← Chapters

စိတ်မနှံ့တဲ့လူ

Vol. 4 Ch. 53

စိတ်မနှံ့တဲ့လူ

Vol. 4 Ch. 53

ရှေးဟောင်းအဆောက်အအုံနဲ့ အိမ်ထဲက အပြင်အဆင်၊ အေးစက်စက်အငွေ့အသက်တွေနဲ့ပေါင်းစပ်လိုက်တော့ ဒီလူက မြူခိုးတွေကြားထဲမှာရှိနေသလိုပဲ။

အဲ့ဒီလူက အဲ့ဒီမှာရှိနေတာ ရှင်းရှင်းလင်းလင်းမြင်နေရပေမယ့် မမြင်ရသလိုခံစားချက်မျိုးနဲ့ အရမ်းကိုထူးဆန်းနေ၏

အဲ့ဒီလူက ပန်းကိုစကားပြောနေသလိုပဲ။ ဝမ်းနည်းစရာက အဝေးကြီးမှာမို့လို့ ရှင်းရှင်းလင်းလင်းမကြားရဘူး။ အဲ့ဒီအချိန်မှာ ယွီဟွေးဖေးက ပွစိပွစိပြောတော့တာပဲ။

“ရေနွေးကြမ်းသောက်မယ်ဆိုပြီး ဘာလို့ပန်းကြည့်တာဖြစ်သွားရတာလဲ။ ပြီးတော့ ဒီအဖြူရောင်ပန်းကြီးက ဘယ်သူရှာလာတာလဲ၊ အရမ်းအရုပ်ဆိုးတာပဲ”

အိမ်ထဲက မြင်းမျက်နှာရဲ့အသံထွက်လာသည်။

“ဟေ့ ဟေ့... အထင်လာမသေးနဲ့ဟ... ရေနွေးကြမ်းသောက်ဖို့က ရေနွေးကြမ်းရှိမှဖြစ်မှာပေါ့။ ငါတို့အိမ်က သောက်ကျိုးနဲလောက်အောင် ဆင်းရဲလို့ ရေနွေးဖြူပဲရှိတယ်... ဒီအချိန်မှာ ပန်းက ဘယ်မှာသွားရှာရမှာတုန်း။ ငါတို့ သင်္ချိုင်းကုန်းက မသာပန်းခွေပေါ်ကနေ မင်းအတွက်တစ်ပွင့်ဆွတ်လာပေးတာ၊ သည်းခံပြီးသုံးလိုက်တော့”

ယွီဟွေးဖေးက ကြားတာနဲ့ လက်ထဲကပန်းကိုလွှင့်ပစ်မတတ်ဖြစ်သွားပြီး စိတ်ထဲကျနေ ဆဲလိုက်ပစ်၏။

‘သေနာကျ... မင်းတို့နှစ်ကောင်တော့လား၊ ဒုက္ခပေးတဲ့ အာပလာကောင်တွေ’

ပြီးတော့ ယွီဟွေးဖေးက လက်ထဲကပန်းကိုချေမွပြီး လွှင့်ပစ်လိုက်တော့သည်။

လက်ကီးပိတ်လိုက်တာကွာ...။

ခယ်လီတို့ကတော့ ယွီဟွေးဖေးဘာတွေပြောနေလဲမသိဘူး။ အဝေးကလူက အဖြူရောင်စက္ကူပန်းကို စကားပြောနေတာမြင်တော့ ထူးဆန်းတယ်လို့ထင်နေကြတယ်။ ပြီးတော့ ဒီလူက စကားပြောပြီးတာနဲ့ လက်ထဲကပန်းကိုချေမွလိုက်ချိန် မျက်လုံးတွေက ကြောက်ဖို့ကောင်းလောက်အောင် အေးစက်နေတာပဲ။ သူတို့ တစ်ကိုယ်လုံးကြက်သီးထ၊ ခေါင်းတွေပါ ကျိန်းသွားကုန်ပြီ။ ဒီဆိုင်က နေရာတိုင်းမှာထူးဆန်းတယ်လို့ ပိုပြီးခံစားလာရ၏။

