အစ်ကိုခွေးကြီး
Vol. 3 Ch. 45
“ဟေ့… အစ်ကို… နောက်မေးခွန်းတစ်ခုမေးမယ်။ ဒီမှာသရဲရှိလား”
ခယ်လီက စားပွဲကိုခေါက်ပြီးပြောလိုက်၏။ ယွီဟွေးဖေးက အထှာနပ်သည်။ ဒီကောင်မလေးက မနေ့ညက အဖြစ်အပျက်ကို မေးချင်နေတာပဲ။ ယွီဟွေးဖေးက မျက်လုံးကိုစွေပြီး အသံကိုနှိမ့်ကာပြောလိုက်၏။
“ရှိတယ်… လူတစ်ယောက်က အနောက်တောင်မှာ အနီရောင်ဝတ်စုံနဲ့သရဲတွေ့ဖူးတယ်… နွားခေါင်းနဲ့မြင်းမျက်နှာတောင် တွေ့ဖူးတယ်တဲ့”
ဂလောက်…
ဘေးမှာမတ်တပ်ရပ်ပြီး တူနဲ့အိုးထဲမှာငါးအသားခြေရာကို အားနဲ့ရှာနေတဲ့ လျိုရှင်းလက်ထဲက တူကအိုးထဲပြုတ်ကျသွား၏။ လျိုရှင်းက မျက်လုံးပြူးကြီးနဲ့မေးလိုက်သည်။
“တ… တကယ်ပဲနွားခေါင်းနဲ့ မြင်းမျက်နှာရှိတာလား”
ယွီဟွေးဖေးက သူ့ရဲ့တုံးအတဲ့ပုံစံကိုကြည့်ပြီး ကပ်သွားကာ အသံကိုနှိမ့်ပြီး တစ်လုံးချင်းစီ သေသေချာချာ ပြေပြ၏။
“ရှိတယ်… တကယ်ရှိတယ်”
ချက်ချင်းပဲ… လျိုရှင်းနဲ့ခယ်လီက နည်းနည်းမှ ဆက်မထိုင်နိုင်တော့ဘူး။
“ဟုတ်ပြီ… မကြောက်နဲ့… သူတို့လည်း တောင်မှာပဲပတ်လည်နေတာ… တောင်အောက်တစ်ခါမှမဆင်းဖူးဘူး…”
နှစ်ယောက်လုံးက ဒီစကားကြားတော့ တိတ်တိတ်လေးသက်ပြင်းချလိုက်ကြသည်။ စားသောက်ပြီးတော့ ခယ်လီက ယွီဟွေးဖေးကိုကြည့်ပြီး ပြောလိုက်၏။
“ညီအစ်ကို… ဒီလိုပြောရရင်… မဆိုးပါဘူး။ ဒါပေမဲ့ငါတို့နှစ်ယောက်က မီးမပွင့်ဘူး… ဒါမှမဟုတ်… ဒီ… အင်း… နင်နားလည်မှာပါ”
ယွီဟွေးဖေးတစ်ယောက် ချက်ချင်းရယ်လိုက်ပြီး ပြောလိုက်၏။ “ကောင်းပြီ… ဒီ blind date ကိစ္စကိုထားလိုက်တော့”
ခယ်လီက ဒီစကားကြားတော့ တော်တော်ပျော်ရွှင်သွားပြီး တဟဲဟဲ ရယ်မောရင်းပြောသည်။ “အိပ်ယာထဲကလူမဖြစ်နိုင်ပေမယ့် ဘော်ဒါတော့ဖြစ်လို့ရတယ်။ ဒီထမင်းဝိုင်း… ငါတို့ငါးဆယ်ငါးဆယ်”
