← Chapters

ထောင်ချောက်

Vol. 6 Ch. 540

ထောင်ချောက်

Vol. 6 Ch. 540

ချန်းချူယန်က စကား အနည်းငယ် ပြောပြီးနောက် ဖုန်းကို ချလိုက်သည်။

ထို့နောက် သူမက ချန်းဖန်ဘက်သို့ လှည့်ကာ ပြောလိုက်၏။

“နင် ပျောက်နေတာ သုံးလေးနှစ်လောက် ရှိပြီနော် ... ဖေးဖေးနဲ့ တွေ့တုံးက သူတောင် နင်နဲ့ မတွေ့ရဘူးလို့ ပြောတယ် …”

“အင်း ... ငါ တံခါးပိတ် ကျင့်ကြံနေတာ ... လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းကမှ ဖေးဖေးရဲ့ အဖေ သေတယ် ဆိုတာ ငါသိရတယ် ...  အဲဒီအတွက် ငါ လက်စားချေပြီးပြီ  ဆိုပေမဲ့လည်း ဖေးဖေးကို တောင်းပန်ဖို့ အကြွေးတင် နေသေးတယ် …”

ချန်းဖန်က သက်ပြင်း တစ်ချက်ချရင်း ဆိုလိုက်သည်။

“ဖေးဖေး နားလည်မှာပါဟာ ... သူက နင့် အပေါ်မှာ အမြဲတမ်း အကောင်းမြင်ပါတယ် …”

ကျန်းချူယန်က နှစ်သိပ်လိုက်သည်။

ရုတ်တရက် သူမက တစ်စုံ တစ်ခုကို သတိရကာ မေးလိုက်၏။

“ဒါနဲ့ မြန်မာမှာ သူတော်စင် ပေါ်တယ် ဆိုလား ငါ ဗီဒီယို တွေ့လိုက်တယ် ... အဲဒါက နင်နဲ့ တော်တော် တူတယ် ... နောက်ပြီး အဲဒီလူက သူ့ကိုယ်သူ ချန်းပေ့ရွှမ်းတဲ့ …”

သူမ၏ စကားကြောင့် ချန်းဖန်က ရယ်မောလိုက်၏။

“နင် ငါ့ကို ဒီလောက်အထိ စိတ်ဝင်စားနေမယ်လို့ ငါမမျှော်လင့်ထားဘူး …”

***

ယန်ချောင်၊ လီရီချန်းနှင့် အခြားလူများကား ရန်ကူး ရေကန် အနားရှိ သီးသန့် ကလပ် တစ်ခုတွင် စုစည်း ရောက်ရှိ နေကြ၏။ ဟန်မိန်နှင့် လင်းလုလုတို့သည်လည်း သူတို့နှင့် အတူ လိုက်ပါလာခဲ့ကြသည်။

“မုန့်မုန့် ... ချူယန်ကို ဖုန်းခေါ်ပြီး လာဖို့ ပြောလိုက်ပါလား …”

ယန်ချောင်က ကျန့်ယွီမုန့် ဘက်သို့ လှည့်ရင်း ပြောလိုက်သည်။

“စီနီယာ ... ချူယန် ဆိုတာက ဘယ်သူလဲ …”

ဟန်မိန်က စိတ်ဝင်တစား ဝင်ရောက် မေးလိုက်သည်။

“သူ့နာမည်က ကျန်းချူယန်တဲ့ ... သူနဲ့ ရှု့ယုံဖေးက ငါတို့နှစ်ရဲ့ အကျော်ကြားဆုံး မိန်းကလေး နှစ်ယောက်ပေါ့ ... ဒါပေမဲ့ ကျန်းချူယန်က အကြောင်းပြချက် တစ်ချို့ကြောင့် ကျင်းတက္ကသိုလ်ကိုပဲ သွားခဲ့တယ် ... တကယ်ဆို သူသာ ဆန္ဒရှိရင် ရန်ကျင်း တက္ကသိုလ်ကိုတောင် ဝင်လို့ ရတယ် …”

