← Chapters

ဝတုတ်ရှောင်းရဲ့ သင်္ချိုင်းကန်တော့ပွဲ

Vol. 3 Ch. 34

ဝတုတ်ရှောင်းရဲ့ သင်္ချိုင်းကန်တော့ပွဲ

Vol. 3 Ch. 34

မိုးစောစောမလင်းရင် လူတွေက ထပ်ပြီးစားကောင်းသောက်ဖွယ်တွေ လုပ်ဖို့တောင် ပြင်ဆင်နေကြသေးတာ။ ဒါပေမဲ့ မပြန်ခင်မှာ နွားခေါင်းက မကျေမနပ်နဲ့ အရက်နှစ်ပုလင်းကို ထပ်ပြီးခိုးယူသွားသေး။

အောက်အီးအီးအွတ်…

ကြက်ဖကြီးရဲ့တွန်သံနဲ့အတူ ကောင်းကင်က အလင်းရောင်သန်းလာပြီး ဝတုတ်ရှောင်းက အဲ့ဒီအလင်းရောင်တစ်စကိုကြည့်ပြီး ငိုချလိုက်သည်။

ကောင်းကင်လုံးဝလင်းပြီး နေရောင်ကျလာတဲ့အချိန်မှာ ဝတုတ်ရှောင်းက တံခါးကိုတွန်းဖွင့်ပြီး သူ့အိမ်တံခါးနောက်ကိုကြည့်လိုက်၏။

“ရှောင်ရှောင်း… အဘိုးယွီမင်းကိုလာကြည့်တာ။ မင်းမထွက်လာတော့ အဘိုးနဲ့ သူငယ်ချင်းတချို့ ဗိုက်ဆာနေပြီ”

အစပိုင်းမှာ ဝတုတ်ရှောင်းက ဘာဖြစ်မှန်းမသိသေးဘူး။ သူကမီးဖိုချောင်က မုန်တိုင်း တိုက်ခံထာရတဲ့နေရာလိုမြင်ကွင်းကိုမြင်တော့ မျက်လုံးတွေပြာဝေပြီး မေ့လဲသွားပါလေကော။

စားသောက်ပြီးတော့ ယွီဟွေးဖေးလည်း အိပ်မရတော့ဘူး။ စောစောထပြီး တောင်တန်းဘက်ကိုမျက်နှာမူကာ တောင်ပေါ်ကတိုက်ခတ်လာတဲ့ဆောင်းဦးလေကို အားရပါးရရှူရှိုက်လိုက်တော့ တစ်ကိုယ်လုံးအေးမြပြီးလန်းဆန်းသွား၏။ သက်တောင့်သက်သာရှိလိုက်တာကွာ။

ယွီဟွေးဖေးက တံခါးကိုတွန်းဖွင့်ပြီး လမ်းလျှောက်ထွက်၊ နေရောင်ခြည်နုနုကိုခံယူပြီး ကံကောင်းမလားလို့စောင့်ကြည့်နေတုန်း မနက်စောစောထတဲ့လှလှပပလေးတချို့ကိုများတွေ့မလားလို့ တံခါးဖွင့်လိုက်တာနဲ့ လူတစ်ယောက်က ဗြုန်းဆိုပြီး တန်းဝင်လာကော။

ဒါက ယွီဟွေးဖေးကိုလန့်သွားစေသလို မနေ့ညကဗိုက်ပြည့်ပြီးအိပ်မပျော်လို့ လမ်းလျှောက်ထွက်လာတဲ့နွားခေါင်းကိုလည်း လန့်သွားစေ၏။ ဒီကောင်က လူဝင်လာတာကိုမြင်တော့ နောက်လှည့်ပြီးထွက်ပြေးကာ ဂျိန်းဆိုတဲ့အသံနဲ့ နောက်ခြံတံခါးကို ဆောင့်ပိတ်ချလိုက်သည်။

