← Chapters

ပိုက်ဝူချန်နဲ့အတူ ပွဲသွားတက်ခြင်း

Vol. 4 Ch. 46

ပိုက်ဝူချန်နဲ့အတူ ပွဲသွားတက်ခြင်း

Vol. 4 Ch. 46

“ဒီကိစ္စကတော့... ကျုပ်တစ်ခေါက်လောက် သွားမှဖြစ်မယ်ထင်တယ်”

“မဟုတ်သေးပါဘူး... ဒါက ထောင်ချောက်ဆိုတာ သိသာလွန်းနေတယ်လေ” ဟိတ်ဝူချန်က ဝင်တားသည်။

ယွီဟွေးဖေး စကားမပြောရသေးခင်မှာပဲ ချွေ့ကျွယ်က ထွက်လာ၏။ တရားသူကြီးနဲ့ စစ်သူကြီးရာထူးပေါင်းထားတဲ့သူပီပီ စကားသုံးခွန်းလောက်ကြားရုံနဲ့ အကြောင်းစုံကို သဘောပေါက်သွားပြီး ရယ်ကာပြောလိုက်သည်။

“ယွီလေး သွားသင့်တယ်လို့ ငါထင်တာပဲ”

ဟိတ်ဝူချန်က မူလကတည်းက စိတ်ဆတ်သူ၊ ဒီစကားကြားတော့ ချက်ချင်းစိတ်တိုသွား၏။

“ချွေ့အစ်ကိုကြီး... ခင်ဗျားက ယွီလေးကို မီးကျင်းထဲတွန်းပို့နေတာပဲ။ သူ့လို လက်သေးသေး ခြေသေးသေးနဲ့ တစ်ယောက်တည်းသွားရင် အရိုက်ခံရပြီး သေသွားမှာပေါ့”

“ငါက သူ့ကိုတစ်ယောက်တည်းသွားခိုင်းမယ်လို့ပြောလို့လား။ ဒီတစ်ခါ... ပိုက်ကြီးက အဖော်လိုက်သွား၊ မင်းကအပြင်မှာစောင့်ရုံပဲ”

ဒီစကားကြားတော့ ယွီဟွေးဖေးက မျက်မှောင်ကြုတ်သွား၏။

“ပိုက်ကြီးလည်း လိုက််မယ်ပေါ့။ သူသာပါရင် ကျုပ်ကြောက်တာက... ဒီထမင်းဝိုင်းက သိပ္ပံသုတေသနစခန်းမှာ သွားစားရမှာစိုးတယ်”

ချွေ့ကျွယ်က ခေါင်းခါပြီးပြ၏။ “ပိုက်ကြီးက အဝတ်အစားတစ်စုံလဲ၊ လျှာကိုပြန်လိပ်ထားလိုက်ရင် အသားအရေနည်းနည်းဖြူဖျော့တာနဲ့ ပါးစောင်နည်းနည်းဖောင်းတာကလွဲလို့ သာမန်လူတွေနဲ့ဘာမှမကွာတော့ဘူး။ ဟိတ်ကြီးတောင် သွားလို့ရသေးတယ်။ ဒါပေမဲ့ အခုသင့်တော်တဲ့ မျက်နှာဖုံးမရှိသေးလို့။ နောက်မှငါ မင်းတို့အတွက် တစ်ခုစီလုပ်ပေးမယ်။ အဲ့ဒီအခါကျရင် မျက်နှာဖုံးတပ်ပြီးအပြင်ထွက်ရင် ဒီလောက်ပြဿနာမများတော့ဘူး”

ယွီဟွေးဖေးက ချွေ့ကျွယ်ပြောတာကိုစဉ်းစားကြည့်တော့ ဖြစ်နိုင်သားပဲ။ ဒါနဲ့ လူတစ်အုပ်က ပိုက်ဝူချန် ဖန့်ဝူကျို့ကိုဆွဲထုတ်ပြီး အခြေအနေကိုရှင်းပြပြီးနောက်မှာ ပိုက်ဝူချန်က တော်တော်သတ္တိရှိတဲ့ပုံနဲ့ အင်္ကျီလက်ကိုတစ်ချက်ခါပြီး ပြောလိုက်သည်။

“မသွားဘူး... အရမ်းအန္တရာယ်များတယ်”

