← Chapters

တိုက်ပွဲ(၃)

Vol. 6 Ch. 530

တိုက်ပွဲ(၃)

Vol. 6 Ch. 530

"လင်းရှုံ့မင် ရှုံးသွားတာလား ..."

နောက်ဆုံး တိုက်ခိုက်မှု၌ လင်းရှု့မင်သည် သူ၏ အစစ်အမှန် စွမ်းအားကို ထုတ်ဖော်ခဲ့ကြောင်း လူတိုင်း တွေ့မြင်ကြသည်။ သို့တိုင်အောင် သူသည် ချန်းပေ့ရွှမ်း၏ ပြိုင်ဘက် မဖြစ်ခဲ့ပေ။ သူကား ဓားကို လက်လွှတ်ခဲ့ရသည့် အပြင် ပင်လယ်ပြင် အထိပါ လွင့်စဉ်ခဲ့ရသည်။

လူတိုင်းကား ထိုအဖြစ်အပျက်ကြောင့် ရူးသွပ်မတတ် ဖြစ်ပျက် နေခဲ့ကြသည်။

မြောက်ပိုင်းချုံးဂိုဏ်းသည် လင်းရှု့မင်ကိုပင် အနိုင်ယူခဲ့သည်။ ထိုအဖွဲ့အစည်းကို မည်သူက တားနိုင်တော့မည်နည်း။

ဂျပန်ပညာရှင်များ သည်လည်း အသည်း နှလုံးထဲမှ ကြောက်ရွံ့ နေခဲ့ကြပြီ ဖြစ်သည်။

ချန်းဖန်သည် ဂျပန်၏ နံပါတ်တစ် ရန်သူ ဖြစ်သည်။ သူသည် ဂျပန်၏ အဓိက ဘုရားကျောင်း ငါးခုကို ဖျက်ဆီးခဲ့ကာ တာကီမီယာ ဟီရိုကို သတ်ဖြတ်ခဲ့သည်။ ထို့အပြင် ဂျပန် တပ်မတော်၏ ကြည်းတပ်မဟာ (၁၄) သည်လည်း သူ၏ လက်အောက်၌ ကျရှုံးခဲ့ရသေးသည်။

"ငါ့ဆရာ နိုင်သွားပြီဟေ့ ..."

အားရှို့က စိတ်လှုပ်ရှားစွာ ထ၍ ခုန်ပေါက်၍ အော်ဟစ်လိုက်၏။

သူမသည် ကျောင်းကျိုး၏ ဘုရင်မ ဖြစ်ပြီး တရုတ်၏ အစွမ်း အထက်ဆုံး မိန်းကလေး အထွတ်အထိပ် ပညာရှင် ဖြစ်သည်။ သို့သော် ချန်းဖန်၏ ရှေ့တွင်မူ သူမကား အပြစ် ကင်းစင်သော ကလေးမလေးသာ ဖြစ်၏။

ဟွာရန်ဖန်းကမူ ပင်လယ်ပြင်သို့ လွင့်စဉ်ကျသွားသည့် လင်းရှု့မင်ကို ကြည့်ကာ ခေါင်းကိုသာ ခါယမ်း နေမိတော့သည်။

"လင်းရှု့မင်က တန်ခိုးရှင်အဆင့်ရဲ့ အထွတ်အထိပ်ကို ရောက်နေခဲ့ပြီးတော့ တန်ခိုးရှင် ထိပ်ဆုံး အဆင့်တွေထက်တောင် ပိုပြီး အစွမ်းထက်တယ် ... ဒါပေမဲ့ သူ့အဆင့်က ဆရာနဲ့ ယှဉ်ရင် ဝေးကွာနေတုံးပါလား ..."

