← Chapters

ငါက နတ်ဘုရင်ကွ

Vol. 2 Ch. 27

ငါက နတ်ဘုရင်ကွ

Vol. 2 Ch. 27

ယွီဟွေးဖေးက ဟိတ်ဝူချန်ဘေးကိုကပ်သွားပြီး “မင်းမကူညီဘူးလား” လို့ မေးလိုက်တော့

ဟိတ်ဝူချန်က အေးစက်စက် ပြန်ပြောသည်။

“တရားသူကြီးတစ်ယောက်တည်း သူ့ကိုထိုးတာလုံလောက်ပြီ။ ငါပါဝင်ရင် သူ့ကိုသတ်မိမှာစိုးလို့”

ယွီဟွေးဖေးတစ်ယောက် စကားမပြောနိုင်တော့ဘူး။ စိတ်ထဲကနေတွေးလိုက်မတာက ‘ဒါက တကယ်ပဲညီအစ်ကိုကောင်းတွေလား။ သောက်ကျိုးနည်း’

နောက်ပိုင်းမှာ ယွီဟွေးဖေးလည်းနားလည်သွား၏။ ချွေ့ကျွယ်က လက်မပေါ့ပေမယ့် အတိုင်းအဆရှိတယ်။ တကယ်ပဲပိုက်ဝူချန်ကို ထိုးဖောက်ပစ်မယ့်ပုံစံမဟုတ်ဘူး။ ကစားသလိုပဲထိုးနေတာ။ အဲ့ဒီအချိန်မှာ နွားခေါင်းကကပ်လာပြီးပြောလိုက်၏။

“စိတ်မပူနဲ့… ဒါက ငါတို့ငရဲပြည်ရဲ့ထူးခြားတဲ့နှုတ်ဆက်နည်းပဲ။ ကျင့်သားရသွားရင် ကောင်းသွားမှာ…”

ယွီဟွေးဖေးက တဟဲဟဲရယ်ရင်း ငြင်းလေ၏။

“နောက်ဆိုရင်… ကျုပ်နဲ့တော့ အဲ့လိုမျိုး နှုတ်မဆက်ကြပါနဲ့”

“…”

ဆူဆူညံညံဖြစ်ပြီးနောက်မှာ ချွေ့ကျွယ်လည်းမောသွားပြီး ပိုက်ဝူချန်နဲ့အတူ ထိုင်ချလိုက်သည်။

လူတိုင်းက အဆင်ပြေတဲ့နေရာကိုယူပြီး လိုက်ထိုင်ကြ၏။ ငရဲပြည်ကငါးယောက်က တစ်ယောက်နဲ့တစ်ယောက်သိကြတော့ မိတ်ဆက်ပေးစရာမလိုဘူး။

ယွီဟွေးဖေးကတော့ လာခါနီးမှာ ချွေ့ကျွယ်က သူ့ရဲ့နာမည်ကိုကြားဖူးတော့ သိနေပြီ။ ယွီဟွေးဖေးက စပ်စုပြီးမေးလိုက်၏။

“တရားသူကြီးချွေ့… ခင်ဗျားက သေခြင်းရှင်ခြင်းစာအုပ်နဲ့ တရားသူကြီးကလောင်တံကို ကိုင်ထားတယ်လို့ကြားတယ်။ အဲ့ဒါ ဘယ်သူ့ရဲ့သက်တမ်းကိုမဆို သိတယ်ဆိုတာ ဟုတ်လား”

ချွေ့ကျွယ်က ဒီစကားကြားတော့ ခေါင်းကိုနည်းနည်းမော့ပြီး ဂူဏ်ယူကျေနပ်စွာနဲ့ ပြောလိုက်သည်။

“နည်းနည်းပါးပါးတော့သိပါတယ်”

ယွီဟွေးဖေးက သိလိုက်ပြီ။ ဒီကောင်က ဘာမဆိုသိနေပြီ။ မဟုတ်ရင် ဒီလိုပြောမှာမဟုတ်ဘူး။ ပြီးတော့ ကပ်သွားပြီး ဟဲဟဲနဲ့မြှောက်ပင့်လိုက်၏။

“ဒါဆိုပြောပြပါဦး… ကျုပ်သက်တမ်းဘယ်လောက်ကျန်သေးလဲ။ ကျုပ်အသက်တစ်ရာ့နှစ်ဆယ်အထိနေနိုင်… အား… ထားလိုက်တော့။ ကျုပ်အဲ့လောက်အသက်မရှည်ချင်ဘူး။ အသက်ခုနစ်ဆယ်အထိနေရရင်ပြီးပြီ…”

