← Chapters

နွားခေါင်းရဲ့ဒေါသ

Vol. 1 Ch. 12

နွားခေါင်းရဲ့ဒေါသ

Vol. 1 Ch. 12

ဆရာကြီးကခေါင်းခါရင်း ပြန်ဖြေသည်။ “မဟုတ်ဘူး၊ သံကြိုးသော့မေ့ကျန်ခဲ့တာ။ မင်းမသိပါဘူးကွာ… အခုခေတ်သူခိုးတွေက တော်တော်လက်သံပြောင်တယ်။ အီလက်ထရောနစ်သော့တစ်ခုတည်းနဲ့မရဘူး။ တွဲဖက်ပြီး”

“တော်ပြီ တော်ပြီ… ဆရာကြီးဘာမှမပြောနဲ့တော့၊ သော့ပဲမဟုတ်လား။ ညီအစ်ကိုတို့ ဆရာကြီးကိုသော့တပ်ပေးလိုက်ကြ” ဖိန်ကောက နဖူးကချွေးတွေကိုသုတ်ရင်း အော်ဟစ်လိုက်၏။

တပည့်တစ်သိုက်က ဝုန်းခနဲပြေးထွက်လာပြီး မျက်စိတစ်မှိတ်အတွင်းမှာ ဆရာကြီးရဲ့အဖြူရောင်ယုန်ကြီးက လိပ်ခွံလိုဖြစ်သွားအောင် အထုပ်ခံလိုက်ရသည်။

ဆရာကြီးဖြင့် ကြောင်သွားပြီး အလန့်တကြားအော်၏။

“တစ်ယောက်တစ်ချောင်းစီသော့ခတ်တာလား”

“ဟေ… ဒီသော့ပေါ်မှာ ဘာလို့ဆူးတွေပါနေတာလဲ။

လုံခြုံရေးအစီအမံတွေ တော်တော်ကောင်းတာပဲ။

တယ်ဟုတ်ပါလား ဘယ်မှာဝယ်တာလဲ။ အများကြီးဝယ်ရင် ဈေးလျှော့ပေးလား”

အားလုံးကြားတော့ နဖူးမှာမျဉ်းမည်းတွေပြည့်သွားပြီး ဝတုတ်ကိုစုကြည့်ကြသည်။ “ဒီဆရာကြီးက အားကိုးရတယ်ဆိုတာ သေချာရဲ့လား”

ဝတုတ်က ခြောက်ကပ်ကပ်ရယ်ပြီး အာမခံ၏။ “အဲ့ဒါက.. အင်း… ဝူဆရာကြီးက တကယ်တော်ပါတယ်။ အဲ့ခေတ်ကလာတဲ့လူတွေက ဆင်းရဲဒုက္ခခံခဲ့ရတော့ အခုထိ ခြိုးခြံချွေတာတဲ့ အကျင့်ရှိနေတာက ပုံမှန်ပဲမဟုတ်လား”

အဲ့ဒီအချိန်မှာ ဝူဆရာကြီးရဲ့ဖုန်းမြည်လာ၏။ သူကိုင်လိုက်တော့ အထဲကတစ်ယောက်ကမေးသည်။

“ခင်ဗျားက ဝူယွဲ့လား။ ကားနံပါတ် ရှန်းM9GY56 လမ်ဘော်ဂီနီက ခင်ဗျားကားလား”

“ဟုတ်ပါတယ် ဟုတ်ပါတယ်… ခင်ဗျားက”

“ကျွန်တော်က ယာဉ်ထိန်းရဲပါ။ ခင်ဗျားကားကိုလျှောက်ရပ်တာထားဦး ဘာလို့မိန်းကလေးတစ်ယောက်ကို ကားထဲမှာသော့ခတ်ထားခဲ့တာလဲ”

“အို… ကျွန်တော်လောသွားလို့မေ့သွားတာ။ ခုနက ဘားမှာ ကောင်မလေးနဲ့ ပရောပရည်… နွား… အို၊ အဟမ်းဟမ်း ကော်ဖီဖျော်နေတာလေ”

“ခဏစောင့်ပါဦး။ ကျွန်တော်ဒီမှာကိစ္စလေးတစ်ခုရှင်းပြီး ချက်ချင်းကားလာယူပါ့မယ်။ ယာဉ်ကြောပိတ်ဆို့မှုလုံးဝမဖြစ်စေရပါဘူး”