ကျိရှင်းယွိက ရှင်းပြလိုက်သည်။

လီရီချန်း၏ မျက်နှာ၌ အရိပ်အယောင် တချို့ ဖြတ်ပြေး သွားသည့်တိုင် သူက တစ်ခွန်းမျှ ဝင်မပြောခဲ့ချေ။

“အစ်ကိုရီချန်းနဲ့ ကျန်းချူယန်တို့ အတူတူ ရှိကြလိမ့်မယ်လို့ ငါအရင်က မျှော်လင့်ခဲ့တာ …”

ကျိရှင်းယွိက လီရီချန်းအား တစ်ချက် ကြည့်ရင်း ထိုအတွေးကို စိတ်တွင်သာ သိမ်းဆည်း ထားလိုက်၏။

“စီနီယာလီ ... စီနီယာက ဖက်ဒရယ် အစိုးရပိုင်းကို ဝင်တော့မယ် ကြားတယ် ... အဲဒါ အမှန်ပဲလား …”

ဟန်မိန်က လီရီချန်းကို စိတ်ဝင်တစား ကြည့်ရင်း မေးလိုက်၏။

“အစ်ကိုရီချန်းရဲ့ အသိ တစ်ယောက်က ဖက်ဒရယ် အစိုးရပိုင်းမှာ ခေါင်းဆောင်လေ ... ဒါကြောင့်ပဲ အကိုရီချန်းက ဘွဲ့မရသေးတာတောင် ဖိတ်ခေါ်ခံခဲ့ရတာ …”

ယန်ချောင်က ဝင်ရောက် ရှင်းပြလိုက်၏။ သူ၏ မျက်နှာတွင်မူ မနာလိုမှုများက အနည်းငယ် စွန်းထင်းနေသည်။

လီရီချန်း  အစိုးရပိုင်း၌ နေရာတစ်ခု ရရှိခဲ့ခြင်းမှာ သူ၏ လက်ရှိ ကောင်မလေး၏ ဖခင်ကြောင့် ဖြစ်သည်။ သူ၏ လက်ရှိ ကောင်မလေးသည် ကျန်းချူယန်လောက် ဆွဲဆောင်မှု မရှိသော်လည်း သူမ၏ မိသားစု နောက်ခံမှာမူ ကျန်းချူယန်ထက် များစွာ ပိုမို၍ တောင့်တင်းသည်။

“ဘုတ် …”

ထိုအချိန်တွင်ပင် ကျန့်ယွီမုန့်၏ လက်ထဲမှ ဖုန်းသည် ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွား၏။

သူမ၏ မျက်နှာမှာမူကား ကြောက်ရွံ့ခြင်း၊ အံ့အားသင့်ခြင်းများနှင့် ဖုံးလွှမ်းနေသည်။

“ဘာဖြစ်လို့လဲ ... ကျန်းချူယန်က ဘာပြောလဲ …”

ယန်ချောင်က စိတ်မရှည်စွာ မေးလိုက်သည်။

“သူ မလာတော့ဘူးတဲ့ …”

ကျန့်ယွီမုန့်က တီးတိုး ရေရွတ် သကဲ့သို့ ပြန်ဖြေသည်။

“သူက ထင်သလောက် မအောင်မြင်ခဲ့တော့ ငါတို့ကို တွေ့ဖို့ ရှက်နေတာ ထင်တယ် …”

စီယင်းရှာက ပြောလိုက်သည်။

“မဟုတ်သေးဘူး ... သူက သိမ်ငယ်တတ်တဲ့ လူမျိုး မဟုတ်ဘူး ... မုန့်မုန့် ... ချူယန်က ဘာလို့ မလာတာလဲ …”

လီရီချန်းက အသေအချာ မေးလိုက်သည်။

“ယန်ယန်က မိတ်ဆွေဟောင်း တစ်ယောက်နဲ့ တွေ့နေလို့တဲ့ …”