ဟွာရန်ဖန်းသည် ချန်းဖန်နှင့် လင်းရှု့မင်တို့၏ တိုက်ပွဲကို မှတ်ချက် ချနိုင်လောက်အောင် အသိဉာဏ်၊ အတွေ့အကြုံ၊ ဗဟုသုတ ကြွယ်ဝသူ ဖြစ်သည်။

လင်းရှု့မင်သည် နတ်ဘုရား ဝိညာဉ်၊ ခန္ဓာကိုယ် သန့်စင်မှု၊ အစစ်အမှန် စွမ်းအား စသည်ဖြင့် ကျင့်ကြံခြင်း လမ်းစဉ် အမျိုးမျိုး၌ တန်ခိုးရှင် အထွတ်အထိပ်သို့ ရောက်ရှိနေကြောင်း ဟွာရန်ဖန်း သတိထားမိသည်။ သူသည် တန်ခိုးရှင် ခြောက်ယောက်နှင့် တစ်ပြိုင်နက် တိုက်ခိုက်နိုင်သည် အထိ အစွမ်းထက်သူ ဖြစ်သည်။ ထို့အပြင် သူ၏ ဓားကလည်း အလွန်အမင်း အစွမ်းထက်သေးသည်။

သို့သော်လည်း ချန်းဖန်သည် သူ့ထက်ပို၍ အစွမ်းထက်၏။

တိုက်ပွဲ အစကပင်လျှင် ချန်းဖန်သည် လင်းရှု့မင်ကို အထက်စီးမှ တိုက်ခိုက်နိုင်ခဲ့သည်။ ထို့အပြင် ချန်းဖန် အသုံးပြုသော တိုက်ခိုက်ရေး နည်းစနစ်များသည်လည်း ဆန်းကြယ်ကာ အလွန်အမင်း အစွမ်းထက်သည်။ လင်းရှု့မင်၏ ဓားနည်းစနစ်သည် ချန်းဖန်၏ အပေါ်၌ အနည်းငယ်မျှပင် လွှမ်းမိုးနိုင်ခြင်း မရှိခဲ့ချေ။

"လင်းရှု့မင် ရှုံးသွားတာလား ..."

ပျံလွှားနီလေးက ခပ်တိုးတိုး ရေရွတ်လိုက်၏။

ကျားဖြူနှင့် လိပ်နက်တို့သည်လည်း ထိုမြင်ကွင်းကို ယုံကြည်ရန် ခက်ခဲ နေကြသည်။

ဤသည်က နှစ်ခြောက်ဆယ် တံခါးပိတ် ကျင့်ကြံပြီးနောက်တွင် လင်းရှု့မင်၏ ပထမဆုံး တိုက်ပွဲ ဖြစ်သည်။ သို့သော်လည်း သူသည် ချန်းပေ့ရွှမ်းထံ၌ ရှုံးနိမ့်ခဲ့သည်။ လင်းရှု့မင်သည် ချန်းဖန်ထံ၌ ရှုံးနိမ့်ခဲ့လျှင် ရဲ့ချင်စန်း အတွက်လည်း တူညီသော ရလဒ် ထွက်လာနိုင်သည်။

"လင်းရှု့မင် မရှုံးသေးဘူး ..."

အဇူရာ နဂါး၏ မျက်လုံးများက ရုတ်တရက် လင်းလက်သွား၏။

"တိုက်ပွဲက အခုမှ စမှာ ..."

အဇူရာ နဂါး၏ စကားကြောင့် လူတိုင်းက တစ်ယောက်ကို တစ်ယောက် ကြည့်ကာ မေးငေါ့လိုက်ကြသည်။ ထိုစကား အဓိပ္ပာယ်ကို သူတို့ နားမလည်ကြချေ။

"ဘုန်း ..."

ထိုအချိန်မှာပင် ပင်လယ် ရှိရာမှ အလင်းတန်း တစ်ခု ထိုးတက်လာ၏။ ထိုအလင်းတန်းကား လင်းရှု့မင်ပင် ဖြစ်သည်။

"ချန်းပေ့ရွှမ်း ... မင်းက နှစ်တစ်ထောင်မှာ တစ်ယောက် ထူးချွန်တဲ့ ပါရမီရှင် ဆိုတာ ငါ ယုံကြည်သွားပြီ ... နောက်ပြီး မင်းက မြေကမ္ဘာ အဆင့် နတ်ဘုရားရဲ့ ခန္ဓာကိုယ်နဲ့ ဗောဓိသတ္တရဲ့ ကြံ့ခိုင်မှုကိုပါ ပိုင်ဆိုင်ထားသေးတယ် ... အဆုံးမဲ့ အစစ်အမှန်ချီနဲ့ အံ့မခန်း နည်းစနစ်တွေရဲ့ ပေါင်းစပ်မှုမှာ မင်းက တကယ့်ကို မထိသင့်တဲ့ လူတစ်ယောက်ပဲ ..."