“အို… ကျွန်တော်ရွာထဲရောက်နေတာလေ။ အဲ့တော့ ကားအောက်ပိုင်းခြစ်မိမှာစိုးလို့။ ခင်ဗျားကျွန်တော့်ကိုခဏစောင့်ပေးလို့ရမလား။ ဆွဲတော့ မဆွဲပါနဲ့နော်”

ဝူဆရာကြီးဖုန်းချလိုက်တော့ ရှေ့ကလူတစ်သိုက်က သူ့ကိုသရဲကြည့်သလို ကြည့်နေတာကိုတွေ့လိုက်ရသည်။ ပြီးတော့ တစ်ယောက်ပြီးတစ်ယောက် ဝတုတ်ကိုကြည့်ကြ၏။

“ဒါလား မင်းပြောတဲ့ ခြိုးခြံချွေတာတာ”

ဖိန်ကောက ဝတုတ်ကိုတစ်ဖက်ကို ဆွဲခေါ်သွားပြီး မေးလိုက်သည်။ “ဒါ… တကယ်အားကိုးရလို့လား”

ဝတုတ်က လက်မကြီးထောင်ပြီး ရှယ်အာမခံတော့သည်။ “အားမကိုးရရင် ဒီလောက်ပိုက်ဆံရှာနိုင်ပြီး လမ်ဘော်ဂီနီဝယ်နိုင်ပါ့မလားဗျ”

ဒီစကားကြောင့် ဖိန်ကောကခေါင်းညိတ်ပြီး သဘာဝကျတယ်လို့ထင်သည်။ ဝူဆရာကြီးပခုံးကိုပုတ်ပြီး “ဆရာကြီး… ကျွန်တော် စကားမများတော့ဘူး။ သူ့ကိုဆုံးမလိုက်ဗျ… ပိုက်ဆံကိစ္စက လွယ်လွယ်လေးပါ”

ဝူဆရာကြီးဖုန်းချပြီးတော့ ချက်ချင်းဈေးသည်အဘိုးကြီးပုံစံကနေ တရားထူးရပုဂ္ဂိုလ်ကြီးပုံစံပြောင်းသွားပြီး ယွီဟွေးဖေးဆီလျှောက်လာသည်။

“သရဲတွေငါအများကြီးတွေ့ဖူးတယ်။ ကဲ… လာစမ်းပါ။ မင်းရဲ့သရဲကိုထုတ်ပြစမ်း ငါကြည့်မယ်”

“ဒီနေ့မင်းမှာဘာရှိရှိ ငါအကုန်သိမ်းမယ်” ဝူဆရာကြီးက လက်တစ်ချက်ဝှေ့ယမ်းပြီး ဘယ်သူ့ကိုမှမျက်နှာမထောက်တဲ့ပုံစံနဲ့။

ယွီဟွေးဖေး စကားမပြောရသေးခင်မှာ အဝါရောင်ဘူးသီးအဖုံးပွင့်သွားပြီး အဖြူရောင်မျက်လုံးတစ်လုံးပျံထွက်လာသည်။ “ဘယ်သူငါ့ကိုသိမ်းမှာလဲ”

ဝူဆရာကြီးက လှန်းကြည့်လိုက်တော့ မျက်ဆံတွေတောင်ကြီးသွားသည်။ ကိုယ်ကတစ်ချက်တုန်သွားပေမယ့် တည်ငြိမ်တဲ့ပုံစံကိုထိန်းထားပြီး မျက်ပြူးကြီးကိုလက်ညှိုးထိုးရင်း ဘာမဆိုအကုန်သိနေတဲ့ ပုံစံနဲ့ ပြောလိုက်သည်။ “မင်းပဲလေ… မျက်တစ်လုံးသရဲ”

“ဘာလဲ… ပြဿနာရှိလို့လား” မျက်ပြူးကြီးက တုံ့ပြန်သည်။

ဝူဆရာကြီးက နောက်ဆုတ်ရင်း အေးစက်စက်ပြုံးလိုက်၏။ “သရဲကများ ကိုယ်ခန္ဓာတောင်မပြည့်စုံဘဲနဲ့၊ ငါမင်းကိုဘယ်လိုသိမ်းမလဲကြည့်စမ်း”

