← Chapters

ဘယ်လိုလူတွေလဲကွာ

Vol. 4 Ch. 57

ဘယ်လိုလူတွေလဲကွာ

Vol. 4 Ch. 57

ယွီဟွေးဖေးက ခယ်လီရဲ့ မျက်နှာပြောင်တိုက်မှုနဲ့ ဖော်ရွေမှုကို အထင်သေးမိသွားတာပဲ။ ဒီကောင်မလေးက တန်းခေါင်းညိတ်ပစ်တာ။

“ကောင်းသားပဲ။ ငါလည်း ဘာစားရမလဲလို့ ခေါင်းခြောက်နေတာ”

ယွီဟွေးဖေးတစ်ယောက် ဒီစကားကြားတော့ ကိုယ့်ပါးကိုယ် ပြန်ရိုက်ချင်စိတ်ပေါက်သွားတယ်။ ဒီပါးစပ်က တော်တော်ယားတာပဲ။ လျိုရှင်းက နည်းနည်းအားနာတဲ့ပုံနဲ့ ဝင်ပြောလိုက်တယ်။

“မကောင်းလောက်ပါဘူး”

ယွီဟွေးဖေးက ဒီကောင်မလေးကမှ သဘောကောင်းလိုက်တာလို့ စိတ်ထဲကနေ တွေးနေတုန်းရှိသေး လျိုရှင်းက ဖြည့်စွက်ပြောလိုက်ပါလေကော။

“ဒီငါးနည်းနည်းနဲ့ မလောက်ဘူး”

“လွယ်လွယ်လေး... ငါသွားထပ်ဝယ်လိုက်ရင်ပြီးပြီပဲ။ ငါခြံထဲမှာ မီးပုံပွဲလုပ်ထားသလိုမြင်လိုက်တယ်... သူဌေး... ညကျရင် ငါတို့မီးပုံပွဲလုပ်ပြီး အရက်သောက်၊ အသားစားကြမလား”

ယွီဟွေးဖေးက ငြင်းချင်ပေမယ့် ခယ်လီက သူ့ကိုယ်စားဆုံးဖြတ်ပေးလိုက်ပြီ။

“ကောင်းတယ်... ကောင်းတယ်... မြန်မြန်သွား... မြန်မြန်သွား။ ကမ္ဘာ့အကောင်းဆုံးငါးဘုရင်ကိုပဲသွားနော်။ ဆယ်ပေါင်ရှိတဲ့ ငါးကြီးဝယ်ခဲ့။ သေးရင်မလောက်ဘူး”

လျိုကျွမ်းက “အေး” ဆိုတဲ့အသံပြုပြီး ခြေလှမ်းကျဲကြီးတွေနဲ့ ပြေးထွက်သွားပြီ။ ယွီဟွေးဖေးက နေရာမှာတင်ရပ်ပြီး လေအေးကိုရှူရှိုက်ရင်း ကောင်းကင်ကိုမော့ကြည့်ကာ စိတ်ထဲကနေတွေးလိုက်၏။

‘သောက်ကျိုးနည်း... ဘယ်သူကသူဌေးလဲ’

မကြာခင်မှာပဲ တတိယထပ်မှာ ညည်းညူသံတွေပြည့်နေလေရဲ့။

“ယွီလေး... မင်းတော်တော်လွန်တာပဲ” နွားခေါင်းက ညည်းညူတော့သည်။

“သေစမ်း... သူတို့က အတူတူစားရင် ငါတို့ဘယ်လိုစားရမှာလဲ။ ငါက ဒီမျက်နှာရှည်ကြီးနဲ့ သူတို့နဲ့သွားစားရမှာလား။ သူတို့ကိုလန့်သေအောင်လုပ်ရမှာလား” မြင်းမျက်နှာက ကိုယ့်ကိုယ်ကိုယ်သိတဲ့ပုံပဲ။

“ယွီလေး... ဒီကိစ္စ... နည်းနည်းခက်တော့မှာပဲ” ချွေ့ကျွယ်ကလည်း စိတ်မသက်မသာနဲ့ ပြောလိုက်၏။

ယွီဟွေးဖေးလည်း မျက်နှာမဲ့နေပြီလေ။ အားနာလို့ လျှောက်ပြောလိုက်တာကို တစ်ဖက်လူက ဒီလောက်မျက်နှာပြောင်မယ်လို့ ဘယ်သူကြိုသိမှာလဲ။

သရဲဖြူက ဟဲဟဲရယ်ပြီးပြောလိုက်တယ်။

“တကယ်တော့... ငါထင်တာတော့... အင်း... တော်တော်ကောင်းတယ်။ ဘာပဲဖြစ်ဖြစ်... ငါးဆိုတာ... ကမ္ဘာ့အကောင်းဆုံးငါးဘုရင်လက်ရာက မဆိုးဘူး”