“သူ... သူဌေး... ရှင်တို့ဆိုင်က... အရမ်းအေးတာပဲ”

ခယ်လီက အသံကျယ်ကျယ်နဲ့အော်ပြီး ယွီဟွေးဖေးကို စကားစပြော၏။ ယွီဟွေးဖေးက ဘယ်လိုပြန်ပြောရဲမှာလဲ၊ သူတို့က သရဲနတ်ဘုရား ဂိုက်ဖမ်းနေတာ၊ စိတ်ကိုနစ်ပြီး ဟန်ဆောင်နေရတာလေ။ သူပါးစပ်ဟလိုက်တာနဲ့ ပေါက်ကြားသွားမှာကြောက်ရတယ်၊ အဲ့ဒီအခါ လူသိတွေဆုံပြီး သူတို့ပင်ပင်ပန်းပန်းဖန်တီးထားတဲ့ အငွေ့အသက်က ချက်ချင်းပြိုလဲသွားမှာပေါ့။

တစ်ချိန်တည်းမှာပဲ သူ့စိတ်ထဲမှာ အဲ့ဒီပန်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေတော့ ဘယ်လိုစကားပြောချင်စိတ်ရှိမှာလဲ။ အဲ့တော့ ခယ်လီတို့ကိုတစ်ချက်ကြည့်ပြီး လှည့်ထွက်သွားကော။ အောက်က ချွေးကျွယ် ရယ်ပြီး ရှင်းပြသည်။

“ကျုပ်တို့သူဌေးက ဒီလိုစိတ်ဓာတ်ပဲ။ သူဆိုင်ဖွင့်တာ ဧည့်သည်ဘယ်လောက် လက်ခံဖို့၊ ပိုက်ဆံဘယ်လောက်ရှာဖို့ မဟုတ်ဘူး၊ ရေစက်ပါဖို့ပဲ။ ခင်ဗျားတို့ရောက်လာမှတော့ နောက်ပိုင်းဘာကိစ္စရှိရှိ ကျုပ်ကိုရှာလိုက်ပါ”

“ရှင့်ကို ဘယ်လိုခေါ်ရမလဲ”

“ကျုပ်နာမည်က ယမမင်းကြီး ချွေ့ကျွယ်ပါ”

“ဖွီး...” ဘေးနားက ဒီနေရာကိုသေချာလေ့လာနေတဲ့ လျိုကျွမ်းက ရေသန့်တစ်ငုံသောက်ရင်း ပန်းထွက်သွားတယ်။

“ဘာဖြစ်လို့လဲ။ ခင်ဗျားက ယမမင်းကြီး ချွေ့ကျွယ်တဲ့လား။ ဒါဆို ခင်ဗျားတို့ဆီမှာ သရဲဖြူ၊ သရဲနက်လည်း ရှိဦးမှာပေါ့”

လျိုကျွမ်းက နောက်လိုက်ပေမယ့် ချွေ့ကျွယ်က စကားမပြောဘဲ ပြုံးစိစိနဲ့ လျိုကျွမ်းနောက်ကိုပဲ ကြည့်နေလိုက်၏။

အဲ့ဒီချိန် လျိုကျွမ်းက နောက်ကျောမှာ အေးစိမ့်စိမ့်ဖြစ်ပြီး တစ်ယောက်ယောက်က သူ့လည်ပင်းကို လေလာမှုတ်နေသလို ခံစားလိုက်ရတယ်။ ဒါပေမဲ့ ဝင်လာတုန်းက ခြံထဲမှာတခြားလူမမြင်မိဘူးလေ။ အဲ့တော့ ဘယ်လူက သူ့လည်ပင်းကို လာမှုတ်နေမှာတုန်း။