ယွီဟွေးဖေးတစ်ယောက် ချက်ချင်းကြောင်သွား၏။ ဒဏ္ဍာရီထဲမှာ... ဒီကောင်နဲ့ဟိတ်ဝူချန်က တော်တော်သတ္တိရှိတဲ့သူတွေ မဟုတ်ဘူးလား။ ဘယ်လိုလုပ် သူ့ဆီရောက်မှ ဒီလောက်အာပလာဖြစ်သွားရတာလဲ။

ပြီးတော့ ယွီဟွေးဖေးတစ်ယောက် တွေ့လိုက်တာက ပိုက်ဝူချန် ဒီကောင်ရဲ့မျက်လုံးတွေက အမြဲတမ်းစွေနေပြီး ပစ်မှတ်ကတော့ နွားခေါင်းဘေးမှာချထားတဲ့အသားအိတ်ပဲ။ ယွီဟွေးဖေးက ချက်ချင်းသဘောပေါက်သွားပြီး ချောင်းတစ်ချက်ဟန့်ကာ ပြောလိုက်သည်။

“ပိုက်ကြီး... ခင်ဗျား ကျုပ်နဲ့လိုက်ခဲ့။ စားသောက်ဆိုင်သွားစားကြမှာ။ စားသောက်ဆိုင်သိလား။ ခင်ဗျားတို့ရှေးခေတ်က...”

“မီရှလင် ဘယ်နှကြယ်တန်းလဲ” ပိုက်ဝူချန်က ဗြုန်းဆိုပြီး ဖြတ်မေး၏။

ယွီဟွေးဖေးတစ်ယောက် ချက်ချင်းကြောင်သွားပြီးမှ သတိရလိုက်သည်။ ဒီကောင်က လူ့လောကမှာအမြဲတမ်းသွားလာနေကျ... လူ့လောကအကြောင်းကို သူ့ထက်တောင်ပိုသိနိုင်သေးတယ်။ ယွီဟွေးဖေးက ခေါင်းကိုကုတ်ရင်း ပြောပြ၏။

“ဒါက... ကမ္ဘာ့အကောင်းဆုံးငါးဘုရင်... ဧကရာဇ်ဆုချထားတဲ့ ဆိုင်းဘုတ်ပိုင်ရှင်... ကမ္ဘာ့အကောင်းဆုံးငါးဟင်းဆိုင်လို့ ပြောလို့ရတယ်။ ဒါပေမဲ့... မီရှလင်မရှိဘူး... ကြယ်လည်းမရှိဘူး”

ဒီစကားကြားတော့ ပိုက်ဝူချန်က မျက်ခုံးပင့်လိုက်၏။ “ဒါဆို စားဖိုမှူးမျိုးရိုးက ဝူလား”

“ခင်ဗျား ဘယ်လိုသိတာတုန်း” ယွီဟွေးဖေးက အံ့ဩသွားတော့ ပိုက်ဝူချန် ပါးစပ်ကိုမဲ့ပြီးပြုံးလိုက်သည်။ စကားပြောတော့မလို့ လုပ်နေတုန်းမှာပဲ လျှာထွက်ကျသွားတာမို့ လျှာကို အမြန်ပြန်လိပ်နေရသေးသည်။

“သိတာပေါ့... အဲ့ဒီအဘိုးကြီးကို ငါတို့ပဲခေါ်သွားတာလေ။ တစ်လမ်းလုံး ငါတို့ကိုကြွားလုံးထုတ်တာ မနည်းဘူး...”

“ဒါပေမဲ့... ငါတို့အမြင်မှာတော့ ဒီကမ္ဘာ့အကောင်းဆုံးဆိုတာက ရေတွေအရမ်းရောထားတာ။ အဲ့ဒီတုန်းက သူ့ကိုဆိုင်းဘုတ်ရေးပေးတဲ့ကောင်က ဘယ်ရောက်ရောက်ရေးပေးတာဟ။ သူ့ဆိုင်းဘုတ်ကတန်ဖိုးမရှိဘူး”

ယွီဟွေးဖေးတစ်ယောက် ထပ်ပြီးစကားမပြောနိုင်တော့ဘူး။ သောက်ကျိုးနည်း... ဒါက ဗဟုသုတဟင်းပေါင်းအိုးကြီးပဲ။ လိမ်လို့မလွယ်ဘူးဟ။