လင်းရှု့မင်က ချန်းဖန်အား ကြည့်ကာ ဆိုလိုက်၏။

"မင်း အခုထက်ထိ မြေကမ္ဘာ အဆင့်ကို မရောက်သေးတာ ကံဆိုးတာပဲ ... ဒါကြောင့်မလို့ မင်း ဒီနေရာမှာ အခုသေရမယ် ..."

"ဟုတ်လား ..."

ချန်းဖန်က မျက်မှောင်ကြုတ်ရင်း ရန်သူအား ကြည့်လိုက်၏။ ထို့နောက် သူက တစ်ချက် ပြုံးလိုက်သည်။

"အာဟ ... ဒါက မင်းရဲ့ သတ္တိရင်းမြစ်ကိုး ... ငါ့ကို စိန်ခေါ်ရဲတာ အံ့အားသင့်စရာ မရှိတော့ဘူး ..."

"ဘာဖြစ်နေတာလဲ ..."

လူများစွာသည် ထိုအဖြစ်အပျက်ကို နားမလည် နိုင်ကြချေ။

"အလင်းက ကောင်းကင်ရဲ့ ဆန္ဒကို အမိန့်ပေးနိုင်စွမ်း ရှိနေတယ် ... သူ ... သူ တကယ် လုပ်ခဲ့တာပဲ ..."

လီချန်းရှန့်က ရေရွတ်လိုက်သည်။

"သေမျိုး နတ်ဘုရား ... ဟမ့် ..."

ယောင်တောက်ရီက နှာခေါင်းရှုံ့လိုက်၏။ သို့သော်လည်း သူ၏ မျက်နှာက မနာလိုမှုက သူ့ကို သစ္စာဖောက်နေသည်။

"အစ်ကိုလင်းက သေမျိုးနတ်ဘုရား ဖြစ်သွားပြီ ... ကောင်းလိုက်တာ ... ငါသာ သူနဲ့ တစ်ကွက်နှစ်ကွက် တိုက်ခိုက်ရရင် ဘယ်လောက် ကောင်းမလဲ ..."

ဝါတနာဘေ၏ မျက်လုံးများမှာမူ စိတ်လှုပ်ရှားမှုကြောင့် တဖျတ်ဖျတ် လင်းလက်နေ၏။

"ဘုန်း ..."

ထိုအချိန်တွင်ပင် လင်းရှု့မင်က စတင် တိုက်ခိုက်၏။

ထိုတိုက်ခိုက်မှုတွင် သူသည် နတ်ဘုရား စွမ်အားကို မသုံးသကဲ့သို့ ဓားပျံကိုလည်း အမိန့်မပေးခဲ့ချေ။ သူက ရိုးရှင်းစွာပင် လက်ကို ဝှေ့ယမ်းကာ အမတေချီ ဆူနာမီ တစ်ခုကို ဆင့်ခေါ်လိုက်သည်။ ထိုအမတေချီ၏ သူ၏ ဆန္ဒအတိုင်း လိုက်လျောကာ လက်ဝါး သဏ္ဌာန်ကို ဖွဲ့စည်း၏။

ထိုလက်ဝါးသည် တစ်ဆယ် မီတာခန့် ကြီးမား၏။ လင်းရှု့မင်က လက်ကို ဝှေ့ယမ်းလိုက်ရာ လက်ဝါးက ချန်းဖန်ထံသို့ လှိုင်းလုံးကြီး သဖွယ် တိုးဝင်သည်။

"ဘာကြီးလဲ ..."