အရင်တုန်းက နွားခေါင်းဟာ ဖိန်ကောတို့ရှေ့မှာမျက်နှာပြဖူးပေမယ့် အဲ့ဒီတုန်းကမလွှဲမရှောင်သာလို့။ နွားခေါင်းထွက်မလာရင် ယွီဟွေးဖေးက ကိုးထပ်ဆောင်ရဲ့ တတိယမြောက်တိရစ္ဆာန်အမျိုးအစားနတ်ဖြစ်တဲ့ ဝက်ခေါင်းနတ်မင်းကြီးဖြစ်တော့မှာလေ။ အခုရွေးချယ်ခွင့်ရှိတော့ ရှောင်နိုင်ရင်ရှောင်တာပေါ့။ ဖိန်အစ်ကိုကြီးတို့က အပြင်မှာပြောမပြောကိုတော့ မစဉ်းစားတော့ဘူး။

တကယ်တော့ အဆင့်အတန်းမရှိတဲ့ လူမိုက်တစ်အုပ်ပြောတဲ့စကားကို ယုံကြည်ကိုးစားမှုနည်းတယ်။ ပြီးတော့ လူမိုက်တစ်ယောက်အနေနဲ့ ဖိန်ကောက တော်တော်အယူသည်းတဲ့လူမျိုး။ နွားခေါင်းကအစစ်ဖြစ်ဖြစ်၊ အတုဖြစ်ဖြစ်၊ သူအပြင်မှာမပြောဖို့ဆုံးဖြတ်ထားတယ်။

အစစ်ဆိုရင် လိုက်ပြောတာက ဒုက္ခရှာတာပဲ။ အတုဆိုရင် ပြောလည်းအသုံးမဝင်ဘူး။ အရေးအကြီးဆုံးက ဒီလိုကိစ္စမျိုးကို သူက ယုံယုံ မယုံယုံဆိုတဲ့သဘောထားနဲ့ ကိုင်တွယ်ချင်တာ။ နောက်ဆုံး သူခိုးလေးကတော့ အခုထိစိတ်ကယောက်ကယက်ဖြစ်နေတုန်းပဲ။ စိတ်ဖောက်ပြီးပြောနေတာ… စိတ်ကျန်းမာရေးဆေးရုံ အပို့မခံရတာတောင် ကံကောင်းတယ်။ သူ့စကားကိုဘယ်သူကယုံမှာလဲ…

ဒါကြောင့် ဒီနေ့အထိ ရှို့လင်ရွာထဲမှာ ဘယ်သူမှယွီဟွေးဖေးအိမ်မှာ နွားခေါင်း၊ မြင်းမျက်နှာ၊ ဟိတ်ဝူချန်၊ ပိုက်ဝူချန်၊ ငရဲပြည်က တရားသူကြီးရှိတယ်ဆိုတာမသိဘူး။

စကားလမ်းကြောင်းပြန်ဆက်ရရင် လူတစ်ယောက်ကလှဲကျဝင်လာတော့ ယွီဟွေးဖေးက ဘေးတစ်စောင်းရှောင်လိုက်တယ်။ အဲ့ဒီလူက မြေကြီးပေါ်ဖင်ချထိုင်ကျသွားပြီး နောက်လှည့်ကြည့်တော့ ယွီဟွေးဖေးနဲ့မျက်နှာချင်းဆိုင်ဖြစ်သွား၏။ ဒီတစ်ချက်ကြည့်လိုက်ရင်း ယွီဟွေးဖေးရယ်နေတော့တာပဲ။

ဝင်လာတဲ့သူက ဝတုတ်ရှောင်းပဲကိုး။

ဒီကောင်က ဘယ်လက်မှာ ငွေစက္ကူတစ်ထပ်၊ ညာလက်မှာ ရွှေတုံးတစ်ထပ်၊ ပြီးတော့ မော့ထိုင်အရက်နှစ်ပုလင်းတောင်ပါသေး။ အဲ့ဒီမော့ထိုင်အရက်ရဲ့ ရှေးဟောင်းဆန်တဲ့ ထုပ်ပိုးမှုကိုကြည့်ပြီး ယွီဟွေးဖေးက ဒါကနှစ်ချို့အရက်မှန်းသိလိုက်ပြီ။ ဒီအဘိုးကြီးက သူ့ရဲ့အကောင်းဆုံးအရက်ကို ထုတ်လာတာပဲဟ။