တရားသူကြီးချွေ့က ဒီစကားကြားတော့ ဟားတိုက်ရယ်ပြီးပြောလိုက်သည်။

“ယွီလေး… မင်းအခု နတ်စာရင်းဝင်သွားပြီ။ သေခြင်းရှင်ခြင်းစာအုပ်ကနေ နာမည်ဖျက်ပြီးသား။ မင်းအခု အသက်ရှည်တဲ့ အခြေအနေမှာ ရှိနေတယ်။ အသတ်မခံရရင် မင်းအမြဲတမ်း အသက်ရှင်နေနိုင်တယ်”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ အံ့ဩသွား၏။ “ကျုပ်အသက်ရှည်သွားပြီလား”

ဒီအော်သံက တော်တော်ကျယ်ပြီး အော်ပြီးမှယွီဟွေးဖေးနောင်တရသွားသည်။ အပြင်ကနေတစ်ယောက်ယောက်က ချက်ချင်း ပြန်အော်ဟစ်နေလေ၏။

“ညီလေး… ဘာဟင်းလဲ။ ဘယ်လောက်တောင်သောက်ထားလို့လဲ။ အသက်ရှည်သွားပြီတဲ့”

ပြီးတော့ တစ်ယောက်ယောက်က ဟဲဟဲရယ်ပြီးပြောလိုက်တယ်။ “ငါ့ကို အရက်တစ်ပုလင်းပေးစမ်း… ငါက နတ်ဘုရင်ပဲ။ အမတ်မင်းတို့… လမ်းဖွင့်ပေး။”

“ထွက်သွား။”

…

ယွီဟွေးဖေးက ရှက်ရမ်းရမ်းနဲ့ နှာခေါင်းကိုကုတ်ပြီးပြောသည်။ “ခင်ဗျားတို့… အင်း.. အခုခေတ်သစ်လူတွေက အဲ့ဒါတွေကိုသိပ်ဂရုမစိုက်ဘူး”

ချွေ့ကျွယ်က ရယ်ပြီး “ငါတို့ငရဲပြည်မှာအလုပ်လုပ်တာလေ။ မကြုံဖူးတဲ့ လူရယ်လို့မှမရှိတာ။ မထူးဆန်းပါဘူး”

ယွီဟွေးဖေးလည်း သက်ပြင်းချလိုက်ပြီး နာမည်နှစ်ခုရေးကာပြောလိုက်၏။

“ခင်ဗျားကြည့်ပါဦး… ဒါက ကျုပ်မိဘတွေ။ သူတို့သက်တမ်းဘယ်လိုလဲ”

ချွေ့ကျွယ်က တစ်ချက်ကြည့်ပြီး ခေါင်းခါသည်။

“ယွီလေး… မင်းအခုလည်းနတ်စာရင်းဝင်သွားပြီ။ လုပ်ငန်းတိုင်းမှာ စည်းကမ်းရှိတယ်ဆိုတာနားလည်သင့်တယ်။ ငါတို့စည်းကမ်းကတော့ ကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ကိုမဖွင့်ဟရဘူး”

“မင်းကနတ်… နတ်ကအသက်ရှည်တယ်။ ဒါကလျှို့ဝှက်ချက်မဟုတ်ဘူး။ ဒါကြောင့်ငါပြောလို့ရတယ်။ ဒါပေမဲ့ မင်းကသာမန်လူကိုမေးရင် အဲ့ဒါကကောင်းကင်ဘုံရဲ့လျှို့ဝှက်ချက်ပဲ”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ စကားမပြောနိုင်တော့ဘူး။ သူ့ဘဝတစ်လျှောက်လုံးမှာ ကြီးကြီးမားမား တွယ်တာစရာမရှိဘူး။ တစ်ခုတည်းသောတွယ်တာစရာက တောရွာမှာရှိတဲ့ သူ့မိဘတွေပဲ။

မိဘနှစ်ပါးရဲ့ကျန်းမာရေးနဲ့ သက်တမ်းကို စိုးရိမ်တယ်။ အဲ့ဒီအချိန်မှာ ချွေ့ကျွယ်က ဟဲဟဲရယ်ပြီးပြောလိုက်၏။