“ဟေ… ငါ့လက်နက်ရော။ ဪ… သတိရပြီ၊ ကားပေါ်မှာကျန်ခဲ့တာပဲ”

ဝူဆရာကြီးပြောပြီးတော့ နောက်လှည့်ပြီးပြေးရင်းနဲ့အော်၏။ “သရဲလေး မင်းသိပ်ထောင်လွှားမနေနဲ့၊ မပြေးနဲ့နော်။ မင်းငါ့ကိုခဏစောင့် ငါလက်နက်သွားယူပြီးမင်းကိုသိမ်းပစ်မယ်”

စကားပြောနေရင်း ဝူဆရာကြီးက လျှပ်စစ်စက်ဘီးဘေးကိုရောက်သွားပြီး လျှပ်စစ်စက်ဘီးကိုအမြန်စက်နှိုးပြီးတော့ ဒေါသတကြီးနဲ့ အော်လေတော့သည်။

“မျက်စိရှေ့မှာတင် မင်းတို့ဘာလို့ ဒီလောက်သော့တွေခတ်ထားတာတုန်း။ လိပ်ကိုသော့ခတ်နေတာလား။ မြငါ့ကို သော့မြန်မြန်ပေးစမ်း”

“သရဲသိမ်းမလို့မဟုတ်ဘူးလား ဆရာကြီး” ဝတုတ်ကမေး၏။

ဝူဆရာကြီးက အာခနဲဖြစ်သွားလေသည်။ “ဟုတ်တယ်လေ… သရဲသိမ်းမှာ ဒါပေမဲ့လက်နက်မပါဘူးလေ။ အဲ့တော့ ငါအခုပြန်သွားယူမယ်၊ ယူပြီးမှပြန်လာပြီးသူ့ကိုသိမ်းမယ်”

ပြီးတော့ ဝူဆရာကြီးက မျက်ပြူးကြီးကရှေ့ကိုနည်းနည်းပျံလာတာမြင်တော့ ကြောက်လွန်းလို့ဆံပင်ဖြူတွေတောင်ထောင်ထလာ၏။ စက်ဘီးကိုတောင်မယူတော့ဘဲ ခြေကုန်သုတ်ပြေးရင်းနဲ့အော်သည်။

“ဒီသရဲကတော်တော်ကြမ်းတယ်။ ငါပြန်ပြီးလက်နက်ကြီးသွားယူလိုက်ဦးမယ်။ မင်းတို့အရင်ခံထားကြဦး”

“ဆရာကြီးမြန်မြန်လုပ်ပါ” ဝတုတ်ကငိုချင်နေပြီ။

ဒီအခိုက်အတန့်မှာ ဖိန်ကောက ဒီအဘိုးကြီးရဲ့ကိုယ်ပေါ်မှာ သော့ဆယ်ချောင်းလောက်မခတ်မိတာကို တကယ်နောင်တရနေပြီ။

ဒါက လိမ်တာပဲ။

တကယ်တော့ သူလည်း ဝူဆရာကြီးကိုအပြစ်တင်လို့မရဘူး၊ ဝူဆရာကြီးက မူလကတည်းက လူလိမ်ပဲလေ။ ပြီးတော့ သူလည်း တကယ်သရဲမတွေ့ဖူးဘူး။

လူတော်တော်များများက သရဲရှိတယ်လို့ထင်တာက စိတ်ထဲမှာသရဲရှိနေလို့၊ လိုအပ်တာက စိတ်ပိုင်းဆိုင်ရာလမ်းညွှန်မှုပဲ။ သူကစိတ်ပညာကိုအသုံးချပြီးပိုက်ဆံရှာတာ၊ ဒါပေမဲ့ မျက်လုံးကြီးတစ်လုံး ပျံထွက်လာပြီး စကားပါပြောတတ်တော့ ဒါကသူ့နားလည်မှုကိုကျော်လွန်သွားပြီ။ သူမပြေးရင်ဘယ်သူပြေးမလဲ။