တစ်ချိန်တည်းမှာပဲ စိတ်ထဲကနေပွစိပွစိပြောနေမသည်။

‘ကျွတ်… မနေ့ညကဘာလို့မတွေ့တာလဲ… နှမြောစရာပဲ’

ယွီဟွေးဖေး နှုတ်ကတော့ အံ့အားသင့်ဟန်နဲ့ ပြောလိုက်၏။

“ဝတုတ်ရှောင်း… ဒါက”

ဝတုတ်ရှောင်းက ယွီဟွေးဖေးကိုမြင်တော့ ချက်ချင်းရယ်ပြီးပြော၏။

“ယွီလေး… ဒါကမင်းအဘိုးဆုံးတုန်းက ငါဘာမှမလုပ်ပေးလိုက်ရတာကိုသတိရလို့လေ”

“အား… ပြောရရင်… မင်းအဘိုးကတိတ်တိတ်ဆိတ်ဆိတ်နဲ့သွားတာ… ဘာမှလည်းမလုပ်ဘူး။ ငါမနေ့ကမင်းအဘိုးကိုသတိရပြီး အိပ်မပျော်လို့ ပစ္စည်းနည်းနည်းဝယ်ပြီးသူ့ကိုလာကြည့်တာ။ အဲ့ဒါ… မင်းငါ့ကိုလမ်းပြပေးပါလား”

သူကတော်တော်ဉာဏ်ကောင်းတာပဲ။ ဝတုတ်ရှောင်းဘာလို့လာလဲဆိုတာကို ချက်ချင်းခန့်မှန်းမိလိုက်တယ်။ ဒါက ပိုက်ဝူချန်ရဲ့စကားတစ်ခွန်းကြောင့်လန့်သွားတာပဲ။ ယွီဟွေးဖေးက ဘာမှမပြောဘဲ ပြုံးစိစိနဲ့ဘဲ ဝတုတ်ရှောင်းကိုကြည့်နေတာမို့ ဝတုတ်ရှောင်းက မျက်နှာနီသွားပြီး အရင်ကပစ္စည်းတွေနဲ့ရွှေတုံးတွေကိုချကာ ကိုယ့်ပါးကိုယ် တစ်ချက်ရိုက်ပြီး ပြောလိုက်၏။

“ငါလူမဟုတ်ဘူး… ငါက ငမိုက်သား။ ငါမင်းရဲ့ ဟင်းရွက်ကိုလိမ်တဲ့အပြင် အကြာကြီးလည်းလိမ်ချင်သေးတာ”

“ငါလူငှားပြီး မင်းဆိုင်ကို မကောင်းတဲ့သုံးသပ်ချက်တွေပေးခိုင်းတယ်၊ နေရာတကာမှာစာရွက်ကြီးတွေကပ်ပြီးမင်းကိုအပုပ်ချတယ်။ ငါငမိုက်သား… မကောင်းဘူး…”

နောက်ပိုင်းပြောရင်း ဝတုတ်ရှောင်းက ရုတ်တရက်ဒူးထောက်ချပြီး ယွီဟွေးဖေးရဲ့ပေါင်ကိုဖက်ကာပြောလိုက်၏။

“သူဌေးယွီ… တောင်းပန်ပါတယ်… မင်းအဘိုးကိုပြောပေးပါ… ငါ့ကိုလွှတ်ပေးပါတော့လို့… အခုဆို အိပ်မပျော်တာ သုံးရက်ရှိပြီ”

ဒီစကားကြားတော့ ယွီဟွေးဖေးလည်း စကားမပြောနိုင်တော့ဘူး။ သူက ဒီကလိမ်ကကျစ်ကောင်ကိုနည်းနည်းလက်စားချေချင်ရုံပဲ။ ဒါပေမဲ့ ဝတုတ်ရှောင်းကိုဒီလောက်ကြောက်သွားအောင်လုပ်မိမယ်လို့မထင်ထားဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဝတုတ်ရှောင်းက လူကြီးတစ်ယောက်ပဲ။ ဒီလိုဒူးထောက်တာကိုယွီဟွေးဖေးကမခံယူနိုင်ဘူး။ အမြန်ရှောင်လိုက်ပြီး နှာခေါင်းကိုသုတ်ကာ ဆေးလိပ်တစ်လိပ်ကမ်းပေးလိုက်တယ်။