နွားခေါင်းက နည်းနည်း စိတ်ပေါက်သွယးပါလေကော။

“ထွက်သွားစမ်း... မင်းကလူမျက်နှာနဲ့... ထမင်းစားတဲ့အချိန်မှာ ကြိုက်သလိုစားလို့ရတယ်။ ငါကဒီနွားခေါင်းကြီးနဲ့... ဖြစ်ပါ့မလား။ ဘယ်လိုစားရမှာလဲ”

သရဲဖြူကလည်း အေးစက်စက်ပဲ။ “မင်းနောက်ခြံမှာ... အနံ့ခံလို့ရတယ်”

“သေစမ်း... မြင်းမျက်နှာ မင်းငါ့ကိုမတားနဲ့... ငါဒီအမည်းကောင်ကိုစိတ်ကုန်လာပြီ” နွားခေါင်းကဟိန်းဟောက်လိုက်ရင်း ထထိုးမလိုပြင်နေတော့ ယွီဟွေးဖေးလည်း အမြန်လူတိုင်းကိုထိုင်ခိုင်းပြီး ငြိမ်ငြိမ်နေခိုင်းလိုက်ရတော့တာပေါ့။

“ကျုပ်စဉ်းစားပြီးပြီ... အဲ့လောက်ငါးများတာ... သူတို့စားမကုန်လောက်ဘူး။ နောက်မှလူတိုင်းများများအရက်တိုက်... သူတို့ကိုမူးအောင်လုပ်... ပြီးတော့ အဟမ်းဟမ်း... ထားလိုက်တော့... အားလုံးအရက်မသောက်ကြနဲ့။ ဒီည... ဘယ်သူမှအရက်မသောက်ရဘူး”

ယွီဟွေးဖေးက မူလကတစ်ဖက်လူကို စောစောမူးအောင်လုပ်ပြီးတော့ ကိုယ့်လူတွေထပ်စားဖို့ပြောမလို့။ ဒါပေမဲ့ ဒီနေရာကကောင်တွေ အရက်သောက်ရင်စရိုက်ပျက်တတ်တာ စဉ်းစားမိတော့ သူဒီအတွေးကို အမြန်စွန့်လွှတ်လိုက်တယ်။

မဟုတ်ရင် မနက်ဖြန်မနက်... နွားခေါင်းက ဘယ်သူ့ပေါ်စီးနေမလဲမသိဘူး... သရဲဖြူကလည်း ဘယ်သူ့ကိုတစ်သက်မမေ့နိုင်တဲ့ မျက်ကွင်းညိုပေးမလဲမသိဘူး။ အဲ့ဒီအခါကျရင်... ဧည့်သည်ကထပ်ပြီးတိုင်ကြားရင်... သူ့ဆိုင်လည်း ဖွင့်စရာမလိုတော့ဘူး။

“အရက်မသောက်ဖို့က မဖြစ်နိုင်ဘူး။ ဒါပေမဲ့ လူတိုင်းအတိုင်းအဆကို ထိန်းသိမ်းရမယ်။ ပြီးတော့... တစ်ဖက်လူက ကောင်မလေးနှစ်ယောက်နဲ့ ကောင်လေးတစ်ယောက်ပဲ။ ကြည့်ရတာအရက်သောက်နိုင်စွမ်းမရှိဘူး။ ပြီးတော့ငါတို့လူများတယ်။ နောက်မှ ငါတို့အားစိုက်ပြီး သူတို့ကိုမူးအောင်လုပ်လိုက်ရင်ပြီးပြီ”

လက်ရှိမှာ ချွေ့ကျွယ် နည်းလမ်းလည်းမဆိုးဘူး။

မြင်းမျက်နှာကလည်း စိတ်ပါလက်ပါ အကြံဝင်ပေးတာပေါ့။

“ဒါမှမဟုတ်... ငါတို့ကိုသီးသန့်ချက်ပေးပါ။ ယွီလေး... မင်းငါတို့ကို သီးသန့်တစ်ပွဲဝယ်ပေး။ ငါနဲ့နွားခေါင်းဒီမှာစားမယ်”

ယွီဟွေးဖေးက ခေါင်းညိတ်လိုက်တယ်... ဒီလိုလည်းဖြစ်သား။ ဒါပေမဲ့ ချွေ့ကျွယ်က ခေါင်းခါပြီးပြောလိုက်တယ်။

“အခုပိုက်ဆံက သိပ်များများမရှိဘူး... လူတိုင်းချွေတာနိုင်သလောက်ချွေတာကြပါ။ တကယ်တမ်းပြောရရင် ဒီလိုရက်ရောတဲ့ဖောက်သည်မျိုး ရှာရခက်တယ်။ နောက်ပိုင်းနေ့တွေက တော်တော်ကျန်သေးတာ။ ခင်ဗျားတို့ လွန်ခဲ့တဲ့ရက်ပိုင်းက ဘယ်လိုဖြတ်သန်းခဲ့လဲဆိုတာမေ့သွားပြီလား”