“ဖိန်ကောဘယ်လိုလုပ်မလဲ” ဝတုတ်ကမေး၏။

ဖိန်ကောကလည်း ခေါင်းမာတဲ့ကောင်ပဲ၊ တကယ်လို့ထပ်ပြေးရင် သူနောက်ဆိုရင်လမ်းပေါ်မှာကျင်လည်လို့မရတော့ဘူး၊ ခြေတစ်ချက်ဆောင့်ပြီး ကြုံးဝါးလိုက်သည်။ “လက်နက်ဆွဲ… သူဘာသရဲဖြစ်ဖြစ် တံခါးပိတ်ပြီးရိုက်”

အရင်က တံခါးပိတ်ဖို့ကြိုးစားတဲ့ တပည့်နှစ်ယောက်က ချက်ချင်းတံခါးဝကိုပိတ်လိုက်သည်။ သူတို့က အတွေ့အကြုံရှိလှ၏။ သူတို့နှစ်ယောက်ရဲ့အားနဲ့ ဒီတံခါးကိုပိတ်လို့မရဘူး၊ ပိတ်ရပ်ထားတာကပိုကောင်းတယ်။

ဖိန်ကောကလည်း ကြမ်းတယ်၊ မျက်ပြူးကြီးကိုလက်ညှိုးထိုးပြီး စိန်ခေါ်သည်။ “မင်းကဘာကောင်လဲတော့ ငါမသိဘူး၊ ဒါပေမဲ့ ငါသာလုံလောက်အောင်ကြမ်းရင် သရဲပေါင်းတစ်သောင်းတောင် မကျူးကျော်နိုင်ဘူးကွ”

ယွီဟွေးဖေးဖြင့် ဒီဖိန်ကောက ဒီလောက်ကြမ်းမယ်လို့ လုံးဝမထင်ထားဘူး။ ဒီအခြေအနေမှာတောင် ရန်ဖြစ်ရဲသေးတယ်။

ယွီဟွေးဖေးက အဝါရောင်ဘူးသီးကိုပစ်ထုတ်ဖို့ ဟန်ပြင်နေတုန်းမှာပဲ ဒေါသတကြီး အော်သံတစ်ခုထွက်လာ၏။

“ဘယ်သူ ဒီမှာရန်ဖြစ်ရဲတာလဲ”

အသံက ခေါင်းလောင်းသံလို၊ မိုးခြိမ်းသံလို တော်တော်လေးကျယ်လောင်သည်။ ပြီးတော့ လှေကားပေါ်က ဒုန်းဒုန်းဒုန်းခြေသံတွေထွက်လာပြီး ကြီးမားတဲ့အရိပ်တစ်ခုဆင်းလာ၏။ သူ့ ပါးစပ်ထဲမှာမြက်တွေအပြည့်နဲ့၊ ဖိနပ်ပေါ်မှာရွှံ့တွေနဲ့၊ မျက်လုံးတစ်စုံက ကြေးနီခေါင်းလောင်းလို တော်တော်လေး ပြူးနေသလားပဲ။

“နွား… နွား… နွား… နွားထရပ်နေတယ်” တပည့်တစ်ယောက်ကကြောက်လန့်တကြားအော်လိုက်သည်။

ဖြောင်း…

ဖိန်ကောက အဲ့တပည့်ကိုတစ်ချက်ရိုက်ပြီး အပေါ်အင်္ကျီကိုဆွဲဖြဲရင်း “ငါဖိန်ကော လူ့အသိုင်းအဝိုင်းမှာ ကျင်လည်လာတာ ဒီလောက်ကြာပြီ။ ဘာကောင်မျိုး မမြင်ဖူးလို့လဲ။ နွားခေါင်းလူ ဟုတ်လား။ ငါ့နှယ်… နွားခေါင်းမျက်နှာဖုံးပဲနေမှာပေါ့”

“ယွီဟွေ့ဖေး… မင်းက ဒီလိုလိမ်တဲ့နည်းပဲတတ်တယ်။ မျက်ပြူးကြီးမရတော့ လူတစ်ယောက်ကိုမျက်နှာဖုံးတပ်ပြီးငါတို့ကိုခြောက်နေတာလား”

“ညီအစ်ကိုတို့… ဒီနေ့ငါစကားတစ်ခွန်းပြောမယ်။ သူနွားခေါင်းဖြစ်ဖြစ် ခွေးခေါင်းဖြစ်ဖြစ် သူ့ကိုဝက်ခေါင်းဖြစ်အောင်ရိုက်”