ဒါပေမဲ့လည်း ပိုက်ဝူချန်က ယွီဟွေးဖေးရဲ့ပခုံးကိုပုတ်ပြီးပြောလိုက်တယ်။

“ဒါပေမဲ့... ညီအစ်ကိုတွေပဲလေ။ အရေးကြီးတဲ့အချိန်မှာ ထွက်ရပ်ရမှာပေါ့။ ငါးစားရ မစားရတာ အရေးမကြီးဘူး... အရေးကြီးတာက မင်းကိုဘေးကင်းအောင်ကာကွယ်ပေးဖို့ပဲ”

ယွီဟွေးဖေးက မျက်လုံးကိုလှန်ပြီး စိတ်ထဲကနေတွေးလိုက်၏။ ‘ငါမင်းကိုယုံရင်တော့ ငရဲရောက်မှာပဲ... ဖွီး... မင်းစကားပြောတဲ့အချိန်မှာ သွားရည်တွေက ရင်ဘတ်အထိကျနေပြီ မဟုတ်လား’

ကိစ္စတွေတိုင်ပင်ပြီးတော့ ယွီဟွေးဖေးလည်း စိတ်ချသွားပြီ။ သူက နွားခေါင်းနဲ့မြင်းမျက်နှာရဲ့တိုက်ခိုက်ရေးစွမ်းရည်ကို မြင်ဖူးတယ်။ အဲ့ဒါက တကယ်ကိုကြမ်းတာ။ ဟိတ်ဝူချန်နဲ့ ပိုက်ဝူချန်က သူတို့နာမည်တူတူဆိုတော့ အားမနည်းလောက်ဘူး။ အားကောင်းတဲ့ကိုယ်ရံတော်ရှိတော့ ယွီဟွေးဖေးက ကုတင်ပေါ် တန်းတက်ရင်းအိပ်သွားပြီး ညဘက်ပွဲသွားတက်ဖို့ပဲ စောင့်နေတော့တယ်။

ညနေစောင်းတော့ ရွှေဝါရောင်နေရောင်ခြည်တစ်စက တံခါးဝက မြစ်ငယ်လေးပေါ်ကျရောက်ပြီး ရွှေရောင်အလင်းတန်းလေးတွေ ထင်ဟပ်နေလေရဲ့။ မည်းနက်နေတဲ့ တံခါးမမည်းမည်းကြီးက ဖြည်းဖြည်းချင်းပွင့်လာပြီး ယွီဟွေးဖေးထွက်လာရင်း တံတားငယ်လေးပေါ်မှာရပ်လို့ အကြောဆန့်ကာပြောလိုက်သည်။

“အား... သက်တောင့်သက်သာ ရှိလိုက်တာကွာ”

ယွီဟွေးဖေးနောက်မှာ ကျောင်းဝတ်စုံဝတ်ထားတဲ့ပိုက်ဝူချန်က လိုက်လာတယ်။ မတတ်နိုင်ဘူးလေ... ယွီဟွေးဖေးရဲ့ တခြားအဝတ်အစားတွေက ပိုက်ဝူချန်ဝတ်ရင် နည်းနည်းတိုနေတယ်။ ဒီကောင်က ဘော်ဒီမတောင့်ပေမယ့် ခြေထောက်က တော်တော်ရှည်တာ။ အဲ့တော့ ယွီဟွေးဖေးက ကျောင်းဝတ်စုံကိုပဲထုတ်ပေးလိုက်ရတယ်။

ဘာပဲဖြစ်ဖြစ်... တရုတ်ပြည်မှာ ကျောင်းဝတ်စုံက အံ့ဖွယ်အရာတစ်ခုပဲ။ အဲ့ဒါက အရာအားလုံး လုပ်လို့ရတယ်။ ကျောင်းတက်လို့ရတယ်... မြေကြီးပေါ်မှာ လူးလှိမ့်လို့ရတယ်... စစ်ရေးလေ့ကျင့်ခန်းမှာ ပါဝင်လို့ရတယ်။ အပေါ်ကိုဆက်တက်ရင် နိုင်ငံတော်အရေးကြီးအစည်းအဝေးမှာ ပါဝင်လို့ရတယ်... အောက်ကိုဆင်းရင် လယ်ယာလုပ်ငန်းလုပ်လို့ရတယ်... ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဂုန်နီအိတ်ထမ်းလို့ရတယ်။