“ယွီလေး… မင်းစဉ်းစားဖူးလား… မင်းသက်တမ်းမေးတဲ့ရည်ရွယ်ချက်က ဘာလဲ”

ယွီဟွေးဖေးတစ်ယောက် ကြောင်သွားပြီး စဉ်းစားကာပြောသည်။

“မိဘနှစ်ပါးရဲ့ ကျန်းမာရေးကိုစိုးရိမ်လို့ပေါ့”

ချွေ့ကျွယ်က ဆက်မေးလိုက်သည်။

“မိဘနှစ်ပါးရဲ့သက်တမ်းက သိပ်မကျန်တော့ဘူးဆိုရင် မင်းဘယ်လိုလုပ်မလဲ”

“ဒါဆိုရင်တော့ သူတို့နဲ့အတူနေဖို့ပြန်သွားမှာပေါ့”

ချွေ့ကျွယ်က ဒီစကားကြားတော့ ဟားတိုက်ရယ်ပြီး ယွီဟွေးဖေးရဲ့ခေါင်းကိုခေါက်ကာပြော၏။

“ကျေးဇူးဆပ်ချင်မှတော့ ဘာလို့ သူတို့သက်တမ်း မကျန်တော့တဲ့အချိန်မှ ပြန်သွားရမှာလဲ။ သူတို့မှာအချိန်အများကြီးရှိနေတုန်း ကောင်းကောင်းမွန်မွန်အတူမနေနိုင်ဘူးလား”

ဒီစကားကြားတော့ ယွီဟွေးဖေးကြောင်သွားပြီးတော့ ထပြီးချွေ့ကျွယ်ကို ဦးညွှတ်၏။

“ဆရာ့ရဲ့လမ်းညွှန်မှုကို ကျေးဇူးတင်ပါတယ်။ ဆရာပြောတာ မှန်တယ်။ ကျုပ်သူတို့နဲ့အတူနေဖို့ ပြန်သွားသင့်တယ်”

ချွေ့ကျွယ်က ခေါင်းညိတ်ပြ၏။ “လူ့ဘဝကတိုတောင်းတယ်… နှစ်တစ်ရာပဲရှိတာ။

နေ့တိုင်းအတူနေရင်တောင် ထွက်သွားတဲ့အချိန်မှာ အတူနေခဲ့တဲ့အချိန်က အရမ်းတိုတယ်လို့ခံစားရမှာ။

လူတော်တော်များများက နားမလည်ကြဘူး။ ပုံမှန်အချိန်မှာအတူမနေဘဲ လူသေသွားမှငိုယိုနေတာက ဘာအဓိပ္ပာယ်ရှိမှာလဲ”

ယွီဟွေးဖေးက ခေါင်းညိတ်ပြီး ထောက်ခံချိန်

နဘေးရှိ မြင်းမျက်နှာက ဝင်ပြောလိုက်၏။

“ယွီလေး… မင်းသွားလို့မရလောက်ဘူး။ ဒီအလုပ်ကြမ်းဌာနရဲ့ ဌာနမှူးရာထူးမှာ မင်းရဲ့အဆင့်က အနိမ့်ဆုံးပဲ။ ခွင့်ရက်က သိပ်မများလောက်ဘူး”

ယွီဟွေးဖေးက ချက်ချင်း တတိယထပ်ကိုပြေးတက်ပြီး အဲ့ဒီစုတ်ပြတ်နေတဲ့စာအုပ်ကို လှန်ကြည့်လိုက်တော့ မျက်နှာကမည်းသည်းသွားသည်။

ဘာလို့လဲဆိုတော့ စာအုပ်ထဲမှာရေးထားတာက အနီရောင်ဝတ်ရုံရှည်… ခွင့်ရက် တစ်နှစ်မှာတစ်ရက်။

ပြောရရင် သူ့ရဲ့အခုအဆင့်က တစ်နှစ်မှာကိုးထပ်ဆောင်ကနေ တစ်ရက်ပဲထွက်ခွာခွင့်ရှိတယ်။

အချိန်ကြာသွားရင် စည်းကမ်းဖောက်ဖျက်မှုဖြစ်ပြီး အဲ့ဒီအခါကျရင် ကောင်းကင်ဘုံကအပြစ်ပေးမှာ။

ယွီဟွေးဖေးက ဆက်လှန်ကြည့်ပြီး ပါးစပ်ကပွစိပွစိပြောနေ၏။

“ငါသွားလို့မရရင် မိဘနှစ်ပါးကိုဒီကိုခေါ်လာမယ်”