လျိုရှင်းက ချက်ချင်းလက်ထောင်ပြီး အကြံပေး၏။ “တစ်ယောက်တစ်စု… ၁၀၈၀ ကိုသုံးနဲ့စား… တစ်ယောက် ၃၆၀” ပြောပြီးတော့ လျိုရှင်းက သုံးရာခြောက်ဆယ်ထုတ်ပြီး ယွီဟွေးဖေးကို ပေးလိုက်သည်။ ခယ်လီလည်း အတူတူပဲ သူ့ဆီပေး၏
“ဒါ… ဒါကအစ်မဝူကျွေးတာ… ပိုက်ဆံပေးစရာမလိုဘူး”
“အဲ့လိုမရဘူး… သူက နင့်ကိုကျွေးတာလေ။ အဲ့ဒါကကျေးဇူးကြွေး။ ကျေးဇူးကြွေးက ပိုက်ဆံထက်တန်ဖိုးကြီးတယ်… ငါတို့ နင့်ကိုပိုက်ဆံပေးတာကလည်း ကျေးဇူးကြွေး နည်းနည်းရှင်းတာပေါ့” ခယ်လီက ရက်ရောစွာနဲ့ပြောသည်။
ယွီဟွေးဖေးက စဉ်းစားကြည့်တော့လည်း ဟုတ်တာပဲ။ မရှက်တော့ဘဲ ရက်ရောစွာနဲ့ လက်ခံလိုက်၏။ အခုလက်ထဲမှာ ပိုက်ဆံနည်းနည်းပဲရှိတာ… အိမ်မှာ ပါးစပ်တွေအများကြီးရှိသေးတယ်။ အားနာနေသလို ဟန်ဆောင်နေစရာမလိုဘူး။
ယွီဟွေးဖေးက ဘာမှမပြောဘဲ ပိုက်ဆံလက်ခံလိုက်တာကိုမြင်တော့ ခယ်လီရဲ့မျက်လုံးတွေကတောက်ပသွားပြီး ရယ်ကာပြောသည်။
“နင့်ရဲ့ ဒီစရိုက်ကိုငါကြိုက်တယ်… လူက… အင်း… ငါ့အကြိုက်မဟုတ်ဘူး… မဟုတ်ရင်… ငါတို့နှစ်ယောက်တကယ်ပဲတစ်စုံတစ်ခု ဖြစ်သွားနိုင်တယ်”
ယွီဟွေးဖေးတစ်ယောက် ပြုံးလိုက်တယ်။ ဒီကောင်မလေးက တကယ်ပဲပွင့်လင်းတာပဲ။ သုံးယောက်သား ခဏစကားပြောပြီးတော့ ယွီဟွေးဖေးက အစ်မဝူမရှိတုန်းမှာ အမြန်သူတို့နဲ့ခွဲလိုက်၏။
လက်ထဲကပိုက်ဆံရာချီကိုကြည့်ပြီး ယွီဟွေးဖေးရယ်မောမိသည်။ အပြင်ထွက်ထမင်းစားတာ အရှုံးမရှိတဲ့အပြင် အမြတ်ပါရသေး။
သူမေးစေ့ကိုပွတ်သပ်ပြီး အသားနဲ့အရက်နည်းနည်းဝယ်ပြီးနောက် အေးအေးဆေးဆေးသီချင်းတအေးအေးနဲ့ အိမ်ပြန်သွား၏။
တံခါးတွန်းဖွင့်ဝင်သွားတော့ ယွီဟွေးဖေးက နွားခေါင်း မျက်မှန်နက်ကြီးတပ်ပြီး လဲလျောင်းခုံပေါ်မှာနေပူစာလှုံနေတာကိုတွေ့လိုက်ရသည်။
“ကျုပ်တို့အိမ်မှာ ဒီပစ္စည်းမရှိဘူးလေ။ ခင်ဗျား ဘယ်ကရလာတာလဲ”
နွားခေါင်းက ယွီဟွေးဖေးကိုမကြည့်ဘဲ အေးအေးဆေးဆေး အိမ်ထဲကိုလက်ညှိုးထိုးပြပြီး ဆိုသည်။