လျိုကျွမ်း ရုတ်တရက်လှည့်ကြည့်လိုက်တော့ အဖြူရောင်နဲ့အနက်ရောင်၊ လောရှည်တစ်ယောက်၊ ဂျပုတစ်ယောက် သူ့နောက်မှာရပ်နေတာကို မြင်ရတော့တာပဲ။

“အမလေး” လျိုကျွမ်းက လန့်ပြီးနောက်ကိုခုန်ဆုတ်သွားကြသလို လျိုရှင်းနဲ့ ခယ်လီလည်း လန့်သွားကြသည်။ သရဲဖြူသရဲနက်က ရှေ့မတိုးဘဲ ကြောက်စရာကောင်းတဲ့ရယ်သံနဲ့ တဟီးဟီးရယ်နေကြတာကိုး။

“ဧည့်သည်တို့မကြောက်ပါနဲ့၊ ဒါက ကျုပ်တို့တည်းခိုခန်းက ဝန်ထမ်းတွေပါ။ ခင်ဗျားတို့လိုအပ်တာရှိရင် သူတို့ကိုပြောနိုင်ပါတယ်”

ချွေ့ကျွယ် ရှင်းပြလိုက်တော့ လျိုကျွမ်းက နဖူးကချွေးအေးတွေကိုသုတ်ပြီး ရေရွတ်လိုက်ပါလေကော။

“ကျွန်တော်... ဝင်လာတုန်းက ခင်ဗျားတို့ကိုမတွေ့မိပါလား”

သရဲနက်က ဟီးဟီးရယ်ပြီးပြော၏။ “ငါတို့က အစကတည်းကရှိနေတာ၊ မင်းမှ မမြင်တာလေ”

“ဒီခြံထဲမှာ ဘာအကာအရံမှမရှိဘူး၊ ဝင်လာတုန်းက တံခါးကပိတ်သွားပြီ၊ အဲ့ဒီတံခါးအစုတ်က ဖွင့်လိုက်ပိတ်လိုက် ကျွီကျွီမြည်နေတာ... ရှင်တို့ အပြင်ကဝင်လာတာမဖြစ်နိုင်ဘူး။ ခုနကဘယ်မှာပုန်းနေတာလဲ။ ရှင်တို့ဆိုင်က တော်တော် အပြင်အဆင်ကောင်းတာပဲ... ဟီးဟီး”

ခယ်လီရဲ့အပြုံးက တောင့်တင်းနေ၏။ သူမက ပျော်စရာကောင်းတယ်လို့မထင်ဘဲ ထူးဆန်းပြီးကြောက်စရာကောင်းတယ်လို့ထင်နေတာ။ သရဲဖြူသရဲနက်က စကားဆက်မပြောဘဲ ခြောက်ကပ်ကပ်ရယ်နေကြ၏။ အဲ့ဒီအချိန်မှာ ဝင်ပြောသည်။

“ကဲ... ဧည့်သည်တို့ အများကြီးမစဉ်းစားပါနဲ့။ သူတို့က ခုနကအဲ့ဒီမှာရပ်နေတာလေ။ ခင်ဗျားတို့မမြင်တာပဲ... ဝင်လာခဲ့ပြီး တည်းခိုဖို့ စာရင်းသွင်းလို့ရပါပြီ”

ကြောက်ပေမယ့် သုံးယောက်လုံး ပြန်မထွက်သွားကြဘူး။ သူတို့လည်း မယုံဘူးလေ။ အွန်လိုင်းမှာ ဘွတ်ကင်လုပ်ရတဲ့တည်းခိုခန်းက တကယ်တစ္ဆေရှိမှာလား။ ပြီးတော့ သူတို့က ဒါကအရမ်းစိတ်လှုပ်ရှားစရာကောင်းပြီး ဂိုက်မိတယ်လို့ထင်နေကြတာ။

“ဒါဆို... ယမမင်းတရားသူကြီး ကိုချွေ့ကျွယ်၊ ကျွန်မတို့ကိုအခန်းသုံးခန်းပေးပါ”