ဒါပေမဲ့ အပေါ်မှာရေးထားတာက အနီရောင်ဝတ်ရုံရှည်… အပြင်လူကိုအများဆုံးသုံးရက်ပဲတည်းခိုခွင့်ပြုသည်။

ယွီဟွေးဖေးတစ်ယောက် ဒါကိုကြည့်ပြီး ဒေါသထွက်ထွက်နဲ့ စားပွဲကိုမှောက်ချင်စိတ်ပေါက်သွားသည်။ ဒါလည်းမရ၊ ဟိုဟာလည်းမရ၊ ဘာမှပြောမနေနဲ့တော့။

ချွေ့ကျွယ်က လျှောက်လာပြီး ယွီဟွေးဖေးကိုပုတ်ကာပြောလိုက်၏။

“စည်းကမ်းကသေနေတာ… လူကရှင်နေတာ။ မင်းရဲ့အခုအခက်အခဲက ရှင်းရှင်းလေးပဲ။ အဆင့်ကိုကြိုးစားပြီး မြှင့်တင်လိုက်ရုံပဲ”

ယွီဟွေးဖေးက လက်ထဲကစာအုပ်ကိုဆက်လှန်ကြည့်တော့ နောက်မှာအခွင့်အရေးအဆင့်မြှင့်တင်မှုပြဿနာကိုပြောပြထား၏။

အရှင်းဆုံးကတော့ အောင်မြင်မှုနဲ့ကုသိုလ်ပေါင်းတာပဲ။

အောင်မြင်မှုကတော့ ကိုးထပ်ဆောင်ကိုကောင်းကောင်းစီမံခန့်ခွဲပြီး ပြဿနာမဖြစ်အောင်လုပ်ရမယ်။ ပြီးတော့ သရဲနတ်တစ်ပါးကိုပြုပြင်ပြောင်းလဲပေးနိုင်ရင် အောင်မြင်မှုတစ်မှတ်ရမယ်။

တစ်လလုံးဘာမှမဖြစ်ရင် အပိုအောင်မြင်မှုတစ်မှတ်ရမယ်။

အောင်မြင်မှုက တစ်ရာပြည့်ရင် ဒါမှမဟုတ် ကုသိုလ်သုံးထောင်ပြည့်ရင် အခွင့်အရေးအဆင့်မြှင့်တင်နိုင်တယ်။

ကုသိုလ်ကတော့ ကောင်းမှုလုပ်တာပဲ။ ကောင်းမှုလုပ်ရင် သက်ဆိုင်ရာကုသိုလ်ရမယ်။ ကုသိုလ်ဘယ်လောက်ရမလဲဆိုတာကတော့ ကိစ္စအပေါ်မူတည်တယ်။

တစ်ချိန်တည်းမှာပဲ နောက်မှာ အနီရောင်စာလုံးနဲ့အမှတ်အသားပြုထားတဲ့ အရေးကြီးအချက်တစ်ချက်ရှိ၏။

“သတိပြုပါ… သင်သည် ကိုးထပ်ဆောင်ကိုကိုယ်စားပြုသည်၊ ကောင်းကင်ဘုံ၏ဂုဏ်သိက္ခာကိုကိုယ်စားပြုသည်။ မည်သည့်အရာကိုမဆိုလုပ်ဆောင်ရာတွင် ကောင်းကင်ဘုံ၏ဂုဏ်သိက္ခာကိုမထိခိုက်စေရ။ ကောင်းကင်ဘုံ၏ပုံရိပ်ကိုထိခိုက်စေပါက အောင်မြင်မှု သို့မဟုတ် ကုသိုလ်ကိုနှုတ်မည်။ အားလုံးအနှုတ်ဖြစ်သွားပါက ကောင်းကင်ဘုံထောင်သို့ ပို့ခံရမည်။”

ယွီဟွေးဖေးတစ်ယောက် ကြည့်ပြီး လန့်ပြီးတုန်သွား၏။ ဒါကအန္တရာယ်ရှိတာပဲ။ ချက်ချင်းယွီဟွေးဖေးက ကိုယ့်ကိုယ်ကို အလုပ်ဖြုတ်ချင်စိတ်ထပ်ပေါက်လာ၏။ ဒါပေမဲ့ ချက်ချင်းပဲ လူယာကိုဆဲဆိုချင်စိတ်ဖြစ်သွားပြီး သူဆဲတော့တာပဲ။