“ခုနကတရားသူကြီးလုပ်ထားတာ… ငါအရင်တစ်ခေါက်လှဲလိုက်ဦးမယ်။ ပြောရရင် နေမပူစာလှုံရတာ နှစ်တော်တော်ကြာပြီပဲ။ နေပူစာလှုံရတာ တော်တော်သက်တောင့်သက်သာရှိလိုက်တာကွာ”
ယွီဟွေးဖေးတစ်ယောက် စကားမပြောနိုင်တော့ဘူး။ ဒီကောင်ရဲ့မျက်မှန်နက်ကြီးကိုသေချာကြည့်လိုက်တော့… သေစမ်း… ဘီယာပုလင်းဖင်နှစ်ခြမ်းကိုသစ်သားဘောင်နဲ့ကွပ်ထားတာပဲဟ။
မမေးဘဲနဲ့သိတယ်… ဒါလည်းချွေ့ကျွယ်ရဲ့လက်ရာပဲ။ ဒီနွားခေါင်းကြီး အဲ့ဒီမှာလှဲနေတဲ့အနေအထားက ဆံပင်တိုတို၊ မျက်မှန်နက်ကြီးနဲ့… အင်း… ပြောရရင်… တကယ့် လူမိုက်ဂိုဏ်းခေါင်းဆောင် ပုံစံပေါက်နေတာဟ။ အဲ့ဒီအချိန်မှာပဲ နွားခေါင်းကနှာခေါင်းကိုရှုံ့လိုက်ပြီး ရုတ်တရက်ထိုင်လိုက်ကာ အော်ဟစ်သည်။
“အိုးဟိုဟိုး… အသားပါတယ်ဟ” စကားပြောရင်း သူမျက်မှန်ကိုခေါင်းပေါ်တင်လိုက်သည်။
ယွီဟွေးဖေးက အဲ့ဒီအစိမ်းရောင် ဘီယာပုလင်းဖင်က သူ့ဆံပင်တိုတိုပေါ်မှာ ဖိထားတာကိုကြည့်လိုက်ချိန် ချက်ချင်းဘဲ အဲ့ဘီယာပုလင်းက မှန်ဘီလူးလိုဖြစ်သွားပြီး မွေးညှင်းလေးတွေနဲ့ ကမ္ဘာငယ်လေးတစ်ခုကို ချဲ့ပြနေ၏။ မြက်ခင်းပြင်ကြီးလိုပဲ စိမ်းစိုပြီးကျယ်ပြောလှသည်။ နွားခေါင်းက ဒါကိုသတိမထားမိဘဲ အိတ်ကိုတစ်ချက်တည်းနဲ့လုယူပြီး အထဲကအသားကိုကြည့်ကာ သွားရည်ကျနေတော့သည်။
“ယွီလေး… မင်းဘယ်ကနေပိုက်ဆံရပြီး အသားဝယ်လာတာလဲ။ မင်းအသားရောင်းလိုက်တာတော့ မဟုတ်ပါဘူးနော်”
ယွီဟွေးဖေးက သူ့ကိုစောင်းထိုးပြီးပြောလိုက်၏။
“ငါဒါက blind date တုန်းက… အမေပေးတဲ့ blind date ခနဲ့ blind date လုပ်တဲ့ကောင်မလေးပေးတဲ့စားစရိတ်”
ဒီစကားကြားတော့ နွားခေါင်းရဲ့မျက်လုံးတွေကတောက်ပသွား၏။ “ယွီလေး… မင်း… မင်းအားယားနေရင် မကြာမကြာ blind date များများလုပ်ပါလား”
“သောက်ကျိုးနဲ့ မင်းဘိုးအေကြီးကမှ အားယားပြီး blind date လုပ်နေတာ”
“ယွီလေး… ငါထင်တာတော့ နွားအစ်ကိုကြီးပြောတာအခြေအမြစ်ရှိတယ်” အဲ့ဒီအချိန်မှာ မြင်းမျက်နှာလည်း ထွက်လာ၏။