အဓိကက... ကျောင်းဝတ်စုံရဲ့ ထူးခြားလေးနက်လွန်းတဲ့ နိယာမက အမြဲတမ်းကျယ်ပြန့်ပြီး ကြီးမားတယ်။ မင်းကိုယ်လုံးကိုယ်ပေါက်ဘယ်လောက် ကောင်းကောင်း... ကျောင်းဝတ်စုံဝတ်လိုက်ရင် မင်းက ဘာကိုယ်လုံးကိုယ်ပေါက်မှမရှိ အားနည်းတဲ့ မူလတန်းကျောင်းသားလေးဖြစ်သွားမှာ။

ဒါပေါ့... နွားခေါင်းလိုကောင်ကတော့ ခြွင်းချက်ပေါ့။ ဒါကြောင့် ပိုက်ဝူချန်က အရပ် ၁.၈မီတာကျော် ရှိပေမယ့် ခန့်ညားထည်ဝါတဲ့သူ မဟုတ်ဘူး... ကိုယ်ပေါ်ကကြွက်သားတွေက အချိုးကျပြီး ပိန်ရှည်ရှည်နဲ့ တော်တော် ပုံစံကျတယ်။ အခုဒီကျောင်းဝတ်စုံကိုဝတ်လိုက်တော့ ချက်ချင်းဘဲ စာတတ်ပေတတ်တစ်ယောက်ဖြစ်သွားပြီ။

ယွီဟွေးဖေးက ပိုက်ဝူချန်ရဲ့ ဖြူဖွေးနေတဲ့မျက်နှာကိုကြည့်ပြီး ဆိုလိုက်သည်။

“ခဏနေရင် ခင်ဗျားကို အထက်တန်းကျောင်းတက်နေတဲ့ ကျုပ်ညီဝမ်းကွဲလို့ ပြောမယ်။ ရောက်သွားရင် စကားမပြောနဲ့ လျှာပြုတ်ကျလာမှာစိုးလို့။

ဘာစားချင်ချင် ကိုယ့်ဘာသာကိုယ်ယူ။ စားသင့်တာစား၊ သောက်သင့်တာသောက်၊ အားမနာနဲ့။ ဘာပဲဖြစ်ဖြစ် ငါတို့ ပေးရတာမဟုတ်ဘူး”

“ခင်ဗျားကတော့ နည်းနည်းသည်းခံလိုက်တော့။ လူမရှိတဲ့နေရာရှာပြီးထိုင်စောင့်နေ။ တကယ်လို့ပြဿနာဖြစ်ရင် ခွက်ပစ်ချပြီး အချက်ပေးမယ်”

ယွီဟွေးဖေးက အပြင်မှာစောင့်နေတဲ့ ဟိတ်ဝူချန်ကိုပါ သတိပေးတစ်ခါတည်း သတိပေးလိုက်ပြီးတော့ ချိန်းထားနဲ့နေရာ ချီတတ်သွားကော။ ဒါပေမဲ့ နေရာရောက်တော့ ယွီဟွေးဖေးတို့ ကြောင်အသွားကြ၏။

ဘယ်ကနေလူတစ်အုပ်ရောက်လာမှန်းမသိဘူး... စင်ဆောက်နေကြလေရဲ့။ အပေါ်မှာလည်း အဘိုးကြီးတစ်ယောက်က မိုက်ခရိုဖုန်းစမ်းနေတယ်။ ယွီဟွေးဖေးက များများမစဉ်းစားဘဲ ကမ္ဘာ့အကောင်းဆုံးငါးဘုရင် ဆိုင်တံခါးဝမှာရပ်ပြီး အတွင်းကိုတစ်ချက်ကြည့်လိုက်တော့ ဝူအစ်မကိုမတွေ့တော့ စိတ်သက်သာရာရသွားရင်း သက်ပြင်းချမိသည်။

မဟုတ်ရင် ဝူအစ်မကကပ်လာပြီး သူ့ကို ထူးဆန်းတဲ့စကားတွေပြောမှာ။ ဒါမှမဟုတ် တန်းလက်ပါပြီး သူ့ဖင်ကိုရိုက်မှာစိုးနေတာ။ ငါးဘုရင် ဆိုင်တံခါးဝမှာ ခေါင်းတွေက ကြက်မွေးတံလိုဖြစ်နေတဲ့ လူမိုက်တချို့ရပ်နေကြ၏။ ယွီဟွေးဖေးရောက်လာတာကိုမြင်တော့ ကြက်မွေးတံတစ်ကောင်က လျှောက်လာပြီးမေးလိုက်၏။

“သူဌေးယွီလား”

