒီအဘိုးကြီးရဲ့စီးတော်ယာဉ်ကိုကြည့်လိုက်တော့ အဖြူရောင်ယုန်ကြီး လျှပ်စစ်စက်ဘီးဖြစ်နေ၏။ စီးလိုက်ရင် ခုန်ဆွခုန်ဆွနဲ့ ရှေ့ကနားရွက်နှစ်ဖက်ကလည်း တဖျပ်ဖျပ်ခတ်နေလေရဲ့။
မူလက ဒီတာအိုဆရာအိုကြီးဟာ နတ်ဘုရားလိုခန့်ညားပေမယ့် ဒီလျှပ်စစ်စက်ဘီးနဲ့ပေါင်းလိုက်တော့ ချက်ချင်း အထင်ကြီးစရာ မရှိတော့ဘူး။
ပြီးတော့ အပိုအနေနဲ့ အရူးလိုခံစားမှုပါ ထပ်တိုးလာသည်။
ဖိန်ကောက ဒါကိုမြင်တော့ မျက်နှာနည်းနည်းမည်းသွားပေမယ့် အပြုံးတစ်ခုကိုညှစ်ထုတ်ပြီး အကူအညီတောင်းပါလေကော။
“နောက်ဆုံးတော့ ရောက်လာပြီပေါ့ ဆရာကြီးရယ်။ ဒီကောင်ပဲဗျ… မြန်မြန်ကျွန်တော့်ကိုကူညီပြီး သူ့ကိုဆုံးမပေးပါ”
ဆရာကြီးကခေါင်းညိတ်ပြီး ပြန်ဖြေသည်။ “ခဏစောင့်။ ငါ့စက်ဘီးကိုသော့ခတ်လိုက်ဦးမယ်”
“ကျွီကျွီ…” လျှပ်စစ်စက်ဘီးက အသံနှစ်ချက်မြည်ပြီးတော့ ဆရာကြီးက အနက်ရောင်အိတ်ကိုပွတ်သပ်ရင်း အလန့်တကြားအော်၏။ “သွားပဟ”
ဖိန်ကောက လန့်သွားပြီး အမြန်မေး၏။
“နတ်ဆိုးနှိမ်နင်းတဲ့ လက်နက်မေ့ကျန်ခဲ့လို့လား ဆရာကြီး”