ယွီဟွေးဖေးက မြင်းမျက်နှာလို ဦးနှောက်သိပ်မကောင်းတဲ့ကောင်ကို တော်တော့်ကို စကားမပြောချင်တော့ဘူး။
Blind date ဆိုတာက… blind date လုပ်ချင်တိုင်းလုပ်လို့ရတာလား။ ပြီးတော့… ယွီဟွေးဖေးကို blind date ကနေ အမေ့ပိုက်ဆံလိမ်ညာတဲ့ အလုပ်မျိုးလုပ်ခိုင်းရင် သူလုပ်မှာမဟုတ်ဘူး။ ကောင်မလေးဆီကစားစရိတ်ထပ်ရဖို့ကတော့ အဲ့ဒီဖြစ်နိုင်ခြေက သုညနီးပါးပဲ။ လုံးဝခံစားကြည့်လို့မရဘူး။ သူ့အမေကိုဖုန်းဆက်ပြီးအခြေအနေကိုအစီရင်ခံပြီးနောက် အမေက သက်ပြင်းချလိုက်သည်။
“ယွီလေး… နင်လည်း တော်တော်အသုံးမကျတာပဲ။ ကောင်းပြီ… ဒီတစ်ခါတော့ ဒီလိုပဲထားလိုက်တော့… အခွင့်အရေးရှာပြီး ငါနင့်အတွက် တခြားတစ်ယောက်ထပ်ရှာပေးမယ်…”
ယွီဟွေးဖေးက ဘာပြောနိုင်မှာလဲ… ချော့မော့ပြီးဖုန်းချလိုက်တယ်။ ဒါပေမဲ့ ထိုင်ချရုံရှိသေး… တံခါးအပြင်ဘက်က ဒုန်း… ဒုန်း… ဒုန်း…နဲ့တစ်ယောက်ယောက်ကတံခါးခေါက်သံကြားလိုက်ရသည်။
ယွီဟွေးဖေးက နားမလည်တော့ဘူး။ သူ့ဆီကို ပုံမှန်ဆိုရင် တစ်ပတ်နေမှ လူတစ်ယောက်လာချင်မှလာတာလေ။ အဲ့ဒါကို ဘယ်သူကများ နေ့ခင်းကြောင်တောင် တံခါးလာခေါက်တာလဲ။
နွားခေါင်းက မြန်မြန်ဘဲ ခုံကိုထမ်းပြီး နောက်ခြံကိုပြေးသွားပါလေကော။
ယွီဟွေးဖေးက တံခါးမကြီးကိုဖွင့်ပြီး ကြည့်လိုက်တော့ အပြင်မှာဘယ်သူမှမရှိဘူး။ ခေါင်းငုံ့ကြည့်တော့ စာတစ်စောင် မြေကြီးပေါ်မှာကျနေတာကို တွေ့လိုက်ရတယ်။ စာအိတ်ပေါ်မှာရေးထားတာက “သူဌေးယွီ… ကိုယ်တိုင်ဖွင့်ပါ”
တံခါးမကြီးကိုပိတ်ပြီး ခြံထဲမှာထိုင်ကာ အဲ့ဒီစာကိုဖွင့်ဖတိလိုက်တော့ ယွီဟွေးဖေးချက်ချင်းရယ်လိုက်၏။ ဖိန်ကောက ခွေးကြီးကိုယ်စား ယွီဟွေးဖေးကိုရေးပေးတဲ့စာပဲ။ အကြောင်းအရာကရှင်းရှင်းလေး။