လူတိုင်းကား ဆွံ့အ သွားကြ၏။

လင်းရှု့မင်၏ မျက်နှာသည် ဖြူရော်နေပြီး အဝတ်အစားများသည်လည်း စုတ်ပြတ်နေပြီ ဖြစ်သည်။ သူကား နောက်ဆုံး အခြေအနေသို့ပင် ရောက်နေပုံ ပေါ်၏။

သို့တိုင်အောင် အဘယ်ကြောင့် ယခုကဲ့သို့ စွမ်းအားမျိုးကို ဖော်ထုတ်နိုင်ရသနည်း။

"သူက ကောင်းကင်နှင့် မြေကြီးရဲ့ စွမ်းအားကို ဆန္ဒ တစ်ခုနဲ့တင် အမိန့်ပေးနိုင်တယ် ... ဒါလား သေမျိုးနတ်ဘုရားရဲ့ စွမ်းအား ဆိုတာ ..."

အဇူရာနဂါးက ပေါ့ပေါ့ပါးပါးပင် ရေရွတ်လိုက်သည်။

"ကျိုးပျက် ..."

ချန်းဖန်ကား တုန်လှုပ်သွားခြင်း မရှိချေ။ သူက အစစ်အမှန် အမတေကို ချိတ်ဆက်ကာ လက်သီး တစ်ချက် ထုတ်လွှတ်လိုက်၏။

"ဘုန်း ..."

ပေါက်ကွဲသံနှင့် အတူ ကောင်းကင်၌ နေနှင့် လတို့ ထွန်းတောက်လာ၏။ ထိုနှစ်ခုက တစ်ခဏ အတွင်းမှာပင် တစ်ခုတည်း အဖြစ် ပေါင်းစည်းကာ ချိပ်တံဆိပ် အသွင်ဆောင်သည်။

"ဘုန်း ..."

လက်သီးနှင့် ချိပ်တံဆိပ်တို့ ကောင်းကင်တွင် ထိပ်တိုက်တွေ့ရာ နှစ်ခုစလုံး ပျက်စီးသည်။

"သရေကျသွားတာလား ..."

ထိုအရာကား ချန်းဖန်၏ တိုက်ခိုက်မှုကို လင်းရှု့မင် ပထမဆုံး အကြိမ် အကုန်အစင် ပိတ်ဆို့ နိုင်ခဲ့ခြင်း ဖြစ်သည်။

"ဘယ်လို ဖြစ်ရတာလဲ ... အဘိုးကြီးက ရှုံးဖို့ သေချာနေတာ မဟုတ်ဘူးလား ..."

အားရှို့က မယုံကြည်နိုင်စွာ ရေရွတ်လိုက်သည်။

ထိုအချိန်၌ ဟွာရန်ဖန်း၏ မျက်နှာမှာမူ အလွန် လေးနက်နေခဲ့ပြီ ဖြစ်သည်။ သူက စဉ်စားရင်း ခန့်မှန်း ပြောဆိုလိုက်၏။

"လင်းရှု့မင်က သေမျိုး နတ်ဘုရား ဖြစ်သွားတာ ဖြစ်ရမယ် ... ဒါကြောင့်ပဲ သူက ဆရာ့ရဲ့ တိုက်ခိုက်မှုကို ခုခံနိုင်ခဲ့တာ ..."

"အဲဒါက ဘာလဲ ..."

လူအများက သူ့ကို ကြည့်ကြသည်။ သူတို့ အထဲမှ အများစုကား "သေမျိုး နတ်ဘုရား" ဆိုသော နာမည်ကို ယခုမှ ပထမဆုံး အကြိမ် ကြားဖူးကြခြင်း ဖြစ်သည်။

"သေမျိုး နတ်ဘုရား ဆိုတာက နတ်ဘုရားတွေနဲ့ သေမျိုးတွေ ကြားက အဆင့် တစ်ခုလို့ ပြောလို့ရတယ် ... ရှင်းရှင်း ဆိုရမယ် ဆိုရင် သေမျိုး နတ်ဘုရားက တန်ခိုးရှင် အဆင့်ထက် တစ်ဆင့်မြင့်တယ် ... အဲဒီ အဆင့်ကို ရောက်တာနဲ့ ကျင့်ကြံတွေက ကောင်းကင်နဲ့ မြေကြီးရဲ့ စွမ်းအားကို ထိတွေ့နိုင်လာတယ် ... သူတို့က ကိုယ်ပိုင် စွမ်းအားတွေကို မသုံးပဲနဲ့တောင် တန်ခိုးရှင် အဆင့်ကို သတ်ဖြတ် ပစ်နိုင်စွမ်း ရှိတယ် ..."