ကျန့်ယွီမုန့်က စက်ရုပ် တစ်ရုပ်အလား ပြန်ဖြေသည်။

“မိတ်ဆွေဟောင်း ... ဘယ်လို မိတ်ဆွေဟောင်းက ငါတို့ထက် ပိုအရေးကြီး နေတာလဲ ... ရှု့ယုံဖေးလား …”

ယန်ချောင်က မျက်မှောင်ကြုတ်ရင်း မေးလိုက်သည်။

“မဟုတ်ဘူး ... အဲဒါက ချန်းဖန်တဲ့ …”

ကျန့်ယွီမုန့်က တိုးတိတ်စွာ ဖြေလိုက်၏။

“ဘယ်သူ …”

ယန်ချောင်က သေချာအောင် နောက်တစ်ကြိမ် ထပ်မေးသည်။

“ချန်းဖန် …”

ကျန့်ယွီမုန့်က ထပ်၍ ရေရွတ်သည်။

သူမ၏ အဖြေက အခန်းတစ်ခုလုံးအား လုံးဝ တိတ်ဆိတ် သွားစေ၏။

သူတို့ အားလုံးကား ချန်းဖန်၏ အကြောင်းကို အနည်းနှင့်အများ ဆိုသလို သိထားကြသူများ ဖြစ်ကြသည်။

ချန်းဖန်သည် ကျန်းပေ့၏ ဆရာချန်း ဖြစ်သလို ထန်လုံတပ်ဖွဲ့ ခေါင်းဆောင်လည်း ဖြစ်သည်။ လွန်ခဲ့သည့် နှစ်နှစ်ခန့်က သူသည် ကျန်းပေ့သို့ ပြန်လာကာ မရေမတွက်နိုင်သော လူများကို သတ်ဖြတ်ခဲ့သေးသည်။

“သူ ဘယ်တော့မှ ပြန်ပေါ် မလာတော့ဘူး လို့ ငါထင်နေတာ  ... ဘယ်လို ပြန်ပေါ်လာတာလဲ …”

ယန်ချောင်၏ အပြုံးများကား အေးခဲနေခဲ့ပြီ ဖြစ်သည်။

“သေရော သေချာလို့လား ... ချူယန်က မလာချင်လို့ သက်သက် ဆင်ခြေ ပေးတာများလား …”

ကျိရှင်းယွိက မျက်မှောင်ကြုတ်ရင်း ခန့်မှန်းလိုက်သည်။

“အာ ... ချန်းဖန် ... စီနီယာ ချန်းဖန် မနက်က ကျောင်းကို ရောက်လာသေးတယ် …”

ဟန်မိန်က ဝင်ရောက် ပြောလိုက်သည်။

“  ... ”

သူမ၏ စကားက အခန်း တစ်ခုလုံးကို အပ်ကျသံပင် ကြားရလောက်အောင် တိတ်ဆိတ် သွားစေ၏။

လူတိုင်း၏ ရင်များကား တဒိတ်ဒိတ် ခုန်နေကြပြီ ဖြစ်သည်။ မည်သူ့ထံကမျှ စကား တစ်ခွန်းပင် ထွက်မလာတော့ချေ။

ထိုလူရှုပ်က ချူကျိုးမြို့သို့ ပြန်လာသည်လား။ သူက ယခု ကျန်းချူယန်နှင့် အတူတူ ရှိနေသည်လား။

“ငါ နားလည်ပြီ ... ချန်းဖန်က ကျင်းတက္ကသိုလ်မှာ တက်တာမလား ... အဲဒါကြောင့် ရန်ရန်လည်း အဲဒီမှာ လိုက်တက်တာ ဖြစ်မယ် …”

ကျန့်ယွီမုန့်က တိတ်ဆိတ်စွာ ဆိုလိုက်သည်။

လီရီချန်း၏ မျက်နှာမှာမူ မည်းမှောင်နေ၏။ သူက လက်သီးများကို တင်းကျပ်စွာ ဆုပ်၍ နာကျင်မှုကို ချုပ်တီးရန် ကြိုးစားနေသည်။