“သူဌေးယွီ… ငါက ဖိန်ကောပါ။ အရင်တစ်ခါ ငါတို့ရန်ဖြစ်ခဲ့ကြတာ ရှင်းရတော့မယ် မဟုတ်လား။ မင်းအဘိုးက ငါတို့ဆီကနေ အဖြူအမည်းစာချုပ်၊ လက်ဗွေနီနဲ့ ပိုက်ဆံချေးသွားတာလေ။ ဘယ်လိုပဲ ငြင်းငြင်း ဒါကအမှန်တရားပဲ။ မင်းအကြွေးမဆပ်ဘဲနေလို့တော့မဖြစ်ဘူးလေ။ ဒီနေ့ငါ့ အစ်ကိုခွေးကြီးရောက်လာပြီ။ အစ်မဝူဆီမှာ စားပွဲတစ်ဝိုင်းခင်းထားမယ်။ မျက်နှာသာပေးတဲ့အနေနဲ့ ညဘက်လာခဲ့ချေ။ မျက်နှာချင်းဆိုင် စကားစမြည်ပြောကြရအောင်”
နောက်ဆုံးမှာ မေးခွန်းပုံစံဖြစ်ပေမယ့် တကယ်တော့ဆုံးဖြတ်ချက်ချပြီးသား… ဖိအားပေးနေတာပဲ။ ကြည့်ရတာ ဒီဖိန်ကောက ခွေးကြီးကျောထောက်နောက်ခံရပြီးနောက်မှာ သိသိသာသာသတ္တိတွေတိုးလာပြီ။
ဒါပေမဲ့ ယွီဟွေးဖေးက စာရွက်ကိုချလိုက်တဲ့အချိန်မှာ နောက်မှာ စာတစ်ကြောင်းကျန်သေးတာကို တွေ့လိုက်ရသည်။
ယွီဟွေးဖေးက သေချာကြည့်လိုက်တော့ ရေတစ်ငုံတန်းပန်းထွက်သွားတယ်…
“အဲ့ဒီခေါင်းစွပ်နဲ့ လူဘီလူးကြီးကို ခေါ်မလာနဲ့”
“အာရိုရိုး… ဒါက နွားအစ်ကိုကြီးကြောင့် စိတ်ဒဏ်ရာရသွားတာပဲ” ယွီဟွေးဖေးက မရယ်ဘဲမနေနိုင်ဘူး။
“ဘာရယ်နေတာလဲ” ဟိတ်ဝူချန်က စပ်စုပြီးကပ်လာကာ ခြေဖျားထောက်ပြီးကြည့်ပြီးနောက် မျက်ခုံးပင့်ကာပြောလိုက်သည်။
“သောက်ကျိုးနည်း… လိပ်စာသာပြောလိုက်။ ဒီညငါနဲ့ပိုက်အစ်ကိုကြီး သူတို့ကိုသွားကြည့်မယ်။ သူတို့ကို ငိုအောင်လုပ်ပစ်မယ်လို့ အာမခံတယ်”
ယွီဟွေးဖေးက ခေါင်းခါပြလိုက်သည်။ ဒီကိစ္စကနောက်ဆုံးတော့ လူလူချင်းကိစ္စ။ ပြီးတော့ ဖိန်ကောပြောသလိုပဲ အဖြူအမည်းစာချုပ်နဲ့ရေးထားတာ။ အကြွေးရှိရင် ပြန်ဆပ်ရတာလောကနိယာမပဲ။ ဒီကိစ္စက အင်အားသုံးရုံနဲ့ မဖြေရှင်းနိုင်ဘူး။
ဒါပေါ့… အင်အားမရှိရင်တော့ပိုပြီးမဖြေရှင်းနိုင်ဘူး။ ယွီဟွေးဖေးက ဒီကောင်တွေရဲ့စရိုက်ကိုသိတယ်။ ဒီတစ်ခါဖိတ်စာပို့လာတာက အရင်တစ်ခါအရိုက်ခံရပြီးစိတ်ဒဏ်ရာရသွားလို့ အင်အားမသုံးတော့တာ။ ဒီတော့ ဒါက တကယ်ပဲထိုင်ပြီး စကားပြောချင်နေတာပဲ။ ကိစ္စကမဖြေရှင်းနိုင်တာတော့ မဟုတ်ဘူး…