ဒီစကားကြားတော့ နွားခေါင်း၊မြင်းမျက်နှာတို့ချက်ချင်းချွေးစေးတွေပြန်လာကော။ နောက်ဆုံးတော့ နှစ်ယောက်လုံးက ယွီဟွေးဖေးတို့ကို အားစိုက်ပြီးတစ်ဖက်လူကိုမူးအောင်လုပ်၊ ပြီးတော့သူတို့သွားပြီး ဝင်အုပ်ဖို့သဘောတူညီချက်ရသွားပြီ။ စကားပြောနေတုန်းမှာပဲ ချွေ့ကျွယ်က ရုတ်တရက်ပြောလိုက်တယ်။

“မဲကြီး... မင်းဘာလုပ်နေတာလဲ”

သရဲနက်က နောက်လှည့်ရင်း ဖင်ကုန်းကာ လူတိုင်းကိုကျောပေးပြီး လက်ကတော့ မျက်နှာပေါ်မှာအဆက်မပြတ်လှုပ်ရှားနေတော့တာပဲ။ ကြည့်ရတာ သွားတိုက်နေသလိုပဲ။

သရဲနက်က ဒီစကားကြားတော့ နောက်လှည့်ကြည့်လိုက်ချိန် လူတိုင်း ချက်ချင်းကြောင်သွားကြတယ်။ ဒီကောင်က အဲ့ဒီမှာထိုင်ပြီး သူ့မျက်နှာဖုံးကိုပြင်နေတာကိုး။ မျက်နှာဖုံးရဲ့ပါးစပ်က သိသိသာသာတစ်ပတ်လောက်ချဲ့ထားတာဟ။

“မင်းက မစားမှာကို ဘယ်လောက်တောင်ကြောက်နေတာတုန်း”

သရဲနက်က ပြန်ပြောလိုက်တဲ့လေသံက ဖြောင့်မတ်တည်ကြည်စွာနေလေရဲ့။

“ဒီအစိမ်းရောင်မျက်နှာနဲ့စွယ်တွေ... ဖြူကြီးလိုမျက်နှာဖုံးချွတ်ပြီး စားလို့မရဘူး။ မျက်နှာဖုံးတပ်ပြီးစားရင်လည်း ပါးစပ်ပေါ်ကအပေါက်က အရမ်းသေးတာ။ သေချာပေါက်ခင်ဗျားတို့ကိုမယှဉ်နိုင်ဘူးလေ”

ယွီဟွေးဖေးက သူ့ရဲ့ဒီသီအိုရီကို တော်တော်လေးစားသွားတယ်။ သောက်ကျိုးနည်း... လူတိုင်းထမင်းစားတာက ရန်ဖြစ်တာလား။ လုရသေးတယ်လား။

“ဒီနေ့အပြင်လူရှိတော့ ကျုပ်တို့ ယဉ်ကျေးကြရအောင်”

သူရဲနက်က ခေါင်းညိတ်ပြ၏။ “စိတ်ချ... ငါလက်မပါဘူးလို့အာမခံတယ်”

ပိုက်ဝူဖြူကလည်း လိုက်ပြီးလက်ထောင်တယ်။ “ငါစားပွဲမမှောက်ဘူးလို့အာမခံတယ်”

ယွီဟွေးဖေး %...@#¥%...

နွားခေါင်းနဲ့မြင်းမျက်နှာက ဘာရမလဲ “စားလို့ရရင်... ငါတို့လည်းလိမ္မာမှာပါ”

ယွီဟွေးဖေးက နားထင်ကိုနှိပ်နယ်ပြီး စိတ်ထဲကနေတွေးလိုက်၏။ ‘သောက်ကျိုးနည်း... ဒါဘယ်လိုကောင်တွေလဲ။ တကယ်ပဲ ငရဲပြည်ကနတ်တွေလား။ ငရဲပြည်ကငတ်သေနေတဲ့ သရဲတွေလာဟန်ဆောင်နေတာ မဟုတ်လောက်ပါဘူးနော်’

အစီအစဉ်တိုင်ပင်ပြီးတော့ ယွီဟွေးဖေးက ချွေ့ကျွယ်၊ သရဲဖြူ၊ သူရဲနက်တို့ကိုခေါ်ပြီး အောက်ထပ်ဆင်းသွားတော့တယ်။