“စီနီယာချန်းက နာမည်ကြီးလို့လား …”

လင်းလုလုက ဝင်ရောက် မေးလိုက်သည်။

“သူက တကယ့် ဂန္တဝင်ပါပဲ …”

ယန်ချောင်က ခေါင်းကို ခါရင်း ဖြူရော်စွာ ရေရွတ်လိုက်သည်။

“သူက မင်းတို့ အစ်ကိုတို့လို သာမန်လူ မဟုတ်ဘူး ... သူနဲ့ ယှဉ်ရင် အစ်ကိုတို့က အင်းဆက် လေးတွေပါပဲ ... နောက် နှစ်ထောင်ချီ ကြိုးစားရင်တောင် သူ့ကို ယှဉ်နိုင်ဖို့ မသေချာဘူး …”

“ဘာကြီး …”

ယန်ချောင်၏ စကားက လင်းလုလုနှင့် ဟန်မိန်တို့ကို ဆွံ့အ သွားစေ၏။

“စီနီယာချန်းက ဒီလို သောက်ရမ်း မိုက်တဲ့သူ ဖြစ်နေမယ်လို့ ဘယ်သူက ထင်မိမှာလဲ …”

လင်းလုလုက တွေးလိုက်မိသည်။

ထိုအချိန်၌ ချန်းဖန်နှင့် ကျန်းချူယန်တို့မှာမူ တောင်ထိပ်ပေါ်၌ စကားစမြည် ပြောနေခဲ့ကြ၏။

ကျန်းချူယန်က ရှက်ရွံ့မှုကို ဖုံးကွယ်ရန် အလို့ငှာ ဆံပင်များကို နား၏ နောက်သို့သာ သပ်တင် နေခဲ့သည်။

“ဒါပေါ့ ... ငါ နင့်ကို စိတ်ဝင်စားတာပေါ့ ... နင်က အတန်းဖော်တွေ အားလုံးထဲမှာမှ စပါယ်ရှယ် တစ်ယောက်လေ ... နင် မြန်မာနိုင်ငံမှာ တိုက်ခိုက်ခဲ့တဲ့ ဗီဒီယိုကို ငါ ကြည့်လိုက်ရတယ် သိလား ... နင် တကယ်ကြီး နတ်ဘုရား ဖြစ်နေပြီလား …”

ကျန်းချူယန်က ချန်းဖန်ကို စိုက်ကြည့်ရင်း မေးလိုက်သည်။

“ငါက အခုထိ သူတော်စင်လည်း မဖြစ်သေးဘူး ... နတ်ဘုရားလည်း မဖြစ်သေးဘူး …”

ချန်းဖန်က ခေါင်းခါလိုက်သည်။

“အဲဒါဆို နင် ဘယ်လို လုပ်ခဲ့တာလဲ ... မျက်လှည့်လိုမျိုး လုပ်တာလား …”

ကျန်းချူယန်က စိတ်ဝင်တစား မေးလိုက်၏။

“ဒါပေါ့ …”

ချန်းဖန်က ခေါင်းညိတ်ရင်း ရုတ်တရက် ခေါင်းစဉ်ကို ပြောင်းလိုက်သည်။

“နင့် ကြည့်ရတာ ငါ့ကို စိတ်ဝင်တစား လေ့လာထားသလိုပဲ ... ဆိုစမ်းပါလဲ ... နင် ငါ့ အကြောင်း ဘာတွေ သိထားလဲ ဆိုတာ …”

“အာ ... ငါသိသလောက်ဆို နင့်နာမည်က ချန်းပေ့ရွှမ်း ... ချန်းမိသားစုဝင် တစ်ယောက် ... ထန်လုံ တပ်ဖွဲ့ရဲ့ ဗိုလ်ချုပ် ရာထူး ရှိတယ် ... ပြီးတော့ နတ်ဘုရား သတ်မှတ်ချက် ဘာဆိုလားပဲ …”