“စိတ်မလှုပ်ရှားနဲ့… ဆေးလိပ်တစ်လိပ်သောက်ပြီး ဖြည်းဖြည်းပြော”

ဝတုတ်ရှောင်းက မျက်စိရှေ့က ဆေးလိပ်ကိုကြည့်ပြီး နှာရည်နဲ့ မျက်ရည်တွေကိုသုတ်ကာ မီးညှိပြီးတော့ နှစ်ယောက်သား တံခါးဝမှာဘေးချင်းယှဉ်ထိုင်ပြီး ဆေးလိပ်သောက်နေကြ၏။

“သူဌေးယွီ… ကျုပ်ခင်ဗျားကိုတောင်းပန်ပါတယ်…”

ယွီဟွေးဖေးကလည်း သူ့ပခုံးကိုပုတ်ပြီးပြော၏။ “တော်ပြီ… အကုန်ပြီးသွားပြီ”

“အဲ့ဒါ… ငါအဘဦးယွီကို အမွှေးတိုင်တစ်တိုင်သွားထွန်းချင်လို့… မင်းလိုက်ဦးမလား…” ဝတုတ်ရှောင်းက စမ်းသပ်ပြီးမေးလိုက်၏။

ယွီဟွေးဖေးက စဉ်းစားကြည့်တော့ သူကိုယ်တိုင်လည်းသူ့အဘိုးရဲ့သင်္ချိုင်းကိုသေချာမကြည့်ရသေးဘူး။ ဒါနဲ့ခေါင်းညိတ်ပြီး ပြောသည်။

“ခဏစောင့်… ငွေစက္ကူနည်းနည်းသွားဝယ်လိုက်ဦးမယ်။ ပြီးတော့မှ ကျုပ်တို့အတူတူသွားကြတာပေါ့”

ယွီဟွေးဖေးက ပိုက်ဆံသိပ်မရှိတော့ပေမယ့် အနည်းငယ်တော့ ရှိသေးတယ်။ ငွေစက္ကူနည်းနည်းဝယ်ပြီး ဝတုတ်ရှောင်းကိုခေါ်ရင်း ရှေ့ခြံထဲဝင်ပြီး ဘေးတံခါးကနေထွက်ကာ သင်္ချိုင်းကုန်းထဲဝင်သွားသည်။

သင်္ချိုင်းကုန်းက စံချိန်မီအများပိုင်သင်္ချိုင်းကုန်းပုံစံပဲ။ သင်္ချိုင်းတွေကဘေးချင်းယှဉ်နေပေမယ့် မကျပ်ဘူး။

အဓိကက ဒီသင်္ချိုင်းကုန်းက အဘဦးယွီရဲ့ဂရုတစိုက်စောင့်ရှောက်မှုအောက်မှာ မြက်ရိုင်းတွေမရှိသလောက်ပဲ၊ တော်တော်သန့်ရှင်းတယ်။ ဒီလောက်နှစ်တွေကြာသွားပေမယ့် အဲ့ဒီသင်္ချိုင်းကျောက်တိုင်တွေက အသစ်အတိုင်းပဲ။

ယွီဟွေးဖေးက ဒါကမကြာသေးခင်ကပထမဆုံးအကြိမ်သင်္ချိုင်းကုန်းထဲ ဝင်တာပဲ။ ဒီနှစ်ရက်ကကိစ္စတွေကအရမ်းများပြီး သူ့ကိုဒီဘက်ကိုဂရုမစိုက်နိုင်အောင်လုပ်ထားတယ်။