ဟွာရန်ဖန်းက ရှင်းပြလိုက်သည်။

"ဒါပေမဲ့ သူတို့ရဲ့ စွမ်းအားတွေက မြေကမ္ဘာ အဆင့်ကို မှီဖို့ လိုနေသေးတယ် ... မြေကမ္ဘာ အဆင့်တွေရဲ့ သက်တမ်းက ငါးရာလောက် ရှည်ပေမဲ့ သူတို့ကတော့ နှစ်တစ်ရာ့ ငါးဆယ်လောက်ပဲ နေရတယ် ..."

ဟွာရန်ဖန်းက ခေါင်းကို ခါလိုက်သည်။

"ဒါဆို ဆရာ ဒုက္ခရောက်တော့မှာလား ..."

ယုဝမ်ကျင်းက ထိတ်လန့်တကြား တွေးလိုက်မိ၏။ သက်တမ်း မည်မျှပင် ရှိသည် ဆိုစေကာမူ လင်းရှု့မင်သည် မြေကမ္ဘာ အဆင့်နှင့် ခြေတစ်လှမ်းသာ ကွာတော့သူ ဖြစ်သည်။ ချန်းဖန် အနေဖြင့် ရင်ဆိုင်နိုင်မည်လား မည်သူမျှ အတိအကျ မပြောနိုင်ချေ။

"သွား ..."

လင်းရှု့မင်က ပင်လယ်သို့ လက်ညှိုးထိုးရင်း ရေပြင်ကို နှစ်ပိုင်းခွဲထုတ်လိုက်၏။ ပင်လယ်၏ အထက်တွင်မူ ထိုအင်အားက မိုးရေစက် များစွာကို လွင့်စဉ်စေသည်။

"လာစမ်း ..."

ချန်းဖန်၏ မျက်လုံး၌ အလင်းရောင် တစ်ခု ပေါ်လာကာ သူ၏ ခန္ဓာကိုယ် ပတ်လည်၌ ဝန်းရံ၏။ သူက တိုက်ရိုက်ပင် လက်သီးကို အသင့်ပြင်ကာ လင်းရှု့မင်၏ တိုက်ခိုက်မှုကို စောင့်ကြည့်သည်။

"ဘုန်း ..."

လင်းရှု့မင်က လက်ကို ဝှေ့ယမ်းရာ ပင်လယ် လှိုင်းများက ကောင်းသို့ တက်၏။ ထိုအရာက ကြီးမားသော လက်ကြီး၏ အသွင်သို့ ယူကာ ချန်းဖန်ကို ဆုပ်ကိုင်သည်။

"နှစ်သုံးရာလောက် အသက်ရှင်ခဲ့တဲ့ မဟာကဝေနဲ့ ကျန်းစန်းဖုန်းတို့တောင် သူ့လို အဆင့်မျိုးကို မရောက်ခဲ့ဘူး ..."

အဇူရာ နဂါးက လင်းရှု့မင် ပြသသော စွမ်းအားကို ကြည့်၍ တအံ့တဩ ရေရွတ်လိုက်သည်။

"ဘုန်း ..."

သုံးမီလီ စက္ကန့် အတွင်းတွင်ပင် ချန်းဖန်သည် ထိုလက်ကြီးအား အဇူရာ သစ်သားဓားချီကို သုံး၍ ဖျက်ဆီးလိုက်၏။

သို့သော်လည်း ထိုအခိုက်၌ လင်းရှု့မင်သည် အခြား အစီအရင် တစ်ခုကို အဆုံးသတ် ပြီးသွားခဲ့ပြီ ဖြစ်သည်။ သူက လက်ကို ဝှေ့ယမ်းလိုက်ရာ မရေမတွက် နိုင်သော မိုးရေစက်များက ဓားများအသွင်သို့ ပြောင်းလဲကာ ချန်းဖန်ထံ တိုးဝင်ကြသည်။

"ဘုန်း ... ဘုန်း ... ဘုန်း ..."