ရှေ့ခြံမှာ အခန်း သုံးခန်း၊ မိန်းခန်း တစ်ခန်း၊ ဘေးခန်း နှစ်ခန်း၊ ဧည့်ခန်း တစ်ခန်း၊ စားသောက်ဆိုင်တစ်ဆိုင်၊ အိမ်သာကလည်း ရှေ့ခြံမှာပဲရှိတာ။ ဒါကြောင့် ချွေ့ကျွယ်က သူတို့ကိုတန်းပြီး စီစဉ်ပေးလိုက်တယ်။

ခယ်လီက မိန်းခန်း၊ ဘယ်ဘက် ဘေးခန်းမှာ လျိုရှင်း၊ လျိုကျွမ်းကျတော့ ညာဘက်ဘေးခန်း၊ လျိုကျွမ်းက လျိုရှင်းနဲ့ မျက်နှာချင်းဆိုင်၊ ခရယ်လီနဲ့က ဧည့်ခန်းတစ်ခုခြားပြီး မျက်နှာချင်းဆိုင်။ အားလုံးနေရာကျသွားတော့ သုံးယောက်သားစုလိုက်ကြသည်။

“ဒီခြံထဲက တော်တော်ထူးဆန်းတယ်လို့ နင်တို့မထင်ဘူးလား။ နေပူကျဲကျဲမှာ ဒီခြံကအေးစက်နေသလိုပဲ” ခယ်လီက လျှို့ဝှက်ဆန်းကြယ်နေဟန် မေးတော့

လျိုရှင်းက ခေါင်းညိတ်ပြ၏။

“ဟုတ်တယ်... ချွေးတောင်ထွက်နေပြီ။ ဒါပေမဲ့စိတ်ထဲမှာအေးနေတယ်”

လျိုကျွမ်းက သတ္တိရှိချင်ယောင်ဆောင်ချင်ပေမယ့် သူ့စိတ်ထဲမှာလည်း အေးနေပြီ။

“ဒါ... သင်္ချိုင်းကုန်းကြောင့်ဖြစ်မယ်”

လျိုရှင်းကလည်း မျက်နှာပျက်နေတဲ့ခယ်လီကို ကြည့်ပြီးမေးပါလေကော။

“ငါတို့ပြန်ကြမလား”

ခယ်လီကခေါင်းခါပြီး “မပြန်ဘူး... ဒီနေရာက ကြောက်စရာကောင်းပေမယ့် စိတ်လှုပ်ရှားစရာကောင်းတယ်လို့ မထင်ဘူးလား”

လျိုရှင်းနဲ့လျိုကျွမ်းက လိုက်ပြီးခေါင်းညိတ်တယ်၊ ဒီနေရာက စိတ်လှုပ်ရှားစရာကောင်းသလိုပဲ တကယ်ကြောက်စရာလည်း ကောင်းသား။ ဒါပေမဲ့ ဒီတိုင်းပြန်သွားရင် သုံးယောက်လုံးစိတ်မကျေနပ်ဘူး။

“ဘာမှမဖြစ်လောက်ပါဘူး၊ မလာခင်ကမေးပြီးပြီလေ။ ဒီဆိုင်က အသစ်ဖွင့်တာ၊ ဖွင့်တာက ဒီဒေသကလူငယ်တစ်ယောက်ပဲ”

လျိုကျွမ်း ပြောလိုက်တော့ လျိုရှင်းက အသံတိုးတိုးနဲ့ စကားဆက်ပေး၏။

“ဒါပေမဲ့ သူတို့ပြောတာ ဒီမှာအဘိုးကြီးတစ်ယောက်ဆုံးသွားတာမကြာသေးဘူးတဲ့”

ခယ်လီက လျိုရှင်းကိုတစ်ချက်ရိုက်ပြီး “နင်ပါးစပ်လေး ပိတ်ထားလို့မရဘူးလား။ ဒီလိုစကားတွေမပြောနဲ့၊ ကြောက်စရာကြီး”