ကျန်းချုရန်က ခေါင်းကုတ်ရင်း မေးလိုက်၏။

“အဲဒီ နတ်ဘုရား သတ်မှတ်ချက် ဆိုတာ ဘာလဲ ... ငါ ဘယ်မှာမှ ရှာမတွေ့ဘူး …”

“အဲဒါက စီအိုင်အေက ထုတ်ထားရဲ့ ဇယားလေ  ... မြန်မာရဲ့ မဟာကဝေက အဲဒီဇယားမှာ နံပါတ် ဆယ့်ငါးပေါ့ …”

ချန်းဖန်က အဖြေပေးလိုက်သည်။

“တကယ်လား …”

ကျန်းချူယန်၏ မျက်လုံးများက အံ့ဩမှုဖြင့် ဝိုင်းစက်သွားသည်။

“ဒါဆို နတ်ဘုရား သတ်မှတ်ချက် ဇယားမှာ နင့်အဆင့်က ဘာလဲ ... နင်က အဆင့် ဆယ့်ငါးကို အနိုင်ယူနိုင်တယ် ဆိုတော့ နံပါတ် ငါး အတွင်း ဝင်မှာ သေချာတယ် …”

“ဟုတ်မှာပေါ့ …”

ချန်းဖန်က ပြုံးလိုက်၏။

ရုတ်တရက် ချန်းဖန်၏ မျက်နှာမှ အပြုံးများ ပျောက်ကွယ်သွားကာ အဝေးသို့ စူးစိုက် ကြည့်လိုက်သည်။

“နင် ဘာတွေ ကြည့်နေတာလဲ ... ဒါနဲ့ စကားမစပ် ဒီတောင်က နဂါးရော ဘယ်ရောက် သွားတာလဲ ... နင် ထွက်သွားကတည်းက အဲဒီ နဂါးကို ငါမတွေ့ရတော့တာ …”

ကျန်းချူယန်က မေးလိုက်သည်။

သို့သော်လည်း ချန်းဖန်က သူမ၏ မေးခွန်းကို ပြန်မဖြေဘဲ လေးနက်သော အမူအရာဖြင့် ပြောလိုက်၏။

“ချူယန် ... အိမ်ကို ခုချက်ချင်း ပြန် ... နောက်ပြီး ယွင်ဝူတောင်နဲ့ ဝေးနိုင်သမျှ ဝေးအောင် ပြေးတော့ …”

“ဘာလဲ …”

ကျန်းချူယန်က ပြန်လည် မေးရန် ဟန်ပြင်လိုက်စဉ်မှာပင် ကောင်းကင်၌ ကျယ်လောင်သော ပေါက်ကွဲသံ တစ်ခု ပေါ်ထွက်လာ၏။

“အောမိသောဖော ... မိန်းကလေး ... ဘုန်းကြီးတို့ ဒကာကြီးချန်းနဲ့ စကား ပြောစရာလေး ရှိလို့ပါ... သိပ်မကြာပါဘူး …”

ကျန်းချူယန် မှင်တက်နေစဉ်မှာပင် မိုးကုပ် စက်ဝိုင်း၌ ပုံရိပ် ခုနစ်ခု ထွက်ပေါ် လာခဲ့သည်။ ထိုခုနစ်ယောက် စလုံးသည် တိမ်များကို စီးနင်းကာ ကောင်းကင်၌ နတ်ဘုရားများ အလား ပျံသန်းလာ၏။

“ဓမ္မရာဂျာစက္က ယောင်တောက်ရီ ဝါတနာဘေ ... နောက်ပြီးတော့ …”

ချန်းဖန်က ရောက်ရှိလာသော လူများအား အကဲခတ်ရင်း ရေရွတ်လိုက်သည်။

“လီချန်းရှန့် …”

***

All Chapters