သူ့အဘိုးကတော့ သူဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်ကိုတွေ့ပြီးပြီဆိုတော့ အဘိုးအဆင်ပြေတယ်ဆိုတာသိနေပြီ။ အဲ့တော့ သင်္ချိုင်းကိုသွားမသွား ဂရုမစိုက်တော့ဘူး။ ပိုက်ဆံရှာပြီး နောက်မှဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်ပြန်တဲ့အခါကျရင် နှစ်ယောက်လုံးကို အဘိုးကြီးအတွက် ငွေသားနဲ့ဒေသထွက်ကုန်တွေ များများယူသွားခိုင်းဖို့ စဉ်းစားထား၏။

ဝတုတ်ရှောင်းကိုခေါ်ပြီး အဘိုးရဲ့သင်္ချိုင်းရှေ့ကိုရောက်တော့ နှစ်ယောက်လုံးက ရိုသေစွာနဲ့အမွှေးတိုင်ထွန်း၊ အရက်ဆက်၊ အသားဆက်၊ ဗျောက်အိုးဖောက်ပြီး နောက်ဆုံးတော့ ငွေစက္ကူနဲ့ရွှေတုံးတွေအများကြီးမီးရှို့ပြီးမှပြီးသွားသည်။

ဝတုတ်ရှောင်းကိုပို့ဆောင်ပြီးတော့ ယွီဟွေးဖေးက အိပ်ဖို့အမြန်မပြန်သေးဘူး။ သူထပ်ပြီးသင်္ချိုင်းကုန်းထဲဝင်သွားရင်း အဘဦးယွီရဲ့သင်္ချိုင်းရှေ့မှာထိုင်ကာ ဓာတ်ပုံကိုကြည့်ပြီး အတွေးနက်ထဲနစ်မြုပ်သွား၏။

ဒီရက်ပိုင်းအတွင်းမှာ ဖြစ်ပျက်ခဲ့တာတွေကအရမ်းများပြီး ယွီဟွေးဖေးရဲ့ခေါင်းကအမြဲတမ်းကြီးနေပြီး ရှုပ်ထွေးနေတာမို့ သေချာထိုင်ပြီး ဘာမှမစဉ်းစားရသေးဘူး။

ဒီတစ်ခါ ဝတုတ်ရှောင်းနဲ့အတူ သင်္ချိုင်းကုန်းကိုရောက်လာပြီး သင်္ချိုင်းကုန်းရဲ့သန့်ရှင်းတဲ့ပုံစံကိုကြည့်ပြီး ယွီဟွေးဖေးက အတွေးနက်ထဲနစ်မြုပ်သွား၏။ ခေါင်းထဲမှာ အလိုလိုအဘိုးနဲ့အတူရှိခဲ့တဲ့အတိတ်ကအကြောင်းအရာတချို့ကိုပြန်သတိရလာသည်။

တကယ်တော့ အဘဦးယွီက သာမန်အဘိုးကြီးတစ်ယောက်မဟုတ်ဘူး။ သူကသာမန်အဘိုးကြီးတွေနဲ့ယှဉ်ရင် လူပြက်တစ်ယောက်ပဲ။ ယွီဟွေးဖေးကိုသူ့ကိုလာကြည့်အောင်လုပ်ဖို့ ခဏခဏထူးဆန်းတဲ့အကြောင်းပြချက်တွေရှာပြီး ယွီဟွေးဖေးကိုလိမ်ညာတတ်တယ်။

အရင်တစ်ခါ အဘိုးကြီးက ယွီဟွေးဖေးကိုဖုန်းဆက်ပြီး သူအပြင်းအထန်ဖျားပြီးသေတော့မယ်၊ သူ့ကိုနောက်ဆုံးတစ်ခေါက်လာကြည့်ပါဦးလို့ပြောတယ်။

ဒါကြောင့် ယွီဟွေးဖေးက အပြေးအလွှားပြန်လာတော့ အဲ့ဒီအဘိုးကြီးက တကယ်ပဲကုတင်ပေါ်မှာလှဲပြီး ဆေးသွင်းနေတာကိုတွေ့လိုက်ရတာပဲ။ သေတော့မယ့်ပုံစံနဲ့…

ယွီဟွေးဖေးတစ်ယောက် တော်တော်စိတ်မကောင်းဖြစ်သွားပြီးနေရာမှာတင် အားခနဲ အော်ငိုလိုက်တော့သည်။

All Chapters