“ကဲ... မကြောက်ကြနဲ့တော့။ ဒီနေရာက ဒီမှာရှိနေတာ တစ်ရက်နှစ်ရက်မဟုတ်ဘူး၊ တကယ်တစ္ဆေခြောက်တယ်လို့မကြားဖူးဘူး”

“ဟုတ်တယ်... ဒါပေမဲ့ရွာသားတွေပြောတာ ဒီခြံထဲမှာ ပိုင်ရှင်တစ်ယောက်ပဲရှိတယ်တဲ့၊ ဒါပေမဲ့ ဒီမှာလူများနေသလားပဲ”

“အစ်... မ။ နင် ပါးစပ်ပိတ်ထားလို့ရမလား” သူတို့စကားကြောင့် ခယ်လီက ရူးမတတ်ဖြစ်နေပြီ။ သူမက ကြည့်ရတာပွင့်လင်းပြီး ယောက်ျားလေးဆန်ပေမယ့် တစ္ဆေနဲ့ပတ်သက်ရင် ဘယ်သူ့ထက်မဆိုကြောက်တယ်။

လျိုရှင်းက ကြည့်ရတာ အေးတိအေးစက်ပေမယ့် ဒီကောင်မလေးက အာရုံကြောထူတယ်၊ ပါးစပ်ကကြောက်တယ်လို့ပြောပေမယ့် မျက်လုံးကြီးကြီးတွေက တလက်လက်တောက်နေပြီး အရမ်းစိတ်လှုပ်ရှားနေပုံပဲ။

နောက်ဆုံးမှာ သူတို့ဆုံးဖြတ်လိုက်ပြီ။ ကြောက်စိတ်ကိုခွန်အားအဖြစ်ပြောင်းပြီး အတူတူပန်းချီထွက်ဆွဲကြမယ်ပေါ့။ ပြီးတော့ သူတို့ထဲကတစ်ယောက်က ပန်းချီကားတင်တဲ့ ခုံကို ခြံထဲမှာချလိုက်ကြသည်။

ဒါကိုမြင်တော့ ချွေ့ကျွယ်က နည်းနည်းစိတ်ဝင်စားလာပြီ။ သူကတည်ငြိမ်ပေမယ့် သရဲဖြူလို လူ့လောကမှာ အမြဲတမ်းကျင်လည်နေတဲ့ နတ်မဟုတ်ဘူးလေ၊ ဒါကြောင့် ဒီပစ္စည်းကိရိယာတွေကိုနားမလည်ဘူး။ သရဲဖြူက ဘေးနားကပ်ပြီးရှင်းပြ၏။

“ပန်းချီဆွဲတာလို့ခေါ်တယ်။ အရင်နှစ်တွေက ငါစိတ်မနှံ့တဲ့ လူတစ်ယောက်ကို ခေါ်လာဖူးတယ်မလား”

“မင်းပြောတာ အဲ့ဒီဗန်ဘာညာဆိုတဲ့လူလား” သရဲနက် မေးတော့ သရဲဖြူက ခေါင်းညိတ်ပြ၏။

“ဟုတ်တယ်... သူပဲ”

“သူက စိတ်မနှံ့တာမဟုတ်ဘူး၊ အတွေးအခေါ်က လူတွေနဲ့မတူတာပဲ” ချွေ့ကျွယ် ခေါင်းခါရင်း ပြောလိုက်တော့ သရဲဖြူက ဂရုမစိုက်ဟန်နဲ့ လှန်းကြည့်နေလေရဲ့။

“ငါ့အမြင်မှာတော့ ငါနဲ့အတွေးအခေါ်မတူတဲ့ကောင်တိုင်း စိတ်ရောဂါသည်တွေချည်းပဲ... နောက်ခြံက အဲ့ဒီမြင်းအပါအဝင်ပေါ့”

All Chapters