ရှေ့ခြံမှာ ခယ်လီတို့ကစောင့်နေကြပြီ ယွီဟွေးဖေးကလူစုံတပ်စုံခေါ်ပြီး ထွက်လာတာကိုမြင်တော့ဒီကောင်တွေကချက်ချင်းဖုန်းထုတ်ပြီး ဂျောက်... ဂျောက်...နဲ့ဓာတ်ပုံရိုက်ကြတော့တာပဲ။ ခယ်လီက ဓာတ်ပုံရိုက်ရင်းပွစိပွစိပြောနေလေရဲ့။

“ဒီဝတ်စားဆင်ယင်မှုက... တော်တော် အပြင်အဆင်ကောင်းတာပဲ။ ငါခုနက လိုင်းပေါ်မှာစာတမ်းတွေအထူးတလည်ရှာကြည့်တော့ တစ်ပုံစံတည်းပဲ”

“ဟုတ်ပါ့...။ အရပ်အမောင်းကလည်း တော်တော်တူတယ်။ အဝတ်အစားကိုလည်း တော်တော်ဂရုစိုက်ထားသလို အရည်အသွေးကော လက်ရာပါ ရှယ်ပဲ” လျိုကျွမ်းက လိုက်ပြီးခေါင်းညိတ် ထောက်ခံနေတော့တာပဲ။

လူတိုင်းနေရာယူပြီးတော့ ယွီဟွေးဖေးကအကြီးအကဲအနေနဲ့ရှေ့ထွက်ပြီး အလုပ်ရှုပ်ပြနေလို့မကောင်းတော့ဘူး။

သရဲဖြူ၊ သရဲနက်ကလက်လှုပ်ပြီး သံအိုးကိုတင်၊မီးပုံပွဲလုပ်၊ နောက်ဆုံးတော့ ငါးတချို့နဲ့ ငါးဟင်းရည်ကို တစ်ခါတည်းလောင်းထည့်လိုက်တော့တာပဲ။

လျိုရှင်းကတော့ ဇလုံကြီးတစ်လုံးကို မပြီးရောက်လာတယ်။ အထဲမှာသတ်ပြီးသားငါးတွေ။ ပြီးတော့ ဒီငါးတွေက ပါးပါးလေးလှီးထားပြီးပြီ။ လက်ရာက တော်တော်ဂရုစိုက်ထားတဲ့ပုံမို့လို့ ယွီဟွေးဖေးက အံ့အားသင့်သွားလေရဲ့။

“ခင်ဗျားတို့လုပ်ထားတာလား”

ခယ်လီက ခေါင်းခါပြီးပြောလိုက်တယ်။ “ငါမှမလုပ်တတ်တာဘူး။ ရှောင်ရှင်းလုပ်ထားတာ။ ဒါကငါတို့အိမ်က အဆင့်တစ် စားဖိုမှူးမကြီး”

“ဟုတ်တယ်... ဟုတ်တယ်... ရှောင်ရှင်းရဲ့ဟင်းချက်စကေးကနာမည်ကြီးပဲ”

လျိုကျွမ်းရဲ့ စကားကိုကြားတော့ ယွီဟွေးဖေးကဘာမှမခံစားရဘူး။ သရဲဖြူနဲ့ သရဲနက်ကတော့တစ်ပြိုင်နက်တည်း သူ့ကိုတစ်ချက်ကြည့်လိုက်ကြတော့ ယွီဟွေးဖေးက ကြောင်သွားပြီး... စိတ်ထဲကနေတွေးလိုက်တယ်။

‘ခင်ဗျားတို့က ကျုပ်ကိုဘာလို့ကြည့်နေကြတာလဲ’

နောက်ခြံမှာတော့ ရှေ့ခြံကိုတိတ်တိတ်လေးချောင်းကြည့်နေတဲ့ နွားခေါင်းနဲ့မြင်းမျက်နှာရဲ့ မျက်လုံးတွေတောက်ပသွားပြီး ပွစိပွစိပြောနေကြပြီ။

“ဟင်းချက်တတ်တယ်လား။ ဒါကယွီလေးနဲ့လက်ထပ်ပြီး... နောက်မှ ငါတို့ကိုသီးသန့် ဟင်းချက်ကျွေးခိုင်းလို့ရတယ်”

“ဟုတ်သားပဲ”

ယွီဟွေးဖေးကတော့ သူတို့ဘာတွေစဉ်းစားနေလဲမသိဘူး... ဟန်ဆောင်ပြီးအေးစက်နေဖို့ပဲသိတယ်။ သူအဲ့ဒီမှာထိုင်ပြီးလုံးဝမလှုပ်ဘူး... အစားအသောက်လည်းသိပ်မစားဘူး။

ဒါပေမဲ့တခြားသူတွေကတော့မတူဘူး။ အထူးသဖြင့်သရဲဖြူ၊ သရဲနက်။ ဒီနှစ်ကောင်ကငတ်ပြတ်နေတဲ့တစ္ဆေ ဝင်စားသလိုပဲ။

All Chapters