တစ်ချီတည်းနဲ့ လူယာရဲ့ဘိုးဘေးဆယ့်ရှစ်ဆက်ကိုဆဲပြီးနောက်မှာ ယွီဟွေးဖေးက စိတ်ပျက်စွာနဲ့ထိုင်ချပြီးပြောသည်။

“ဒီဘဝက… နေလို့မဖြစ်တော့ဘူး”

ချွေ့ကျွယ်က ဒီစကားကြားတော့ ပြုံးပြပြီးပြောလိုက်၏။

“ဘဝဆိုတာ… မုဒိမ်းကျင့်ခံရသလိုပဲ။ မင်းမခုခံနိုင်ရင် ဘာလို့လိုက်ပါစီးမျောပြီး မခံစားတာလဲ”

ယွီဟွေးဖေးက သူ့ကိုမျက်လုံးလှန်ပြပြီး ပြောလိုက်၏။

“ဆရာ… ဥပမာပေးတဲ့အခါမှာ ယဉ်ကျေးလို့မရဘူးလား။ ခင်ဗျားက ဘာပဲဖြစ်ဖြစ် စာတတ်ပေတတ်တစ်ယောက်ပဲလေ”

ဒီစကားကြားတော့ ပိုက်ဝူឆန်က လျှာကိုအမြန်လိပ်ပြီးပါးစပ်ထဲထည့်ကာ ဟွန်းခနဲ နှာမှုတ်ထုတ်လိုက်ပါလေကော။

“သူကစာတတ်ပေတတ်။ ဖွီး… မင်းက ကလောင်တံနဲ့တခြားသူဖင်ကိုထိုးတဲ့ စာတတ်ပေတတ်ကိုမြင်ဖူးလို့လား။ အဓိကက ဝင်လိုက်ထွက်လိုက်နဲ့… တော်တော်မဟုတ်ကဟုတ်ကနိုင်တာပဲ”

ချွေ့ကျွယ်က မောက်မာစွာနဲ့ ကြုံးအော်ပစ်တော့သည်။

“ဘယ်လိုလုပ်မမြင်ဖူးရမှာလဲ။ ဒါက ဟန်မင်းဆက်ပညာရှိရဲ့ စတိုင်ပဲကွ။ ဟန်မင်းဆက်ခေတ်မှာ ငါက ဓားကို ဆောင်နိုင်တယ်။ မင်းနဲ့အခြေအတင်မပြောနိုင်ရင် ဓားထုတ်ပြီးတိုက်ခိုက်မယ်။ မင်းသေသွားရင် ငါမင်းအလောင်းကို အခြေအတင်စကားပြောမယ်”

ဒီစကားကြားတော့ ယွီဟွေးဖေးတစ်ယောက် စကားမပြောနိုင်တော့ဘူး။ ဒါပေမဲ့ သေချာစဉ်းစားကြည့်တော့ ဟန်မင်းဆက် စာတတ်ပေတတ်တွေက တကယ်ပဲကြမ်းတယ်။

အဲ့ဒါက စာပေနဲ့ကမ္ဘာကိုအုပ်ချုပ်နိုင်ပြီး စစ်ရေးနဲ့နိုင်ငံကိုတည်ထောင်နိုင်တဲ့ သူတွေပဲ။ တော်တော်ကြမ်းတာ။

ဟန်မင်းဆက်က စာတတ်ပေတတ်တွေတောင် ဘဝကို အပြည့်အဝဖြတ်သန်းနိုင်သေးမှတော့ ယွီဟွေးဖေးစိတ်ထဲမှာ သတ္တိတွေတိုးလာပြီး စားပွဲကိုရိုက်ကာထလိုက်သည်။

“ငါမယုံဘူးကွ… ငါယွီဟွေးဖေးက ဒီလိုစည်းကမ်းဘောင်လေးတွေနဲ့ အချုပ်အနှောင်ခံရမှာလား”

ယွီဟွေးဖေးဒီလိုဖြစ်နေတာကိုမြင်တော့ တခြားသူတွေလည်း ရယ်လိုက်ကြ၏။ နွားခေါင်းက ဝင်ပြီး အကြံထပ်ပေးလိုက်သည်။

“ယွီလေး… အရက်ရှိသေးလား။ ငါတို့နှစ်ခွက်လောက်သောက်ကြမလား”

All Chapters