ယွီဟွေးဖေးက မူလက ဖိန်ကောတို့နွားခေါင်းကိုမြင်ရင် ခြေထောက်ကိုသယ်ပြီး ပြေးတော့မယ်လို့ထင်ထားတာ။ ဖိန်ကော ကြမ်းလာတော့ ဦးနှောက်တောင်မပါတော့ဘူးပဲ။

ပြီးတော့ ဖိန်ကောလက်ထဲမှာ အဖြူရောင်တောက်တောက် အရာတစ်ခုကိုင်ထားတာမြင်တယ်၊ သေချာကြည့်လိုက်တော့ အမလေး… အဲ့ဒါက သောက်ကုန်သွားတဲ့ အရက်ပုလင်းပဲ။

ဒီဖိန်ကောက သတ္တိရှိလာတာမဟုတ်ဘူး၊ ဒါကမူးပြီးရမ်းကားနေတာ။

ဖိန်ကောကဦးဆောင်ပြီး သံကြိုးသော့ကိုဝှေ့ယမ်းရင်းပြေးတက်သွားသည်။ တစ်ယောက်ဦးဆောင်တော့ တခြားတပည့်တွေလည်းအော်ဟစ်ပြီးပြေးတက်သွားကြ၏။

ယွီဟွေးဖေးကတော့ နွားခေါင်းဘေးကိုဆုတ်သွားပြီ၊ သူတို့ပြေးလာတာကိုကြည့်ပြီး စိုးရိမ်စွာနဲ့ မေးလိုက်သည်။ “အစ်ကိုကြီးနွား.. ရရဲ့လား”

နွားခေါင်းက ပါးစပ်ဖြဲပြီးပြုံးသည်။ “မင်းရဲ့ အစ်ကိုကြီးဆိုတဲ့အသံက အလကားမဟုတ်စေရဘူး၊ ကိုကြီးနွားက မင်းအတွက် သူတို့ကိုရှင်းပေးမယ်”

စကားပြောနေရင်း နွားခေါင်းကခြေတစ်လှမ်းတိုးလိုက်သည်။

ဖြောင်းဖြောင်းဖြောင်း…

သံကြိုးသော့က မိုးစက်တွေလို နွားခေါင်းရဲ့ကိုယ်ပေါ်ကိုကျရောက်နေတာ ယွီဟွေးဖေး မြင်နေရသည်။ နွားခေါင်း ဒီကောင်က ရှောင်တောင်မရှောင်ဘူးဟ။

ယွီဟွေးဖေး ပါးစပ်ဖြဲပြီး တဖြဲနှစ်ဖြဲ အော်လိုက်၏။ “ဘုရားရေ… ခင်ဗျားက အရိုက်ခံပြီး ကြမ်းပေါ်မှာအိပ်မလို့လား”

ရလဒ်က နွားခေါင်းကခေါင်းကိုစောင်းပြီး ပြန်ဖြေသည်။ “ဟဲဟဲ… ဒီလောက်အားနဲ့လား။ ငါရသေးတယ်။ အားနည်းနည်းပိုထည့်”

“လာထား” ဖိန်ကောကခုန်တက်ပြီး သံကြိုးသော့နဲ့နွားခေါင်းခေါင်းကိုတစ်ချက်ရိုက်လိုက်သည်။ ရလဒ်က နွားခေါင်းရဲ့ဆံတိုခေါင်းက အရေပြားနည်းနည်းနီသွား၏။

နွားခေါင်းက နွားမျက်လုံးကိုလန်ပြီး ဒေါသတကြီးအော်တော့သည်။ “ခွေးသား… မင်းငါ့ဆံပင်ပုံစံကို ကူးချထားတယ် ဟုတ်လား။ ငါရိုက်တာကို ခံကြည့်စမ်း”

ယွီဟွေးဖေးက အင်္ကျီတူလို့ ဒေါသထွက်တာကြားဖူးတယ်။ ခေါင်းက ကေပုံစံတူလို့ ဒေါသပေါက်ကွဲတာတော့ ပထမဆုံးကြားဖူးတာပဲ။

All Chapters