သုံးထောင်မျှ အရေအတွက် ရှိသော ရေဓားများသည် ချန်းဖန်၏ အကာအကွယ် အလင်းထံ တိုင်းဝင်ကြ၏။ သို့သော်လည်း ချန်းဖန်ကား ထိုဓားများကို ဂရုစိုက်ခြင်း အလျဉ်း မရှိချေ။

သူက လင်းရှု့မင်ကို ကြည့်ရင်း အနည်းငယ် ပြုံးလိုက်၏။

"ကောင်းကင်နဲ့ မြေကြီးကို အမိန့်ပေးဖို့က တကယ်ပဲ လွယ်မယ်လို့ မင်းတွေးနေတာလား ... မင်း ဒီအဆင့်ကို ဘယ်လောက် ထိန်းထားနိုင်မလဲ ငါသိချင်သေးတယ် ... နှစ်နာရီလား ဒါမှမဟုတ် သုံးနာရီလား ... မင်းက ကျန်ရှိတဲ့ သက်တမ်း သုံးနှစ်ကို ဒီအသုံးမကျတဲ့ စွမ်းအားနဲ့ လဲယူခဲ့တာပဲ ..."

ချန်းဖန်သည် ကျင့်ကြံခြင်း ကမ္ဘာ၌ သေမျိုး နတ်ဘုရားကို မတွေ့မြင်ခဲ့ဖူးချေ။ ထို့ကြောင့်ပင် သေမျိုး နတ်ဘုရား တစ်ယောက် မည်မျှ အစွမ်းထက်မည်ကို သူ မခန့်မှန်းနိုင်ချေ။

သို့သော်လည်း လင်းရှု့မင် ပိုင်ဆိုင်ထားသည့် သေမျိုး နတ်ဘုရား အဆင့် စွမ်းအားသည် မူလဝိညာဉ် အဆင့်၏ အဆင့်နိမ့် စွမ်းအားလောက်သာ ရှိကြောင်းကိုမူ သူ အကဲခတ်မိသည်။

လင်းရှု့မင်သည် မူလဝိညာဉ် အဆင့်ကို ရောက်နိုင်သည့် ဉာဏ်အလင်းကို ပိုင်ဆိုင်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း ကမ္ဘာမြေ၏ ဝိညာဉ်ချီ ရှားပါးမှုက သူ၏ တိုးတက်မှုကို ကန့်သတ်ခဲ့သည်။

လင်းရှု့မင်သည် နှစ်ခြောက်ဆယ် တံခါးပိတ် ကျင့်ကြံခဲ့သည့်တိုင် မူလခန္ဓာကိုယ်ကို မပိုင်ဆိုင်ခဲ့ပေ။ မူလ ခန္ဓာကိုယ် မပိုင်ဆိုင်ပဲ မူလ နတ်ဘုရား ဝိညာဉ်ကို ရရှိလိမ့်မည် မဟုတ်ချေ။ ထက်မြက်သော ဉာဏ်အလင်းမှ လွဲလျှင် သူ၏ မည်သည့် အစိတ်အပိုင်းကမျှ မူလဝိညာဉ်ကို အဆင့် မမှီချေ။

ထို့ကြောင့်ပင် လင်းရှု့မင်သည် ကျန်ရှိသော သက်တမ်း သုံးနှစ်ကို ရင်း၍ လက်ရှိ အဆင့်ထိ ရောက်အောင် အတင်းမြှင့်တင်ခဲ့သည်။ သို့သော်လည်း ထိုအဆင့်က သုံးနာရီထက် ပို၍ တည်တံ့လိမ့်မည် မဟုတ်ချေ။

"အဲဒီ အချိန်က မင်းကို သတ်ဖို့ လုံလောက်တယ် ..."

သူ၏ ဆံပင်နှင့် အရေပြားများကား လူငယ် တစ်ယောက်၏ နုပျိုမှုများ စတင် ယိုယွင်း လာခဲ့ပြီ ဖြစ်သည်။ သို့သော်လည်း လင်းရှု့မင်၏ မျက်လုံး အတွင်းရှိ မီးတောက်မှာမူ ပို၍သာ တောက်ပ လာနေခဲ့တော့၏။

***

All Chapters