“ငါပဲ” ယွီဟွေးဖေးက ခေါင်းညိတ်ပြရင်း ဖြေ၏။

“ငါတို့ ခွေးကြီး ခင်ဗျားကိုဖိတ်တာက လူခေါ်လာခိုင်းတာ မဟုတ်ဘူး။ ခင်ဗျားဒီလိုလုပ်တာက စည်းကမ်းဖောက်တာပဲ” ကြက်မွေးလူမိုက်က ကလေကချေရုပ်နဲ့ လူမိုက်စကားပြောတော့ ယွီဟွေးဖေးလည်း နှုတ်ခမ်းကိုမဲ့ပြုံးပြီးတော့ လက်မြှောက်ပြီး နရင်းတစ်ချက် ရိုက်ချလိုက်၏။

ဖြောင်း...

အဲ့ဒီလူမိုက်က ယွီဟွေးဖေး လက်ရွယ်လိုက်တာနဲ့ကြောင်သွားတော့ အရိုက်ခံလိုက်ရပြီး နေရာမှာတင်တစ်ပတ်လည်သွားကာ နောက်ပြန်ရောက်သွားချိန် အော်ဟစ်လိုက်၏။

“မင်းငါ့ကိုရိုက်ရဲတယ် ဟုတ်လား”

“ဒီဘက် လှည့်လာစမ်း” ယွီဟွေးဖေးက အဲ့လူမိုက်က သူ့ကိုဖင်ပေးထားလို့ အားနာနာနဲ့ သတိပေးလိုက်၏။ အဲ့ဒီတော့မှ ကြက်မွေးလူမိုက်က သူအော်တာလမ်းကြောင်းမှားသွားမှန်း သတိထားမိသည်။ နောက်ပြန်လှည့်လာတဲ့တစ်ခဏမှာ သူက ယွီဟွေးဖေးလက်မြှောက်တာကိုမြင်တော့ အားကုန်နောက်ခုန်လိုက်ပြီး နှစ်မီတာကျော်လောက်ဝေးတဲ့နေရာကို ခုန်ဆုတ်သွား၏။

ယွီဟွေးဖေးက ဒါကိုကြည့်ပြီး ရယ်တော့သည်။ ဒီကောင်က သူ့အရင်တုန်းက နွားခေါင်းကိုရှောင်တဲ့အရည်အချင်းမျိုး ရှိတာပဲ။ အဝေးခုန်ပြိုင်ပွဲမဝင်ရင် နှမြောစရာပဲ။ ဒါပေမဲ့ ယွီဟွေးဖေးက ဒီတစ်ခါလက်မပါတော့ဘဲ ပီကေတစ်လုံးထုတ်ပြီးပါးစပ်ထဲထည့်ကာ ဝါးရင်းနဲ့ အေးစက်စက်ပြောလိုက်၏။

“ငါက ခွေးကြီးနဲ့ စကားပြောဖို့လာတာ။ ငါသူနဲ့အဆင့်တူတူပဲ။ မင်းကဘာကောင်မို့လို့လဲ။ ဒါကငါ့ညီဝမ်းကွဲ... အထက်တန်းကျောင်းသား... ဘယ်လိုလဲ။ မင်းတို့လို အတိုးကြီးငွေချေးကုမ္ပဏီ လုံခြုံရေးတွေက အထက်တန်းကျောင်းသားတစ်ယောက်ကိုတောင် ကြောက်နေတာလား။ ဒီလောက်ကြောက်တတ်ရင် ဒီနေ့စကားမပြောတော့ဘူး”

ပြောပြီးတော့ ယွီဟွေးဖေးက နောက်လှည့်ထွက်သွားတော့ကော။ ဒီစကားကြားတော့ ကြက်မွေးလူမိုက်ဒေါသထွက်သွား၏။ သူအရင်ကရထားတဲ့အမိန့်က ယွီဟွေးဖေးကို နည်းနည်းခြောက်လှန့်ဖို့... ဒါပေမဲ့ မဖို့နဲ့ လူကိုမောင်းမထုတ်ဖို့လည်း သေချာမှာထားသေးတယ်။

ဒါလိုဖြစ်လာမယ်လို့ ဘယ်လိုမှ မထင်ထားဘူး။ သူဘာမှမလုပ်ရသေးခင် ပါးတစ်ချက်အရိုက်ခံလိုက်ရပြီး လက်စားမချေရသေးခင်မှာပဲ အလုပ်ကပျက်တော့မယ်။ ကျွတ်... ဒါက တော်တော်မတရားတာပဲ။

All Chapters